Genius Book Bar

Genius Book Bar Genius Book House ၏ Page အခွဲဖြစ်ပြီး ရှားပါးစာအုပ်များ အားအဓိက ထား၍ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

❗လူထုဦးလှရေးတဲ့စာအုပ်ဗျာ ၊ စက္ကူ‌ဖြူချောဗျာ။ စာမျက်နှာ ၃၅၄ တဲ့ဗျား။▪️တန်ဖိုး - ၃၀၀၀▪️U , me စသဖြင့် မိမိယူမည်ဖြစ်ကြောင်း...
24/10/2026

❗လူထုဦးလှရေးတဲ့စာအုပ်ဗျာ ၊ စက္ကူ‌ဖြူချောဗျာ။ စာမျက်နှာ ၃၅၄ တဲ့ဗျား။

▪️တန်ဖိုး - ၃၀၀၀

▪️U , me စသဖြင့် မိမိယူမည်ဖြစ်ကြောင်း ပထမဆုံးမန့်သူသာရပါမယ်။

ဈေးကွက်အတွင်း အလွယ်တကူမရနိုင်တဲ့ စာအုပ်တွေဖြစ်တာကြောင့် ၃ ရက်ထက်ပိုပြီးဖယ်မထားပေးပါဘူးခင်ဗျာ။အကယ်၍ သုံးရက်ထက်ပိုဖယ်ထားရမယ်ဆိုပါက ငွေကြိုချေပေးဖို့ မေတ္တာရပ်ခံပါရစေခင်ဗျ။
( ၃ ရက်ကျော်စာရင်းရှိစာအုပ်များ ငွေမလွှဲပါက auto cancel ပါ )
ငွေကြိုချေထားသည့်စာအုပ်များကိုလည်း (၂) ပတ်ထိသာသိမ်းဆည်းထားပေးမှာဖြစ်ပါတယ်။

Page လေးကို ၀န်းရံအားပေးကြတဲ့ စာချစ်သူများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်‌ဗျာ💞


#လူထုဦးလှ
#စာအုပ်အဟောင်း

✅ သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းအမှတ်တရတွေ▪️စက္ကူဖြူချောနဲ့ ဒီအထူက အတော်တန်နေပါတယ်။📌မူရင်းဈေးအတိုင်း ၈၀၀၀ ကျပ်ဈေးကွက်အတ...
24/10/2026

✅ သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းအမှတ်တရတွေ

▪️စက္ကူဖြူချောနဲ့ ဒီအထူက အတော်တန်နေပါတယ်။

📌မူရင်းဈေးအတိုင်း ၈၀၀၀ ကျပ်

ဈေးကွက်အတွင်း အလွယ်တကူမရနိုင်တဲ့ စာအုပ်တွေဖြစ်တာကြောင့် ၃ ရက်ထက်ပိုပြီးဖယ်မထားပေးပါဘူးခင်ဗျာ။အကယ်၍ သုံးရက်ထက်ပိုဖယ်ထားရမယ်ဆိုပါက ငွေကြိုချေပေးဖို့ မေတ္တာရပ်ခံပါရစေခင်ဗျ။
( 📌၃ ရက်ကျော်စာရင်းရှိစာအုပ်များ ငွေမလွှဲပါက auto cancel ပါ )
❗ ငွေကြိုချေထားသည့်စာအုပ်များကိုလည်း (၂) ပတ်ထိသာသိမ်းဆည်းထားပေးမှာဖြစ်ပါတယ်။

🛑 ၂ ‌ပတ်ကျော်များ လုံးဝတာဝန်မယူပါခင်ဗျာ။

Page လေးကို ၀န်းရံအားပေးကြတဲ့ စာချစ်သူများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်‌ဗျာ💞


#စာအုပ်အဟောင်း

မာဖီးယားနှင့်ပေါ်ပီပန်း // မောင်မိုးသူ𝐅𝐫𝐮𝐢𝐭_𝐎𝐟_𝐓𝐡𝐞_𝐏𝐨𝐩𝐩𝐲 // 𝐑𝐨𝐛𝐞𝐫𝐭 𝐖𝐢𝐥𝐝𝐞𝐫-ဘုရားရေ.... မင်းလိုမိန်းကလေးချောချောလှလှတစ်ယော...
24/10/2026

