Lak Saung - လက်ဆောင်

Lak Saung - လက်ဆောင် Lak Saung - where every gift tells a story.

ဘာလို့ လက်နှိပ်စက်ကို သုံးတာလဲ... လူတွေကရော ဘာလို့ ဒီလောက်တောင် သဘောကျနေကြတာလဲ...💭နည်းပညာတိုးတက်လာတဲ့ ဒီဘက်ခေတ်မှာ ဘာကြေ...
11/09/2026

ဘာလို့ လက်နှိပ်စက်ကို သုံးတာလဲ... လူတွေကရော ဘာလို့ ဒီလောက်တောင် သဘောကျနေကြတာလဲ...💭

နည်းပညာတိုးတက်လာတဲ့ ဒီဘက်ခေတ်မှာ ဘာကြောင့်များ Lak Saung - လက်ဆောင်က ခေတ်ဟောင်းလက်နှိပ်စက်ကို ပြန်ပြီး ယူသုံးလာတာပါလိမ့်။ ပြီးတော့ တခြားသူတွေကရော ဘာလို့ တအားသဘောကျနေကြတာပါလိမ့် ဆိုပြီးတွေးဖူးလားမသိဘူး။
ဒါဆိုဘာလို့ပါဆိုတဲ့ အဖြေကို ၃မိနစ်အတွင်း အချက်၃ချက်နဲ့ အခုရှင်းပြပေးပါ့မယ်။

၁။ အမှားမခံတဲ့ လေးနက်မှု။ 💌
ချစ်ရသူတို့ရဲ့ ဖုန်းမျက်နှာပြင်ပေါ်မှာဆိုရင်တော့ နေ့စဉ်စာတိုတွေကို အလွယ်တကူ ဖျက်လိုက်၊ ပြင်လိုက်၊ ပို့လိုက် လုပ်လို့ရနေတာမှန်ပေမဲ့... ဒီစာတိုတွေနဲ့ မတူတာက လက်နှိပ်စက်ဆိုတာ အမှားမခံပါဘူး။
သိထားတဲ့အတိုင်းပဲ စာလုံးတစ်လုံး ရိုက်မှားတာနဲ့ စာရွက်တစ်ရွက်လုံး အစက ပြန်စရတာမျိုးပါ။ ဒါကြောင့်မို့လို့ စာလုံးတစ်လုံးစီ မရိုက်ခင်မှာ သေသေချာချာ စိစစ်စဉ်းစားပြီး အချိန်ယူ ပြင်ဆင်ရပါတယ်။
အဆင်ပြေလွယ်ကူတာနဲ့ လေးနက်မှုကြားမှာ ဘယ်အရာကို ပိုပြီး တန်ဖိုးထားသလဲဆိုတာကတော့ ခံစားချက်ရဲ့ အဖြေပါပဲ။

၂။ ထပ်တူမကျတဲ့ မူပိုင်။ 💌
ဒါ့အပြင် လက်နှိပ်စက်မှာ ကူးယူပွားယူလို့ရတဲ့ စာမျိုး မရှိပါဘူး။
စာလုံးတစ်လုံးချင်းစီကို ရိုက်ဖိလိုက်တဲ့အခါ... အဲဒီစက္ကန့်မှာ ဖြစ်တည်နေတဲ့ လက်ချောင်းတွေရဲ့ အားပမာဏ၊ စာရွက်ပေါ် ကျရောက်သွားတဲ့ မင်နဲ့ စက်ရဲ့ လှုပ်ရှားမှုတွေက ခံစားချက်ပေါ်မူတည်ပြီး ကွဲပြားသွားတတ်ပါတယ်။
တိကျလွန်းတဲ့ ကွန်ပျူတာစာလုံးတွေလို မဟုတ်ဘဲ တစ်ခါရိုက်ရင် တစ်မျိုးထွက်တာပါ။ စာရွက်တစ်ရွက်ပေါ်မှာ အတူတူပဲ စာလုံးပေါင်းထားပါစေ၊ စာကြောင်းစီထားပါစေဦးတော့... စာရွက်တစ်ရွက်နဲ့ တစ်ရွက်၊ စာတစ်စောင်နဲ့ တစ်စောင်ဟာ ဘာတစ်ခုမှ ထပ်တူမကျဘဲ သီးသန့် ကွဲပြားနေတာကိုက စိတ္တဇဆန်တဲ့ ထူးခြားမှုတစ်ခုပါပဲ။

