𝐿𝑖𝑙𝑦'𝑠 Book Shop

𝐿𝑖𝑙𝑦'𝑠   Book   Shop " စာပေမြင့်မှ လူမျိုးတင့်မည် "

ဒီစာအုပ်လေးရဲ့ ခေါင်းစဥ်ဖြစ်တဲ့ soulmate ဆိုတာ မင်းဘေးမှာအမြဲအတူရှိနေပေးသွားမယ့်သူပါ။မင်းအတွက်အမြဲရပ်တည်ပေးတဲ့သူ..ဘာတွေပ...
17/11/2025

ဒီစာအုပ်လေးရဲ့ ခေါင်းစဥ်ဖြစ်တဲ့ soulmate ဆိုတာ မင်းဘေးမှာအမြဲအတူရှိနေပေးသွားမယ့်သူပါ။
မင်းအတွက်အမြဲရပ်တည်ပေးတဲ့သူ..ဘာတွေပဲဖြစ်လာပါစေ ရှိနေပေးမယ့်သူပါတဲ့

ဒါကြောင့်ပဲပန် က soulmate သို့ ပေးတဲ့စာလေးတွေရေးဖြစ်ခဲ့ပါတယ်

Soutmate 1.(အမှတ်တရတွေနဲ့တူတဲ့သူ)
ချစ်ရတဲ့သူ ထာဝရလက်တွဲသွားမယ့်အိမ်ထောင်ဖက်လည်းဖြစ်နိုင်တယ်မပိုင်ဆိုင်လိုက်ရပေမယ့်
နီးစပ်ခွင့်တောင်မရှိခဲ့ပေမယ့် ကိုယ့်ကို ပိုကောင်းမွန်စေခဲ့တဲ့လမ်းပြကြယ် (idol)လိုလူမျိုးလည်းဖြစ်နိုင်တာပဲလေ

2.Soulmate(အရင်းနှီးဆုံးသူစိမ်း)
သူငယ်ချင်း။မင်းအတွက်အရင်းနှီးဆုံးရှိပေးပြီး.ဘာမဆိုရင်ဖွင့်လို့ရတဲ့သူမျိုးအရင်းနှီးဆုံးသူစိမ်းတွေ

Soulmate .3.(ချစ်ခြင်းမေတ္တာ)
သက်ရှိနှစ်ဦးကြားက အသန့်စင်ဆုံးချည်နှောင်ခြင်းလေးတစ်ခု ။မင်းစိတ်ဓာတ်အကျဆုံးအချိန်မှာမင်းရင်ခွင်ထဲတိုးဝင်ခဲ့တဲ့ကြောင်လေးတစ်ကောင်။
မင်းအိမ်ပြန်ချိန်အမြဲစောင့်နေခဲ့တဲ့ခွေးလေးတစ်ကောင်အတွက်။

Soulmate(ချစ်သောငါ)
အကယ်၍များအပေါ်ကSoulmateတွေရှိမလာခဲ့ရင်
ကိုယ့်အတွက်အမြဲရှိနေမယ့်Soulmateက ကိုယ်တိုင်ပါပဲ
ဒီစာအုပ်လေးကို ချစ်ရပါသော Soulmate တွေအတွက်ရေးလိုက်ပါတယ်

-လာဗန်ဒါပန်
#ဖရဲလုံး
#ချစ်သောSoulMate

ကိုယ်လိုချင်တာတွေပဲ..ရအောင်တောင်းနေပြီး ကိုယ့်ဘက်ကဘာမှပြန်မပေးဘူးဆိုတာကတော့တရားမျှတမှုမရှိပါဘူး ..သဘာဝလောကကြီးရဲ့အားမျှခ...
19/10/2025

ကိုယ်လိုချင်တာတွေပဲ..ရအောင်တောင်းနေပြီး ကိုယ့်ဘက်ကဘာမှပြန်မပေးဘူးဆိုတာကတော့တရားမျှတမှုမရှိပါဘူး ..သဘာဝလောကကြီးရဲ့အားမျှခြေ..အနေနဲ့ကြည့်ရင် ပေးတော့မှပဲ..ပြန်ရလာတာတွေရှိပါတယ်..ဒါကြောင့်မို့လို့ ကိုယ်များများရချင်တယ်..ဆိုရင်များများပေးဖို့ပါပဲ။

