06/09/2026
ချီဝမ်က ရုပ်ချောပြီး လူငယ်ဆန်ဆန် လန်းဆန်းတက်ကြွတဲ့ ကျောင်းသားလူငယ်လေးတစ်ယောက်ဖြစ်ပေမဲ့ ငွေကြေးမပြည့်စုံဘူး။ ဒါကြောင့် ချီယွမ်က ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ် ၃/၄ ခုလုပ်ပြီး ပိုက်ဆံရှာတယ်။
သူက ပညာရေးနဲ့ အလုပ်အကိုင်ကို မျှမျှတတ ကိုင်တွယ်နိုင်ပြီး အတန်းထဲမှာလည်းထူးချွန်သလို ငွေရေးကြေးရေးကလည်း ရှာတတ်ဖွေတတ်တယ်ဆိုတော့ သုံးနိုင်စွဲနိုင်တယ်ပေါ့။ ဒါပေမဲ့ သူက ခြိုးခြံချွေတာပြီး သုံးစွဲတယ်၊ အလုပ်ကြိုးစားတယ်။
တစ်ရက်မှာ သူ့သူငယ်ချင်းက ညစာစားပွဲတစ်ခုခေါ်သွားတဲ့အခါ သူ့ဘဝရဲ့ အချိုးအကွေ့ကို ရောက်လာတော့တယ်။
သူ မတော်တဆပဲ ကျောင်းမြက်လည်းဖြစ် စီနီယာလည်းဖြစ်တဲ့ ရှဲ့စစ်ဟန်နဲ့ အိပ်မိသွားတယ်။ အိပ်ပြီးနောက် ကိုယ်ဝန်ပါရသွားရော။
အဲဒါနဲ့ ချီယွမ် ကိုယ်ဝန်ရှိနေတာ သိသွားတဲ့အခါ သူ ကလေးကိုဖျက်ချဖို့လုပ်တယ်။ ဆရာဝန်က ဖျက်ချရင်အကျိုးသိပ်မကောင်းဘူး၊ ကလေးဖျက်ချဖို့က ငွေကုန်မှာ လို့ ပြောတယ်။ ဆိုတော့ စရိတ်က ချီဝမ်မှာရှိတာလေးနဲ့ မလောက်ဘူး။ အဲဒါနဲ့ ကလေးအဖေဖြစ်တဲ့ ရှဲ့စစ်ဟန်ကလည်း တာဝန်ယူသင့်တာပဲလေ ဆိုပြီး ဖျက်ချစရိတ် သွားတောင်းတယ်။
ရှဲ့စစ်ဟန်က ကလေးရှိတာသိသွားတာနဲ့ ချီဝမ်တောင် ဖျက်ချစရိတ်မတောင်းရသေးခင် ချက်ချင်း လက်ထပ်မယ်၊ တာဝန်ယူမယ်ဆိုပြီးပြောတာ။ သူတို့က ပြောင်းပြန်။ ဗိုက်ထဲကလေးရောက်နေသူက တက်တက်ကြွကြွဖျက်ချမယ်ပြောပြီး ကလေးအဖေက လက်ထပ်ဖို့ ရှယ်တက်ကြွ ကြက်ဖဖြစ်နေတာ။ တာဝန်ယူချင်ရုံလို့ပြောရင် သရဲတောင်ယုံမယ်မထင်ဘူး။
ချီဝမ်က ကလေးကိုမလိုချင်ဘူး၊ သူက ငယ်သေးတယ်ပြောတော့ ရှဲ့စစ်ဟန်က သူ့သူငယ်ချင်းရဲ့ ဆေးရုံမှာ စစ်ဆေးကြည့်ဖို့ပြောတယ်။ ပြီးမှ ဖျက်ချစရိတ်ပေးမယ် ဘာညာပေါ့။
ဆေးရုံရောက်တော့လည်း ကလေးဖျက်ချဖို့က ခက်ခဲတယ်၊ ဆိုးကျိုးများတယ်ဆိုပြီးပဲ ပြောတယ်။ ဒါနဲ့ပဲ ကလေးကို မဖျက်ချဘဲ မွေးမယ်ဖြစ်၊ ရှဲ့စစ်ဟန်က ကလေးမဖျက်ချတာကို ဝမ်းသာသွားမှာပေါ့လေ။
ရှဲ့စစ်ဟန်က ချီဝမ် ကလေးယူမယ်ဆိုတာ အတည်ပြုပြီးနောက်မှာ သူက အကုန်တာဝန်ယူပေးမယ်။ ပြီးတော့ ချီဝမ်ရဲ့ဘေးခန်းကိုပြောင်းလာ၊ တာဝန်ယူမဲ့ခေါင်းစဉ်နဲ့ ချီဝမ်ကို သူနဲ့အတူနေမလားမေး။
ချီဝမ်က လက်ထပ်ဖို့စိတ်မဝင်စားသေးဘူး။ ကလေးတောင်မှ ဖျက်ချရင် သူ့ခန္ဓာကိုယ်အတွက် ဆိုးကျိုးရှိတယ်ဆိုလို့သာ ယူမှာ။ ပြီးတော့ ရှဲ့စစ်ဟန်ကလည်း တာဝန်ယူတော့ မွေးမှာ။ အဲလိုမျိုး။
ရှဲ့စစ်ဟန်တစ်ယောက် ကလေးကိုတာဝန်ယူရင်း လူကြီးကိုပါ ဘယ်လိုတာဝန်ယူမလဲ။
ချီဝမ်ရဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ကလေးဂရုစိုက်နည်း အစီအစဉ်တွေကို ဖတ်ကြည့်ကြပါနော်။ ပညာယူစရာ တော်တော်ကောင်းတယ် 🥹
ကလေးမွေးပြီးတဲ့အခါ ချီဝမ်နဲ့ ရှဲ့စစ်ဟန်တို့ ခံစားချက်တွေ တိုးတက်လာနိုင်မလားဆိုတာ ဖတ်ကြည့်ကြဖို့ ပြောလိုက်မယ်နော်။
စဆုံး တစ်ထိုင်တည်းဖတ်မယ်ဆိုရင် ကို လာ။
Free gp link - https://t.me/lgfreegp