၃။ အထိအတွေ့နဲ့ ဖန်တီးတဲ့ အမှတ်တရ။ 💌
ဒါတင်မကသေးပါဘူး... လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ စာရွက်ရဲ့ ကျောဘက်ကို လက်ချောင်းလေးနဲ့ ပွတ်သပ်ကြည့်ရင် သတ္တုစာလုံးတွေ စာရွက်ထဲ တိုးဝင်သွားခဲ့တဲ့ အရာလေးတွေကို စမ်းမိပါလိမ့်မယ်။ ဒါဟာ ကွန်ပျူတာ ဖန်သားပြင်ပေါ်က ပြန့်ပြူးနေတဲ့ စာသားတွေ ဘယ်တော့မှ မပေးနိုင်တဲ့၊ ကိုင်တွယ်ကြည့်လို့ရတဲ့ အထိအတွေ့ ခံစားချက်တစ်ခုလည်း ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ စာရွက်ပေါ် ကျန်ရစ်ခဲ့တဲ့ မင်နံ့နဲ့ စာရွက်ဟောင်းရဲ့ ရနံ့ဟာ နှစ်တွေ ဘယ်လောက်ပဲ ကြာပါစေ... သေတ္တာလေးထဲမှာ အတိတ်ကို လှပစွာ သိမ်းဆည်းပေးထားနိုင်တာမျိုးပါ။

ဒါဆို တချက်လောက် စိတ်ကူးယဉ်ကြည့်ရအောင်...။ 🍀
နောက်ဆယ်စုနှစ်တစ်ခုလောက် ကြာတဲ့အခါမှာပေါ့။
လွယ်လွယ်ကူကူ ပို့ထားခဲ့မိတဲ့ ဖုန်းထဲက စာတိုတွေကို ချစ်ရသူတို့ ပြန်ဖတ်ဖြစ်ပါဦးမလား။ ဓာတ်ပုံအယ်လ်ဘမ်တွေထဲမှာ နစ်မြုပ်နေတဲ့ ရာထောင်ချီတဲ့ ပုံတွေ၊ စခရင်ရှော့တွေကိုရော ပြန်ရှာကြည့်ဖြစ်ပါ့မလား။
ဒါပေမဲ့ သေတ္တာဟောင်းလေးထဲက ကရမက်နံ့သဲ့သဲ့လေး သင်းနေတဲ့ စာတစ်စောင်ကို မတော်တဆ ပြန်ရှာတွေ့လိုက်ရတဲ့ ခဏမှာတော့… စာရွက်ဝါဝါပေါ်က စာလုံးလေးတွေကို လက်ချောင်းနဲ့ သာသာလေး ပွတ်သပ်ကြည့်မိရင်း ဖြစ်တည်လာမယ့် ခံစားချက်ကိုကောမြင်ယောင်မိလား?

လွမ်းဆွတ်ခြင်းနဲ့ ရင်ခုန်သံကိုတော့ မှန်းဆကြည့်လို့ ရနိုင်မယ်ထင်ပါတယ်။
ဒါတွေဟာ တန်ဖိုးနည်းတဲ့စာတစ်စောင် သီးသန့်မဟုတ်ဘဲ ချစ်ခင်ကြင်နာမှုနဲ့ အားထုတ်ကြိုးစားမှုတွေကို အမှတ်တရတွေနဲ့ ထုတ်ပိုးထားတာမို့လို့ ပါပဲ။

ချစ်ရသူရော ဘာကိိုရွေးမလဲ?
အဆင်ပြေလွယ်ကူမှုလား၊ အလေးအနက်ထားပြင်ဆင်မှုလား?
ထပ်တူကျနေတတ်တာမျိုးလား၊ ကူးယူပွားလို့မရတာမျိုးလား?
အမြင်သီးသန့်နဲ့ ရတဲ့ အမှတ်တရလား၊ အထိအတွေ့နဲ့ ကြုံရတဲ့ ခံစားချက်တွေလား?
ဘာကိုရွေးရွေးမမှားပါဘူးနော်။ ကိုယ်ချစ်ရတဲ့သူအတွက် ဖြည့်ဆည်းပေးဖို့က အဖြေတခုတည်း ရှိတာမျိုးမဟုတ်ပါဘူး။ 💕

ဒါပေမယ့် အမှားမခံတဲ့ လေးနက်မှုနဲ့ ထပ်တူမကျနိုင်တဲ့ တစ်ဦးတည်းမူပိုင် အထိအတွေ့တွေကို ချစ်ရသူဆီ စာရွက်ပေါ် ပုံဖော်ပြီး ပို့ဆောင်ချင်တယ်ဆိုရင်တော့...
Lak Saung - လက်ဆောင် ရဲ့ Page Messenger မှာ လာရောက်ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။
ချစ်ရသူကို မျှော်နေပါ့မယ်။ 💌

————————————————————
ချစ်ရသူတိုင်းအတွက်
Lak Saung - Where every gift tells a story.

