တီ တီ FARM

တီ တီ FARM ခြံလုပ်ငန်း
Local Garden Center, Mushroom Farm, Orchids Farm.

အော်ဒါတင်နည်း -
အောက်ဖော်ပြပါအချက်များအား ရောင်းသူထံ ငွေမပေးခြေမီ ဖြေကြားစာရယူပါ
၁) ဝယ်ယူလိုသောကုန်
၂) ဝယ်ယူလိုသောပမာဏ
၃) ငွေပေးလွှဲရမည့်ပမာဏ(ငွေလွှဲခ+ပို့ခပါဈေး)
၎) ငွေလွှဲပေးရမည့်အကောင့်အချက်အလက်
၅)ပေးပို့ပေးမည့်လိပ်စာ (သို့မဟုတ်)ကားဂိတ် (သို့မဟုတ်)လာယူရမည့်လိပ်စာ

အော်ဒါတင်နည်း -
အောက်ပါအချက်များအား ရောင်းသူထံ ငွေမပေးခြေမီ ဖြေကြားစာရယူပါ
၁) ၀ယ်ယူလိုသောကုန်
၂) ၀ယ်ယူလိုသောပမာဏ
၃)ငွေပေးလွဲရမည့် ပမာဏ (ငွေလွဲခ+ပို.ခပါ စျေး)
၄)ငွေပေးလွဲရမည့် အကောင့်အချက်လက်
၅) ပေးပို.ပေးမည်. လိပ်စာ (သို.မဟုတ်) ကားဂိတ် (သို.မဟုတ်) လာယူရမည်.လိပ်စာ

How To Order -
Before making any payment, please contact the seller for messenger confirmation:
1) Product Details
2) Order Amount
3) Total Invoice (including money transfer fees and delivery charges)
4) Details for payment
5) Address for order collection /delivery (including addresses for bus or rail station for self-collection)

ယနေ့ ကောင်းမှု _/\_ _/\_ _/\_ #ပန်းစေတီ #ဆီမီးစေတီ   #တီတီခြံလုပ်ငန်း
13/10/2021

ယနေ့ ကောင်းမှု
_/\_ _/\_ _/\_

#ပန်းစေတီ
#ဆီမီးစေတီ


#တီတီခြံလုပ်ငန်း

💚💚 ပန်းကလေးများပွင့်တော့မည်  ဖူးတံဝင့်လို့ချီ 😍😍 #တီတီခြံလုပ်ငန်း
26/09/2021

💚💚 ပန်းကလေးများပွင့်တော့မည်
ဖူးတံဝင့်လို့ချီ 😍😍
#တီတီခြံလုပ်ငန်း

လှပသောမနက်ခင်းပါရှင် 🌿🌸🌺🌹🌷🌼🍃ယနေ့ မနက်ခင်း ပွင့်ဖူးနေသော တီတီတို့ခြံမှ ပန်းလေးများကိုအမှတ်တယ မှတ်တမ်းတင်လိုက်ပါတယ်နော 💚💚💚...
13/09/2021

လှပသောမနက်ခင်းပါရှင်
🌿🌸🌺🌹🌷🌼🍃
ယနေ့ မနက်ခင်း ပွင့်ဖူးနေသော တီတီတို့ခြံမှ ပန်းလေးများကိုအမှတ်တယ မှတ်တမ်းတင်လိုက်ပါတယ်နော 💚💚💚💚💚💚💚