နောက်တစ်ခုကသီလရှိဖို့လိုတယ်..သီလရှိတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေရှိလာပါတယ် ..သီလဆိုတာ စည်းကမ်းတကျနဲ့နေတတ်တာပါပဲ ..မလုပ်သင့်တာကို..မလုပ်ဘူးပေါ့ ..အင်မတန်ရိုးရှင်းပါတယ်။

ဆုတောင်းတယ်ဆိုတာက..တောင်းတတ်ဖို့လည်းလိုပါတယ် ..ဆုတောင်းတဲ့အကြောင်းကလည်းကောင်းဖို့လိုပါတယ်..ဆုတောင်းတဲ့ သူကိုယ်တိုင်က..စွန့်လွှတ် ပေးကမ်းနိုင်ဖို့.. ကြည်လင်..ဖြူစင်နေဖို့ လည်းလိုတယ်။




ဘာသာပြန် အချစ်ဇာတ်လမ်း စာအုပ်ကောင်းလေးတစ်အုပ်နဲ့ မိတ်ဆက်ပေးမယ်......♥️ဆရာကြီးတင်မောင်မြင့်ရဲ့ ပထမဆုံးဘာသာပြန်ခဲ့ပြီး ၂၀၁...
12/10/2025

ဘာသာပြန် အချစ်ဇာတ်လမ်း စာအုပ်ကောင်းလေးတစ်အုပ်နဲ့ မိတ်ဆက်ပေးမယ်......♥️

ဆရာကြီးတင်မောင်မြင့်ရဲ့ ပထမဆုံးဘာသာပြန်ခဲ့ပြီး ၂၀၁၉ခုနှစ်က အမျိုးသားစာပေဆု(တစ်သက်တာ) ရရှိခဲ့တဲ့စာအုပ်လေးပဲဖြစ်ပါတယ်။

ဟယ်လင်ဆိုတဲ့ အသက် ၂၂အရွယ် လှပချောမောတဲ့ မိန်းမပျိုလေးဟာ အိမ်ကပေးစားတဲ့သူနဲ့မယူချင်လို့ဖခင်ဖြစ်သူကိုဆန္ဒပြပြီး အိမ်ကထွက်ပြေးလာတဲ့သူမဟာ လန်ဒန်မြို့မြောက်ပိုင်းက မြကန်သာ ကိုသွားတဲ့လမ်း လူသူမနီးတဲ့နှင်းတောထဲမှာကားပျက်သွားလို့ နီးရာအကူအညီလိုက်တောင်းဖို့ထွက်လာရင်း ကျားသစ်တစ်ကောင်နဲ့တွေ့ခဲ့တယ်။
အဲ့ဒီကျားသစ်ကို ဟန့်တားနိုင်တဲ့ ကျားသစ်သခင်ဒိုမင်လိုင်းနဲ့ဆုံတယ်။

နှင်းတောထဲဆက်နေရင်အေးခဲပြီးဒုက္ခရောက်တော့မှာမို့ ဒိုမင့်အိမ်ကြီးမှာ တစ်ညတာ ခိုနားဖို့ ကြောက်ကြောက်လန့်လန့်နဲ့လိုက်လာခဲ့ရတယ်။

နှင်းတွေပိန်းပိတ်နေတဲ့တောင်ကုန်းပေါ်က အိမ်ကြီးဟာ ခေတ်မီလှပြီးနေချင့်စဖွယ်ပါပဲ။ အဲ့ဒီ့အိမ်ကြီးမှာ ဒိုမင်ရယ်၊ကျားသစ်ရယ်၊အိမ်အကူဦးလေးကြီးရယ်ပဲနေတာပါ။

ဟယ်လင်ဟာ ဒိုမင်ဘယ်သူလဲဆိုတာကိုသိသွားချိန်မှာတော့ သူဒီအိမ်ကြီးကနေထွက်သွားလို့မရတော့ပါဘဲ ပိတ်မိသွားခဲ့ပါတယ်။ သူမ ဒီစံအိမ်ကြီးကနေ လွတ်မြောက်ဖို့ကြိုးစားနေတာအောင်မြင်ပါ့မလား????