မာဖီးယားနှင့်ပေါ်ပီပန်း // မောင်မိုးသူ
𝐅𝐫𝐮𝐢𝐭_𝐎𝐟_𝐓𝐡𝐞_𝐏𝐨𝐩𝐩𝐲 // 𝐑𝐨𝐛𝐞𝐫𝐭 𝐖𝐢𝐥𝐝𝐞𝐫

-ဘုရားရေ.... မင်းလိုမိန်းကလေးချောချောလှလှတစ်ယောက်ဟာယောက်ျားတစ်ယောက်ရဲ့အခန်းထဲကိုမဝင်ရဘူးကွယ့်၊ အထူးသဖြင့် တံခါးမခေါက်ဘဲနဲ့ပေါ့လေ..... ၊

-ကျွန်မအမေကလည်း ယောက်ျားတစ်ယောက်ရဲ့အခန်းထဲကိုသေနတ်မပါဘဲမဝင်ရဘူးလို့မှာထားတယ်ရှင့် ။

-ရထားတစီးပေါ်တွင်ဖြစ်သည်။ မိန်းကလေးငယ်ကား ဒင်နိုဗီလာနိုဟုခေါ်သော မာဖီးယားဂိုဏ်းခေါင်းဆောင်တဦး၏ မယားငယ်ဖြစ်သည့် စတေစီဝုဒ်ဝပ် ။

-သူရထားပေါ်ရောက်ရှိနေသော အဓိကအကြောင်းအရင်းတခုကား... မာဖီးယားဂိုဏ်းခေါင်းဆောင် ဒင်နိုဗီလာနို၏ စာရင်းကိုင် ဟာဗေးမစ်ချယ် မှာ မာဖီးယားအဖွဲ့မှ ဒေါ်လာ နှစ်သိန်းခွဲ အား ဘုံးသွားသည်ဟုကြားရ၍ဖြစ်သည်။ အရပ်အစားဖြင့်ပြောရလျှင် သူခိုးလက်မှ သူဝှက်လုရန်ကြံစည်ခြင်းဖြစ်သည်။ ဟာဗေးမစ်ချယ် မသိသော အကြောင်းတခုမှာကားသူလိုက်ပါလာသော ရထားပေါ်တွင်ပင် မာဖီးယားဂိုဏ်း၏ လက်မရွံ့လူသတ်သမားတဦးသူ့အနားတွင်ရှိနေသည်ဆိုသောအချက်ပင်ဖြစ်သည်။ ဒီထက်ပို၍ ဆန်းကြယ်သောအချက်ကား ဆောလ်မက်ဒရစ် ဟူသောမူးယစ်ဆေးဝါးဗျူရိုမှ အရာရှိတဦးပါ ထိုရထားပေါ်တွင်ပါနေခြင်းဖြစ်သည်။ ဒီလိုလူထူးဆန်းတွေရထားပေါ်ပါလာပြီး ဘာတွေဆက်ဖြစ်ကြမလဲ ??
-ဒီဝတ္ထုဟာဆိုရင် မက္ကဆီကိုကနေ အမေရိကန်နိုင်ငံကို နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်နေတဲ့ ဘိန်းဖြူလမ်းကြောင်းကို နှစ်နိုင်ငံ မူးယစ်ဆေးဝါးဗျူရို က ပိတ်ပင်နိုင်အောင် ပေါင်းစုံနဲ့ကြိုးစားတဲ့အကြောင်းကိုရေးထားတာဖြစ်ပါတယ်။

-ဘိန်းဖြူရဲ့ဆိုးကျိုးတွေကို သည်စာအုပ်မှာ ဟောသည်လိုရေးထားပါတယ်.......

