Beyond Bookshelf

Beyond Bookshelf Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beyond Bookshelf, Book shop, Yangon.

မိသားစုဘ၀ဆိုတာ ပျော်ရွှင်စရာ၊ စိတ်ချမ်းမြေ့စရာကောင်းလှပါတယ်။ ဒါပေမယ့် မိသားစုထဲမှာ ပြဿနာတွေဖြစ်လာရင် စိတ်ညစ်ရပါတယ်။ များ...
09/09/2026

မိသားစုဘ၀ဆိုတာ ပျော်ရွှင်စရာ၊ စိတ်ချမ်းမြေ့စရာကောင်းလှပါတယ်။ ဒါပေမယ့် မိသားစုထဲမှာ ပြဿနာတွေဖြစ်လာရင် စိတ်ညစ်ရပါတယ်။ များသောအားဖြင့် ပြဿနာတွေဟာ ကြီးကြီးမားမားမဟုတ်ဘဲ အသေးအဖွဲလေးတွေများပါတယ်။ အသေးအဖွဲလေးတွေကို မဖြေရှင်းဘဲထားတဲ့အခါ ပြဿနာကြီးတွေဖြစ်လာတတ်ပါတယ်။ ယခုစာအုပ်ထဲတွင် အသေးအဖွဲပြဿနာတွေကို ဖြေရှင်းနိုင်မယ့် စိတ်ချမ်းသာပျော်ရွှင်စေမည့်နည်းလမ်းတွေကို လမ်းညွှန်ပြသထားပါတယ်။

⭐️ စာအုပ်တန်ဖိုး - ၁၂၀၀၀ ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#မိသားစုအတွက်အသေးအဖွဲလေးတွေနဲ့စိတ်ညစ်မနေပါနဲ့
#ဗန်းမော်သိန်းဖေ

ဘဝရဲ့ လမ်းမတွေက များပြားလှပါတယ်။အဲဒီများပြားလှတဲ့ လမ်းတွေထက်မှာ တစ်ခါတစ်လေ ကျွန်တော်တို့ဟာ လမ်းလျှောက်ရင်းနဲ့ လမ်းပျောက်...
09/09/2026

ဘဝရဲ့ လမ်းမတွေက များပြားလှပါတယ်။
အဲဒီများပြားလှတဲ့ လမ်းတွေထက်မှာ တစ်ခါတစ်လေ ကျွန်တော်တို့ဟာ လမ်းလျှောက်ရင်းနဲ့ လမ်းပျောက်သွားတတ်ကြပါတယ်။ "ငါဘာလုပ်ရင် ကောင်းမလဲ" ဆိုတဲ့ အတွေးဟာ
ကျွန်တော်တို့ဆီ မကြာခဏ ရောက်လာတတ်ပါတယ်။ အဲဒီလို
ဝေဝါးလာတဲ့အခါ ဒီစာအုပ်လေးက သင့်ကို ကူညီပေးပါလိမ့်မယ်။ နောက်ပြီး ဘဝမှာ လူတိုင်းအောင်မြင်ချင်ကြတယ်။
အောင်မြင်ကြတဲ့ သူတွေကိုကြည့်ပြီး သူတို့လို လိုက်လုပ် တတ်ကြတယ်။ သူတို့လို အောင်မြင်မယ်ဆိုတဲ့ စိတ်နဲ့ပေါ့လေ။ ဒါပေမဲ့ ကိုယ်ကျတော့ သူတို့လိုဖြစ်မလာပြန်။ ဒီတော့
နောက်တစ်လမ်းကို ထပ်ပြီးလျှောက်တယ်။ အဲဒီလို လမ်းလျှောက်ရင်း ၊လမ်းပျောက်ရင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးနေတဲ့ လူငယ်တွေအတွက်လဲ
ဒီစာအုပ်က တစ်ထောင့်တစ်နေရာက အထောက်အကူပေးပါလိမ့်မယ်။ ဘဝမှာ ပျော်ရွှင်ချင်တယ်၊ အောင်မြင်ချင်တယ်ဆိုတဲ့ လူငယ်တွေအတွက်၊ အခြားသူတွေ လျှောက်တဲ့ လမ်းတွေထက် ကိုယ်လျှောက်မဲ့လမ်းကို ကိုယ်တိုင်ဖောက်ပြီး ကိုယ်ဒူး
ကိုယ်ချွန်ချင်တဲ့ လူငယ်တွေအတွက် စာရေးသူ နိုင်ကိုကိုလွင်ရဲ့" ကိုယ်ဖောက်တဲ့လမ်း ကိုယ်လျှောက်တဲ့လမ်း" စာအုပ်က
မိတ်ဆွေကောင်း တစ်ယောက်အဖြစ် ရှိနေပေးပါလိမ့်မယ်။