အဲ့ဒီအိမ်ကြီးမှာ လျှို့လျှို့ဝှက်ဝှက် ဇာတ်မြှုပ်နေထိုင်နေတဲ့ ကျားသစ်သခင်ဒိုမင်၊အိမ်အကူဦးလေးကြီးနဲ့မိန်းမပျိုလေး ဟယ်လင်တို့ ဘယ်လိုတွေဖြတ်သန်း နေထိုင်သွားကြမလဲ???
ရှေ့ဆက်ဘာတွေဖြစ်မလဲ???
ဒိုမင့်ရဲ့လျှို့ဝှက်ချက်တွေကဘာတွေလဲ???
ဟယ်လင်အိမ်ပြန်ခွင့်ရမလား???

ဟယ်လင့်အပေါ် အ‌ပေါ်စီးကနေ မောက်မာဆက်ဆံနေတဲ့ ကိုလူချော ဒိုမင် နဲ့ ယောက်ျားဆို ဘယ်သူ့မှ ရင်မခုန်ဖူးတဲ့သူဌေးသမီးလေး ဟယ်လင်တို့ကြားက ဆက်ဆံရေးတွေ။ အမုန်းကနေပေါက်ဖွားလာတဲ့ ရင်ခုန်မှုတွေ ကို ဖတ်ရှုရမယ့် ဝတ္ထုကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်...

စာအုပ်ဖတ်ရတာအားမရတဲ့သူတွေအတွက် Youtubeကနေ Leopard in the snow လို့ရိုက်ရှာပြီး 1977ခုနှစ်ကရိုက်ထားတဲ့ရုပ်ရှင်ကိုရှာကြည့်လို့ရနိုင်ပါတယ်နော်......

~Khin~

#အချစ်ရိုင်းရဲ့အရိုင်းချစ်
#တင်မောင်မြင့်

အသည်းနင့်အောင်ချစ်လျက်နဲ့ဖွင့်ဟပြောဖို့အကြောင်းအမျိုးမျိုးကြောင့်မြိုသိပ်ခဲ့ရတဲ့ကိုထွေး..ချစ်မိသူထံမှဖွင့်ဟပြောလာမည့်စကာ...
07/10/2025

အသည်းနင့်အောင်ချစ်လျက်နဲ့ဖွင့်ဟပြောဖို့အကြောင်းအမျိုးမျိုးကြောင့်မြိုသိပ်ခဲ့ရတဲ့ကိုထွေး..

ချစ်မိသူထံမှဖွင့်ဟပြောလာမည့်စကားကိုမျှော်လင့်စောင့်စားရင်းမိဘများနှင့်အတူနိူင်ငံရပ်ခြားကိုအပြီးအပိုင်ထွက်ခွာရတော့မယ်အမွန်.....

တစ်ယောက်ကိုတစ်ယောက်မေတ္တာရှိမှန်းသိကြတယ်။ဒါပေမယ့်ဖွင့်မပြောဖြစ်ကြဘူး
ခင်မင်ခဲ့တာ(၅)နှစ်အတွင်းမှာလည်းဖွင့်မပြောပိုင်သွားတော့မယ်ဆိုကာမှ သိပ်ချစ်ပါတယ်လို့ပြောလိုက်ပြန်ရင်လည်း သွားတော့မယ်သူအတွက် နောက်ဆံတင်းစရာဖြစ်တော့မယ့်အရေး

"ကိုရယ် အမွန့်ကိုပြောချင်တဲ့စကားများပြောလိုက်ပါတော့။
အမွန်လည်းသိပ်ကိုပြန်ဖြေချင်လှပြီ
ကို အမွန်မရှိရင် စိတ်ကူးပေါက်ရာတွေလျှောက်လုပ်မနေနဲ့။အရက်တွေလည်းသောက်မနေနဲ့။ဆေးလိပ်ကိုလည်းပြန်မသောက်ပါနဲ့နော်ကို။
အမွန့်စကားကိုနားထောင်မယ်မဟုတ်လား။
အမွန်က ကို့အနားမှာ ဆုတ်တာတွေ ကွယ်တာတွေ ဘယ်တော့မှမရှိတဲ့လမင်းကြီးပါကိုရယ်။"
တကယ်တမ်းချစ်ခြင်းမေတ္တာနဲ့ပတ်သတ်လာရင်
အမျိုးသမီးတွေအနေနဲ့ စည်းတွေဘောင်တွေကြောင့်
ချစ်ခြင်းကိုစတင်ဖွင့်ဟခွင့်မရှိကြဘူး ဒါကြောင့်
အမျိုးသားတွေရဲ့ဖွင့်ဟဝန်ခံခြင်းကိုစောင့်စားနေခဲ့ရပြီး
အခုလိုရင်နာဖွယ်ရာဇာတ်လမ်းလေးတွေဖြစ်လာခဲ့ရတယ

