Polar Bookstore

Polar Bookstore စာအုပ်မျိုးစုံ အရောင်း

19/06/2026

ရုပ်ရှင်အနေနဲ့ထွက်ထားသောစာအုပ်များမှာယူသွားတဲ့ Customer တစ်ဦး၏အော်ဒါများ။

#ရုပ်ရှင်ကားကောင်းကောင်းလေးကြည့်ကြမယ်☺️☺️ #ဝတ္ထု #စာအုပ်

15/06/2026

၁၉၉၅ ၁၉၉၆ ခုနှစ်က ရွှေသွေးတွေကို မှာသွားတဲ့အော်ဒါလေးကြည့်ကြမယ်။
ဈေး -၂၅စုံ 30000ကျပ် (instock အကန့်သတ်ရှိပါသည်)
#ရွှေသွေး

05/06/2026

တစ်ခါတလေမှာ ကိုယ့်ရဲ့ နာကျင်မှုတွေကို ဘယ်သူမှ နားမလည်နိုင်ဘူးလို့ ခံစားရဖူးလား?
ဘယ်သူ့ကိုမှ ဖွင့်ပြောလို့မရတဲ့ စိတ်ဒဏ်ရာတွေ၊ အထီးကျန်မှုတွေနဲ့ ဘဝရဲ့ အနိမ့်အမြင့်တွေကို စာရေးဆရာ ပါပီယွန်က သူ့ရဲ့ 'မက္ကဇင်ပါပီရဲ့ ထရော်မာများ' ထဲမှာ အသက်ဝင်အောင် ပုံဖော်ထားပါတယ်။
ဒီစာအုပ်ဟာ ဝတ္ထုတစ်ပုဒ်တင်မဟုတ်ဘဲ ဖတ်နေသူရဲ့ ခံစားချက်တွေကို နားလည်ပေးမယ့် သူငယ်ချင်းတစ်ယောက်လိုပါပဲ။ ဖတ်နေရင်းနဲ့ "ဒါ ငါ့အကြောင်းတွေပဲ" လို့ ထပ်တူကျစေမယ့် အခိုက်အတန့်တွေ အများကြီး ကြုံရပါလိမ့်မယ်။
ရင်ထဲက ဒဏ်ရာတွေကို စာသားတွေနဲ့ ကုစားချင်တယ်ဆိုရင်တော့ ဒီစာအုပ်လေးကို ဖတ်ကြည့်ဖို့ ကျတော် Pbearမှ တိုက်တွန်းလိုက်ရပါတယ်။

#မက္ကဇင်ပါပီရဲ့ထရော်မာများ #ပါပီယွန် #စာအုပ်

"ရာဇဝင်ဆိုတာ ရှင်ဘုရင်တွေရဲ့ အကြောင်း၊ သမိုင်းဆိုတာကတော့ အမှန်တရားရဲ့ အကြောင်း"သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း ဆိုခဲ...
05/06/2026

"ရာဇဝင်ဆိုတာ ရှင်ဘုရင်တွေရဲ့ အကြောင်း၊ သမိုင်းဆိုတာကတော့ အမှန်တရားရဲ့ အကြောင်း"

သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်း ဆိုခဲ့သလိုပဲ ရာဇဝင်ကျမ်းတွေထဲမှာ ရှင်ဘုရင်တွေရဲ့ ဘုန်းလက်ရုံးနဲ့ အောင်ပွဲတွေအကြောင်းကို ခန့်ညားစွာ တွေ့ရမှာပါ။ ဒါပေမယ့် အဲ့ဒီအထဲကနေ အနှစ်သာရရှိတဲ့ 'သမိုင်းအမှန်' ကို ရှာဖွေနိုင်ဖို့ကတော့ စာဖတ်သူတို့ရဲ့ တာဝန်ပဲဖြစ်ပါတယ်။
မြန်မာ့သမိုင်းရဲ့ အခိုင်မာဆုံး မှတ်ကျောက်ဖြစ်တဲ့ 'မှန်နန်းမဟာရာဇဝင်တော်ကြီး' ဟာ သမိုင်းကို အသစ်မြင်ချင်သူတိုင်း လက်ကိုင်ထားရမယ့် ကျမ်းကြီးတစ်စောင်ပါပဲ။
ကိုယ့်နိုင်ငံသမိုင်းကို ကိုယ်သိမှ သူများ‌တွေပြောတဲ့ "ရှင်ဘုရင်ဆိုတာ စွသုံးမကျတဲ့ကောင်တွေပါ"စကားနောက်မှာမဆုံးဘဲ ကိုယ့်နိုင်ငံရဲ့သမိုင်းကိုတန်ဖိုးထားကြမှာဖြစ်ပါတယ်။
Price -38000ks
#မှန်နန်းမဟာရာဇဝင်တော်ကြီး #သမိုင်း #ကုန်းဘောင်မင်းဆက်

Murakami ရဲ့ စာအုပ်တွေဆိုတာ ဖတ်ပြီးရင် တွေးစရာတွေ အများကြီး ကျန်ခဲ့တာမျိုး။ ဒီစာအုပ်ထဲမှာလည်း ထူးဆန်းတဲ့ ဇာတ်လမ်းတွေ၊ ပျ...
03/06/2026

Murakami ရဲ့ စာအုပ်တွေဆိုတာ ဖတ်ပြီးရင် တွေးစရာတွေ အများကြီး ကျန်ခဲ့တာမျိုး။ ဒီစာအုပ်ထဲမှာလည်း ထူးဆန်းတဲ့ ဇာတ်လမ်းတွေ၊ ပျောက်ဆုံးသွားတဲ့ ဆင်ကြီးအကြောင်း၊ ဂျပန်လူ့ဘောင်ရဲ့ ထူးခြားတဲ့ အမြင်တွေ၊ လူတွေရဲ့ အတွင်းစိတ်ခံစားချက်တွေကို Murakamiရဲ့ ပုံမှန်စတိုင်အတိုင်း ထိထိမိမိ ရေးထားတာ။တချို့ဇာတ်လမ်းတွေက ဖတ်ပြီးရင် "ဟင်... ဒါ ဘာကြီးလဲ?" ဆိုပြီး ခေါင်းကုတ်မိမှာ။ ဒါပေမဲ့ အဲ့ဒီ "ဘာကြီးလဲ" ဆိုတဲ့ ခံစားချက်ကပဲ Murakami ကို ပိုပြီး စွဲလမ်းစေတာပေါ့။ တစ်ခါတလေကျတော့ လက်တွေ့ဘဝနဲ့ စိတ်ကူးယဉ်ဝာာတွေက ရောထွေးနေသလိုမျိုး၊ တစ်ခါတလေကျတော့ လူတွေရဲ့ အထီးကျန်ဆန်မှုတွေ၊ ပျောက်ဆုံးနေတဲ့ အရာတွေကို လိုက်ရှာနေရသလိုမျိုး ခံစားရလိမ့်မယ်။ဒီစာအုပ်က Murakami ကို စဖတ်မယ့်သူတွေအတွက်လည်း ကောင်းသလို၊ မူရာကာမိရဲ့ စာအုပ်တွေကို ဖတ်ပြီးသားသူတွေအတွက်လည်း မူရာကာမိရဲ့ ထူးခြားတဲ့ အတွေးအခေါ်တွေကို ပိုနားလည်စေမှာပါ။ ဖတ်ကြည့်ပြီးရင် ကိုယ်တိုင်လည်း ဆင်ကြီး ဘယ်ရောက်သွားလဲဆိုတာ လိုက်ရှာနေမိမှာ အမှန်ပါပဲ။
#မူရာကာမိ #ဆင်တစ်ကောင်လုံးပျောက်ဆုံးခြင်း #ဒီနိုဗို

အချစ်ဦးနဲ့ ပြန်ဆုံတွေ့တဲ့အခါ... ဘဝက ဘယ်လိုပြောင်းလဲသွားမလဲ? Haruki Murakami ရဲ့ "South of the Border, West of the Sun" (...
28/05/2026

အချစ်ဦးနဲ့ ပြန်ဆုံတွေ့တဲ့အခါ... ဘဝက ဘယ်လိုပြောင်းလဲသွားမလဲ?