⭐️ စာအုပ်တန်ဖိုး - ၇၀၀၀ ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#ကိုယ်ဖောက်တဲ့လမ်းကိုယ်လျှောက်တဲ့လမ်း
#နိုင်ကိုကိုလွင်

“ နုနယ်ရုပ်ဆင်း၊ ပျိုမျစ်ခြင်းကား၊  အိုမင်းနောက်ဆုံး ရှိချေ၏။  ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊   ကွေကွင်းနောက်ဆုံး ရှိ...
08/09/2026

“ နုနယ်ရုပ်ဆင်း၊ ပျိုမျစ်ခြင်းကား၊
အိုမင်းနောက်ဆုံး ရှိချေ၏။
ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊
ကွေကွင်းနောက်ဆုံး ရှိချေ၏။
ခုံမင်ယုယ၊ ချစ်လွန်းကလည်း၊
သောကနောက်ဆုံး ရှိချေ၏။
ဝိညာဥ်ထင်လင်း၊ သက်ရှင်ခြင်းကား၊
သေခြင်းနောက်ဆုံး ရှိချေ၏။ ”

အမျိုးသမီးတိုင်း အားကျ၊ စံထားနိုင်လောက်တဲ့ “ ခင်မေ ” ဆိုတဲ့ အမျိုးသမီးငယ်လေးရဲ့ စိတ်ထား၊စရိုက်နဲ့ သူမရဲ့အပြုအမူ ဆောင်ရွက်ပုံလေးများ ...

လောကုတ္တရာရေးရာကို လောကီနဲ့တွဲကာ ဖတ်ရလုံးဝ မပျင်းရလေအောင် အရေးအသားကောင်းမွန်စွာနဲ့ ဖွဲ့သီထားပါသော

ကိုယ့်ရဲ့ဘဝမှာ နေရကျိုးနပ်အောင် ဘယ်လိုနေရမလဲ....
ဘဝမှာ မည်သည့်အရာကအရေးပါပြီး ဘယ်အရာကအရေးမပါဘူးဆိုတာလေးတွေ အစရှိသဖြင့်
အကြောင်းအရာစုံလင်စွာ ဖတ်ရှုရမှာမို့

အမျိုးသားလေးတိုင်း အမျိုးသမီးလေးတိုင်း
ဖတ်ရှုကြည့်သင့်တဲ့ စာအုပ်လေးဖြစ်ပါတယ်ရှင့် ။

⭐️ စာအုပ်တန်ဖိုး - ၁၇၀၀၀ ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#ဦးနု
#ကာမတဏှာ

"ခန့်ညားထည်ဝါသော ဘဝအဆင့်အတန်းနှင့် စစ်မှန်သောလွှမ်းမိုးမှုကို ပိုင်ဆိုင်လိုသူတိုင်း မဖြစ်မနေဖတ်ရှုရမည့် "POWER ပါဝါ စာအု...
08/09/2026

"ခန့်ညားထည်ဝါသော ဘဝအဆင့်အတန်းနှင့် စစ်မှန်သောလွှမ်းမိုးမှုကို ပိုင်ဆိုင်လိုသူတိုင်း မဖြစ်မနေဖတ်ရှုရမည့် "POWER ပါဝါ စာအုပ်"

"ပါဝါကို မပိုင်စိုးသူသည် ပါဝါ၏ အသုံးချခြင်းကိုသာ ခံရပါလိမ့်မည်။" လောကကြီးတွင် လူအများစုသည် လောက၏ စည်းမျဉ်းများအတိုင်း ရှင်သန်နေထိုင်ကြသော်လည်း အနည်းငယ်သော "ထိပ်သီးလူသား"များကမူ ထိုစည်းမျဉ်းများကို ကိုယ်တိုင်ရေးဆွဲကြသည်။