#ပဉ္စမမြောက်ဆောင်းရက်များ
#ငြိမ်းကျော်

ဘဝရဲ့စိန်ခေါ်မှုတွေ အပူအပင်တွေကြားမှာငြိမ်းချမ်းစေဖို့ ...  ပိုကျေနပ်ပျော်ရွှင်စေဖို့... နည်းလမ်းရှိပါသလား" လို့ မေးလာခဲ...
28/09/2025

ဘဝရဲ့စိန်ခေါ်မှုတွေ အပူအပင်တွေကြားမှာငြိမ်းချမ်းစေဖို့ ... ပိုကျေနပ်ပျော်ရွှင်စေဖို့...
နည်းလမ်းရှိပါသလား" လို့ မေးလာခဲ့ရင်...

အဲဒီအတွက်အဖြေက
"ငြိမ်းချမ်းသောစိတ်ဖြင့် ငြိမ်းချမ်းသောဘဝကို ပြစုပျိုးထောင်ခြင်း" ဆိုတဲ့အ‌ချက်ပါပဲ။

▪️ကိုယ်ပြောင်းလဲဖို့ မဖြစ်နိုင်တဲ့၊ မထိန်းချုပ်နိုင်တဲ့အရာတွေကို လက်ခံလိုက်ပါ။
Accept what you can’t change or control.

ဘဝမှာ အရာအားလုံးကိုထိန်းချုပ်ဖို့မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် ခက်ခဲတဲ့ကာလတွေမှာပေါ့။

အပြောင်းအလဲတွေ၊ မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်လာရတဲ့အခါ အချို့သောအရာတွေဟာ ဉာဏတို့တွေရဲ့ ထိန်းချုပ်မှုမှာ မရှိကြောင်း လက်ခံရမှာပဲ ဖြစ်ပါတယ်။

• မိုးရွာမှာကို ထိန်းချုပ်လို့ မရနိုင်ဘူး.. ။
မိုးမစိုအောင်တော့ ထီးဆောင်းနိုင်ပါတယ်။

• ဒုက္ခနဲ့ မတွေ့အောင် တားဆီးလို့ မရဘူး.. ။
ဒုက္ခနဲ့တွေ့တဲ့အခါ တုန်လှုပ်မှုနည်းအောင်တော့
ပြင်ဆင်ထားနိုင်ပါတယ်။

• ကြုံလာနိုင်‌ချေရှိတဲ့အရာတွေကို ကြုံမလာဖို့
မတတ်နိုင်ပေမယ့်.. ၊ ကြုံလာရတဲ့အခါ အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့တော့ တတ်နိုင်ပါတယ်။

• ပြောင်းလဲသင့်တာတွေကို ပြောင်းလဲနိုင်ရမှာ ဖြစ်သလို..၊ ပြောင်းလဲလို့ မရတဲ့အရာတွေအတွက်လည်း ခံနိုင်ရည် ရှိရမှာ ဖြစ်ပါတယ်။

ကြိုတင် မှန်းဆထားလို့မရတဲ့ ဘဝမှာ ထင်မှတ်မထားတဲ့ ပြဿနာအမျိုးမျိုးက မကြာခဏဆိုသလို ပေါ်လာတတ်တာဖြစ်လို့ ကိုယ့်ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို ရှုပ်ထွေးလာစေပါတယ်။

အဲဒီအခါ စိတ်ရဲ့ငြိမ်းချမ်းမှုတွေ ပျက်သုဉ်းပြီး စိုးရိမ်ပူပန်မှု မောပန်းနွမ်းနယ်မှုတွေ ဖြစ်လာရပါတော့တယ်။

▪️ What happens when you feel you have no peace of mind. စိတ်အေးချမ်းမှု မရှိဘူးလို့ ခံစားရတဲ့အခါ.. ဘာဖြစ်သွားမလဲ ?

