LIAN Travel Agency

LIAN Travel Agency International & Domestic Air Ticket Service, Bus Ticket also Available.

04/12/2025

Bangkok Airport
VIP Pass Service
လုပ်ပေးနေတယ်

+959761430710
Whatsapp, Telegram, Viber

🛑 Up to date: PJ PV passport ကိုင်ဆောင်ထားသူများ မြန်မာနိုင်ငံလေဆိပ်မှ ထွက်ခွါခွင့်အကြောင်း ♨️Hot ဖြစ်နေတဲ့ သတင်း 🔘 Pass...
05/08/2024

🛑 Up to date: PJ PV passport ကိုင်ဆောင်ထားသူများ မြန်မာနိုင်ငံလေဆိပ်မှ ထွက်ခွါခွင့်အကြောင်း

♨️Hot ဖြစ်နေတဲ့ သတင်း

🔘 Passport ကို PV အမျိုးအစား ကိုင်ဆောင်ထားသူတွေ လေဆိပ်မှာ ထွက်ခွင့်ပိတ်လိုက်တာလား
🔘 PJ တွေ ထွက်မရဘူး သို့ ထွက်ဖို့မလွယ်ဘူး

❗️Information အမှန်

📕If you are PV type passport holder :

PV = passport for Visit
အလည်အပတ်သီးသန့် သတ်မှတ် ထုတ်ပေးထားတဲ့ passport ဖြစ်ပါတယ်။ အရင်ကတော့ ဒီအမျိုးအစားနဲ့ အလုပ်ဗီဇာနဲ့ နေလို့ ရကောင်းရခဲ့ပါမယ် ။ အခုက rules တိုင်း အတိအကျသတ်မှတ်တဲ့အခါ မရတော့တာပါ။ visit အမျိုးအစား passport ကိုင်ထားသူသည် မည်သည့်နိုင်ငံမဆို့ only for visit သွားရောက်လည်ပတ်ရုံသာ ခွင့်ပြုပါတော့တယ်။

🟩 PV passport ဖြင့် Visitor အဖြစ်အလည်သွားတဲ့သူများ မြန်မာလေဆိပ်မှ ထွက်ခွါခွင့်ရရန်လိုအပ်သည့်စာရင်း

✅ Flight ticket ✈️ two way (အသွားအပြန်)
✅ မြန်မာနိူင်ငံသား မှတ်ပုံတင်
✅ Hotel Booking
✅ Show Money ($500 or ထိုင်း B20000 ကို
cash in hand ငွေသား လက်ဝယ်ပြရပါမယ် ဘဏ်အကောင့်မရပါ)

အဆိုပါ documentation (4) မျိုး မပြည့်စုံရင် မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး… ❌

📕If you are PJ type passport holder :

PJ = Passport for Job
ပြည်ပနိုင်ငံများမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် Visitor passport များ
Job Visa ဖြင့်သွား၍မရပါ ❌

PV passport ကိုင်ဆောင်ထားပြီး job visa (non-B / non-LA) စသဖြင့် တစ်ခုခု ဖြစ်နေတယ်။ မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး… ❌

👉 Job Visa သမားများ PJ type ကို ပြောင်း၍ အခွန် ဆောင်ထားကြောင်း ပြနိုင်မှသာ မြန်မာနိုင်ငံက ထွက်ခွါခွင့် ရပါလိမ့်မယ် .. 💯✔️

PV with work visa မြန်မာနိုင်ငံ အလည်ပြန်လာလိုပါက ဆောင်ရွက်ရမည့် အချက်များ
✅ မိမိရောက်ရှိရာ နိုင်ငံ သံရုံးမှာ PV to PJ ပြောင်းပါ
✅ အခွန်ဆောင်ခဲ့ပါ
✅ Owic card မရှိသေးပါက မြန်မာနိူင်ငံ ရောက်ရောက်ခြင်းလျှောက်ပါ။

PJ passport အဟောင်းနှင့် work visa ရှိသူများကို OWIC card + အခွန် ၂၅% ဆောင်ထားရင် လေဆိပ်မှ ထွက်ခွါခွင့်ပြုပါတယ် ✅

PJ (Job passport) အသစ်များကတော့ နိုင်ငံခြားမှ အလုပ်ခေါ်စာဖြင့် တရားဝင်
OWIC ကဒ်ကိုင်ဆောင်ထားပြီး လေဆိပ်မှာ ပြနိုင်ရင်ရပါတယ်… ✅

PJ ဖြင့် ကျောင်းသွားတက်မည့်သူများ

👉 ရန်ကုန်ထိုင်းသံရုံးမှာ Student Visa ရရှိပြီး၍ passports ထဲ non-immigrant visa ဖြင့် ကျောင်းသွားတက်သူများ ကျောင်းနဲ့ဆိုင်တဲ့
စာရွက်စာတမ်းတွေလိုပါတယ် ✅

👉 PJ နှင့် Ed visa သမားဖြင့် ထိုင်းနိုင်ငံမှာ လက်ရှိနေထိုင်သူများကတော့ ခုထိတော့ ဘာမှ မကြားသေးပါ။ ဖြစ်နိုင်ရင်တော့ Education visa ရှိနေပါက PE type ပြောင်းသင့်ပါတယ်။

Nothing is 100% certain ပါ။

📕If you are seaman with PS type passport:

