06/02/2025
ငါ့မျက်ရည်ကြောင့်
နင့်ဆုံးဖြတ်ချက် မှားမှာစိုးလို့
ငါငိုချင်ရင်တောင် နင့်ကွယ်ရာမှာ ငိုခဲ့တာ။
အခုလဲ နင့်ကိုမယူဘူး၊ နောက်လဲနင့်ကိုမယူဘူး၊
ကမ္ဘာပေါ်မှာ ယောင်္ကျားဆိုလို့
နင်တစ်ယောက်ပဲကျန်နေပါစေ
ငါ နင့်ကိုဘယ်တော့မှမယူဘူး။
◾ဂျုး(အမှတ်တရ)
ခက်တာက လွမ်းလွန်းလို့သာ
ငိုနေပေမယ့်
မင်းနဲ့ငါက ချစ်သူတွေ
မဟုတ်ကြဘူးလေ
အဲ့တော့လည်း
ကိုယ့်အပြစ်နဲ့ ကိုယ့်ဒါဏ်ခံရုံပဲ
ရှိတော့တာပေါ့...။
အချစ်ဆိုတာ တဏှာရာဂနဲ့ လုံးဝမပတ်သက်ကြောင်း
"အချစ်ဆိုတာမျိုးက ခန္ဓာကို ပူလောင်စေတဲ့ ရာဂမီးတွေနဲ့ လုံးလုံးမပတ်သတ်ကြောင်း
အချစ်ကို တလေးတစား တန်ဖိုးထားသူ
တချို့တလေကပဲသိနိုင်တတ်ကြတာလေ"
◾သိုးဆောင်း(အကြင်သူသည်)
📌စာအုပ်လေးများမှာယူလိုပါက Page Chat Box (သို့) 09962135437/09964761581 သို့ဆက်သွယ်မှာယူနိုင်ပါသည် ခင်ဗျ။
📌ရန်ကုန်၊မန္တလေးနှင့်နေပြည်တော် အပါအ၀င်ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များကို အိမ်အရောက်ငွေချေ (Cash on Deli )ဖြင့်ပို့ဆောင်ပေးနေပါသည် ခင်ဗျ။
#အမှတ်တရ
#ဂျုး
#အကြင်သူသည်
#သိုးဆောင်း