Eastern House

Call Website Contact the business

Eastern House Digital printing & Offset printing We make your dream images come true

🌸နှစ်ကျိပ်ကိုးဆူဝင် ဘုရားရှင်သမိုင်း(မေဒိနီ)🪷နှစ်ကျိပ်ရှစ်ဆူလို့သာ ကြားဖူးထားလို့ နာမည်ကတော့ ဆန်းနေသလိုပါပဲ။ သေချာတွေးကြ...
13/10/2026

🌸နှစ်ကျိပ်ကိုးဆူဝင် ဘုရားရှင်သမိုင်း(မေဒိနီ)

🪷နှစ်ကျိပ်ရှစ်ဆူလို့သာ ကြားဖူးထားလို့ နာမည်ကတော့ ဆန်းနေသလိုပါပဲ။ သေချာတွေးကြည့်မှ အဖြေသိရပါတော့တယ်။ အရိမေတ္တေယျဘုရားရှင်ကို ပေါင်းထည့်ထားလို့ နှစ်ကျိပ်ကိုးဆူ ဖြစ်နေတာကိုး။ ဒီလောကမှာ ပွင့်တော်မူခဲ့ကြပြီး ပွင့်တော်မူလတံ့ဘုရားရှင်တို့အကြောင်းကို သောင်းပြောင်းစေ့ငု ကြည့်ရှုလွယ်စေဖို့ရာ သမိုင်းတင်ထားတဲ့ သမိုင်းဝင်ဘုရားများရဲ့ ဘုရားဖြစ်ရာ ဘဝအတွင်း ဖြစ်ခြင်းပျက်ခြင်းများကို သေချာရွေးစုဖော်ထုတ်ထားတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။

🪷ဒီစာအုပ်ထဲမှာတော့ ဘုရားရှင်တို့ရဲ့ သမိုင်းသာမကသေးဘဲ နှစ်ကျိပ်ရှစ်ဆူ စက်ပရိတ်အမျိုးမျိုး ပါဌ်အနက်၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားရှိခိုးအမျိုးမျိုး ပါဌ်အနက်-စတဲ့ အန္တရာယ်ကင်း ဘေးရှင်းစေသော ဂါထာမန္တန်များ ဆုတောင်းစကားများလည်း ပါဝင်နေပါသေးတယ်။

🪷ဒီစာအုပ်တစ်အုပ်တည်းနဲ့ ဘုရားရှင်တို့သမိုင်းကိုလည်း သိရပြီး အန္တရာယ်ကင်း ရန်စွယ်ရှင်းစေသော ဂါထာမန္တန်များကိုလည်း ရရှိနိုင်ပါတယ်။ ဒီကျမ်းစာအုပ်ကို ကျောက်ကုန်းတောရမေဒိနီဆရာတော်ဘုရားက ပြုစုရေးဖွဲ့ထားတာဖြစ်ပါတယ်။

☎စာအုပ်ဝယ်ရန်ဖုန်းဘိုင်များ

🎀Ph - 09 978229032 ,
09 774778855
🎀
Viber Ph - 09 978229032 ,
09 774778855

page - Eastern House

Email - [email protected]

Kpay Acc 09 441693989
U Thet Naing Soe

Wave Acc 09 441693989
U Thet Naing Soe

Address - No.182, 35 Street (Middle Block), Kyauktada Township, Yangon, Myanmar.

#အရှင်ကောဝိဒဓဇ

🪷နိုင်ငံကျော် ဓမ္မကထိက သီတဂူကြ​ယ်တစ်ပွင့်ဆရာတော်အား အထူးဂါရဝပြုပူဇော်ကန်တော့ခြင်း။🪷နိုင်ငံကျော်ဓမ္မကထိက မဟာဂန္ထဝါစကပဏ္ဍိ...
28/09/2026

🪷နိုင်ငံကျော် ဓမ္မကထိက သီတဂူကြ​ယ်တစ်ပွင့်ဆရာတော်အား အထူးဂါရဝပြုပူဇော်ကန်တော့ခြင်း။

