26/09/2026
မ ကြွေပါး နဲ့ မ ကြွေ ထူ ဘာကွာလဲဆိုရင်
👸 ကြွေအပါးဆိုတာ အလွယ်တကူခွဲရရင်
- ခါးဆက်က ဘုလုံးလေး နဲ့မလာပဲ ခုလို ဂွင်းဆက်လေးနဲ့လာပါတယ် သူက အသေပါ ဖြုတ်မရပါဘူး..
- လက်ကောက်ဝတ် ဖြုတ်မရ တဆက်ထဲပါ..
- အများအား ဖြင့် ခြေသလုံးထိုးကို မှ ခြေသလုံးထဲမှာ ဒေါက်ထည့်ဖို့ အတွက် ဒေါက်ထည့်တဲ့ အံခွက်လေးကို ခြေသလုံးထဲ မြုပ်ထားပါတယ်...
- ကြွေ အပါးက ရေရှည်အသုံးခံပါတယ် သူက အရမ်းတော့ အကြမ်းမခံပါဘူး ခနခန ပစ်ချတာ အောက်က အမာ နဲ့ ဆိုရင်တော့ ထိခိုက်တတ်ပါတယ်
👰 ကြွေအထူ ဆိုရင်ကော?
- ခါးဆက် က ဘုလုံးလေးက ဖြုတ်ရပါတယ် အရှင်ပါ
ဂွင်းဆက်နဲ့မလာပါဘူးနော်...
- လက်ကောက်ဝတ် အဖြုတ်တပ်ရပါတယ် အရှင်ပါ
- ခြေဖနောင့်ထိုးဆိုပြီး ဒီနိုင်ငံမှာ အလွယ်တကူသိကြတယ်သူ့ခြေသလုံးထိုးကျ မိုထဲမှာပဲ တစ်ခါပါသံနဲ့အထိုင်ယူထားတာပါ ဒေါက်ထည့်ဖို့ကော်အံခွက်လေးမပါပါပါဘူး
-တချို့အရုပ်တွေ Quality မြင့်ရင် မြင့်သလို ပေါင်ဆက်တွေပါတတ်ပါတယ် ကော်ကြွေမှာလည်း ပေါင်ဆက်ပါတယ်...
-ကြွေထူ ရဲ့အားသာချက်က အကြမ်းခံပါတယ် တော်ရုံနဲ့ ပျက်ဆီးလေ့မရှိပါဘူး သူက ပျက်ဆီးကာနီးရင်တော့ အက်ရာလေးတွေ ပေါ်တတ်တယ်
-မိုလောင်းထားတာဆိုတော့ မိုက နှစ်တွေ အကြာကြီး အသုံးခံပါတယ် အထဲက က မိုက နှစ်အကြာကြီး အသုံးပြုလို့ရလောက်တဲ့ထိ အကြမ်းခံပါတယ်
🩸 အရုပ် Quality နဲ့ ဆေးသား
- အရုပ်တွေမှာ Ceramic ( အပြောင် ) - Matt Type ( မပြောင်ပေမယ့် အမှိန်မဟုတ်ပဲ ဖွေးနေသလိုမျိုး )
- ပုံစံတူပေမယ့် စက်ရုံ အလိုက် နဲ့ Website အလိုက်ပေါ်မူတည်ပြီးကွာပါတယ်
- China မှာ အများအားဖြင့် Matt Type တွေ အသုံးများကြပါတယ် ကြွေ အရုပ်တွေ ဆိုရင်
- White တွေမှာ ကော်ကြွေဆို အမှိန် Type ပဲ လာတာမျပါတယ် ကြွေ ထူမှသာ အပြောင်နဲ့ အမှိန်လာတာပါ
- Black ဆို အနက်စို / အနက်ခြောက်နဲ့ လာပါတယ် အနက်စိုဆိုရင် ပုံမှန် Quality အမြင့်ရောင်းတဲ့ ဆိုင်တွေ သုံးကြပေမယ့်
အနက်ခြောက်ဆို အားကစားဆိုင်တွေက အဓိက ထားသံးကြပါတယ် ဒါမှ ဝတ်စုံက ပိုပြီးခန့် ပိုပြီးထည်ဝါပါတယ်...
- တချို့အရုပ်တွေ Website ထဲမှာ ပုံက ဆေးသားအရမ်းကောင်းရင်စျေးက ပုံမှန်ထပ် ပိုများတွေရှိပါတယ်
🧠 ဘယ်လိုမျိုး အသုံးပြုဖို့ သင့်လဲဆိုရင်
- Mannequin Model အရုပ်ကလေးတွေကအရင်က
Model တွေ အစား အဝတ်ဝတ်ပြဖို့ အတွက်သာ အသုံးပြုခဲ့ပေမယ့်
- အခုနောက်ပိုင်းက Online Shop တွေမှာ အများပြား သုံးလာတော့ အရင်က ထပ် အဝတ်တွေ ခနခန လဲရတော့
အဖြုတ်တပ်တွေလည်းအရမ်းများလာတဲ့အတွက်
-ရေ ရှည် အသုံးခံဖို့အတွက် လက်တွေ ပစ်ချတာ
ဒေါက်တွေကို ကလန့်ပြီး ဆွဲထုတ်တာ တွေ မှာ အထူးဂရုပြုသတိထားသင့်ပါတယ်နော်...
- အရုပ်တွေက အရင်ကထပ် ပိုရှားလာသလို ပိုပြီး လည်း ဝယ်ရခက်လာသလို ပိုပြီလည်း စျေးများလာတော့ အစစ အရာရာ သတိထားပြီး သုံးဖို့ စေတနာဖြင့် ဝေမျှပေးပါရစေနော်..
\
\___________________________________________
မင်တို့ဆီက ဝယ်တဲ့ အရုပ်တွေ အတွက် တာဝန်ယူမှု တာဝန်ခံ မှု အပြည့်ဖြင့်သာ ရောင်းချပေးပါတယ် ရှင့်...
အရုပ်လေးတွေရဲ့ ဗဟုသုတနဲ့ပတ်သက်ပြီးလည်း မကြာမကြာဝေမျှပေးပါမယ် ရှင့်....
#ဝေသော်တာ
#အထည်ဆိုင်သုံးပစ္စည်းရောင်းဝယ်ရေး
#အထည်ဆိုင်သုံးအရုပ်များ
#ကြွေရုပ်
#မကြွေပါး
#မကြွေထူ