၎င်းတို့သည် အဘယ်ကြောင့် အမြဲတမ်း ဩဇာညောင်းနေရသနည်း။ ၎င်းတို့၏ ခြေလှမ်းတိုင်းတွင် အဘယ်ကြောင့် ခန့်ညားထည်ဝါသော အရှိန်အဝါများ ကပ်ပါနေရသနည်း။ အဖြေသည် အရည်အချင်းတစ်ခုတည်းတွင် မဟုတ်ဘဲ "ပါဝါ" ကို ပိုင်စိုးခြင်းတွင် ရှိသည်။

ဤလောကတွင် လူနှစ်မျိုးနှစ်စားတည်းသာ ရှိပေသည်။ ယင်းတို့မှာ ပါဝါကို ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်အသုံးချနိုင်သူနှင့် ထိုပါဝါ၏ လွှမ်းမိုးခြယ်လှယ်ခြင်းကို ခံရသူတို့ပင် ဖြစ်သည်။

စင်စစ်အားဖြင့် ပါဝါဟူသည် စားသောက်ခြင်း၊ အိပ်စက်ခြင်းတို့ကဲ့သို့ပင် လူသားတို့အတွက် မရှိမဖြစ်သော သဘာဝလိုအပ်ချက်တစ်ရပ် ဖြစ်ပေသည်။ အကယ်၍ သင်သည်သာ ပါဝါကို ဆုပ်ကိုင်ပိုင်စိုးထားနိုင်ခြင်း မရှိခဲ့ပါလျှင်၊ တစ်ပါးသူတို့ စီမံခင်းကျင်းထားသော ပါဝါကစားကွက်အတွင်း၌ အသက်မဲ့သော နယ်ရုပ်တစ်ရုပ်အသွင်သို့ မလွဲမသွေ သက်ဆင်းသွားရပေလိမ့်မည်။

အကယ်၍ သင်သည် အလုပ်ခွင်၊ လူမှုရေးနှင့် မိသားစုနယ်ပယ်များတွင် ပိုမိုလေးစားခံရပြီး ထည်ဝါသော ရပ်တည်မှုတစ်ခုကို ပိုင်ဆိုင်လိုလျှင် ဤစာအုပ်သည် သင့်အတွက် အကောင်းဆုံးသော လက်နက်တစ်ခု ဖြစ်လာပါလိမ့်မည်။ ပါဝါကို နားလည်သူဖြစ်ပါစေ။ ပါဝါကို ပိုင်စိုးသူဖြစ်ပါစေ။

⭐️ စာအုပ်တန်ဖိုး - ၂၅၀၀၀ ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#ပါဝါ

“ ရထားပေါ်ကမိန်းကလေး " 📚✨နေ့ရက်တိုင်း မပျက်မကွက် ရထားစီးကာ လန်ဒန်ကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် အသွားအပြန် လုပ်နေတဲ့ အမျို...
07/09/2026

“ ရထားပေါ်ကမိန်းကလေး " 📚✨

နေ့ရက်တိုင်း မပျက်မကွက် ရထားစီးကာ လန်ဒန်ကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် အသွားအပြန် လုပ်နေတဲ့ အမျိုးသမီးတစ်ဦး

အမျိုးသားနဲ့လဲ ကွဲနေကာ အရက်စွဲနေတဲ့သူ ...
သူငယ်ချင်းရဲ့အိမ်မှာ ကပ်နေရပြီး အလုပ်ရှိချင်ယောင်ဆောင်ကာ အမြဲသွားလာ နေတတ်တဲ့သူ .. ရေချယ်

သူရထားစီးတိုင်း အမြဲ မြင်တွေ့ရတတ်တဲ့
စုံတွဲလေး တစ်တွဲ ၊
တစ်နေ့မှာ အဲ့အတွဲက မိန်းကလေးဖြစ်သူ
အခြားသူတစ်ဦးနဲ့ ‌ဖောက်ပြန်နေတာလဲ
သူမြင်တွေ့ခဲ့ရတယ် မီဂန်ဟစ်ဝဲလ် အမည်ရ ထိုမိန်းကလေး ပျောက်ဆုံး သွားမှုမှာ ရဲတွေကရေချယ့်ထံကိုရောက်လာခဲ့ကြတဲ့အခါ ဝှတ်စာတွေကို တစ်ခုချင်းဖော်ကာစိတ်ဝင်စားဖွယ်
ဖတ်ရှုရမဲ့စာအုပ်လေး။