#လက်ဆောင် #မေတ္တာစာ

မေတ္တာစာတစ်စောင် ရေးပေးချင်ပေမဲ့ ဘယ်ကစလို့ စာဖွဲ့ရမှန်းမသိဖြစ်နေသူတွေ ရှိလား...။စိတ်ထဲမှာတော့ စကားတွေ အများကြီးပဲ။ ချစ်ရ...
08/09/2026

မေတ္တာစာတစ်စောင် ရေးပေးချင်ပေမဲ့ ဘယ်ကစလို့ စာဖွဲ့ရမှန်းမသိဖြစ်နေသူတွေ ရှိလား...။

စိတ်ထဲမှာတော့ စကားတွေ အများကြီးပဲ။
ချစ်ရတဲ့အကြောင်း၊ မြတ်နိုးရတဲ့အကြောင်း၊ သတိရနေကြောင်း၊ အနာဂတ်အတွက် ဘယ်လိုကြိုးစားနေကြောင်းတွေကနေစပြီး ပြောချင်တာတွေအများကြီးဖြစ်နေတာ။
ဒါပေမဲ့ တကယ်တမ်းရေးမယ်ဆိုရင် ဘာမှ ဆက်ရေးလို့ မရတော့တာမျိုးလေ။ 💌

စကားလုံးလှလှတွေ မစီတတ်လို့၊ စာကြောင်းတွေက ဖတ်ရတာ ထောက် နေလို့ ဆိုတဲ့ အကြောင်းပြချက်တွေအပေါ်မှာ မေတ္တာစာကို စရေးဖို့ အခက်အခဲရှိနေတယ်ဆိုရင်... Lak Saung - လက်ဆောင် က ကူညီပေးပါရစေ။

"ဒါဆို Lak Saung - လက်ဆောင် က စာတွေကို အစားထိုး ရေးပေးမှာလား..."
အဟတ်... တခွန်းတည်းပြောရရင်။ မရေးပေးရပါဘူး။
Lak Saung - လက်ဆောင် က ချစ်ရသူတွေရဲ့ မေတ္တာစာတွေကို အလွယ်တကူ ရေးပေးမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ချစ်ရသူဆီ ရောက်သွားမယ့် ခံစားချက်စကားလုံးတွေ ထွက်လာအောင်တော့ နွေးနွေးထွေးထွေး ကူညီပေးပါမယ်။ 💕

ဘာဖြစ်လို့လဲ သိလား...။
တကယ်တော့ လူတွေက အထင်မှားနေကြတာပါ။
စာတစ်စောင်မှာ အရေးကြီးဆုံးက စာလုံးလှလှလေးတွေ မဟုတ်ပါဘူး။
ကိုယ်တိုင် အချိန်ပေးပြီး စဉ်းစားခဲ့ရတဲ့ စိတ်စေတနာနဲ့ တကယ်လက်တွေ့ဖြစ်လာအောင်လုပ်တဲ့ ကြိုးစားအားထုတ်မှုပဲ ဖြစ်ပါတယ်။ 🫶🏻

စာရေးရတာ မကျွမ်းကျင်လို့ စာကြောင်းတွေက အဖုအထစ် ရှိချင်ရှိမယ်။
စကားလုံးတွေက မချောမွေ့တာ ဖြစ်ချင်ဖြစ်မယ်။
ဒါပေမဲ့ ကိုယ်တိုင် အစအဆုံးကြိုးစားထားတာနဲ့ အသင့်သုံး သုံးလို့ရတဲ့ စာတစ်စောင်ဆိုရင် ဘယ်တစ်ခုက ပိုပြီး တန်ဖိုးထားခံမယ်လို့ထင်ပါသလဲ။ တချက်လောက် စဉ်းစားကြည့်တာပေါ့။

ချစ်ခင်ရသူနှစ်ဦးအကြားမှာ
တစ်ဖက်က တိတ်တဆိတ် ကြိုးစားထားတာကို၊ အခြားတစ်ဖက်က သိသွားတဲ့အခါ ဖြစ်တည်လာတဲ့ ခံစားချက်မျိုးက ဘာနဲ့မှ လဲလို့မရတဲ့ လက်ဆောင်ပါပဲ။
ဒါက ပန်းကလေးတစ်ပွင့်ဖြစ်နိုင်တယ်။ 🌷
ကဗျာလေးတစ်ပုဒ်ဖြစ်နိုင်တယ်။ 🌙
စာလေးတစ်စောင်ဖြစ်နိုင်တယ်။ 💌
ဘယ်သူ့ကိုရည်ရွယ်တယ်၊ ပြီးရင် ဘယ်လောက်ထိ ကြိုးစားထားတယ်ဆိုတာတွေထက် ဘာက ပိုအရေးကြီးမှာ မို့လို့လဲ။

ဒါဆို ချစ်ရသူအတွက် ကိုယ်တိုင် ကြိုးစားကြည့်မယ် မဟုတ်လား...။
မေတ္တာစာရေးဖို့ ဘယ်ကစတင်ရမလဲ မသိရင် Lak Saung - လက်ဆောင် ရဲ့ Page Messenger မှာ စကားစမြည် လာပြောရင်း ရေးလို့ရမယ့် အကြောင်းအရာအပေါ် လမ်းညွှန်ချက်နဲ့ အကြံဉာဏ် လေးတွေကို လာပြီးယူလို့ရပါပြီ။
စောင့်မျှော်နေပြီနော်။

————————————————————
ချစ်ရသူတိုင်းအတွက်
Lak Saung - Where every gift tells a story.