• sleep disturbances - အိပ်မပျော်ခြင်း။
• aches and pains - နာကျင်ကိုက်ခဲခြင်း။
• fatigue and low energy - ပင်ပန်းနွမ်းနယ်ခြင်းနဲ့ စွမ်းအင်နည်းပါးခြင်း။
• stomach distress - အစာအိမ်ဝေဒနာ။
• anger or irritability - ဒေါသ၊ စိတ်တိုခြင်း။
• difficulty concentrating - အာရုံစူးစိုက်ဖို့ ခက်ခဲခြင်း။
• relationship tension or conflict - ဆက်ဆံရေးတင်းမာမှု၊ ပဋိပက္ခတွေ ဖြစ်လေ့ရှိတတ်ပါတယ်။

▪️စိတ်ရဲ့ပူပန်ရမှုတွေဆိုတာက ကဏ္ဍအစုံပါပဲ။ စီးပွားရေးအတွက်.. ၊ ကျန်းမာရေးအတွက် စိတ်ပူရတာတွေ ရှိမယ်။ လတ်တလောအလုပ်အကိုင်အဆင်
မပြေလို့ အနာဂတ်အတွက် တွေးပူရတာတွေ ရှိမယ်။ ဒီလို စိတ်ပူပန်မှုတွေက လူတိုင်းမှာ ဖြစ်ကြလေ့ရှိတဲ့ သဘာဝပါ။

ဒါပေမယ့်.. အဲဒီလို ကိုယ်မထိန်းချုပ်နိုင်တာ‌တွေအပေါ် တွေးပြီး ပူပန်နေမယ့်အစား ကိုယ်ထိန်းချုပ်နိုင်တဲ့အရာတွေကို ပိုပြီးအာရုံစိုက်သင့်ပါတယ်။

ကိုယ်လက်လှမ်းမမီတဲ့အရာတွေကို စိုးရိမ်နေတာက ကောင်းကျိုးမဖြစ်စေပါဘူး။ ဘဝမှာ အချို့သောအရာ‌တွေက ကိုယ့်ရဲ့ထိန်းချုပ်မှုထက် ကျော်လွန်နေတယ်ဆိုတာကို လက်သင့်ခံရမှာ ဖြစ်ပါတယ်။

ကိုယ်ထိန်းချုပ်နိုင်စွမ်းမရှိတဲ့အရာတွေကို လက်ခံလိုက်တဲ့အခါ ကိုယ်ပြောင်းလဲနိုင်တဲ့အရာတွေအပေါ် ကိုယ့်ရဲ့စွမ်းအင်နဲ့ အာရုံစူးစိုက်မှုတွေကို ပိုပြီးအားထည့်နိုင်ပါတယ်။

ပြဿနာ‌တွေအတွက် လက်တွေ့ကျကျ ဖြေရှင်းနည်းတွေနဲ့ ဖြေရှင်းနိုင်လာတယ်။

▪️ အခြေအနေတွေအပေါ်မှာ လက်ခံတတ်ဖို့ ဒီစကားလေးတွေနဲ့ သတိပေးလေ့ကျင့်နိုင်ပါတယ်။

" ဒါဟာ ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်ပေမယ့် သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ..."

“အခု ဖြစ်ပျက်နေတာတွေက ထာဝစဥ်တည်မြဲမှာ မဟုတ်ပါဘူး၊ ဒီကြားထဲမှာ တတ်နိုင်သမျှအကောင်း
ဆုံး ဆောင်ရွက်နေပါတယ်...”

"အခု စိတ်ဆင်းရဲနေတယ်၊ ဒါပေမယ့် အမြဲတမ်း ဒီလို ခံစားရမှာ မဟုတ်ပါဘူး..."

အဲဒီလို စကားလေး‌တွေနဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးရင်း အခြေအနေတွေကို ဖြတ်ကျော်နိုင်ပါတယ်။

▪️ဘဝမှာ ပြောင်းလဲလို့မရတဲ့အရာတွေကို လက်ခံလိုက်ခြင်းက အတိတ်မှာ ပိတ်မိမနေဘဲ ရှေ့ကိုဆက်လျှောက်ဖို့တွန်းအားဖြစ်လာပြီး စိတ်ပျက်အားငယ်မှုနဲ့ စိတ်ပျက်စရာခံစားချက်တွေကနေ လွတ်မြောက်စေနိုင်မှာပါ။

