10/09/2026
အဆီပြန် ချွေးပေါက်ကျယ်သူတွေ ရွေးသင့်သောလေးနော်🫶🏻
Skin 1004 Poremizing Fresh Ampoule Review🤍💖
သူ့မှာ အသားအရေအမျိုးအစားအလိုက် ampoule အမျိုးမျိုးထွက်တယ်
Tiktok မှာလည်း ဒါလေးတွေချည်းပဲ တက်နေတော့
သုံးကြည့်ချင်သွားတာပေါ့နော်🤭
အဖြူနဲ့ပန်းရောင် ထဲက ရွေးရခက်နေတာနဲ့
နောက်ဆုံးမှာတော့ နှစ်ခုလုံးစမ်းသုံးကြည့်မယ်ဆိုပြီး 30mlလေးတွေ အရင်ဝယ်လိုက်ပါတယ်
ကိုယ်နဲ့ကိုက်တယ်ဆိုမှ ပုလင်းကြီး ချမယ်ပေါ့လေ👏
ပန်းရောင်ကို အရင်သုံးကြည့်ဖြစ်တယ်၊ အဖြူကတော့ အခုထိ မထိရသေးဘူး🦭
ဒီပန်းရောင်လေးမှာကျ Centella, Aloe Barbadensis leaf extract, Himalayan salt, HA နဲ့ peptides တွေ ပါတယ်။ (Ingredient အပြည့်အစုံသိချင်ရင် ရှာကြည့်လို့ရသလို ဗူးခွံမှာလည်း ပါတာမို့ မရေးတော့ဘူးနော်)
Result အပိုင်းကို ပြောရမယ်ဆိုရင်တော့
အဆီပြန်တာသက်သာတယ်၊ အဲ့အတွက်ကြောင့် ဆားဝက်ခြံဖြစ်တာလေးတွေ လျော့ကျစေတယ်။
ရှိပြီးသားကိုတော့ မပျောက်စေဘူးနော်
ချွေးပေါက်ကျယ်တဲ့အပိုင်းဆိုရင်တော့ beginnerချွေးပေါက်နည်းနည်းကျယ်တဲ့သူတွေအတွက်တော့ပြေမယ် ထင်တယ်
Grace အတွက်တော့ အဲ့အပိုင်းကမပြေဘူး၊ သုံးနေတာ တစ်လနီးပါးရှိပြီ၊ ချွေးပေါက်အတွက် ထူးခြားမှုမရှိသေးဘူး‼️
(ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ဘူးနော်)
Centella ပါဝင်တာကြောင့် ဝက်ခြံယောင်ရမ်းနေချိန်လိမ်းမိတာတောင် ဆွသလိုမဖြစ်ဘဲ အယောင်ကျသွားတာတော့ တွေ့ရတယ်။
Himalayan saltကြောင့် အဆီပြန်တာ သက်သာတယ်ဆိုပေမဲ့ HAနဲ့ peptide လေးတွေလည်း ပါဝင်နေတာကြောင့် ရေဓာတ်ဆီဓာတ် balanced ဖြစ်နေတာကိုလည်းတွေ့ရတယ်။
အဆီပြန်သက်သာပြီး တစ်ဖက်မှာလည်း ခြောက်လွန်းမသွားအောင် ထိန်းပေးထားတော့ Combination skin တွေဆို ပိုအဆင်ပြေတာပေါ့နော်
Texture ကလည်း တော်တော်လေးlightweightဖြစ်တာတွေ့ရတယ်။
ကျဲပြီးစိမ့်ဝင်လွယ်တယ်၊ နွေရာသီမှာလည်း လိမ်းဖို့အဆင်ပြေတယ်။
နွေရာသီမှာ အဆီပိုပြန်တာကြောင့် အဆီပြန်တာလည်းသက်သာချင်တယ်၊ ဒါပေမဲ့ အသားခြောက်လွန်းသွားမှာလည်းစိုးနေရင် ဒါသုံးကြည့်ပါ🫶🏻
ampoule