⭐️ စာအုပ်တန်ဖိုး - ၁၈၀၀၀ ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#ရထားပေါ်ကမိန်းကလေး
#ချမ်းမြေ့ဝင်း

ဘဝမှာ လူတိုင်းဟာ ပျော်ရွှင်ချင်ကြတယ် ။ သာယာအဆင်ပြေတဲ့ဘဝကို လိုလားတောင့်တကြပါတယ် ။ ဒါကြောင့်ပဲ ပျော်ရွှင်မှုကို တခုတ်တရ လ...
07/09/2026

ဘဝမှာ လူတိုင်းဟာ ပျော်ရွှင်ချင်ကြတယ် ။ သာယာအဆင်ပြေတဲ့ဘဝကို လိုလားတောင့်တကြပါတယ် ။ ဒါကြောင့်ပဲ ပျော်ရွှင်မှုကို တခုတ်တရ လိုက်ရှာကြပါတယ် ။ ဒါပေမဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုကို ရှာတွေ့ရဲ့လားလို့ ပြန်မေးကြည့်ရင်တော့ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရှာမတွေ့ကြပါဘူး ။

လိုချင်တာရရင်ပျော်မယ် ၊ ပိုက်ဆံအဆင်ပြေရင်ပျော်မယ် ၊ ရာထူးတိုးရင်ပျော်မယ်လို့ တွေးထင်တတ်ကြပေမဲ့ တကယ့်တကယ် လိုချင်တာတွေရလာတဲ့အခါမှာလည်း မပျော်နိုင်ကြပါဘူး ။ ပျော်ရွှင်မှုဟာ အတောမသတ်နိုင်ကြပါဘူး ။

စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ပြီးပြည့်စုံခြင်းတွေ၊ ပစ္စည်းဥစ္စာတွေအပေါ်မှာပဲ အပြည့်အဝ မမှီခိုပါဘူး ။ တကယ်တော့ စစ်မှန်တဲ့ပျော်ရွှင်မှုဟာ မိမိကိုယ်မိမိနဲ့ ဆက်ဆံရေး ၊ အခြားသူတွေရဲ့ ဆက်ဆံရေး ၊ ဘဝမှာ လုပ်နိုင်ကိုင်နိုင်တဲ့ စိတ်အားထက်သန်မှု ၊ မိမိကိုယ်မိမိ ချစ်ခင်ခြင်း ၊ မိမိပုံစံနဲ့မိမိ ပျော်ရွှင်တတ်ခြင်းတွေအပေါ်မှာပဲ မူတည်ပါတယ် ။

ကျွန်မတို့ ဝေးဝေးလိုက်ရှာနေတဲ့ ပျော်ရွှင်မှုတွေဟာ တကယ်တော့ အဝေးကြီးမှာ ရှိနေတာမဟုတ်ဘဲ ကျွန်မတို့ရဲ့ လက်တစ်ကမ်းမှာပဲ ရှိနေတာ ဖြစ်ပါတယ် ။ ဒါကို တန်ဖိုးထား သတိထားကြည့်မယ်ဆိုရင် သေချာပေါက် ဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ် ။

"ပျော်ရွှင်ခြင်းသို့ လက်တစ်ကမ်း" ဆိုတဲ့ စာအုပ်လေးမှာတော့ ဘဝမှာ အခက်အခဲတွေကြား ပျော်ရွှင်အောင် ဘယ်လိုနေမလဲ ၊ ဘယ်လို အေးချမ်းအောင်နေမလဲ ၊ ပျော်ရွှင်တဲ့ဘဝကို ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ အကြောင်းတွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ် ။