🪷နိုင်ငံကျော်ဓမ္မကထိက မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိကဗဟုဇနဟိတဓရ၊ သာသနဓဇ ဓမ္မစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သဒ္ဓမ္မဇောတိကဓဇ၊ နယ်လှည့်သာသနာပြုဓမ္မကထိက ဘွဲ့တံဆိပ်တော်ရ သီတဂူကြယ်တစ်ပွင့်ဆရာတော် အရှင်ပညာနန္ဒကိုယ်တိုင် ဟောကြားတော်မူခဲ့သော ပွဲတွေ့တရားတော်များ အတွဲ(အတွဲ၁ + ၂+ ၃)သုံးအုပ် တို့ကို အရှေ့အိမ်ပုံနှိပ်တိုက်သို့ မူပိုင်အဖြစ်ဖြင့် ထုတ်ဝေခွင့်ပြုခဲ့ရာ ယခုအခါပွဲတွေ့တရားတော်များ အတွဲ -၃ ရိုက်နှိပ်ထုတ်ခဲ့ပြီးဖြစ်ရာ ဆရာတော်လိုအပ်သလိုပြန်လည် လှူဒါန်းနိုင်ရန်အတွက် စာအုပ်အုပ်ရေ (68)အုပ်နှင့် ပစ္စည်းလေးပါးအတွက် အပ်အပ်စပ်စပ် လိုရာသုံးစွဲနိုင်ရန်အတွက် အပ်စပ်နဝကမ္မအလှူတော်ငွေတို့ကို အရှေ့အိမ်ပုံနှိပ်တိုက်နှင့် စာပေ ဖြန့်ချီရေးမိသားစုတို့မှ ဆရာတော်အား အထူးဂါရဝပြုဆက်ကပ် ပူဇော်ပါသည်ဘုရား

🪷🙏ဆရာတော်အသက်တော်ရာကျော် ရှည်၍ သာသနာပြုနိုင်ပါစေကြောင်း အထူးမေတ္တာပို့သအပ် ပါသည်ဘုရား။

🙏ဤကုသိုလ်ကောင်းမှုနှင့် ဆက်စပ်သမျှ နတ်လူဗြဟ္မာသာဓုခေါ်ကြစေသော်.......🙏

#သီတဂူကြယ်တစ်ပွင့်ဆရာတော် #အရှင်ပညာနန္ဒ #အရှေ့အိမ်ပုံနှိပ်တိုက်

📖နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးများ၏ ဘ၀ဖြစ်တော်စဉ် အနှစ်ချုပ်🪷သံဃမဟာနာယကအဖွဲ့ကြီးဖွဲ့စည်းခဲ့သည်မှာ ကာလကြ...
28/09/2026

📖နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးများ၏ ဘ၀ဖြစ်တော်စဉ် အနှစ်ချုပ်
🪷သံဃမဟာနာယကအဖွဲ့ကြီးဖွဲ့စည်းခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပါပြီ။ ထိုအဖွဲ့အစည်းကို မဟနဟုလည်း အတိုကောက် ခေါ်ပါသေးသည်။ ဤအဖွဲ့အစည်းတွင် သံဃာ့ဥသျှောင် ထိပ်ခေါင်တင်ဆရာတော်ကြီးများက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တော်မူခဲ့ကြသည်။ ဤကျမ်းစာအုပ်ငယ်လေးသည်ကား ထိုဥက္ကဋ္ဌဆရာတော်ကြီးများ သာသနာတော်အတွက် အားတက်သရော ဆောင်ရွက်ခဲ့သမျှကို မှတ်တမ်းပြုစုထားခြင်းဖြစ်ပါသည်။
🪷စာရေးသူအနေဖြင့် သံဃအဖွဲ့အစည်းအဆင့်ဆင့် ကမ္ဘာသို့ ပြန့်ပွားစေရန်နှင့် ဒါယကာများ အသိပညာရရှိစေရန် အပြင် မြတ်ဘုရား၏ တပည့်သားတို့ အတုယူနိုင်စေရန် ရည်စိတ်သန်လျက် သမိုင်းကျန်အောင် ပြုစုထားသော ကျမ်းစာဖြစ်သည်။

