02/07/2026
❖ ကိုယ့်သိက္ခာ ကိုယ်ယုံရင်
ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူး။
❖ ကိုယ့်အရည်အချင်း ကိုယ်ယုံရင်
ဘယ်သူ့ကိုမှ မနာလိုဖြစ်စရာ မလိုဘူး။
❖ ကိုယ့်လိပ်ပြာ ကိုယ်သန့်ရင်
ဘယ်သူ့ကိုမှ ရှင်းပြစရာ မလိုဘူး။
❖ ကိုယ့်စေတနာ ကိုယ်မှန်နေရင်
ဘယ်သူ့ကိုမှ ဟန်လုပ်စရာ မလိုဘူး။
❖ ကိုယ့်အကြောင်း ကိုယ်သိနေရင်
ဘယ်သူ့ကိုမှ ကြွားပြောစရာ မလိုဘူး။
✿ သီလမလုံတဲ့သူက လူတိုင်းကို
ကြောက်နေရတတ်တယ်။
✿ အရည်အချင်းမရှိတဲ့သူက
ကိုယ့်ထက်သာရင် မနာလို ဖြစ်တတ်တယ်။
✿ ကိုယ့်လိပ်ပြာကိုယ် မလုံတဲ့သူက
သူများကို မယုံမကြည် ဖြစ်တတ်တယ်။
✿ ကိုယ့်စေတနာ မမှန်တဲ့သူက
စေတနာနဲ့ မတန်ဘူးလို့ ဆိုတတ်ကြတယ်။
✿ ကိုယ့်အကြောင်းကိုယ် ကောင်းကောင်းမသိတော့
သူများသိအောင် ကြွားတတ်ကြတယ်။
❖ အရင်းစစ်တော့ ကိုယ့်အကြောင်းကိုယ်သိဖို့ပဲ။
❖ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နိုင်ဖို့ပဲ။
ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ရင် ဘယ်သူ့ဘယ်သူအပေါ်မှ မနာလိုဖြစ်စရာမရှိသလို ကြောက်နေဖို့လည်း မလိုဘူး။ ဟန်လုပ်ဖို့ မလိုသလို မာန်တက်ဖို့လည်း မလိုဘူး။ ကြွားနေဖို့ မလိုသလို ဖားနေဖို့လည်း မလိုဘူး။ ကိုယ်ကောင်းအောင် နေဖို့ပဲလိုတယ်။ ✔
❄ (မနာပဒါယီ အရှင်ဝိစိတ္တ)
Crd : မင်္ဂလာဗုဒ္ဓ