လုပ်စရာကိစ္စတွေကို ဆက်လုပ်ဖို့အတွက် ခံစားချက်တွေကို လျစ်လျူရှုတာက ကောင်းမွန်တဲ့ဖြေရှင်းနည်း မဟုတ်ပါဘူး။

ဖိနှိပ်ထားတဲ့ စိတ်ခံစားမှုတွေက ပိုမိုပြင်းထန်လာနိုင်ပါတယ်။ အတင်းဖိနှိပ်ထားတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ကိုယ်ပိုင်အတွေးအမြင်‌နဲ့ စိတ်ခံစားမှုတွေကို လက်ခံလိုက်တာက ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။

▪️အခြေအနေတွေကို အရှိအတိုင်း လက်မခံနိုင်ဘဲ နာကျင်မှုတွေကို ရှောင်ရှားချင်တာက သဘာဝပဲမို့ ဘယ်အရာကိုမဆို လက်ခံတတ်တဲ့ အလေ့အကျင့်ကို ရနိုင်ဖို့က အချိန်အတော်ယူရပါတယ်။

ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် လက်ခံတတ်လာတာနဲ့အမျှ ကိုယ်ဟာ ပိုပြီးအေးချမ်းလာပါလိမ့်မယ်။

ကိုယ့်စိတ်ကို အမှန်တကယ် မထိန်းချုပ်နိုင်ဘဲ ဘဝကို မထိန်းချုပ်နိုင်ပါဘူး.. ။

စိတ်ကို ငြိမ်းချမ်းအောင် မထားဘဲ ငြိမ်းချမ်းတဲ့ဘဝတစ်ခုကို ရနိုင်မှာ မဟုတ်ပါဘူး။

" စိတ်ရဲ့တုန်လှုပ်မှုအနည်းဆုံး အခိုက်အတန့်ဆိုတာ ကိုယ်ပြောင်းလဲလို့ မရနိုင်တဲ့အရာတွေကို လက်ခံလိုက်ခြင်းပဲ ဖြစ်ပါတယ်"။

အဲဒီလို လက်ခံလိုက်တာဟာ စိတ်ရဲ့ငြိမ်းချမ်းမှု ဖြစ်တည်လာခြင်းပါပဲ ။

#ငြိမ်းချမ်းသောစိတ်ငြိမ်းချမ်းသောဘဝ
#ဉာဏ

မမ နွေ မိုး ဆောင်း———မမ သိသာရန် ကျွန်တော် စာရေးလိုက်ပါသည်။အရောင် တဖျပ်ဖျပ် တောက်ပခြင်း မရှိသော်လည်း မမမျက်လုံးများဖြင့် ...
27/09/2025

မမ နွေ မိုး ဆောင်း
———မမ သိသာရန် ကျွန်တော် စာရေးလိုက်ပါသည်။

အရောင် တဖျပ်ဖျပ် တောက်ပခြင်း မရှိသော်လည်း မမမျက်လုံးများဖြင့် စိုက်ကြည့်ခြင်းခံရသောအခါ အထက်အရာရှိ၏ ရှေ့မှောက်တွင် ရောက်နေသော လက်အောက်ငယ်သားကဲ့သို့ ရိုကျိုးဝပ်တွားခဲ့ရပါသည်။

ပီပြင်ခြင်း မရှိတော့သော်လည်း မမ၏ နှုတ်ခမ်းမှ ချစ်စကားသံလွင်လွင်ကို ကြားရသောအခါ ကျောင်းဆင်း ခေါင်းလောင်းထိုးသံကြားရသော ကျောင်းသားငယ်ကဲ့သို့ ဝမ်းမြောက်​ ရွှင်လန်းခဲ့ရပါသည်။

အတန်ငယ် လျော့ရဲနေပြီ ဖြစ်သော်လည်း မမ လက်မောင်းပေါ်၌ ဦးခေါင်းကို မှီလိုက်ရသောအခါ လူပျံတော်ပတ္တမြားသွေးဆေးကို သောက်သုံးရသကဲ့သို့ စိတ်နှလုံး ချမ်းမြေ့ရပါသည်။

အကြောများ ထင်ရှားစပြုပြီ ဖြစ်သော်လည်း မမ၏ လက်ချောင်းကလေးများဖြင့် ဆံပင်ကြားသို့ ထိုးဖွခြင်းကို ခံရသောအခါ သခင်၏ ကျောသပ်ခြင်းကို ခံရသော အမဲလိုက် ခွေးကဲ့သို့ ကျေနပ်နှစ်သိမ့်ခဲ့ရပါသည်။