Haruki Murakami ရဲ့ "South of the Border, West of the Sun" (နယ်ခြားတောင်ဘက် နေမင်းအနောက်ဘက်) က ဖတ်တဲ့သူကို အချစ်၊ လွမ်းဆွတ်မှုနဲ့ ရွေးချယ်မှုတွေအကြောင်း နက်နက်နဲနဲ တွေးခေါ်စေမှာပါ။

ငယ်ဘဝက အချစ်ဦး ရှီမာမိုတိုနဲ့ ပြန်ဆုံတွေ့တဲ့အခါ ဟာဂျီမဲရဲ့ ဘဝက ဘယ်လိုရှုပ်ထွေးသွားမလဲ။ အတိတ်နဲ့ ပစ္စုပ္ပန်ကြားက ရွေးချယ်မှုတွေက ဘယ်လိုအဆုံးသတ်မလဲ။

Murakami ပုံစံအတိုင်း နက်နဲပြီး စိတ်ခံစားမှုပြင်းထန်တဲ့ ဇာတ်လမ်းလေးကို ဆရာမိုးသက်ဟန်ရဲ့ ဘာသာပြန်လက်ရာနဲ့အတူ ဖတ်ရှုလို့ရပါပြီ။

#နယ်ခြားတောင်ဘက်နေမင်းအနောက်ဘက်

Haruki Murakami ၏ "Sputnik Sweetheart" (စပွတ်နစ်ချစ်သည်း) - Loneliness, Love and Lost ဒီ ၃မျိုးစလုံးကိုခံစားရမယ့်စာအုပ်။...
26/05/2026

Haruki Murakami ၏ "Sputnik Sweetheart" (စပွတ်နစ်ချစ်သည်း) - Loneliness, Love and Lost ဒီ ၃မျိုးစလုံးကိုခံစားရမယ့်စာအုပ်။
Haruki Murakami ၏ "Sputnik Sweetheart" ဆိုတာ K ဆိုတဲ့ဆရာတစ်ဦးနဲ့ သူ ကြိတ် Crushနေရတဲ့စာရေးဆရာမလေး ဆူမီရီတို့အကြောင်းကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ ဆူမီရီက မီယူ ဆိုတဲ့တစ်ယောက်ကိုချစ်မိသွားပြီး ဥရောပဘက်ကို ခရီးထွက်ရာကနေ ဂရိကျွန်းတစ်ကျွန်းပေါ်တွင် ထူးဆန်းစွာ ပျောက်ဆုံးသွားတယ်။ K က ဆူမီရီကို ရှာဖွေရင်း သူ့ရဲ့ပျောက်ဆုံးမှုနောက်ကွယ်က နက်နဲသော အဓိပ္ပာယ်များရှာ ဖွေရင်းနဲ့ကိုယ်ကိုယ့်ကိုပါ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာ‌တွေကိုဖတ်ရှုခံစားရပါမယ်။
•Murakami ရဲ့ထုံးစံအတ်ိုင်းစိတ်ကူးယဉ်ဆန်ဆန်နဲ့လက်တွေ့ဘဝကို ပေါင်းစပ်ထားတဲ့ အရေးအသားကို ခံစားလိုသူ‌တွေ။
•အချစ်အကြောင်း အထီးကျန်မှုအ‌ကြောင်းနဲ့ကိုယ့်ကိုယ်ကိုပျောက်ဆုံးခြင်းတို့ရဲ့ နက်နဲသော အဓိပ္ပာယ်များကို တွေးခေါ်လိုသူများ။
•မိမိကိုယ်တိုင်၏ အတွင်းစိတ်ကို ပြန်လည်ဆန်းစစ်လိုသူများ ဖတ်သင့်ပါတယ်။
ကုန်ကုန်ပြောရရင် မူရာကာမိစာအုပ်မလို့ဖတ်ချင်တဲ့သူတွေဖတ်သင့်ပါကြောင်း။ 😁
#မူရာကာမိ #စပွတ်နစ်ချစ်သည်း