#လက်ဆောင် #မေတ္တာစာ

ဘဝကြီးကို လက်လွှတ်လိုက်ဖို့ တွေးနေမိပြီလား။စက္ကန့်အနည်းငယ်လောက် ခဏလောက်ပဲ ရပ်တန့်ပေးကြည့်ပါ။တစ်ခါတလေမှာ ခံစားမိမှာပေါ့။အ...
04/09/2026

ဘဝကြီးကို လက်လွှတ်လိုက်ဖို့ တွေးနေမိပြီလား။
စက္ကန့်အနည်းငယ်လောက် ခဏလောက်ပဲ ရပ်တန့်ပေးကြည့်ပါ။

တစ်ခါတလေမှာ ခံစားမိမှာပေါ့။
အနာဂတ်တွေက ပျောက်ရှနေတယ်၊
မနက်ခင်းတိုင်းက အလုပ်သွားဖို့ပဲ နိုးထလာတယ်၊
ဝေးကွာနေတဲ့ ဇာတိက မိသားစုထမင်းဝိုင်းကို သတိရမိနေတယ်၊
အဆင်ပြေပါတယ်ဆိုတဲ့ စကားက လိမ်ပြောလိုက်မိတာလားလို့ သံသယဖြစ်လာတယ်၊
အဘက်ဘက်က တိုးလာတဲ့ ကုန်ဈေးနှုန်းတွေကြားမှာ အသက်ရှူကြပ်လာတယ်၊
လူတွေအများကြီးဘေးမှာဆိုပေမယ့် ကိုယ်တစ်ယောက်တည်းဖြစ်နေတယ်၊
လူတော်တွေကြားထဲမှာ ကိုယ်ကနောက်ကျကျန်ခဲ့ပြီ၊ ကိုယ့်ကိုယ်ကို အသုံးမဝင်လိုက်တာလို့ တွေးပြီး အားမလိုအားမရဖြစ်မိတယ် ဆိုတာမျိုးတွေပေါ့။

နေ့စဉ်ဘဝရဲ့ ရုန်းကန်ရမှုတွေကြား လမ်းပျောက်နေသလို ခံစားရတဲ့အခါ
လမ်းမထက်က မိုးရေစက်တွေကြားမှာ ထီးမပါဘဲ လျှောက်လှမ်းနေရသလို အေးစက်စက် အထီးကျန်မှုမျိုး ရင်ဆိုင်ရဖူးပါလိမ့်မယ်။

ဒါပေမယ့်လေ ပြန်တွေးကြည့်ရအောင်ပါ။
ကိုယ်တွေသတိမထားမိခဲ့တာပါ။
ရှင်သန်ခဲ့ရတဲ့ ကာလတလျှောက်လုံးမှာ ဒါမျိုးတွေကို အခေါက်ခေါက်အခါခါဖြတ်ကျော်ခဲ့ပြီးပါပြီ။
တစ်ခါတလေ ရယ်ရယ်မောမော။​
တစ်ခါတလေကျ မျက်ရည်မြစ်ပင်လယ်နဲ့။
တစ်ခါတလေ လူသားအားလုံးနဲ့။
တစ်ခါတလေ ကိုယ့်အရိပ်နဲ့ ကိုယ်တိုင်သာ အားကိုးရာ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။
သေချာတာက ကိုယ်တို့တွေ သေချာကျော်ဖြတ်နိုင်ခဲ့ကြတယ်နော်။
ဟုတ်တယ်မလား။ တွေးကြည့်မိရဲ့လား။

စက်တင်ဘာလဟာ "ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ကာကွယ်ခြင်း လ" ဖြစ်ပါတယ်။
အခုချိန်မှာ ကိုယ်တွေလုပ်ခဲ့ဖူးတဲ့ အမှတ်တရကောင်းကောင်းလေးတွေကို ပြန်ပြီး ပုံဖော်ကြည့်ရအောင်လေ။
လမ်းဘေးက ခွေးလေးကို ပေါင်မုန့်ကျွေးခဲ့တာ။
ဘတ်စ်ပေါ်မှာ တခြားသူအတွက် နေရာဖယ်ပေးခဲ့တာ။
ပြည်ပက သူငယ်ချင်းနဲ့ နာရီတွေချီတဲ့အထိ ဖုန်းပြောခဲ့တာ။
လုပ်ဖော်ကိုင်ဖက်ကို လက်ဖက်ရည်ဝယ်တိုက်ခဲ့တာ။
ချစ်ရတဲ့သူတွေကို မနက်စာပြင်ဆင်ပေးခဲ့တာ။
ကိုယ့်ရဲ့ အကောင်းဆုံးပုံစံရအောင်လို့ ကြိုးစားနေခဲ့တာ။
အမှတ်တရကောင်းတွေအများကြီးပဲနော်။

