Soe Moe July

Soe Moe July စေတနာကောင်းလျှင် ကံကောင်းမည်။ ဗဟုသုတ အဖြာဖြာ မျှဝေခြင်း

သဘာဝမြေဩဇာ သုံးချိန်တန်ပြီ ။ ပေါင်းသတ်ဆေး မြေဆီ ဆက်တိုက် အလွန်အကျွံ သုံးလာပြီးနောက်ယနေ့ ဖြစ်နေတဲ့ သီးနှံဈေးကွက်ကတောင်သူ့...
04/06/2026

သဘာဝမြေဩဇာ သုံးချိန်တန်ပြီ ။
ပေါင်းသတ်ဆေး မြေဆီ ဆက်တိုက်
အလွန်အကျွံ သုံးလာပြီးနောက်
ယနေ့ ဖြစ်နေတဲ့ သီးနှံဈေးကွက်က
တောင်သူ့ဘက်မှာ မရှိတော့ပါ။
#စိုးမိုးဂျူလှိုင်

23/12/2025

အပင်ဝါပြဿနာ ဂရစိုက်ပါ။ ကုသဆေးမရှိပါ။ ကြိုတင်ကာကွယ်ဖို့က အဓိက ဖြစ်ပါတယ်။
#စိုးမိုးဂျူလှိုင်

06/12/2025

ကွမ်းရောဂါကာကွယ်ကုသနည်း

မတ်ပဲစိုက်ပျိုးပြီး မိုးမိထားကြသော တောင်သူ အချို့​၏ မေးမြန်းချက်များအား ဖြေကြားခြင်း(1) မိုးကြီးရေမြုပ်နေချိန် ရေမဝပ်စေရ...
06/11/2025

မတ်ပဲစိုက်ပျိုးပြီး မိုးမိထားကြသော တောင်သူ အချို့​၏ မေးမြန်းချက်များအား ဖြေကြားခြင်း

(1) မိုးကြီးရေမြုပ်နေချိန် ရေမဝပ်စေရန်
ရေနှုတ်မြောင်းများ ပြုလုပ်၍ ရေထုတ်ပါ။

(2) ရေဝပ်မှု ကြာချိန် ၃ ရက်ထက် ကြာပါက
အခြေအနေ မကောင်းနိုင်တော့ပါ။

(3) အပင်ငယ် ၇-၁၀ ရက်သား ဝန်းကျင်
ပဲပင်များ ခံနိုင်ရည် ရှိမှု 50% ခန့်

(4) စိုက်ခင်းအတွင်း ခြေအနင်းခံသည့်အချိန်

(က) ဟူးမစ်အက်စစ် + ပိုတက်စီယမ် အမှုန့်
(ခ) ဆာလဖာ မှိုဆေး
(ဂ) ဟိုမုန်းဆေး

ရောစပ်၍ ဖျန်းရပါမည်။

သတိ ⚠️ အပင်​၏ အခြေအနေ
⚠️ ဆေးအာနိသင် ကောင်း/ညံ့
⚠️ ဖျန်းနည်းစနစ်
⚠️ ဆေးစပ်နည်း မှန်ကန်ပါမှ
အခြေအနေ ကောင်းနိုင်ပါမည်။

Soe Moe July

🌱 အကျိုးပြု စွမ်းအားရှင် 🌱မှိုမျိုးစိတ်Trichoderma (ထရိုင်ကိုဒါးမား) အကြောင်း တစေ့တစောင်း🌱"အကျိုးပြု စွယ်စုံဆေး" လို့ တေ...
06/11/2025

🌱 အကျိုးပြု စွမ်းအားရှင် 🌱
မှိုမျိုးစိတ်Trichoderma (ထရိုင်ကိုဒါးမား)
အကြောင်း တစေ့တစောင်း🌱

"အကျိုးပြု စွယ်စုံဆေး" လို့ တောင်သူဦးကြီးတွေက ချီးကျူးကြတဲ့ Trichoderma (ထရိုင်ကိုဒါးမား) အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

ဒီနေ့မှာ ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေကို အားကိုးနေရတဲ့ ခေတ်မှာ သဘာဝအတိုင်း ဘေးကင်းပြီး ထိရောက်တဲ့ နည်းလမ်းကောင်းတစ်ခုအဖြစ် Trichoderma ကို လူသိများလာပါတယ်။ တောင်သူတွေ
စိတ်ဝင်စားလာကြပါတယ်။ သုံးစွဲတဲ့သူ
ပိုများလာပါတယ် ။ ငွေကုန်သက်သာပြီး
အစွမ်းထက်နေတာက တစ်ကြောင်းပေါ့။

---

🔍 Trichoderma ဆိုတာ ဘာလဲ?