#တီတီခြံလုပ်ငန်း

12/09/2021

ပိုးသတ်ဆေးအန္တရာယ်
--------------------

ကမ္ဘာမှာပိုးသတ်ဆေးအသုံးဆုံးနိုင်ငံက EU နိုင်ငံတွေပါ..
တစ်ကမ္ဘာလုံးကထုတ်တဲ့ပိုးသတ်ဆေးရဲ့ 45%ကိုသုံးပါတယ်.
ဒုတိယက 25%သုံးတဲ့ USA ပါ..
အိမ်နီးချင်းနိုင်ငံတွေထဲ ပိုးသတ်ဆေးအသုံးများတဲ့
အိန္ဒိယတောင်3 %ပဲရှိပါတယ်..
မြန်မာနိုင်ငံကပိုးသတ်ဆေးသုံးတာ
နိုင်ငံတကာနဲ့ယှဉ်ရင် 1 % တောင်မရှိပါဘူး..
ဒါပေမဲ့ပိုးသတ်ဆေးဓာတ်ကြွင်းကြောင့် ကင်ဆာအပါအဝင်
ရောဂါရမှုမှာတော့ မြန်မာနိုင်ငံကထိပ်ဆုံးမှာရှိနေတယ်..

"ကျွန်မက အသီးအရွက်များများစားတယ်.."

ကျွန်တော် ပြန်ပြောလိုက်ပါတယ်..
" ဒါဆို အမ မြန်မြန်သေမှာပဲ " လို့..

ကမ္ဘာမှာ ကင်ဆာအဖြစ်ဆုံး အဆင့် ၂ နေရာကို
မြန်မာနိုင်ငံက ရရှိထားပါတယ်..
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အားလုံးဟာ
နေ့တိုင်းနေ့တိုင်း အဆိပ်တွေ စားအုံးဆီတွေ
မှိုတတ်နေတဲ့ အစားအစာတွေ စားသုံးနေကြလို့ပါ..
ထမင်းဝိုင်းကိုထိုင်လိုက်လို့
ထမင်းဝိုင်းမှာ အသီးအရွက်တစ်မျိုးမျိုးတွေ့လိုက်တာနဲ့
သတိထားပါတော့..မိတ်ဆွေ အဆိပ်သင့်ပါတော့မယ်..

မိတ်ဆွေဟာ စိုက်ပျိုးရေးခြံတစ်ခြံကို ဝင်လိုက်ရင်
ရောင်းဖို့အပင်နဲ့ သူတို့စားဖို့အပင်ဆိုပြီး ၂ မျိုးခွဲထားတာကိုတွေ့ရပါလိမ့်မယ်..
ရောင်းဖို့အပင်ဆိုရင် ပိုးသတ်ဆေးဖျန်းပြီး
ကိုယ်စားမဲ့အပင်ဆို ပိုးသတ်ဆေးမဖျန်းပါဘူး..

နိုင်ငံတကာမှာလုံးဝထိပ်တန်းအန္တရာယ်အဖြစ် ပိတ်ထားတဲ့ (ဥပမာမီသိုမိုင်း)လို ပိုးသတ်ဆေးမျိုးကို
မြန်မာနိုင်ငံမှာ အလွယ်တကူဝယ်လို့ရပါတယ်..
ထိုင်းနိုင်ငံကနေ တရားမဝင် ဝင်လာတာပါ..
ပိုးသတ်ဆေးဓာတ်ကြွင်းပျယ်တဲ့အချိန် ကြာလွန်းတာကြောင့်
(ဆယ်စုနှစ်နဲ့ချီပြီး အဆိပ်မပျယ်လို့
နိုင်ငံတကာမှာပိတ်ထားတဲ့ဆေးမျိုးတွေ )ကို
မြန်မာနိုင်ငံမှာ တရားမဝင်လမ်းကြောင်းကနေ
ဖောဖောသီသီ သုံးနေကြတယ်..

အမေရိကန်မှာ 1985 ...(EUမှာ1992) ..
ဝန်းကျင်လောက်ထဲက
ပျားမျိုးတွေတုံးကုန်လို့သဘာဝပတ်ဝန်းကျင်ထိခိုက်တယ်ဆိုပြီး ပိတ်လိုက်တဲ့ Imidacloprid အမျိုးအစားပိုးသတ်ဆေးဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့
တရားဝင်ခွင့်ပြုထားတဲ့ ထိပ်တန်း အသုံးအများဆုံး တောင်သူကြိုက်ပိုးသတ်ဆေးပါပဲ..