ဆရာမြင့်သန်း၏ "အတွေးနောက်ကအရေး" စာအုပ် ၃တွဲသည် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၏ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆ...
25/05/2026

ဆရာမြင့်သန်း၏ "အတွေးနောက်ကအရေး" စာအုပ် ၃တွဲသည် မြန်မာ့လူ့ဘောင်အဖွဲ့အစည်း၏ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ရှုထောင့်ပေါင်းစုံကို ပြတ်သားပွင့်လင်းစွာ တင်ပြထားသော ဆရာ့လက်ရာများဖြစ်သည်။

•အတွဲ ၁ (တောက်တိုနှင့် မမည်မရများ):
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်နေသော ခွဲခြားချင်စိတ်နှင့် ၎င်း၏ဆိုးကျိုးများကို ဖော်ထုတ်ပြထားသည်။ လူသားချင်းတန်းတူလေးစားမှု၏ အရေးပါပုံကို မီးမောင်းထိုးပြထားသည်။

•အတွဲ ၂ (နိုင်ငံတို့ရဲ့အရေး၊ ပေါက်နဲ့ကျေး၊ လောက်လေးခွနဲ့ လောက်စာလုံးနဲ့...):
နိုင်ငံရေးအပြောင်းအလဲများက မြန်မာဘာသာစကားနှင့် ပညာရေးအပေါ် မည်သို့သက်ရောက်ခဲ့သည်ကို ပြတ်သားစွာ ဝေဖန်သုံးသပ်ထားသည်။ ဘာသာစကား၏ တန်ဖိုးကို ပြန်လည်ဆန်းစစ်စေမည်။

•အတွဲ ၃ (သဗ္ဗရံပေါင်း):
ဆရာမြင့်သန်း၏ ကိုယ်ပိုင်အတွေးအခေါ်များ၊ ဘဝအပေါ် ရှုမြင်ပုံများနှင့် ဘာသာရေး၊ လူမှုရေးဆိုင်ရာ အယူအဆများကို လွတ်လပ်ပွင့်လင်းစွာ တင်ပြထားသည်။ လွတ်လပ်စွာ တွေးခေါ်ခွင့်၏ အရေးပါပုံကို မီးမောင်းထိုးပြထားသည်။

•မြန်မာ့လူ့ဘောင်ရဲ့ နက်နဲတဲ့ ပြဿနာတွေကို နားလည်ဖို့။
•လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး အမြင်သစ်တွေ ရရှိဖို့။
•ပြတ်သားတဲ့ အရေးအသားနဲ့ ရဲရင့်တဲ့ အတွေးအမြင်တွေကို ခံစားဖို့။

ဒီစာအုပ်၃အုပ်လုံး စုံနေတုန်း Polarbookstore မှာခုပဲလာရောက်မှာယူလို့ရပါပြီခင်ဗျ။
တန်ဖိုး
အတွေးနောက်ကအရေး ၁ -9000ကျပ်
အတွေးနောက်ကအရေး ၂ -20000ကျပ်
အတွေးနောက်ကအရေး ၃ -20000ကျပ်
#မြင့်သန်း #အတွေးနောက်ကအရေး

အင်္ဂလိပ်စာ လေ့လာတဲ့အခါ စာအုပ်တွေ အများကြီး ဝယ်ဖတ်ပေမဲ့ တကယ်တမ်း လက်တွေ့မှာ အသုံးမချနိုင်ဖြစ်နေတတ်ပါတယ်။ အခု Rose Dar (E...
23/05/2026

