05/03/2026
ခုလတ်တလော ထွက်လာတဲ့စာကို အလွယ်ဆုံးနည်းနဲ့ ရှင်းပြပေးပါမယ်
SIM card နဲ့မဆိုင်ဘဲ ဖုန်း Handset နဲ့ ပတ်သတ်ပြီး အ-ခွန်ဆောင်ရမှာပါ
မြန်မာနိုင်ငံကို Show room တွေက officially သွင်းလာတဲ့ ဖုန်းတွေဟာ အ-ခွန်ဆောင်ပြီးသားပါ
အဲ့ဖုန်းတွေ လွတ်ပါတယ် SIM card တော့ အမြဲ ထည့်သုံးထားဖို့ လိုပါမယ်
ပြည်ပကနေ လက်ဆောင်ပေးဖို့ ဝယ်လာတဲ့ ဖုန်းတွေ နဲ့ ပြည်ပမှာ ဝယ်ကိုင်ပြီး မြန်မာကို ပြန်ယူလာတဲ့ ဖုန်းတွေဟာ အခွန်မဆောင်ရသေးပါ
အဲ့ဖုန်းတွေအတွက် အ-ခွန်ဆောင်ရပါမယ်
အလွယ်မှန်ချင်ရင် ဖုန်းတိုင်းမှာ SIM card ထည့်ထားဖို့ လိုပါမယ်
ထည့်ထားတဲ့ SIM operator တွေက အ-ခွန် ကိစ္စဆောင်ရွက်ပါလိမ့်မယ်
အ-ခွန်မဆောင်ထားတဲ့ ဖုန်းတွေကတော့ သတ်မှတ်ရက်ကျော်လွန်ရင် SIM ကတ်ထည့်သုံးခွင့် ပိတ်ခံရမှာပါ Mobile data သုံးမရတော့ပါဘူး Wifi only ပဲ ရပါတော့မယ်
(မြန်မာမှာ ဝယ်ထားပြီး ပြည်ပယူသွားတဲ့ဖုန်းတွေလည်း သတ်မှတ်ရက်မှာ မြန်မာပြည် SIM card ကနေ data roaming ဖွင့်ထားဖို့ လိုပါလိမ့်မယ်)
ကိုယ့်ဖုန်း အပိတ်မခံရအောင် စစ်ကြည့်ကြပါအုံးနော်
အဆင့်လိုက် ပြပေးထားပါတယ်
Chrome မှာ ceir.gov.mm ရိုက်ထည့်ပါ
Check Status ကို နှိပ်ပါ
* #06 # ကို ဖုန်းခေါ်ဆိုပါ
ကျလာတဲ့ IMEI ကို copy ယူပြီး Enter IMEI မှာ ဖြည့်ပါ
I'm not a robot မှာ အမှန်ခြစ်ပါ
✅All green ဆို အဆင်ပြေပါတယ်
❌T-a-x payment မှာ unpaid ပေါ်နေရင်တော့ အခွန်ဆောင်ရပါမယ်
Edited - တချို့ဖုန်းတွေမှာ Sim slot တစ်ခုတည်းပါပေမယ့် IMEI ၂ခုကျလာတယ်ဆိုဝာာကလေ IMEI1 က မြင်နေရတဲ့ sim ဖြစ်ပြီး IMEI2 က E-sim ဖြစ်နေလို့ပါရှင်
အခုခေတ်ထွက်တဲ့ iPhone (XS နောက်ပိုင်း) နဲ့ Samsung Flagship ဖုန်းအများစုမှာ physical SIM (အပြင်က ထိုးထည့်ရတဲ့ကတ်) တစ်ကတ် ပဲ စိုက်လို့ရပေမဲ့ ဖုန်းရဲ့ ပတ်လမ်းထဲမှာ eSIM လို့ခေါ်တဲ့ Built-in SIM တစ်ခု ထည့်ပေးထားတတ်ပါတယ်။
IMEI 1: ကတော့ အပြင်က ထိုးထည့်တဲ့ SIM ကတ်အတွက် ဖြစ်ပြီး၊
IMEI 2: ကတော့ ဖုန်းထဲမှာ ပါပြီးသား eSIM အတွက် ဖြစ်ပါတယ်။
ဒါကြောင့် သင့်ဖုန်းဟာ တကယ်တမ်း SIM နှစ်ကတ် (SIM တစ်ကတ် + eSIM တစ်ခု) သုံးလို့ရတဲ့ Dual SIM ဖုန်း ဖြစ်နေလို့ပါ။
Creditပါရှင်