"ဘဝက ဘယ်လောက်ပဲ ခက်ခဲနေပါစေ ပျော်ရွှင်ဖို့ မမေ့ကြစေချင်ဘူး ။ နေ့ရက်တိုင်းမှာ ပျော်ရွှင်မှုဟာ အသုံးအဆောင်တစ်ခုလို စွဲမြဲနေစေချင်တယ် ။ မနက်ခင်းတိုင်းမှာ မျှော်လင့်ချက်လေးရှိစေချင်တယ် ။ ညနေခင်းတိုင်းမှာ ကျေးဇူးတင်စရာလေးတစ်ခု ရှိစေချင်တယ် ။ ဘဝရဲ့ နေ့ရက်တိုင်းမှာ ကြီးကြီးမားမား မဟုတ်ရင်တောင် မဆိုသလောက်လေးဖြစ်ဖြစ် ပျော်ရွှင်နိုင်စေချင်ပါတယ် ။ "

⭐️ စာအုပ်တန်ဖိုး - ၁၀၀၀၀ ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#ပျော်ရွှင်ခြင်းသို့လက်တစ်ကမ်း
#စူးရှမေ

🌟The Guys Of Rangoon (1930)" သေရဲတယ်ဆိုတာ  အပြောသာလွယ်တာ သေပြီးရင် ရှုံးသွားတာပဲကွ မသေအောင်နေမှ နိုင်တာ မင်းသိလား… ''◽️ ...
06/09/2026

🌟The Guys Of Rangoon (1930)

" သေရဲတယ်ဆိုတာ
အပြောသာလွယ်တာ
သေပြီးရင် ရှုံးသွားတာပဲကွ
မသေအောင်နေမှ နိုင်တာ
မင်းသိလား… ''

◽️ ဂန္ဓမာသောင်းရီ

တစ်ခေတ်တစ်ခါက ရန်ကုန်မြို့ရဲ့ နာမည်အကြီးဆုံး လူမိုက်ကြီးဖြစ်ခဲ့တဲ့ လမ်းမတော်ဖိုးတုတ်။ ကြောက်ရွံ့ဖွယ်ရာဇဝတ်မှုများစွာကို ဉာဏ်ကောင်း ကောင်း သွေးအေးအေးဖန်တီးပုံကို စိတ်လှုပ်ရှားဖွယ် ဖတ်ရှုရမှာဖြစ်ပါတယ်။

⭐စာအုပ်တန်ဖိုး - ၂၃၀၀၀ ကျပ် ( ပြန်ရပါပြီရှင့် )

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#ခက်ဇော်

အခု သင်ဟာ လူတိုင်းအတွက် အမြဲရှိပေးနေပြီး ကိုယ့်အတွက်တော့ မရှိပေးနိုင်တော့တဲ့အခြေအနေ ရောက်နေပြီလား ? သူများအတွက် အမြဲရှိပ...
06/09/2026

အခု သင်ဟာ လူတိုင်းအတွက် အမြဲရှိပေးနေပြီး ကိုယ့်အတွက်တော့ မရှိပေးနိုင်တော့တဲ့အခြေအနေ ရောက်နေပြီလား ?

သူများအတွက် အမြဲရှိပေးရင်း.. တစ်နေ့မှာ
ကိုယ့်အတွက်ကိုယ် ဘာမှမကျန်တော့တဲ့အခါ

"ငါ ဘာလိုချင်တာလဲ” “ငါ တကယ်ပျော်ရဲ့လား” “ငါ့ဘဝကို ငါ့အတွက်ရော အသက်ရှင်နေသေးရဲ့လား” ဆိုတဲ့ မေးခွန်းတွေက တိတ်တိတ်လေး ဝင်လာတတ်ပါ တယ်။

ချစ်ရသူတွေကို ဦးစားပေးရင်း ကိုယ့်လိုအပ်ချက်တွေ ကို နောက်ဆုံးထားခဲ့တယ်။ အဆင်ပြေပါတယ်လို့ ပြောရင်း ကိုယ့်အတွင်းထဲမှာတော့ တဖြည်းဖြည်း ပင်ပန်းလာတယ်။ လူတိုင်းကို နားလည်ပေးရင်း ကိုယ့်ကိုယ်ကိုယ် နားလည် ဖို့ မေ့လာတယ်။