လူငယ်များသည် ဆေးခြောက်ကိုစတင်စမ်းသပ်ကြ၏။ဆေးခြောက်မတိုးတော့သောအခါ အတန်းတက်၍ ဘိန်းဖြူသို့ကူးလာကြ၏။ဘိန်းဖြူသုံးစွဲနိုင်ဖို့အတွက် ငွေလိုသည်။ငွေလိုသောအခါ ခိုးသည် ပထမ မိဘထံမှခိုးသည်။နောက် လမ်းသွားလမ်းလာ အပြစ်မဲ့ပြည်သူများထံမှ လုယက်လာ၏။ မိန်းကလေးများအတွက်ကား ဘိန်းဖြူတစ်ထုပ်ရဖို့အရေး သူတို့ ခန္ဓာကိုယ်များနှင့်လဲလှယ်ရာမှတဆင့်မကောင်းသော မိန်းမဘဝသို့ရောက်ကြလေသည်။ သူတို့နောက်ကျောပေါ်မှာခွစီးနေပြီဖြစ်သော ဘိန်းဖြူမျောက်သည် တစ်နေ့ထက်တစ်နေ့ပို၍ပဲတောင်းဆိုနေတတ်၏။ ပိုက်ဆံသည် တစ်နေ့တစ်ခြား ပို၍ပို၍ပဲလိုလာ၏။ ထိုသို့သော ငွေများကိုကနိုင်သောလမ်းကားတစ်လမ်းသာရှိသည်။လုယက်တိုက်ခိုက်ခြင်းနှင့်လူသတ်ခြင်းပင်တည်း။

ဘိန်းဖြူသည် သူတို့မျှော်လင့်ထားသလို အိပ်မက်လှလှကလေးတည်ဆောက်ပေးသည်မဟုတ်....။ ဘိန်းဖြူစွဲမိသူတိုင်း ဘိန်းဖြူမသုံးစွဲရသည်နှင့် တစ်ကိုယ်လုံးမခံမရပ်နိုင်အောင် ဝေဒနာခံစားမှုပြေပျောက်စေခြင်းငှာ နောက်ထပ်ဘိန်းဖြူရဖို့အရေးတစ်ခုသာ ရှိတော့၏။ဘိန်းဖြူကို အစိမ်းဖြတ် မြင်ကွင်းမှာစက်ဆုပ်စရာ ရင်နာစရာကောင်းလှ၏။ဘိန်းသမားသည် အချိန်တန်ဘိန်းမရသည်နှင့်အော်ဟစ်လူးလှိမ့်နေတော့၏။ ခေါင်းနှင့်နံရံဆောင့်သည်။တစ်ကိုယ်လုံးယားယံလာ၍ အရေခွံများကွာလာအောင် ကုတ်ဆွဲသည်။တစ်ချိန်လုံးတိရစ္ဆာန်တစ်ကောင်လိုအော်ဟစ်နေရလေ၏။

- ဘိန်းဖြူရဲ့အဆိုးအပြစ်တွေကိုဖော်ပြထားတဲ့အပြင် မာဖီးယားဂိုဏ်းခေါင်းဆောင်တွေရဲ့စီမံအုပ်ချုပ်ပုံတွေကိုပါဖတ်ရှုရမှာဖြစ်တဲ့အတွက် စာဖတ်သူအဖို့ အကျိုးအင်မတန်ဖြစ်ထွန်းစေမယ့်စာအုပ်တစ်အုပ်ပါလို့ပဲညွှန်းချင်ပါတော့တယ်ဗျာ🖤

✅ တန်ဖိုး - ၇၅၀၀ ကျပ်

#မာဖီးယားနှင့်ပေါ်ပီပန်း
#မောင်မိုးသူ

တည်တံ့ ရဲ့ သိုးပုပ်နေသော မှတ်ဉာဏ်တွဲများနှင့် 💥        ❛⁠  ပြောင်စင်အောင်မော့ခဲ့ကြတဲ့ ခွက်အရေအတွက်           အတိုင်း အမှ...
24/10/2026

တည်တံ့ ရဲ့ သိုးပုပ်နေသော မှတ်ဉာဏ်တွဲများနှင့် 💥

❛⁠ ပြောင်စင်အောင်မော့ခဲ့ကြတဲ့ ခွက်အရေအတွက်
အတိုင်း အမှတ်အသားပြုထားရင် ဘ၀ရဲ့
အနက်ရောက်ဆုံးဖြစ်တန်ခြေထဲ သုံးပုံတစ်ပုံ
လောက်အထိတော့ တူးယက်နိုင်ခဲ့ပြီးပြီ
ပြောလို့ရမလား ...