အလုပ်စားပွဲက ကော်ဖီခါးခါးရဲ့ အနံ့၊
မနက်ခင်းစောစောမှာ ကြားရတဲ့ ငှက်ကလေးတွေရဲ့ “ကျိ ကျိ ကျိ ကျိ” တေးသံ၊
မြို့ပြရဲ့ ညနေခင်းအချိန် စတဲ့ သာမန်ရိုးရှင်းလှတဲ့ အရာလေးတွေဟာလည်း ဘဝမှာ ဆက်လက်ရှင်သန်ဖို့အတွက် ခွန်အားတွေ အများကြီး သယ်ဆောင်ထားတတ်ကြပါတယ်။

တံခါးတစ်ချပ် ပိတ်သွားခဲ့ရင်တောင် အခြားပြတင်းပေါက်တစ်ခုဆီက လေပြေအေးတွေ စီးဝင်လာနိုင်သေးတယ် မဟုတ်ပါလား။

မနက်ဖြန်တွေမှာ -
ပြတင်းပေါက်နားမှာ ပန်းအိုးလေးတွေ တန်းစီစိုက်ရဦးမယ်။
စက်ဘီးသေချာစီးတတ်အောင် လေ့ကျင့်ရဦးမယ်။
မိုးရွာပြီးစအချိန် သစ်ရွက်စိမ်းစိမ်းတွေပေါ် ကျန်ခဲ့တဲ့ မိုးရေစက်ကလေးတွေကို ဓာတ်ပုံရိုက်ရဦးမယ်။
သီချင်းဟောင်းတွေပြန်ရှာရင်း နားထောင်ရဦးမယ်။
ဘယ်သူ့ရွေးချယ်မှုက ပိုကောင်းလဲဆိုတာကို အချစ်ဆုံးသူငယ်ချင်းနဲ့ ရန်ဖြစ်ရင်း ငြင်းရခုန်ရဦးမယ်။
ပင်လယ်ကမ်းခြေမှာ လှိုင်းပုတ်သံ နားထောင်ရင်း သဲသောင်ပြင်ပေါ် လမ်းလျှောက်ရဦးမယ်။
လူအရောက်အပေါက်နည်းတဲ့ တောင်တန်းတွေပေါ်မှာလှဲရင်း ညဘက် ကြယ်တွေကြည့်ရဦးမယ်။
ပိတ်ရက်တစ်ရက်မှာ တစ်နေ့ကုန် ဘာမှမလုပ်ဘဲ အိပ်ရာထဲ တလှိမ့်လှိမ့် လှိမ့်နေရဦးမယ်။
ဆက်လက်ရှင်သန်နေဖို့အတွက် လုံလောက်တဲ့အကြောင်းပြချက်တွေပါပဲ။

ခက်ခဲလွန်းတဲ့ လမ်းကွေ့တွေမှာ တစ်ယောက်တည်း ရောက်နေတယ်လို့ မထင်ပါနဲ့။
လိုချင်တာကိုမရတဲ့အခါ ပိုကောင်းတာကို ရတတ်တယ်တဲ့။
မိုးသည်းထန်စွာ ရွာသွန်းပြီးတဲ့နောက် အေးချမ်းတဲ့ မိုးကောင်းကင် ပြာပြာကြီး ပြန်လည်ပေါ်ထွက်လာဦးမှာပါ။
ချစ်ရသူရဲ့ ရင်ဘတ်ထဲက မုန်တိုင်းတွေကို ငြိမ်းအေးစေဖို့၊
ခဏတာ နားခိုဖို့အတွက် ဒီနေရာလေးမှာ နေရာတစ်ခု အမြဲပြင်ဆင်ထားပါတယ်။

ချစ်ရသူရင်ဆိုင်နေရတဲ့ မှောင်မိုက်မှုကို စာနာပေးဖို့ Lak Saung - လက်ဆောင်က အမြဲတမ်း အနားမှာ ရှိနေပါတယ်။
ဒါပေမဲ့ အမှောင်ထုက လေးလံလွန်းလို့ ကိုယ်တိုင် ရုန်းထွက်ဖို့ ခက်ခဲနေတယ်ဆိုရင် ကျွမ်းကျင်သူတွေ၊ တိုင်ပင်ဆွေးနွေးပေးသူတွေဆီ အကူအညီတောင်းဖို့ သတ္တိရှိပေးပါနော်။

အသက်ဝဝလေး တခေါက်လောက် အတူတူရှူကြရအောင်။
လက်မလျှော့လိုက်ပါနဲ့ဦး။
အတူတူ လျှောက်လှမ်းကြမယ့် မနက်ဖြန်တွေ အများကြီး ကျန်ရှိနေသေးတာမို့ပါ။
တို့တတွေ အတူတူဆက်ပြီး လှမ်းကြဦးမယ်မလား။