ဒီနှစ်မြန်မာနိုင်ငံမှာ ပိုးသတ်ဆေးအမျိုးအစားပေါင်း
700 ကျော် မှတ်ပုံတင်ဖို့ စာရင်းတင်ထားပြီး
စုစုပေါင်း ပိုးသတ်ဆေးအမျိုးအစားပေါင်း 4100 ကျော်
မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားပြီးပါပြီ..
(နယ်သာလန်မှာ ဒီနှစ် ပိုးသတ်ဆေး 20
ကျော်မှတ်ပုံတင်လို့ဆိုပြီး သူတို့နိုင်ငံမှာအတော် ပွက်လောရိုက်သွားတယ်လို့
အင်တာနက်မှာတွေ့လိုက်တယ်..)

ပိုးသတ်ဆေးကိုသုံးစွဲတဲ့ တောင်သူဦးကြီးများ
ပညာရည်ချို့တဲ့မှုကလဲ အဓိကအားနည်းချက်ပါပဲ..
PHI လို့ခေါ်တဲ့ ပိုးသတ်ဆေးဖျန်းပြီး ဘယ်နှစ်ရက်နေမှ
ရိပ်သိမ်းခူးဆွတ်ပါဆိုတဲ့ အညွှန်းစာကို ဘယ်တော့မှ
မလိုက်နာကြပါဘူး..လိုက်နာဖို့ နေနေသာသာ ဖတ်တောင်မကြည့်ဘူး..

နိုင်ငံခြားမှာဆို ပိုးသတ်ဆေးဖျန်းမယ့်လူရဲ့
ခြေတစ်လှမ်းအကွာအဝေး သူဖျန်းမယ့်ဧရိယာအကျယ်
တစ်နာရီမှာ ရောက်မယ့်ခရီးအကွာအဝေး
ဆေးပမာဏ ရေပမာဏ စတာတွေကို
သီအိုရီနဲ့တွက်ပြီး စနစ်တကျဆေးဖျန်းတာပါ.

မြန်မာနိုင်ငံမှာတော့ ပိုးသတ်ဆေးဗူးကိုကိုင်ပြီး ဆေးဖျန်းပုံးထဲ
လောင်းထည့်ပြီး လယ်ကွင်းထဲလျောက်ဖျန်းလိုက်တာပါပဲ..

ရေသန့်ဗူး ၂၀ စာ ရေပမာဏလောက်ကို
ဟင်းခပ်ဇွန်း ၁ ဇွန်းလောက်ပဲထည့်သုံးရလောက်အောင်
ပြင်းလှတဲ့ ပိုးသတ်ဆေးမျိုးတွေ ဈေးကွက်ထဲမှာ
အများကြီးရှိပါတယ်..

ဒီလိုဆေးမျိုး တစက်တလေလောက် ဓာတ်ကြွင်းကျန်နေတဲ့
အသီးအနှံကိုစားမိရင် ဘယ်လောက်အန္တရာယ်ကြီးလိုက်မလဲ..
ကြောက်စရာကောင်းပါတယ်..

ဝမ်းနည်းစရာကောင်းတာကသီးနှံတွေမှာ ပိုးသတ်ဆေးဓာတ်ကြွင်း
စစ်ဆေးတဲ့စက်ဟာ မြန်မာနိုင်ငံမှာ
လက်ချိုးရေလို့ရလောက်အောင် နည်းပါတယ်..
ရှိတဲ့စက်တွေကလဲ ခေတ်မမှီတော့ပါဘူး..
ထိုင်းလိုနိုင်ငံမှာတောင် မြန်မာနိုင်ငံမှာရှိတဲ့စက်ထက်
နောက်တစ်ဆင့်ထက် နောက်တစ်ဆင့် ၂ ဆင့်မြင့်တဲ့စက်တွေ
ဘုံးဘလအောကို သုံးနေပါပြီ..