တကယ်တော့ စိတ်ပင်ပန်းနွမ်းနယ်ခြင်းဆိုတာ တစ်နေ့တည်းနဲ့ ဖြစ်လာတာမဟုတ်ပါဘူး။ နေ့စဉ်နေ့တိုင်း ကိုယ့်ခံစားချက်တွေကို ဖိနှိပ်ခဲ့တာ၊ မငြင်း နိုင်ခဲ့တာ၊ အားလုံးကို ကိုယ်တစ်ယောက်တည်း ထမ်း ထားခဲ့တာတွေကနေ တဖြည်းဖြည်း ဖြစ်လာတာပါ။

ဒီစာအုပ်က “သူများအတွက် ဘယ်လောက်ကောင်းတဲ့မိန်းမတစ် ယောက် ဖြစ်နေလဲ” ဆိုတာထက် “ကိုယ့်အတွက် ကိုယ် ဘယ်လောက်ကောင်းနေသေးလဲ” ဆိုတာကို ပြန်မေးဖို့ ဖိတ်ခေါ်တဲ့စာအုပ်ပါ။

သူများကို ချစ်လို့ရပါတယ်။ သူများကို ကူညီလို့ရပါတယ်။
တာဝန်ယူလို့ရပါတယ်။ ဒါပေမယ့်
သူများအတွက်အသက်ရှင်ရင်း ကိုယ့်ကိုယ်ကိုယ်
မပျောက်ဆုံးစေဖို့တော့ လိုပါတယ်။

ဒါဆိုရင် ဒီစာအုပ်ဟာ သင်မေ့ထားခဲ့တဲ့ “သင်ကိုယ်တိုင်” ဆီ ပြန်သွားဖို့ အစ တစ်ခု ဖြစ်နိုင်ပါတယ်။

⭐️ စာအုပ်တန်ဖိုး - ၁၃၀၀၀ ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#ကိုယ့်ကိုယ်ကိုမေ့နေသောမိန်းမများ
#နိုရာ

ဒီစာအုပ်က အရှေ့မှာထွက်ရှိခဲ့တဲ့ You Can Change စာအုပ်ရဲ့ အဆက်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် အကြောင်းအရာတော့ နည်းနည်းလေးကွဲ...
05/09/2026

ဒီစာအုပ်က အရှေ့မှာထွက်ရှိခဲ့တဲ့ You Can Change စာအုပ်ရဲ့ အဆက်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် အကြောင်းအရာတော့ နည်းနည်းလေးကွဲသွားပါတယ်။

အရှေ့မှာထွက်ခဲ့တဲ့ မင်းပြောင်းလဲနိုင်ပါတယ် စာအုပ်ဟာဆိုရင် လူငယ်တစ်ယောက်ရဲ့ အချစ်ကြောင့်မှားယွင်းခဲ့တဲ့ဘဝကို ပြန်ပြီးတည်ဆောက်ခဲ့တဲ့ ဝတ္ထုတိုလေးနဲ့ ကိုယ်ယုံကြည်ရာလမ်းကိုစလျှောက်မယ့်လူငယ်တွေအတွက်အဓိကထားပြီးရေးထားတာပဲဖြစ်ပါတယ်။

အခု You Can Be (မင်းဖြစ်နိုင်ပါတယ်) ဆိုတဲ့စာအုပ်ကတော့ စိတ်ဓာတ်ကျနေပြီး မွန်းကျပ်မှုတွေနဲ့ပြည့်နေတဲ့လူငယ်တွေ၊ ဘယ်လိုပြန်ပြီး လမ်းစလျှောက်ရမလဲဆိုတာထက် လမ်းကိုတောင်ပျောက်နေတဲ့လူငယ်တွေအတွက်အဓိကထားပြီးရေးဖွဲ့ထားပါတယ်။

အောင်မြင်တဲ့အကြောင်း၊ စိတ်ဓာတ်မာကျောတဲ့ အကြောင်းအရာတွေထက် စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး အထောက်အကူဖြစ်စေမယ့်နည်းလမ်းတွေ၊ ကျွန်တော်ကျင့်သုံးခဲ့တဲ့ နည်းလမ်းတချို့တွေပါဝင်ပါတယ်။
အခန်းကို (၂) ခန်းခွဲထားပြီး ပထမအပိုင်းမှာဆိုရင်တော့ အတွေ့အကြုံနဲ့ အတွေးအမြင်စာစုတွေ၊ စကားစုတွေကိုဖတ်ရမှာပဲဖြစ်တယ်။ ဒုတိယအခန်းမှာတော့ ၂၁ ရာစုမှာစိတ်ပျော်ရွှင်ဖို့ ဆိုတဲ့ ခေါင်းစဥ်နဲ့အညီ ၂၁ ရာစုလို့ရှုပ်ထွေးပြီး ပင်ပန်းစရာကောင်းတဲ့ခေတ်ထဲ ရှင်သန်နေထိုင်ဖို့ အကောင်းဆုံးနည်းလမ်းတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။