#လက်ဆောင် #စက်တင်ဘာ

မင်္ဂလာပါ။ ချစ်ရသူတို့ရဲ့ Lak Saung - လက်ဆောင် ပါ။မမေ့သွားခဲ့ဘူးမလား။ချစ်ရသူတို့ကို ယုံကြည်ပြီးသားပါ။ 💕သတိထားမိခဲ့ပါရဲ့လ...
01/09/2026

မင်္ဂလာပါ။
ချစ်ရသူတို့ရဲ့ Lak Saung - လက်ဆောင် ပါ။
မမေ့သွားခဲ့ဘူးမလား။
ချစ်ရသူတို့ကို ယုံကြည်ပြီးသားပါ။ 💕

သတိထားမိခဲ့ပါရဲ့လား။
နေ့တွေ၊ လတွေပြောင်းလဲခဲ့တဲ့ အချိန်အတိုင်းအတာတစ်ခုဟာ တိတ်တဆိတ် ကုန်လွန်ခဲ့ပါပြီ။
မမျှော်လင့်ဘဲ ဝင်ရောက်လာခဲ့တဲ့ အပြောင်းအလဲအချို့ကြောင့် Lak Saung - လက်ဆောင် ဟာ ခဏတာ ခြေလှမ်းတန့်သွားခဲ့ရပေမဲ့ "ချစ်ရသူ" တို့ဆီ ပြန်လာဖို့ကိုတော့ အမြဲတမ်း သတိတရ ရှိနေခဲ့တာပါ။

နှုတ်ဆက်ခြင်းမရှိဘဲ ခဏတာ ပျောက်ကွယ်သွားချိန်မှာလည်း သတိတရ ရှိပေးနေခဲ့ကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ချစ်ခင်ရသူလက်တွဲဖော်ဆီကိုပဲဖြစ်ဖြစ်၊
ရင်းနှီးတဲ့ မိတ်ဆွေတွေဆီကိုပဲဖြစ်ဖြစ်၊
လေးစားရတဲ့ လူကြီးသူမတွေဆီကိုပါ...
ရင်ထဲက နက်နက်ရှိုင်းရှိုင်း စကားလုံးတွေကို စာလုံးတစ်လုံးချင်းစီ ရိုက်နှိပ်ပြီး မေတ္တာတရားတွေကို ပို့ဆောင်ပေးချင်တာ Lak Saung - လက်ဆောင် ရဲ့ စေတနာပါ။ 💌

ပုံမှန်အတိုင်းပါပဲ။
ချစ်ရသူတွေနဲ့ အတူ Lak Saung - လက်ဆောင်က ရှေ့ဆက်မယ်။
Lak Saung - လက်ဆောင် နဲ့အတူ ချစ်ရသူတွေကလည်း မေတ္တာစာတွေ ပါးကြရင်း ချစ်ခြင်းမေတ္တာတွေကို မျှဝေကြမယ်။

Lak Saung - လက်ဆောင်ရဲ့ ချစ်ရသူတို့ဆီမှာရော...
လက်နှိပ်စက်နဲ့ ရေးနှိပ်ထားပြီး
ကရမက်နံ့သင်းသင်းလေးနဲ့
ချစ်ခြင်းမေတ္တာအပြည့်ကိုထုတ်ပိုးထားတဲ့ မေတ္တာစာလေးတစ်စောင် ပါးချင်ရတဲ့သူမျိုး ရှိပါသလား။

မေတ္တာစာစောင်လေးတွေ အတူတူဖန်တီးရေးသားချင်ရင်တော့ Lak Saung - လက်ဆောင် ရဲ့ Messenger ကို လာရောက်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။
ချစ်ခြင်းမေတ္တာကို အတူတူမျှဝေကြရအောင်ပါနော်။ ✨

#လက်ဆောင် #မေတ္တာစာ

"ကတိပေးရဲရဲ့မလား။ နောက်သင်္ကြန်မှာတော့... တို့တွေ အတူတူ ရေစိုကြမယ်"နေခြည်အောက်မှာ တလက်လက်ထနေတဲ့ အတာအိုးလေးထဲက အောင်သပြေခ...
17/04/2026

"ကတိပေးရဲရဲ့မလား။
နောက်သင်္ကြန်မှာတော့... တို့တွေ အတူတူ ရေစိုကြမယ်"

နေခြည်အောက်မှာ တလက်လက်ထနေတဲ့ အတာအိုးလေးထဲက အောင်သပြေခက်တွေကို ကြည့်ပြီး ကိုယ် ငိုင်နေမိတယ်။
လေထဲမှာ ပိတောက်နံ့က ခပ်သင်းသင်း၊ အိမ်ရှေ့က ကလေးတွေရဲ့ ရေပက်သံနဲ့ ရယ်မောသံတွေကလည်း ပဲ့တင်ထပ်လို့။
ဒါပေမဲ့ ကိုယ့်ရဲ့ အာရုံထဲမှာတော့ အိမ်နဲ့ဝေးရာအရပ်က ချစ်ရသူ့ ဆီကိုပဲ စိတ်က ရောက်နေတတ်ပါတယ်။