•တည်တံ့[သိုးပုပ်နေသောမှတ်ဉာဏ်တွဲများ]

▪️စာမျက်နှာ ၂၀၀ နီးနီးကို တန်ဖိုး - ၄၀၀၀ ကျပ်သာ

#တည်တံ့ #သိုးပုတ်နေသောမှတ်ဉာဏ်တွဲများ

💥 သီတင်းကျွတ် 𝐆𝐈𝐕𝐄𝐀𝐖𝐀𝐘 💥𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐁𝐚𝐫 ကနေ မပေးတာကြာတဲ့ 𝐆𝐈𝐕𝐄𝐀𝐖𝐀𝐘 လေးပေးပါရစေ။ ▪️စုစုပေါင်း စာအုပ် ၆ အုပ် ကံထူးရှင် ၄ ယေ...
24/10/2026

💥 သီတင်းကျွတ် 𝐆𝐈𝐕𝐄𝐀𝐖𝐀𝐘 💥

𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐁𝐚𝐫 ကနေ မပေးတာကြာတဲ့ 𝐆𝐈𝐕𝐄𝐀𝐖𝐀𝐘 လေးပေးပါရစေ။

▪️စုစုပေါင်း စာအုပ် ၆ အုပ် ကံထူးရှင် ၄ ယောက်ကို ရွေးပေးမှာပါ။

▪️𝐆𝐈𝐕𝐄𝐀𝐖𝐀𝐘 မှာပါဝင်ချင်တယ်ဆိုရင်လွယ်ပါတယ်။

✅ အခု 𝑃𝑜𝑠𝑡 ရဲ့ 𝐜𝐨𝐦𝐦𝐞𝐧𝐭 မှာ ပို့စ်ထဲက ကိုယ်လိုချင်တဲ့ စာအုပ်ပုံရယ် ၊ 𝐆𝐞𝐧𝐢𝐮𝐬 𝐁𝐨𝐨𝐤 𝐁𝐚𝐫 အတွက် အမှတ်တရ စကားလေးတခုရယ် မန့်ခဲ့ပေးရုံပါပဲ။

✅ ဒါဆိုရပါပြီ။

🔥တယောက်ကို မန့်တခုပဲ မန့်ခွင့်ရှိပါမယ်။ ၂ ခါမန့်လို့ ကံထူးနေရင်တောင် တခြားသူကို အစားထိုးရွေးမှာမို့ ဂရုစိုက်ပေးပါနော် 💞

(၂၆ . ၁၀ . ၂၀၂၆) တနင်္လာနေ့ မှာ ကံထူးရှင် ၄ ဦး ကြေညာပေးပါမယ်ခဗျာ💛

📚အားပေးမှာယူဖူးတဲ့ မိတ်ဆွေ ၊ စာချစ်သူများအနေနဲ့လည်း 𝑷𝒂𝒈𝒆 မှာ 𝑹𝒆𝒗𝒊𝒆𝒘 မှတ်ချက် လေးတွေရေးသားခဲ့နိုင်ပါတယ် 🩵💛

#ပျော်ရွှင်ဖွယ်သီတင်းကျွတ်အခါသမယဖြစ်ပါစေ

#အားလုံးကံထူးနိုင်ကြပါစေခင်ဗျာ


#စာအုပ်အဟောင်း

✅ကောင်းလှချည့် ညွန့်လှချည့် ဆိုတဲ့ စာအုပ်တွေ များစွာရှိပါတယ်။ တချို့စာအုပ်တွေဆို လူတရာမှာ ၉၉ ယောက်လောက်ကကြိုက်ပါတယ်။ တချ...
24/10/2026