ခေတ်မမီတော့သော်လည်း တန်ဖိုးမကျသည့် တစ်လက်ကိုင် ‘စလုံး’ နံပါတ် မာစီဒီကားကဲ့သို့ ခံ့ညားထည်ဝါလှသော အို…ချစ်မမ။

ထိုကဲ့သို့သော မမသည် နွေမွန်းတည့်ကဲ့သို့ နှိပ်စက်ညှဥ်းပန်းတတ်ပြီး၊မြောက်ပြန်လေကဲ့သို့ လှည့်စားတတ်လျက် ရန်ကုန်မိုးကဲ့သို့ မူရာမာယာများကာ ဗွေဆိုးဖောက်သော မြင်းကဲ့သို့ ပညာတတ်ခြင်းအတွက် ကျွန်တော် အထိတ်တလန့် အံ့သြမိကြောင်းပါ ခင်ဗျာ။

▪️မင်းလူ
(၁၉၇၈၊ဦးမင်းလူကောင်းမှု စာအုပ်


#မင်းလူ

အမက်မောဆုံးက လွတ်လပ်ခြင်းနဲ့အေးချမ်းခြင်းမို့ မည်သူတစ်ဦး တစ်ယောက်ကိုမှ မေတ္တာကြောင့်ဖြစ်စေ သံယောဇဉ်ကြောင့်ဖြစ်စေ ချည်နှေ...
22/09/2025

အမက်မောဆုံးက လွတ်လပ်ခြင်းနဲ့အေးချမ်းခြင်းမို့ မည်သူတစ်ဦး တစ်ယောက်ကိုမှ မေတ္တာကြောင့်ဖြစ်စေ သံယောဇဉ်ကြောင့်ဖြစ်စေ ချည်နှောင်ထားဖို့ စိတ်ကူး မရှိပါဘူး။

သူတို့ပိုင်တဲ့သူတို့ဘဝ အေးအေးချမ်းချမ်းပဲရှိပါစေ။

#တိတ်ဆိတ်ခြင်းမှအေးချမ်းခြင်းဆီသို့
#ဖားစည်ရည်ကျော်

“အချစ်မှာရှိတဲ့ အကောင်းဆုံးစိတ်အနေအထားက ကိုယ်ပေးဆပ်သမျှ အရာတိုင်းက ကိုယ့်စိတ်လိုလက်ရပါ။ ဒီ့အတွက် ကိုယ်တကူးတက ထုတ်ဖော်ပြေ...
21/09/2025

“အချစ်မှာရှိတဲ့ အကောင်းဆုံးစိတ်အနေအထားက ကိုယ်ပေးဆပ်သမျှ အရာတိုင်းက ကိုယ့်စိတ်လိုလက်ရပါ။ ဒီ့အတွက် ကိုယ်တကူးတက ထုတ်ဖော်ပြောဆိုနေမှာ မဟုတ်ပါဘူး။ နင့်ဘက်က အပြန်အလှန် ကျေးဇူးပြုရင်တော့ ကိုယ် သိပ်ကျေးဇူးတင်မိမှာပါ။ မသိကျိုးကျွံပြုလည်း ကိုယ်စိတ်မပျက်ပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီလိုပေးဆပ်မှုမျိုး ကိုယ်မစွမ်းနိုင်တော့တဲ့အခါ ကိုယ်တို့ ကိုယ့်လမ်း ကိုယ်လျှောက်ပြီး အပျော်ကိုယ်စီနဲ့ ဘဝကို ဖြတ်သန်းကြတာပေါ့”။

လောကမှာ မနှောင့်ယှက်ခြင်းလို့ခေါ်တဲ့ နူးညံ့သိမ်မွေ့မှုတစ်မျိုး ရှိတယ်။

သီချင်းတစ်ပုဒ်၊ ရုပ်ရှင်တစ်ကားကြောင့် တစ်ယောက်ယောက်ကို ကိုယ်တို့ လွယ်လွယ်နဲ့ သတိရမိတတ်တယ်။ သူ friend list ကို ကိုယ်မွှေနှောက်ဖူးတယ်။ သူ့ဆီမက်ဆေ့ပို့ဖို့ ကိုယ်ကြံရွယ်ဖူးတယ်။ တစ်ယောက်ကိုတစ်ယောက် ထာဝရမေ့ပစ်ဖို့ သဘောတူထားတာမို့ မနှောင့်ယှက်၊ မဆက်သွယ်ဘဲ နှလုံးသားထဲက ခံစားချက်ကို မျိုသိပ်ထားတယ်။