🪷မြန်မာပြည်သာသနာနှင့် တိပိဋကဆရာတော်များ🪷
🪷ဤစာအုပ်တွင် တိပိဋကအာဂုံပြန်ဆိုပွဲ ဖြစ်ပေါ်လာပုံ၊ ဦးဆောင်စီစဉ်ခဲ့သော ပုဂ္ဂိုလ်များ၊ နှစ်စဉ်ဖြေဆိုသူများမှ ပေါ်ထွန်းခဲ့သော တိပိဋကဓရဆရာတော်များအကြောင်းကို အပြည့်အစုံ ဖော်ပြထားပါသည်။ တိပိဋကဓရဆရာတော်တစ်ပါးပေါ်ပေါက်ရန်အတွက် မည်မျှခက်ခဲကြောင်းနှင့် တန်ဖိုးကြီးမားပုံများကိုနှိုင်းယှဉ်သိမြင်နိုင်ပြီး ကြည်ညိုသဒ္ဓါတိုးပွားစေနိုင်ပါသည်။
🪷နိုင်ငံတော်အစိုးရမှ လှူဒါန်းထောက်ပံ့သော ပစ္စည်းများ၊ ထိုလှူဖွယ်ပစ္စည်းတို့၏ အဆင့်အတန်းများကိုလည်း ဖတ်ရှုရမှာဖြစ်ပြီး ထိုဆရာတော်များက သာသနာတော်အတွက် မည်သို့မည်ပုံ ဆောင်ရွက်ခဲ့ပုံများကိုလည်း ကွင်းကွင်းကွက်ကွက် လင်းလက်အောင် သိမြင်နိုင်ကြမှာ ဖြစ်ပါတယ်။
🪷တိပိဋကဓရစာမေးပွဲအကြောင်း ကောင်းကောင်းသိမြင်ခံစားလိုသော သူတော်စင်များအနေဖြင့် လက်မလွတ်စတမ်း လေ့လာဖတ်ရှုမှတ်သားသင့်သော စာအုပ်တစ်အုပ်ပင် ဖြစ်ပါတယ်။

📞စာအုပ်ဝယ်ရန်ဖုန်းဘိုင်များ
💥Ph - 09 978229032 ,
09 774778855
💥Viber Ph - 09 978229032 ,
09 774778855

💥page - Eastern House
💥Email - [email protected]
💥Kpay Acc 09 441693989
U Thet Naing Soe
💥Wave Acc 09 441693989
U Thet Naing Soe

💥Address - No.182, 35 Street (Middle Block), Kyauktada Township, Yangon, Myanmar.
အမှတ် ၁၈၂ ၃၅လမ်း (အလယ်ဘလောက်) ကျောက်တံတားမြို့နယ် ရန်ကုန်။

#တိပိဋကဆရာတော်များ #ဘဝဖြစ်တော်စဥ် #စေတလုံးပိုင်ဆရာတော် #ပါမောက္ခဒေါက်နာအရှင်အာစာရ #အရှေ့အိမ်ပုံနှိပ်တိုက်

26/09/2026
🪷သာသနာပြုဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်အာစာရ(စေတစ်လုံးပိုင်ဆရာတော်)၏ စာပေမိတ်ဆက်ပွဲအခမ်းအနား🪷ပြည်တွင်းပြည်ပ သာသနာပြုဆရာတ...
25/09/2026

🪷သာသနာပြုဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်အာစာရ(စေတစ်လုံးပိုင်ဆရာတော်)၏ စာပေမိတ်ဆက်ပွဲအခမ်းအနား

🪷ပြည်တွင်းပြည်ပ သာသနာပြုဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်အာစာရ(စေတစ်လုံးပိုင်ဆရာတော်)၏ စာပေမိတ်ဆက်ပွဲအခမ်းအနားကို အမှတ် ၁၁၇-၁၂၇ E ၃၆လမ်း အလယ်ဘလောက်၊ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား(MMM Tower) ကျောက်တံတားမြို့နယ်တွင် 24-Sep-2026 ကြာသပတေးနေ့ နံနက် 9 နာရီက ကျင်းပခဲ့ပါသည်။

🪷ထိုစာပေမိတ်ဆက်ပွဲအခမ်းအနားသို့ စာချစ်သူများနှင့် ဆရာတော်၏ စာပေမိတ်ဆွေများ, သာသနာပြု အတွေ့အကြုံကို သိရှိလိုလားကြသူများနှင့် သတင်းရယူသူများ တက်ရောက်ခဲ့ကြပါသည်။ ထို့ပြင်ထိုပွဲ၌ ဆရာတော်ရေးသားပြုစုတော်မူသော ကျမ်းစာအုပ်များကိုလည်း ၃၅ % လျှော့လျက်် ဖြန့်ဖြူးပေးခဲ့ပါသည်။
#အရှေ့အိမ်ပုံနှိပ်တိုက် #ဒေါက်တာအရှင်အာစာရ