Trichoderma ဆိုတာ မြေကြီးထဲမှာ သဘာဝအတိုင်းရှိနေတဲ့ အကျိုးပြုမှိုမျိုးစိတ် ဖြစ်ပါတယ်။ သူ့ကို "မှိုတိုက်ခိုက်ရေးသမား" (Bio-fungicide) လို့တောင် ခေါ်ကြပါတယ်။

---

🌿 Trichoderma ရဲ့ အဓိက အကျိုးကျေးဇူးများ

၁။ အပင်ရောဂါများကို ကာကွယ်နှိမ်နင်းခြင်း

· မြေကြီးထဲက စိုက်ပျိုးရေးအတွက် အန္တရာယ်ရှိတဲ့ အခြားမှိုတွေ (ဥပမာ- Fusarium, Pythium, Rhizoctonia) တို့ကို သဘာဝအတိုင်း တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။
· အပင်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မထိခိုက်စေပါဘူး။

၂။ အမြစ်စနစ် ကြီးထွားကောင်းမွန်စေခြင်း

· Trichoderma က အမြစ်တွေရဲ့ ပတ်ဝန်းကျင်မှာ ကိုယ်ရံတော် ကဲ့သို့ အကာအရံလုပ်ပေးပြီး အမြစ်ပုပ်ရောဂါ
မဖြစ်စေရအောင် ကာကွယ်ပေးပါတယ်။

· အမြစ်တွေ ပိုရှည်လျားပြီး သန်မာစေကာ ရေနှင့် အာဟာရစုပ်ယူမှုကို ပိုကောင်းစေပါတယ်။

၃။ မြေဆီလွှာ ကောင်းမွန်စေခြင်း

· မြေကြီးထဲက သစ်စေ့၊ မြက်ခြောက်စတဲ့ အော်ဂဲနစ်ပစ္စည်းတွေကို ဆွေးမြေ့ပျက်စီးစေပြီး သဘာဝမြေဩဇာ (Humus) အဖြစ် ပြောင်းလဲပေးပါတယ်။
· မြေဆီလွှာရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။

၄။ အပင်ကြီးထွားမှုကို လှုံ့ဆော်ပေးခြင်း

· အပင်ကြီးထွားမှုဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး အပင် သန်စွမ်း၊ စိမ်းလန်း၊ အသီးအနှံပိုမိုသီးစေပါတယ်။

---

🌾 ဘယ်လိုသီးနှံတွေမှာ သုံးလို့ရလဲ?

· ဟင်းသီးဟင်းရွက်များ (ချဉ်ပေါင်၊ မုန်လာ၊ ငရုတ်၊ ခရမ်းချဉ် စသည်)
· သီးနှံပင် (ပြောင်း၊ ဆန်၊ ပဲမျိုးစုံ)
· သစ်သီးပင်များ (သရက်၊ လိမ္မော်၊ ငှက်ပျော စသည်)
· ပန်းပင်၊ စက်မှုသီးနှံ (ကြံ၊ ဝါ) စသည်တို့မှာ အားလုံးသုံးလို့ရပါတယ်။

---

💡 ဘယ်လိုအသုံးပြုမလဲ?

၁။ မျိုးစေ့လူးခြင်း - Trichoderma မှုန့်ကို ရေနဲ့ရောပြီး မျိုးစေ့လူး၍ စိုက်ပျိုးခြင်း။
၂။ ပျိုးသစ်စေ့/မြစ်တို့ကို စိမ်ခြင်း - ပျိုးပင်တွေကို စိုက်မယ့်အချိန်မှာ Trichoderma ရည်ထဲ စိမ်ထားပါ။
၃။ မြေဩဇာလိုကြဲပက်ခြင်း
- စိုက်ကျင်းထဲမှာ မြေဩဇာနှင့်အတူ
ရောသမ၍ ထည့်ပေးနိုင်ပါသည်။
၄။ ပက်ဖြန်းခြင်း - Trichoderma ကို ရေနဲ့ရောပြီး အမြစ်တဝိုက်ကို လောင်းပေးပါ။
စိုက်ခင်း တစ်ဧက ပက်ဖျန်းလိုပါက
ထရိုင်ကိုဒါးမား ၁ ကီလို ၊ ရေ ၂၀ လီတာ
ရောသမ၍ တစ်ည ရေစိမ်ပြီး နောက်
ရေ ၁၈၀ လီတာ ဖြင့် ထပ်မံရောစပ်ကာ
မြေကြီးစိုရွှဲသည်အထိ ပက်ဖျန်းပါ။
၅။ ပွားစာပြုလုပ်ခြင်း- နွားချေး ၃တင်း
ထရိုင်ကိုဒါးမား ၅၀၀ ဂရမ် ရောသမ၍
၇ ရက်ခန့် နှပ်ထားပြီး လယ်ယာထဲသို့
ကြဲပက်နည်းက အထူးကောင်းမွန်သည်။