ဒီနှစ်သစ်မှာ ကိုယ်တောင်းပေးချင်တဲ့ ဆုကတော့...
ပင်လယ်တွေခြားလို့ပဲဖြစ်ဖြစ်၊
မြင့်မားတဲ့ အတားအဆီးတွေနောက်ကွယ်မှာပဲဖြစ်ဖြစ်၊
ချစ်ရသူ ရောက်ရှိရာအရပ်မှာ အတာရေစင်လို အေးမြမှုတွေ ဝန်းရံနေပါစေ။
နွေရဲ့အပူဒဏ်ထက် ရင်ထဲက အလွမ်းအပူတွေက ပိုပြင်းထန်တတ်တာမို့၊
အိမ်ကပို့လွှတ်လိုက်တဲ့ ဆုတောင်းတွေက ချစ်ရသူအတွက် လုံခြုံတဲ့ အရိပ်တစ်ခု ဖြစ်ပါစေသား။

အခုချိန်မှာ လက်ချင်းမတွဲနိုင်သေးပေမယ့်၊
ဒီအတာအိုးလေးထဲက ပန်းရောင်စုံတွေလိုပဲ တို့တွေရဲ့ မျှော်လင့်ချက်တွေကတော့ အမြဲစိမ်းလန်းနေဦးမှာပါ။
အကျဉ်းအကျပ်ထဲမှာပဲဖြစ်ဖြစ်၊
သူစိမ်းပြင်ပမှာပဲဖြစ်ဖြစ်...
တည်ငြိမ်တဲ့ စိတ်ခွန်အားနဲ့အတူ ကျန်းမာစွာ ရှိနေပေးပါ။

ရှေ့မှာစောင့်နေတဲ့ နွေရက်တွေကျရင်တော့...
ဆုံဆည်းခြင်းရဲ့ ရေပက်သံတွေနဲ့အတူ တို့တွေအားလုံး ပြန်ဆုံကြမယ်။
အဲ့ဒီနေ့ကျရင်တော့ အခုလွမ်းခဲ့ရသမျှတွေကို အတာရေနဲ့အတူ ဆေးကြောပစ်ကြတာပေါ့။

ကတိပေးရဲရဲ့မလား။
ပြန်ဆုံကြမယ်ဆိုတာကိုလေ။

#သင်္ကြန် #နှစ်ဆန်းတစ်ရက်နေ့ #နှစ်ကူး #လက်ဆောင်

သင်္ကြန် အတက်နေ့ - အဆုံးသတ်သင်္ကြန်ရဲ့ နောက်ဆုံးနေဝင်ချိန်ဟာ နှမြောတသဖြစ်စရာ အရောင်တွေနဲ့ ကောင်းကင်မှာ ခြယ်သနေတတ်ပါတယ်။ ...
16/04/2026

သင်္ကြန် အတက်နေ့ - အဆုံးသတ်

သင်္ကြန်ရဲ့ နောက်ဆုံးနေဝင်ချိန်ဟာ
နှမြောတသဖြစ်စရာ အရောင်တွေနဲ့ ကောင်းကင်မှာ ခြယ်သနေတတ်ပါတယ်။
လမ်းပေါ်က ရေစိုသပြေခက် အကြွေလေးတွေက
နှစ်ဟောင်းကုန်ဆုံးတော့မယ်ဆိုတာကို သွယ်ဝိုက်ပြီး အသိပေးနေကြပြီ။
ချစ်ရသူနဲ့အတူ နောက်ဆုံးရေစက်လေးတွေကို နှုတ်ဆက်ရင်း
ဒီရက်ပိုင်းအတွင်း ရရှိခဲ့တဲ့ အေးမြမှုတွေကို
ရင်ထဲမှာ သိမ်းဆည်းထားလိုက်ကြရအောင်။
မနက်ဖြန်မှာ ကျရောက်မယ့် နှစ်ဆန်းတစ်ရက်နေ့အတွက်
သန့်ရှင်းစင်ကြယ်တဲ့ နှလုံးသားတစ်ခုနဲ့ အတူတူ
ခြေလှမ်းသစ် စတင်ကြဖို့ပေါ့။

#သင်္ကြန် #သင်္ကြန်အတက်နေ့ #လက်ဆောင်

သင်္ကြန် အကြတ်နေ့ - အမှတ်တရရောင်စုံရေစိုဝတ်စုံတွေနဲ့ လမ်းမပေါ်မှာ လျှောက်သွားနေရတဲ့ ဒီနေ့ဟာ အတိတ်က ပုံရိပ်ဟောင်းတွေကို ပ...
15/04/2026