🌼ပွဲတွေ့တရားတော်များ ၃🌼🙏သီတဂူကြယ်တစ်ပွင့်ဆရာတော် ၏ ပွဲတွေ့တရားတော်များ အတွဲ ၃ ထွက်ရှိလာပါပြီ။🪷တစ်ညတန်ဖိုးအစရှိသော တရားပွ...
15/09/2026

🌼ပွဲတွေ့တရားတော်များ ၃🌼

🙏သီတဂူကြယ်တစ်ပွင့်ဆရာတော် ၏ ပွဲတွေ့တရားတော်များ အတွဲ ၃ ထွက်ရှိလာပါပြီ။

🪷တစ်ညတန်ဖိုးအစရှိသော တရားပွဲများတွင် ဟောကြားတော်မူထားသော တရားတော်များကို ပေါင်းစု မှတ်တမ်းတင်ထားသော ကျမ်းစာအုပ်ဖြစ်သည်။ တရားပုဒ်တိုင်းမှာ ဗဟုသုတရစရာ သင်ခန်းစာယူစရာ များနှင့်အတူ ကမ္မဋ္ဌာန်းတရားသဘောဆိုင်ရာများလည်း ပါဝင်ပါသည်။ သာမန်အရပ်သားများပင် နားလည်လွယ်သော စကားလုံးဝေါဟာရများဖြင့် ဟောကြားထားသော တရားတော်များဖြစ်သဖြင့် စာအုပ်ဖတ်ပြီးသည်နှင့် သာသနာအတွင်း စိတ်နှစ်သွင်းပြီး ဘဝအပြီးတိုင်ဖို့ တရားထိုင်တော့မယ်လို့ စိတ်ကူးရသွားနိုင်ပါတယ်။ သေမင်းကို ရင်ဆိုင်ရဲပြီလားဆိုတဲ့ တရားဆိုရင် အရမ်းကောင်းလွန်းလို့ ဓမ္မကထိကများ လက်မလွှတ်နိုင်ဘဲ စွဲကိုင်ထားကြရတဲ့ တရားတစ်ပုဒ်ပါပဲ။

🪷ဒီစာအုပ်ကတော့ ဘာသာရေးတရားကို လေ့လာနေတဲ့ သူတွေရော, တရားဘာဝနာ လေ့လာနေတဲ့သူတွေရော, ဓမ္မကထိကအရှင်သူမြတ်တွေရော ဗုဒ္ဓဘာသာဝင်
သူတော်စင်အားလုံး အချိန်မရွေး မှတ်သားလေ့လာနိုင်ဖို့အတွက် အမြဲဆောင်ထားထိုက်ပါတယ်။

🪷ပွဲတွေ့တရားတော် (အတွဲ၃)
🪷တန်ဖိုး - ၁၈၀၀၀ကျပ်
🪷စာမျက်နှာ - ၂၈၂

📞စာအုပ်ဝယ်ရန်ဖုန်းဘိုင်များ
💥Ph - 09 978229032 ,
09 774778855

💥Viber Ph - 09 978229032 ,
09 774778855

💥page - Eastern House

💥Email - [email protected]

💥Kpay Acc 09 441693989
U Thet Naing Soe

💥Wave Acc 09 441693989
U Thet Naing Soe

💥Address - No.182, 35 Street (Middle Block), Kyauktada Township, Yangon, Myanmar.

#သီတဂူကြယ်တစ်ပွင့်ဆရာတော် #အရှင်ပညာနန္ဒ #ပွဲတွေ့တရားတော် အတွဲ(၃)

📗စာပေမိတ်ဆက်ပွဲ အကြောင်း ‌သတင်းကောင်းပါးအပ်ပါသည်။🙏အနှစ်သုံးဆယ်ကျော် ပြည်တွင်းပြည်ပ သာသနာပြုဆရာတော် ပါမောက္ခ ဒေါက်တာ အရှင...
08/09/2026