အင်္ဂလိပ်စာ လေ့လာတဲ့အခါ စာအုပ်တွေ အများကြီး ဝယ်ဖတ်ပေမဲ့ တကယ်တမ်း လက်တွေ့မှာ အသုံးမချနိုင်ဖြစ်နေတတ်ပါတယ်။ အခု Rose Dar (Eng.) ရဲ့ Study For All စီးရီးက ထွက်ရှိထားတဲ့ ဒီစာအုပ် ၃ အုပ်ကတော့ လက်တွေ့အသုံးချမှုအပေါ် အဓိကထားပြီး ရေးသားထားတာမလို့ Self-studyသမားတွေအတွက် အရမ်းကို အဆင်ပြေပါတယ်။

ဒီစာအုပ် ၃ အုပ်မှာ ဘာတွေပါလဲ?

1.Essential Words 2000:

အင်္ဂလိပ်စာမှာ အသုံးအများဆုံးနဲ့ မရှိမဖြစ် သိထားရမယ့် စကားလုံး ၂၀၀၀ ကို စုစည်းပေးထားပါတယ်။ ဝေါဟာရ ကြွယ်ဝမှ စကားပြောနိုင်မှာမလို့ ဒါဟာ အခြေခံအုတ်မြစ်ပါပဲ။

2.Everyday English Questions:

နေ့စဉ်ဘဝမှာ အမေးအများဆုံး မေးခွန်းပုံစံတွေကို စုစည်းထားတာပါ။ သူများမေးတာကို နားလည်ဖို့နဲ့ ကိုယ်က ပြန်မေးတတ်ဖို့အတွက် ဒီစာအုပ်က အထိရောက်ဆုံးပါပဲ။

3.အခြေခံအင်္ဂလိပ်စကားပြော လက်စွဲစာအုပ်:
စကားပြော လေ့လာလိုသူတွေအတွက် အကောင်းဆုံးဖြစ်အောင် စီစဉ်ထားပါတယ်။ အထူးခြားဆုံးကတော့ "မီးနှင်းအသံထွက်" ပါဝင်တာကြောင့် အသံထွက်မှန်မှန်နဲ့ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်အောင် ကူညီပေးမှာပါ။ဘာကြောင့် ဒီအတွဲကို ရွေးချယ်သင့်တာလဲ?
ဒီစာအုပ် ၃ အုပ်ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ စကားလုံး သိမယ်၊ မေးခွန်း မေးတတ်မယ်၊ ပြီးတော့ အသံထွက်မှန်မှန်နဲ့ စကားပြောတတ်လာမယ်။ အဆင့်ဆင့် စနစ်တကျ လေ့လာနိုင်အောင် စီစဉ်ပေးထားတာမလို့ အင်္ဂလိပ်စာကို အခြေခံကနေ အမြန်ဆုံး တိုးတက်ချင်သူတွေအတွက် အကောင်းဆုံး ရွေးချယ်မှုပါပဲ။အင်္ဂလိပ်စာ ခရီးစဉ်ကို ဒီနေ့ပဲ ယုံကြည်မှုရှိရှိ စတင်လိုက်ရအောင်!

အချစ်ရေးမှာ အရှုံးမပေးချင်တဲ့ အမျိုးသမီးတိုင်း ဖတ်သင့်တဲ့ - "အချစ်ခံရသော မိန်းမဆိုးများ"Relationship တစ်ခုမှာ ကိုယ်ကပဲ အ...
22/05/2026

အချစ်ရေးမှာ အရှုံးမပေးချင်တဲ့ အမျိုးသမီးတိုင်း ဖတ်သင့်တဲ့ - "အချစ်ခံရသော မိန်းမဆိုးများ"