တစ်ခုဝန်ခံချင်တာက ဒီစာအုပ်ထဲက နည်းလမ်းတွေအားလုံးက ကျွန်တော်ကိုယ်တိုင်လည်းကြိုးစားနေဆဲအဆင့်ပဲဖြစ်ပါတယ်။ အလုံးစုံကျွန်တော်ကိုယ်တိုင်လည်းလိုက်မလုပ်နိုင်သေးပါဘူး။

အဲ့တော့ ဒီစာအုပ်လေးကိုလည်းနှစ်သက်လိမ့်မယ်လို့ယုံကြည်ပါတယ်။

⭐️ စာအုပ်တန်ဖိုး - ၇၅၀၀ ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#မင်းလုပ်နိုင်ပါတယ်

#မင်းခန့်(Verse)

ကံ နဲ့ ဉာဏ် ဆိုတာ အလွှာပါးပါးလေးပဲ ခြားနားပေမယ့် သံသရာတစ်ခုလုံးစာ ရှာဖွေခဲ့ရတာပါ ။ဉာဏ်ပညာ နှင့် ပြည့်စုံသော ဘ၀တစ်ခုအဖြစ်...
04/09/2026

ကံ နဲ့ ဉာဏ် ဆိုတာ အလွှာပါးပါးလေးပဲ ခြားနားပေမယ့် သံသရာတစ်ခုလုံးစာ ရှာဖွေခဲ့ရတာပါ ။

ဉာဏ်ပညာ နှင့် ပြည့်စုံသော ဘ၀တစ်ခုအဖြစ် လက်တွေ့အသုံးချနိုင်ပြီဆိုလျှင် လောကကြီးမှာ ကံ‌ရောဉာဏ်ပါ ပြည့်စုံသူတစ်ယောက်၊အဆင်းရောအချင်းပါ ပြည့်စုံသူတစ်ယောက် ၊အသိရောသတိပါ ပြည့်စုံသူတစ်ယောက်အဖြစ်နဲ့ ဘ၀နေ့ရက်တွေကို ဖြတ်သန်းသွားနိုင်မှာ ဖြစ်ပါတယ် ။

လက်တွေ့အသုံးချ ဉာဏ်ပညာနှင့် ပြည့်စုံသော ဘ၀ပိုင်ရှင်များ ဖြစ်ဖို့အတွက် ဒီစာအုပ်လေးက သင့်ရဲ့ ဉာဏ်လမ်းခရီးမှာ အကောင်းဆုံး အဖော်မွန်အဖြစ် အတူရှိနေမှာပါ ။

⭐️ စာအုပ်တန်ဖိုး - ၇၀၀၀ ကျပ်

📍စာအုပ်‌လေးကိုမှာယူချင်ပါက မင်မင်တို့ရဲ့
Page messengerတွင် ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့် ။

📌စာအုပ်များကို အိမ်အရောက် Delivery နှင်
ပို့ဆောင်ပေးပြီး3ရက်မှ 5ရက်အတွက် နေရာအပေါ်
မူတည်ပြီးအရောက် ပို့ဆောင်ပေးပါတယ်ရှင့် ။

📌Delivery ခလေးများကတော့ ရန်ကုန်မြို့တွင်း
ဘယ်နေရာကိုမဆို 1500 ကျပ်ကျသင့်ပြီး
‌ကျန်မြို့နယ်များ ကတော့ 3000 ကျပ် ကျပါတယ်ရှင့်။

#ဥာဏ်ပညာနှင့်ပြည့်စုံသောဘ၀
#ရသ

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959795343784

Website

Alerts

Be the first to know and let us send you an email when Beyond Bookshelf posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Beyond Bookshelf:

Shortcuts

Share

Category