📗စာပေမိတ်ဆက်ပွဲ အကြောင်း ‌သတင်းကောင်းပါးအပ်ပါသည်။

🙏အနှစ်သုံးဆယ်ကျော် ပြည်တွင်းပြည်ပ သာသနာပြုဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်အာစာရ(စေတစ်လုံးပိုင်ဆရာတော်)ရေးသားပြုစုတော်မူသော ကျမ်းစာအုပ်များ မိတ်ဆက်ပွဲဖြစ်မြောက်ရေးကို အရှေ့အိမ်စာပေမှ စီစဉ်လုပ်ဆောင်ပေးမည် ဖြစ်ပါတယ်။

🪷စာပေမိတ်ဆက်ပွဲတွင် ပြည်ပသာသနာပြုလုပ်ငန်းများအား စိတ်ဝင်စားသည့် အရှင်မြတ်များနှင့် သာသနာပြုပုဂ္ဂိုလ်များအား ဆရာတော်ဘုရားမှ အနှစ်သုံးဆယ်ကျော် အတွေ့အကြုံများအား ပွင့်လင်းမြင်သာစွာ ဆွေးနွေးပေးမည် ဖြစ်ပြီး သာသနာပြုလုပ်ငန်းများအတွင်း ကိုယ်တွေ့အတွေ့အကြုံများကိုလည်း ဖြန့်ဝေပေးမည် ဖြစ်ပါသည်။

🏘အရှေ့အိမ်စာပေမှ အထူးအစီအစဉ်အနေဖြင့် ဆရာတော်ပြုစုထားသော ကျမ်းစာအုပ်များကို ကျင်းပမည့်နေ့တွင် ၃၅ ရာခိုင်နှုန်း အထူးလျှော့ဈေးဖြင့် စိတ်ဝင်စားသူများအား ဆွေးနွေးပွဲအပြီးတွင် ဝယ်ယူနိုင်ရန် စီစဉ်ထားရှိပါသည် ။

🪷စာပေမိတ်ဆက်ပွဲ အခမ်းအနားပြီးသွားသည့်နောက်တွင်လည်း ဆရာတော်၏ စာအုပ်များအား ကူညီ ဖြန့်ဖြူးပေးလိုသော မိတ်ဖက်အရောင်းကိုယ်စားလှယ်များအတွက် အထူးအခွင့်အရေးအဖြစ် 30% အထူးလျှော့ဈေးကို အောက်တိုဘာလကုန်အထိ အရှေ့အိမ်စာပေ၌ ဝယ်ယူဖြန့်ဝေနိုင်ပါသည်။

🗣ထို့အပြင် အရှေ့အိမ်စာပေမှ ထုတ်ဝေထားသော စာအုပ်အချို့ကိုလည်း ပွဲတော်ကျင်းပသည့် နေ့တွင်( 35 % )အထူးလျှော့ဈေးဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါသည်။

ထိုစာပေမိတ်ဆက်ပွဲသို့ စိတ်ဝင်စားသူ သတင်းသမားများနှင့် စာအုပ်စာပေလက်ဆင့်ကမ်း ဖြန့်ဖြူးသူများ၊ မည်သူမဆို တက်ရောက်လိုပါက နေရာထိုင်ခင်း အခက်အခဲမရှိစေရန် လာရောက်မည့်အကြောင်းကို

📲09 774 778 855
09 757 991 387
ဖုန်းနံပါတ်နှင့် Viber တို့၌
ကြိုတင်စာရင်းသွင်းထားခြင်းဖြင့် ကုသိုလ်ယူနိုင်ပါသည်။

📚ကျင်းပမည့် နေ့ရက်- 24-Sep-2026 ကြာသပတေးနေ့

🪷ကျင်းပမည့်အချိန်- နံနက် ၉ နာရီ

🪷ကျင်းပမည့် နေရာ-
(အမှတ် ၁၁၇-၁၂၇ E )
၃၆လမ်း အလယ်ဘလောက်၊
မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား(MMM Tower) ကျောက်တံတားမြို့နယ် ။

🌸ကျင်းပမည့်နေရာနှင့် အချိန် နေ့ရက်အပြောင်းအလဲ ရှိပါက ထပ်မံကြော််ငြာပေးမှာ ဖြစ်ပါသည်။
#အရှေ့အိမ်ပုံနှိပ်တိုက် #ဒေါက်တာအရှင်အာစာရ စေတစ်လုံးပိုင်ဆရာတော်

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959978229032

Alerts

Be the first to know and let us send you an email when Eastern House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eastern House:

Shortcuts

Share