✅ကောင်းလှချည့် ညွန့်လှချည့် ဆိုတဲ့ စာအုပ်တွေ များစွာရှိပါတယ်။ တချို့စာအုပ်တွေဆို လူတရာမှာ ၉၉ ယောက်လောက်ကကြိုက်ပါတယ်။ တချို့စာအုပ်တွေကျ လူတရာမှာ ၇၅ ယောက်လောက်က ကြိုက်ပါတယ်။ အဲလို ဝတ္ထုတွေထဲမှာ အီလျာ အာရင်ဘတ်ရဲ့ ပါရီကျဆုံးခန်း ဝတ္ထုလည်း ပါမယ်လို့ထင်ပါတယ်။

မကြာခင်ပြန်ထွက်မဲ့ စာအုပ်ဆိုတော့ စာအုပ်အကြောင်း နောက်ခံလေးပြန်ဖတ်ရင်း The Nation မှာကျနော် တွေ့မိတဲ့ ဆောင်းပါးတပုဒ်ကို အကျဉ်း ပြန်လည်တင်ဆက်ပေးပါရစေ။ ဆောင်းပါးကတော့ ဝတ္ထုဝေဖန်ရေးပါ။ စာရေးသူကတော့ Diana Trilling ပါ။ ပါရီကျဆုံးခန်း ဝတ္ထုကြီးဟာ အများသူငှာပြောဆိုကြသလို ကောင်းမွန်တဲ့ ဝတ္ထုတပုဒ်မဟုတ်ဘဲ ဝါဒဖြန့်စာအုပ်တအုပ်အဖြစ် ဆောင်းပါးရှင်ကဝေဖန်ထားတာပါ။ သူ့ရဲ့ ဝေဖန်ချက်ကို မူရင်းအရသာမပျက်အောင် တတ်စွမ်းသလောက် အနှစ်ချုပ်ပြီး ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Trilling က *The Fall of Paris* စာအုပ်ဟာ ပြင်သစ်နိုင်ငံ ကျဆုံးရတဲ့ အကြောင်းရင်းကို တင်ပြရာမှာ ဆိုဗီယက် (ကွန်မြူနစ်) ဝါဒကို အမွှမ်းတင်ပြီး၊ ကွန်မြူနစ်တွေကိုသာ စစ်မှန်တဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေအဖြစ် ပုံဖော်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရသဝတ္ထုတစ်ပုဒ်ထက် နိုင်ငံရေး ဝါဒဖြန့်စာအုပ်နဲ့ ပိုတူနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ပြီးတော့သူက အာရင်ဘတ် ဖန်တီးထားတဲ့ ဇာတ်ကောင်တွေဟာ တကယ့် လူသားတွေရဲ့ ခံစားချက်
တွေ မရှိဘဲ၊ စာရေးဆရာ ကြိုးဆွဲရာ ကနေရတဲ့ "ရုပ်သေးရုပ်" တွေနဲ့သာ တူတယ်လို့ ပြင်းပြင်းထန်ထန် ထောက်ပြခဲ့ပါတယ်။ စာရေးဟန်ဟာလည်း မရှင်းလင်း၊ အဆက်အစပ်မရှိ ပြတ်တောင်းပြတ်တောင်း၊ အသက်မဝင်ဘဲ ပုံရိပ်ဆန်‌ ရေးထားတယ်လို့ ဝေဖန်ပါတယ်။ ဒီစာရေးဟန်ကြောင့် စာရေးသူရဲ့ နိုင်ငံရေးဘက်လိုက်မှုကို ပိုမိုဖုံးကွယ်ပေးသလို ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

စိတ်ကူးယဉ် ဇာတ်ကောင်တွေကြားထဲမှာ လာဗယ် (Laval)၊ ဘလွမ် (Blum) တို့လို တကယ်ရှိခဲ့တဲ့ ပြင်သစ် နိုင်ငံရေး ခေါင်းဆောင်တွေကို အတင်းအဓမ္မ ရောနှောထည့်သွင်းထားတာဟာ ဇာတ်လမ်းကို ပိုပြီး ယုံကြည်ရခက်စေတယ်လို့ ဆိုပါတယ်။