---

✅ သတိထားရန် အချက်များ

· ဓာတုပိုးသတ်ဆေးတွေနဲ့ တွဲမသုံးပါနဲ့။ (အထူးသဖြင့် မှိုသတ်ဆေး Fungicide တွေနဲ့ လုံးဝမတည့်ပါ)
· အရိပ်ထဲမှာ သိမ်းပါ။ နေရောင်ခြည်တိုက်ရိုက်ကျရင် Trichoderma တွေ သေကုန်ပါမယ်။
· မသုံးခင် မြေကြီးကို စိုစွတ်အောင်ထားပေးပါ။

---

📌 ကောက်ချက်

Trichoderma ဟာ သဘာဝနည်းကျတဲ့ စိုက်ပျိုးရေး အတွက် ကျေးဇူးပြုလာမည့်
မိတ်ဆွေကောင်းတစ်ဦးပါပဲ။ ပိုးသတ်ဆေးအင်အားကို လျှော့ချနိုင်ပြီး ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးအတွက် မရှိမဖြစ် အကူအညီပေးနိုင်ပါတယ်။

ကျေးဇူးပြုပြီး မျှဝေပေးကြပါဦးနော်... 🙏

ဆက်သွယ်မှာယူလိုပါက

📞 09 8833 42420 (ရန်ကုန်)
📞09 885 775533 (မန္တလေး)
📞 09 7828 66633 (မိတ္ထီလာ)
📞09 8833 41410 ( သုံးခွမြို့)
📞 09250819059 (ငါးသိုင်းချောင်း)
📞 09795258522 (ထူးကြီး)
📞 09773529529 (ပုသိမ်)
📞 09796365045 (မောင်းမ၊ခရမ်း)
📞09799374414 ( နည်းပညာဌာန)

Soe Moe July

#သဘာဝစိုက်ပျိုးရေး #အကျိုးပြုမှို #မြေဆီလွှာကျန်းမာရေး #တောင်သူဦးကြီးများအတွက်

လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်း ကျန်းမာချမ်းသာကြပါစေ...စိုးမိုး ဂျူလှိုင် Soe Moe July
05/10/2025

လူ နတ် ဗြဟ္မာ သတ္တဝါအပေါင်း
ကျန်းမာချမ်းသာကြပါစေ...
စိုးမိုး ဂျူလှိုင် Soe Moe July

01/03/2025

မြေဆီဩဇာထက်သန်စေမယ့်အပင်ပစိုးမိုး ဂျူလှိုင်လSoe Moe Julye July

17/10/2024

#ရေးသလောက်မထိရောက်တာ မြန်မာတွေကြိုက်တဲ့ပုလဲမြေဩဇာ
​ "ဘာကြောင့် ရေးနေလဲ" ဟု မေးရင်
ဆင်ခြင်သုံးသပ်စေချင်လို့ ရေးတာပါ လို့
ဖြေရမှာပါ။
"ဘာအတွက် ဆင်ခြင်သင့်တာလဲ"
#ရေရှည်မှာဆိုးကျိုးတွေရှိလာနိုင်လို့ပါ။

ပုလဲမြေဩဇာဆိုတာ
"နိုက်ထရိုဂျင်ဓာတ်-၄၆%" ပါဝင်တဲ့
ပုလဲလေးတွေပမာ အဖြူရောင်ရှိသော
မြေဩဇာ တစ်မျိုး ဖြစ်ပါတယ်။

အပင်များ ကြီးထွားမြန်စေဖို့ ၊
အပင်များ အရွက်လုပ်ဆောင်မှု အပိုင်း
မြန်ဆန်စေဖို့ အဓိကထား သုံးရတဲ့
မြေဩဇာ ဖြစ်ပါတယ်။

သူရဲ့ပစ်မှတ်က အရွက်နဲ့အပင်ပိုင်း
အတွက် ဆိုတာ တောင်သူတိုင်းလိုလို
သိထားပြီးသားပါ။
အချို့တောင်သူများက ဒီ ပုလဲမြေဩဇာ
တစ်ခုတည်းကိုသာ သီနှံပင် အစအဆုံး
အားထားပြီး သုံးကြပါတယ်။