PS = Passport for Seaman
သင်္ဘောသားတွေကတွေကတော့ အရင်လိုပဲ ထွက်စာ DO ပါရင်ရပါတယ် ✅

အားလုံးပဲ အဆင်ပြေကြပါစေရှင့် 🌸

မေ ❤️



ပြည်ပသွားမဲ့လူငယ်တွေ ရန်ကုန်လေဆိပ်မှာ ကန့်သတ်ခံရ~~~■ ပြည်ပကိုထွက်ခွာမဲ့ လူငယ်တွေကို သြဂုတ်လ ၁ ရက်နေ့ကစလို့ အထောက်အထား မပ...
04/08/2024

ပြည်ပသွားမဲ့လူငယ်တွေ ရန်ကုန်လေဆိပ်မှာ ကန့်သတ်ခံရ
~~~
■ ပြည်ပကိုထွက်ခွာမဲ့ လူငယ်တွေကို သြဂုတ်လ ၁ ရက်နေ့ကစလို့ အထောက်အထား မပြည့်စုံလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်ပထွက်ခွာခွင့်ကို ကန့်သတ်ထားပြီး အာဏာပိုင်တွေက လေဆိပ်ကနေ ပြန်လွှတ်တာတွေ ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အလုပ်သမား နိုင်ငံကူးလက်မှတ် (PJ) ကိုင်ဆောင်ထားပြီး အထောက်အထားအပြည့်အစုံပါပေမဲ့ အသက် ၂၃ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေကို လေယာဥ်ပေါ်တက်ခွင့်မပေးဘဲ ပြန်လွှတ်နေတာလို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

“၁ ရက်နေ့ကစပြီး PJ နဲ့ OWIC ကတ်တွေနဲ့ ဟိုဘက်က အလုပ်ခေါ်စာအပြည့်အစုံနဲ့ သွားတဲ့သူတွေကို ပေးမထွက်တော့ဘူး။ သူတို့ ဘယ်လိုညွှန်ကြားချက်တွေ ရှိလဲတော့ မသိဘူး။ လဝက မဟုတ်ဘူး။ လေဆိပ်ဝင်ပေါက်မှာ SB (သတင်းရဲတပ်ဖွဲ့) ကစစ်ပြီး အသက်အရွယ် ကန့်သတ်တယ်။ ၂၃ နှစ်ကနေ ၃၅ နှစ်အတွင်းဆိုရင် ပြန်လွှတ်တယ်”

သြဂုတ်လ ၁ ရက်နေ့မှာ အမျိုးသားတွေကိုပဲ ပြန်ရွေးလွှတ်ပေမဲ့ ဩဂုတ်လ ၂ ရက်နေ့မှာတော့ အမျိုးသမီးတွေကိုပါ ပြန်လွှတ်တာတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

သြဂုတ် ၃ ရက် ဒီနေ့မှာတော့ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) နဲ့ ထွက်ခွာမဲ့သူတွေကိုပါ အရင်ကထက် တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး အထောက်အထားမပြည့်စုံရင် ပြည်ပထွက်ခွင့်မပေးတော့ဘဲ ပြန်လွှတ်တာတွေ ရှိနေတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

“PV သမားတွေကို လုံးဝထွက်ခွင့်မပေးတာတော့ မဟုတ်ဘူး။ ထွက်ခွင့်ရတဲ့သူလည်းရတယ်။ သူတို့ အနေအထားကို ကြည့်တယ်။ မသင်္ကာရင် ထွက်ခွင့်မပေးဘူး။ ဒီနေ့မနက်က စင်ကာပူသွားဖို့လုပ်နေတဲ့ သုံးယောက်လုံး ပြန်လွှတ်ခံရတယ်။ တဖြည်းဖြည်းနဲ့ ပိုကျပ်လာတယ်။ ရှေ့လျှောက် ပိုကျပ်ဖို့ပဲ ရှိတော့တယ်”

ပြန်လွှတ်ခံရတဲ့သူတွေအများစုဟာ ဂျပန်၊ ထိုင်းနဲ့ စင်ကာပူနိုင်ငံကို ထွက်ခွာမဲ့သူတွေဖြစ်ပြီး ပြန်လွှတ်ခံရတဲ့အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီက ဇွန် ၆ ရက်နေ့ကစပြီး အလုပ်သမား နိုင်ငံကူးလက်မှတ် (PJ) နဲ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) တွေကို ပြောင်းလဲခွင့်မပြုတော့သလို ပြည်ပထွက်ခွင့်ရှိတဲ့ အမျိုးသားတွေရဲ့ အသက်အရွယ်ကိုလည်း ကန့်သတ်ထားပါတယ်။
____

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။ (Photo: RFA)

#ရန်ကုန် #လေဆိပ် #ကန့်သတ် #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ

Duhdawtmi rualpi le laicinpawl, ramsung ramleng vanzam ticket kan hnenah suh le lei a ngah zo.ပြည်တွင်းပြည်ပ လေယာဉ် လက်မ...
02/08/2024

Duhdawtmi rualpi le laicinpawl, ramsung ramleng vanzam ticket kan hnenah suh le lei a ngah zo.

ပြည်တွင်းပြည်ပ လေယာဉ် လက်မှတ် စုံစမ်း ဝယ်လို့ရပြီး။ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။

09 761 430 710 (Telegram, Viber, Whatsapp)
09 882 613 438

Address

Yangon

Website

Alerts

Be the first to know and let us send you an email when LIAN Travel Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category