Relationship တစ်ခုမှာ ကိုယ်ကပဲ အမြဲအလိုက်သိ၊ အမြဲအလျှော့ပေးနေပါလျက်နဲ့ ဘာလို့ အလေးအနက်ထားခြင်း မခံရတာလဲဆိုပြီး စိတ်ညစ်နေရပါသလား? ဒီနေ့ polarbookstore ကနေ ညွှန်းပေးချင်တာကတော့ Sherry Argov ရဲ့ နာမည်ကျော် "Why Men Love Bi***es" ကို ဆရာဘုန်းမောင်ဦးက "အချစ်ခံရသော မိန်းမဆိုးများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ အဆီအငေါ်တည့်အောင် ဘာသာပြန်ဆိုထားတဲ့ စာအုပ်ပဲဖြစ်ပါတယ်။

ဒီစာအုပ်မှာပြောတဲ့ "မိန်းမဆိုး" ဆိုတာ တကယ်တမ်း စိတ်ပုပ်တဲ့သူ၊ ရိုင်းစိုင်းတဲ့သူကို ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး၊ ကိုယ့်တန်ဖိုးကိုယ်သိကာ ယောက်ျားတစ်ယောက်အပေါ်မှာပဲ ဘဝတစ်ခုလုံး ပုံအောမထားတဲ့ " Independent Woman ကို ဆိုလိုတာပါ။
•Nice Girl Syndrome: အမြဲတမ်း "ဟုတ်ကဲ့" လို့ပဲ ပြောတတ်တဲ့၊ ကိုယ့်ဆန္ဒထက် သူများဆန္ဒကို ဦးစားပေးလွန်းတဲ့ မိန်းကလေးတွေ ဘာကြောင့် အချစ်ရေးမှာ အပယ်ခံရတတ်သလဲဆိုတာကို ထောက်ပြထားပါတယ်။

•The Power of Self-Respect: ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဘယ်လိုမျိုး ဆွဲဆောင်မှုရှိသလဲ၊ ယောက်ျားတွေက ဘာကြောင့် အဲဒီလို အမျိုးသမီးမျိုးကို ပိုပြီး တန်ဖိုးထား အလေးအနက်ထားတတ်ကြသလဲဆိုတာကို စိတ်ပညာရှုထောင့်ကနေ ရှင်းပြထားပါတယ်။

•Practical Advice: ချိန်းတွေ့တဲ့အခါ၊ ဆက်ဆံရေးတစ်ခု တည်ဆောက်တဲ့အခါမှာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရင်း ဘယ်လိုမျိုး ဆွဲဆောင်မှုရှိအောင် နေထိုင်ရမလဲဆိုတဲ့ လက်တွေ့ကျတဲ့ အချက်အလက်ပေါင်းများစွာ ပါဝင်ပါတယ်။

ဒီစာအုပ်ဟာ ယောက်ျားတွေကို ဘယ်လိုဖမ်းစားရမလဲဆိုတာထက်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်ချစ်ရမလဲ၊ ကိုယ့်တန်ဖိုးကို ဘယ်လိုမြှင့်တင်ရမလဲဆိုတာကို သင်ကြားပေးတာပါ။ အချစ်ရေးမှာ ကိုယ့်ရဲ့ ပျော်ရွှင်မှုကို သူများလက်ထဲ ပုံမအပ်ချင်တဲ့ အမျိုးသမီးတိုင်းအတွက် ဒီစာအုပ်က မျက်စိပွင့်စေမယ့် လမ်းပြမြေပုံတစ်ခု ဖြစ်ပါလိမ့်မယ်။ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အချစ်ခံရသူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့ ဒီစာအုပ်လေးကို polarbookstore မှာ အခုပဲ မှာယူဖတ်ရှုလို့ရပါပြီ။
တန်ဖိုး 19000
#အချစ်ခံရသောမိန်းမဆိုးများ #ဘုန်းမောင်ဦး #မိန်းမသားတို့အတွက်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Polar Bookstore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category