သင်္ကြန် အကြတ်နေ့ - အမှတ်တရ

ရောင်စုံရေစိုဝတ်စုံတွေနဲ့ လမ်းမပေါ်မှာ လျှောက်သွားနေရတဲ့ ဒီနေ့ဟာ
အတိတ်က ပုံရိပ်ဟောင်းတွေကို ပြန်လည်အသက်သွင်းပေးနေသလိုပါပဲ။
ချစ်ရသူနဲ့အတူ လက်ချင်းတွဲပြီး ရေစက်တွေကြား ဖြတ်သန်းခဲ့တဲ့ ခဏတာတွေဟာ
နောင်တစ်ချိန်မှာ လွမ်းမောဖွယ်ရာ အမှတ်တရတွေ ဖြစ်လာဦးမှာပါ။
မုန့်လုံးရေပေါ်ထဲက ထန်းလျက်ခဲလေးကို အတူတူရှာရင်း စားခဲ့ရတဲ့
ရိုးရှင်းတဲ့ အခိုက်အတန့်လေးတွေက
ကိုယ်တို့နှစ်ယောက်ရဲ့ ကမ္ဘာငယ်လေးထဲမှာ
ဘယ်တော့မှ မရိုးသွားမယ့် မှတ်တိုင်လေးတွေပေါ့။

#သင်္ကြန် #သင်္ကြန်အကြတ်နေ့ #လက်ဆောင်

သင်္ကြန် အကျနေ့ - ပျော်ရွှင်မှုငွေဖလားထဲက ရေအေးအေးလေးတွေ ချစ်ရသူရဲ့ ပုခုံးပေါ် ကျရောက်သွားတဲ့အခါ ထွက်ပေါ်လာတဲ့ ရယ်မောသံဟ...
14/04/2026

သင်္ကြန် အကျနေ့ - ပျော်ရွှင်မှု

ငွေဖလားထဲက ရေအေးအေးလေးတွေ ချစ်ရသူရဲ့ ပုခုံးပေါ် ကျရောက်သွားတဲ့အခါ
ထွက်ပေါ်လာတဲ့ ရယ်မောသံဟာ
ဒီအတာသင်္ကြန်ရဲ့ အသာယာဆုံး ဂီတပေါ့။
ပူပြင်းတဲ့ နေရှိန်အောက်မှာ မြေနံ့သင်းသင်းနဲ့အတူ ရောယှက်နေတဲ့
ပျော်ရွှင်မှုတွေဟာ ဘာအငြိုးအတေးမှမပါဘဲ
စိုရွှဲနေကြတယ်။
လမ်းဘေးက မုန့်လုံးရေပေါ် အိုးကြီးတွေထဲက တက်လာတဲ့ မီးခိုးငွေ့တွေကြားမှာ လူတွေရဲ့ မျက်နှာထက်က အပြုံးတွေက
ကိုယ်တို့ဘဝရဲ့ ရိုးရှင်းတဲ့ ပျော်ရွှင်ခြင်းအစစ်အမှန်ကို သက်သေထူနေကြပါတယ်။

#သင်္ကြန် #သင်္ကြန်အကျနေ့ #လက်ဆောင်

သင်္ကြန် အကြိုနေ့ - စတင်ခြင်းခြံရှေ့က ညောင်ရေအိုးအသစ်လဲတာနဲ့အတူ နွေဦးရဲ့ အငွေ့အသက်က စတင်လာခဲ့ပြီ။ ချစ်ရသူရဲ့ အနားမှာ ရပ်...
13/04/2026

သင်္ကြန် အကြိုနေ့ - စတင်ခြင်း

ခြံရှေ့က ညောင်ရေအိုးအသစ်လဲတာနဲ့အတူ နွေဦးရဲ့ အငွေ့အသက်က စတင်လာခဲ့ပြီ။
ချစ်ရသူရဲ့ အနားမှာ ရပ်နေရုံနဲ့တင် လေထဲမှာ သင်းပျံ့နေတဲ့ ပိတောက်နံ့က ကိုယ်တို့နှစ်ယောက်ကြား ပိုနက်ရှိုင်းတဲ့ အဓိပ္ပါယ်တစ်ခုကို ဆောင်ကြဉ်းလာသလိုပါပဲ။
လမ်းမထက်က အုန်းလက်မဏ္ဍပ်တွေမှာ သီဆိုကခုန် နေကြတာတွေကို ကြည့်ရင်း တစ်နှစ်ပတ်လုံး စုဆောင်းထားခဲ့မိတဲ့ အမောတွေဟာ ဒီနေ့မှာပဲ အဆုံးသတ်ပြီး အသစ်က ပြန်စတော့မယ်ဆိုတဲ့ မျှော်လင့်ချက်က ရင်ထဲမှာ တဖန်စိမ်းစိုလို့နေပါတယ်။

#သင်္ကြန် #သင်္ကြန်အကြိုနေ့ #လက်ဆောင်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Lak Saung - လက်ဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category