တကယ်လို့ မိတ်ဆွေဟာ တို့စရာအစိမ်းစားတတ်ရင်တော့
ဘယ်တို့စရာကိုမဆို ဆားဖျော်ရေနဲ့ သေသေချာချာလေးဆေးပေးပါ.
ကန်စွန်းရွက်ကိုတောင် ဆေးဖျန်းကြတဲ့ခေတ်ထဲမှာ ဘယ်အသီးအနှံကိုမဆို အစိမ်းမစားသင့်တော့ပါဘူး..

ကျွန်တော်က ပညာရှင်တစ်ယောက်မဟုတ်လို့
ဒီလောက်လေးပဲ ထောက်ပြရေးနိုင်ပါတယ်..

ကျွန်တော်တို့နိုင်ငံကိုတိုးတတ်အောင် လုပ်စရာအလုပ်တွေ
အများကြီး..အဆင့်ပေါင်းအများကြီး..
ကဏ္ဍပေါင်းအများကြီး
ဖြတ်သန်းရအုံးမှာပါ..

ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာက
အစိုးရနှစ်ပိုင်း အာဏာနှစ်ပိုင်း
ပြည်သူနှစ်ပိုင်း
လက်နက်ကိုင်ကြသူနှစ်ပိုင်းနဲ့
ဘုန်းကြီးတောင်မှနှစ်ပိုင်းကွဲပြီး
အချင်းချင်းရန်ဖြစ်နေကြပြီဆိုတော့
ဘာမှဆက်လုပ်လို့မရတော့ပါဘူး..

နောက်ဆုံး fb ပေါ်မှာတောင် ရန်ဖြစ်နေရတာနဲ့တင်
ကျွန်တော်တို့တွေ ဘာဗဟုသုတ ဘာအကျိုးအမြတ် မှမရဘဲOoredoo Telenor နဲ့ Mpt ကို အလဟဿ ဖုန်းဘေလ်လုပ်ကျွေးရင်း
(သူများနိုင်ငံသားတွေ သူတို့နိုင်ငံအတွက် ကြိုးစားနေကြချိန်မှာ)
ကျွန်တော်တို့တွေကတော့
အချင်းချင်း ရန်ဖြစ်ရင်း အချိန်တွေကုန် ကုန် ကုန်သွားကြပြီ..

Credit to Ko Soe Htike

မှတ်မှတ်ရရ ဘုရားပန်းအတွက် ရွက်လှပင်၊ဂမုန်းပင်လေးတွေစိုက်မယ်ဆိုပြီး သူများခြံက ကိုင်းတွေ ချိုးချိုးပြီးထိုးတာတပင်မှမပေါက်...
11/09/2021

မှတ်မှတ်ရရ ဘုရားပန်းအတွက် ရွက်လှပင်၊ဂမုန်းပင်လေးတွေစိုက်မယ်ဆိုပြီး သူများခြံက ကိုင်းတွေ ချိုးချိုးပြီးထိုးတာတပင်မှမပေါက် မရှင်လို့ စိတ်ပျက်နေတုန်းက ဒီဇော်ဂျီတောင်ဝှေးအကြား/ဖလံတောင်ဝှေးအကြား (ဘယ်ဟာအမှန်ခေါ်မှန်းမသိတဲ့) ဂမုန်း ၃ပင် က သူ့ဘာသာသူပေါက်လာတာပါ။

ခုတော့တလှည့်စီ အပွင့်တွေ ပွင့်နေကြပါပြီ 😍😍

#ဇော်ဂျီဂမုန်း
#တီတီခြံလုပ်ငန်း

Address

၄၁၅၊ အောင်ချမ်းသာတိုးချဲ့၂၊ သန်လျင်မြို့နယ်၊ရန်ကုန်။
Yangon
11291

Website

Alerts

Be the first to know and let us send you an email when တီ တီ FARM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share