သူ့အမြင်အရ အာရင်ဘတ်၏ သမိုင်းဖော်ပြချက်ဟာ“တစ်ဖက်စောင်းနင်း” ဖြစ် နေပါတယ်။ ကွန်မြူနစ်ခေါင်းဆောင်မှုအောက်က ပြင်သစ်အလုပ်သမားတွေက နာဇီဝါဒကို တိုက်ထုတ်ဖို့နဲ့ ပြင်သစ်အတွက် အသက်ပေးဖို့ တောင်းဆိုနေကြ ပေမဲ့လည်း၊ ဖက်ဆစ်ဝါဒ နဲ့ ဒီမိုကရေစီနိုင်ငံရေးသမားများ ပူးပေါင်းမှုကြောင့် အဲဒီအလုပ်သမားတွေကို သစ္စာဖောက်ရောင်းစားလိုက်သလို ဝတ္ထုက ပုံဖော်ထားတယ်လို့ Trilling က ဆိုပါတယ်။

▪️ဝတ္ထုမှာ နိုင်ငံရေး မျှော်လင့်ချက်တွေ၊ ရည်ရွယ်ချက်တွေ အများကြီး ထည့်ရေးထားပေမဲ့လည်း စာပေအနုပညာ ရှုထောင့်က ကြည့်ရင်တော့ သူ ဖတ်ဖူးသမျှထဲမှာ "အခြောက်ကပ်ဆုံးနဲ့ အသက်အမဲ့ဆုံး စာအုပ်" အဖြစ် ဆောင်းပါးရှင်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

အနှစ်ချုပ်သုံးသပ်ရရင်တော့ အာရင်ဘတ်ရဲ့ ဝတ္ထုကို ရစရာမရှိအောင် တွယ်ထားတာပဲဗျို့ ....😃

#ပါရီကျဆုံးခန်း_မြသန်းတင့် #ပါရီ‌ကျဆုံးခန်း #မြသန်းတင့်

အခုထိ ရန်ငြှိုးမပြေကြသေးတဲ့ အင်္ဂလန် နဲ့ အာဂျင်တီးနား ၂ နိုင်ငံ ရဲ့ ဖောက်ကလန်ကျွန်း စစ်ပွဲ နောက်ခံကို သည်းထိပ်ရင်ဖို ဖတ်...
24/10/2026

အခုထိ ရန်ငြှိုးမပြေကြသေးတဲ့ အင်္ဂလန် နဲ့ အာဂျင်တီးနား ၂ နိုင်ငံ ရဲ့ ဖောက်ကလန်ကျွန်း စစ်ပွဲ နောက်ခံကို သည်းထိပ်ရင်ဖို ဖတ်ရမဲ့ ဝတ္ထု ။
မူရင်းစာရေးဆရာက ဂျက်ဟစ်ဂင်း ၊ မြန်မာ ဘာသာအနေနဲ့လည်း မောင်မိုးသူ ၊ အထောက်တော်လှအောင် ၊ နတ်နွယ်တို့က မိတ်ဆက်ခဲ့ဖူးတာမို့ စိမ်းမယ်မထင် 😍

✅တန်ဖိုး - ၈၀၀၀ ကျပ်

မွဲဖို့သာပြင် 😁😁𝑷𝑹𝑬 𝑶𝑹𝑫𝑬𝑹 𝑵𝑶𝑾 ❗❗မျှော်နေကြတဲ့ “ ပါရီကျဆုံးခန်း ” လာပါပြီ 🔥🔥“ဒီဝတ္ထုရဲ့ ဇာတ်လိုက်ဟာ ပါရီမြို့ကြီးပဲ”— အီလ...
23/10/2026

မွဲဖို့သာပြင် 😁😁

𝑷𝑹𝑬 𝑶𝑹𝑫𝑬𝑹 𝑵𝑶𝑾 ❗❗

မျှော်နေကြတဲ့ “ ပါရီကျဆုံးခန်း ” လာပါပြီ 🔥🔥

“ဒီဝတ္ထုရဲ့ ဇာတ်လိုက်ဟာ ပါရီမြို့ကြီးပဲ”
— အီလျာအာရင်ဘတ်
…………………………………………………….

