Daw Khin San Wai

Daw Khin San Wai အသိတစ်လုံး အမြတ်ဆုံး

07/02/2025
အရှေ့ဝင်ပေါက်နှစ်ဖက် ဆေးပြန်သုတ်ပြီးအခြေအနေ
16/12/2024

အရှေ့ဝင်ပေါက်နှစ်ဖက် ဆေးပြန်သုတ်ပြီးအခြေအနေ

လှပကျယ်ဝန်းပြီး တိတ်ဆိတ်အေးချမ်းတဲ့ နေရာမျိုုးရှာနေတဲ့ လူကြီးမင်းတို့အတွက် မြန်မာ့ဂုဏ်ရောင် အိမ်ရာဝင်းအတွင်းမှာရှိတဲ့ အိ...
12/12/2024

လှပကျယ်ဝန်းပြီး တိတ်ဆိတ်အေးချမ်းတဲ့ နေရာမျိုုးရှာနေတဲ့ လူကြီးမင်းတို့အတွက် မြန်မာ့ဂုဏ်ရောင် အိမ်ရာဝင်းအတွင်းမှာရှိတဲ့ အိမ်နဲ့ခြံကို ပိုင်ရှင်ကိုယ်တိုင် တိုက်ရိုက်ရောင်းပေးပါမယ် ။

ရန်ကုန်မြို့ တာမွေမြို့နယ် သံသုမာလမ်းအနီး မြန်မာ့ဂုဏ်ရောင် အိမ်ရာဝင်းအတွင်းမှာရှိပြီး ခြံအကျယ် ၈၈x၇၅(6600 sqft )ပေရှိပါတယ် ။

အရှေ့မြောက်လှည့်ခြံဖြစ်တာမို့ မနက် (၁၀)နာရီကျော်တာနဲ့ နေရိပ်ပြီး တစ်နေကုန် အေးမြပါတယ်။

လုံခြုံရေး (၂၄) နာရီရှိပြီး ကားမှတ်တိုင်၊ ဆေးရုံး၊ဈေး၊ ကျောင်းတို့နဲ့လဲ နီးပါတယ်။

၃၀x၅၄ ပေကျယ်ဝန်းတဲ့ အိမ်နဲ့ အမြင့် (၂၅) ပေရှိတဲ့ ဆင်ဝင်ကို လှပတဲ့ တိုင်လုံးကြီးတွေနှင့်တန်ဆာဆင်ထားတာမို့ အိမ်ရဲ့ ခမ်းနားမှုကို စိတ်တိုင်းကျစေရပါမယ်။(ပုံတွင်ရှုပါ)

တစ်အိမ်လုံးကို သင်းဝင်သားနဲ့ ပိတောက်အစစ်တွေနဲ့ ပါကေးအပြည့်ခင်းပေးထားပါတယ်။

ဘုံမြင့်ဆောင်မှာ လေညှင်းခံယူရင်း စိတ်ကြိုက်အနားယူလို့ရသလို တရားထိုင်မယ်ဆိုရင်လဲ သိပ်ကို ကောင်းပါတယ်။

အောက်ထပ်မှာ
-Master bedroom (၁) ခန်း ၊
-ဧည့်ခန်းကျယ် (၁) ခန်း ၊
-ဒုတိယဧည့်ခန်း (၁)ခန်း၊
-ထမင်းစားခန်းကျယ် (၁) ခန်း ၊
-မီးဖိုဆောင် ၊ Maid room တို့ပါရှိပြီး

အပေါ်ထပ်မှာ
-Master bedroom (၃) ခန်း၊
-ဘုရားခန်း တို့ ပါရှိပါတယ်။

ကားဂိုဒေါင်ကလဲ ကျယ်ဝန်းပြီး အိမ်ခေါင်းရင်းမှာ မြေနေရာလွတ် (၃၅x၃၅)ပေ ရှိတာမို့ ဝါသနာအရအပင်လေးတွေ ထပ်စိုက်ချင်လဲ ရသလို ရေကူးကန်လုပ်မယ်ဆိုလဲ အဆင်ပြေပါတယ်။

မီးအတွက်
-ပါဝါမီတာ (၁) လုံး ၊
-အိမ်သုံးမီတာ (၁) လုံး ပါရှိသလို
ရေအတွက်
-ဂျိူးဖြူရေကဲ့သို့ကောင်းသော အဝီစိရေ
-ဂါလံ (၈၀၀)ဆန့် အုတ်ကန် (၃) ကန်
-တစ်နှစ်လုံးသုံးရန် ဂါလံ(၈၀၀)ဆန့် သံမိုးရေကန် (၂) ကန် အပါအဝင်
စုစုပေါင်း ကန် (၆) ကန် ရှိပါတယ်။

ခြံထဲမှာလဲ

-တစ်ပင် သိန်း(၅၀)တန် သက်တမ်း (၂၅) နှစ်ရှိ အုန်းပွါးအုံ (၃) အုံ
-တစ်အိုး (၃) သိန်းကျော်တန် ကွမ်းနီအိုးကြီးနဲ့ (၂ )အိုး
-မြကျောက်သရက်ပင် (၃) ပင်
-မချစ်စု (၁) ပင်
-ရင်ကွဲ (၁) ပင်
-မပြတ်သီးသော ရွှေရောင်အုန်းပင် (၁) ပင်

စတဲ့ အဖိုးတန်အပင်တွေကို နှစ်ပေါင်းများစွာ တယုတယနဲ့ စိုက်ပျိုးမွေးမြူပေးထားတာမို့ စိမ်းလန်းစိုပြေအေးမြပြီး စာဖတ်ချင် ၊ စာရေးချင်တဲ့ သူတွေအတွက်လဲ အထူးသင့်လျော်ပါတယ်။

ရောင်းဈေး - သိန်း ၄၅,၀၀၀

(မြေဈေးချည်းပဲ သိန်း ၄သောင်းခွဲဝန်းကျင် ပေါက်ဈေးရှိတာမို့ ဒီလိုနေရာကောင်းကောင်းမှာ
ခမ်းနားတဲ့အိမ်နဲ့
ကျယ်ဝန်းတဲ့ခြံကို ဈေးတန်တန်နဲ့ ရပါမယ်ရှင်။)

အသေးစိတ်သိရှိလိုလျှင် -
095038717
ကိုဆက်သွယ်နိုင်ပါတယ်ရှင့်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Daw Khin San Wai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share