ပုလဲမြေဩဇာ တစ်မျိုးတည်းကို သုံးရင်
ဖြစ်လာမယ့် ဆိုးကျိုးတွေက အများကြီး
ရှိနေပါတယ်။ ပင်စည်ပိုင်း ပျော့လာမယ်၊
အရွက်များ ပိုမို များပြားလာမယ်။
အက်ဆစ်ကဲ့သို့ မြေပျက်စေသောကြောင့်
- မြေချဉ်မှုပိုလာမယ်။
- မြေသားတွေရဲ့ မြေဆီမြေနှစ်တွေခြောက်ခမ်းလာမယ်။
- မြေပြင်ဟာကျောက်ပျဉ်လို မာကြော လာမယ်။
- ပိုးမွှားတွေ ပိုပိုများလာမယ်။
- ရောဂါတွေ ပိုကျလာမယ်။
- သီးနှံအထွက်နှုန်း ကျဆင်းလာမယ်။
- သီးနှံအရည်အသွေး လျော့လာမယ်။
- စျေးကွက်ကောင်း မရကြတော့ဘူး။

ဒီလိုမျိုး တကယ် ဖြစ်လာနေတာ...
တောင်သူတွေကိုယ်တိုင် သိလာကြပြီ။
ဒါပေမယ့် မသိဟန်ဆောင်နေကြရတာပါ။

သီးနှံအထွက်နှုန်း ကျရသည့်အထဲ
သီးနှံစျေးက စျေးကောင်းမရကြတော့
စိုက်တိုင်းရှုံးလာကြပါတယ်။
ရှုံးတာတွေ များလာတော့ အရင်းအနှီး
စိုက်ဖို့ရန် ငွေခံစရာ လျော့နည်းလာတယ်။

ရင်းနှီးတဲ့ အသိမိတ်ဆွေ တွေ ဖြစ်တဲ့
မြေဩဇာဆိုင်တွေကို အပူကပ်ရတယ်။
အချို့ အကြွေးမဝယ်ချင်တော့...
မရှိ ရှိတာလေး ပေါင်နှံရောင်းချပြီး
စျေးသက်သာတဲ့ မြေဩဇာ ရှာဝယ်ရ​၏။
ကျန်တဲ့မိသားစု စားဝတ်နေရေးအတွက်
ရပ်ရေးရွာရေး သာရေးနာရေးအတွက်
အလှူခံတွေ လာရင် လှူဒါန်းနိုင်ဖို့အတွက်
ငွေလေးကြေးလေး ဆောင်ထားဖို့
လိုအပ်နေသေးတာကိုး။

အကြွေးယူတယ် ဆိုတာလဲ တကယ်တော့
"မိအေးနှစ်ခါထက် ဆိုးပါတယ်"...
အကြွေးမို့ စျေးကြီးကြီး ပေးဝယ်ရသလို
အပိုကြေး အတိုးလေးပါ ပေးရသေးတယ်
ကန့်သတ်ချက်အရ ပေးတာယူရတယ်။
သူတို့ ညွှန်းတာ မဖြစ်မနေ ယူရတယ်။

အကြွေးယူတဲ့ပစ္စည်း ကို ကောင်းတယ်
ဆိုးတယ် မပြောရဲကြဘူး။ တော်ကြာ
အကြွေးလည်းယူသေး ဂျီး(ချေး)လည်း
များသေးတယ် ဆိုပြီး ဝယ်မရ ပြုမရမှ
ဒုက္ခနဲ့ လှလှ တွေ့မယ့် ကိန်း။

ပုလဲမြေဩဇာ ဆိုတာ မြန်မာ့စိုက်ပျိုးရေး လောကမှာ ရောင်းဝယ်မှု အများဆုံး...
မြေဩဇာ တစ်ခု ဖြစ်ပါတယ်။
အိတ်ပေါင်း သန်းနဲ့ချိ ရောင်းရတယ်။
ရောင်းလေ ဝယ်လေ သုံးလေလေ
ဆိုးကျိုးဒဏ် ပိုပြီး ခံရလေလေပါပဲ။

ပြောနေကြစကားပဲ ပြောပါရစေ...
လျော့သုံးကြပါ ဟူ၍....သာ......

လောကဓံ ... Soe Moe July
12/10/2024

လောကဓံ ... Soe Moe July

Address

Thongwa
Yangon
11131

Alerts

Be the first to know and let us send you an email when Soe Moe July posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soe Moe July:

Shortcuts

Share