ထူးထူးထွေထွေ ညွှန်းနေဖို့ရာ မလိုအပ်တဲ့ စာအုပ်။
စျေးကွက်တွင်း ရှားပါးနှုန်းထားမြင့်နေတဲ့ စာအုပ်။
ငွေသိန်းချီပေးသော်မှ ရှာဖွေရ ခက်ခဲနေတဲ့ စာအုပ်။

အရပ်ရပ် နယ်တကာ စာဖတ်မိတ်သဟာအပေါင်းက
သောင်းတိုက်ကကြားအောင် ‘မထွက်သေးဘူးလား၊
‘ထုတ်ပါတော့ဗျား’ရယ်လို့ စာအုပ်တိုက်ကို အလီလီ
အခါခါ တောင်းဆိုသမှု ပြုနေတဲ့ စာအုပ်ကြီးဆိုတာ
ဟောဒီ ‘ပါရီ’ မှ ‘ပါရီ’ ပါပဲ ခင်ဗျား။

စတင်ထုတ်ဝေချိန်(၁၉၈၂)ကနေ တွက်ရေပါလျှင်
နှစ်ပေါင်း ၃၈ နှစ်အကြာမှ ဒုတိယအကြိမ်(၂၀၂၀)
ထွက်လာနိုင်ခဲ့သလို၊ ဒုတိယအကြိမ် ထုတ်ဝေပြီး
တော့လည်း ၆ နှစ်အကြာ- ယခု (၂၀၂၆) ကျမှပဲ
တတိယအကြိမ် ထပ်မံ ထုတ်ဝေဖြစ်သော—
ဆရာမြသန်းတင့်ရဲ့ ထင်ရှားတဲ့ ဘာသာပြန်ဝတ္ထု။
#ပါရီကျဆုံးခန်း

စာဖတ်မိတ်ဆွေတွေ တဖွဖွ တသသ မေးနေဆဲ
ပြောနေဆဲအခိုက်မှာပင် အသွင်အဆင်သစ်ဖြင့်
တတိယအကြိမ် ထွက်လာပါတော့မယ်။
…………………………………………………….
မျက်နှာဖုံး ပန်းချီ နဲ့ ရေခံသရုပ်ဖော်များကို
ဆရာ (ဦး) မုတ်သုံက ဖန်တီး၍
မျကိနှာဖုံးအပြင်အဆင် ဒီဇိုင်းဖွဲ့စည်းမှုကို
ဆရာ ဗဂျီလင်းဝဏ္ဏက ပြုလုပ်ပေးထားပြီး—

ခန်းဆောင်နီစာအုပ်တိုက်အတွက်
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်က
အလုံးစုံ စီစဉ်၊ ထုတ်ဝေ၊ ဖြန့်ချိခြင်း။
တတိယအကြိမ်၊ ၂၀၂၆ခုနှစ်။

စာမျက်နှာ ၈၀၈ ။
စာအုပ်အရွယ်အစား ၆-၉ လက်မ။
စက္ကူဖြူ ထူ ချော။
ရှေ့နောက် ရေခံသရုပ်ဖော် ဆေးရောင်စုံ။

အခန့်ချုပ်ဖြင့်— သန့်သန့်ခံ့ခံ ပုံနှိပ်သည်။

တန်ဖိုးနှုန်း #ကျပ်_ခုနှစ်သောင်းငါးထောင်

✅ မကြာမီလာမည် မျှော် 🔥🔥

#ပါရီကျဆုံးခန်း_မြသန်းတင့်
#မာယာ_မောင်ပေါ်ထွန်း
#ပါရီ

📍နောက်ဆုံးပို့စ် ▪️တော်ကောင်းမင်း ၂ အုပ် ၁၅၀၀၀ ကျပ်
22/10/2026

📍နောက်ဆုံးပို့စ်

▪️တော်ကောင်းမင်း ၂ အုပ် ၁၅၀၀၀ ကျပ်

မောင်သိန်းဆိုင် အမေနှင့်သမီးများ ✅ငါးထောင်ကျပ်
22/10/2026

မောင်သိန်းဆိုင် အမေနှင့်သမီးများ

✅ငါးထောင်ကျပ်

Address

Yangon
11182

Website

Alerts

Be the first to know and let us send you an email when Genius Book Bar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category