အချိန်က သူစိမ်းနှစ်ယောက်ကို ရင်းနှီးစေပြီး ရင်းနှီးသူနှစ်ယောက်ကို သူစိမ်းဖြစ်သွားစေတယ်။

ဒါပေမဲ့ နောင်တရခြင်းထက် ကျေးဇူးတရားက ပိုပါတယ်။ အချင်းချင်းရဲ့ အကြည့်ထဲ အလင်းကို ရှာတွေ့ခွင့်ရခဲ့လို့ ဆုံတွေ့မှုအတွက် ကျေးဇူးတင်ပါတယ်။

ဆင်းရဲဒုက္ခကြားမှာ ဘယ်တော့မှ အထီးမကျန်ရအောင် တွဲခဲ့တဲ့လက်အတွက် ကျေးဇူးတင်ပါတယ်။

အတိတ်က နူးညံ့တဲ့အခိုက်အတန့်တွေက ကိုယ်တို့ကို ချစ်တတ်အောင် သင်ပေးခဲ့သလို တာဝန်ယူမှုကိုလည်း သင်ပေးလိုက်တယ်။ အနာဂတ်ခရီးမှာ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင်လည်း သင်ပေးလိုက်တယ်။

💌

#ကိုယ့်နွေဦးမှာသာပွင့်တဲ့ပန်း
#နိုင်းနိုင်းစနေ

ကိုယ် သဘောကျရတဲ့ စာရေးဆရာမ ထဲက တစ်ဦးဖြစ်တဲ့ ဆရာမ မိုးမိုး (အင်းလျား)ရဲ့ "ဘယ်သူလာ ကူပါ့မယ်" ဆိုတဲ့ဘဝသရုပ်ဖော် စာအုပ်လေး က...
13/09/2025

ကိုယ် သဘောကျရတဲ့ စာရေးဆရာမ ထဲက တစ်ဦးဖြစ်တဲ့ ဆရာမ မိုးမိုး (အင်းလျား)ရဲ့
"ဘယ်သူလာ ကူပါ့မယ်" ဆိုတဲ့ဘဝသရုပ်ဖော် စာအုပ်လေး ကို ဒီနေ့ ညွှန်းပါရစေနော်

စည်းကမ်းကြီးပြီး သမီးတွေကို အမြဲဆုံးမ တတ်တဲ့ မိခင်ရဲ့အုပ်ထိန်းမှုအောက်မှု ကြီးပြင်းလာခဲ့ရတဲ့ နွယ်နွယ်ဗို တို့ ညီအမတွေ ဖခင်ရဲ့ အစိုးရဝန်ထမ်းလစာလေးနဲ့ လောက်ငှအောင် မိခင်ရဲ့စီမံမှုအောက်မှာ လူငယ်ပီပီ ကျောင်းတက်ရင်း
ကျော်ဝဏ္ဏ ဆိုတဲ့လူငယ် အဆိုတော်လေးနဲ့ ချစ်မိသွားတဲ့ နွယ်......

မိခင်ဆုံးပါးသွား‌တဲ့နောက်မှာ အမကြီး အမိရာဆိုတဲ့အတိုင်း မိသားစုတာဝန်ကို ထမ်းဆောင်ဖို့ ဖြစ်လာတဲ့ နွယ် ဟာ မောင် ရှိရာအရပ်ကနေပ မွေးရပ်ဇာတိ မြိတ် မြို့လေးကို ပြန်လာခဲ့ပြီး မှောင်ခိုကုန်သည်လေး လုပ်ရင်း ချစ်ရတဲ့ မောင် ကလွဲလို့ ဘယ်သူ့ကိုမှမချစ်နိုင်သလို၊ အိမ်ထောင်ပြုဖို့ပင် မတွေးခဲ့....

ဒီလိုနဲ့ ဖခင်ရဲ့ကျန်းမာရေးကြောင့် အလုပ်ကို အစောနားခဲ့ရတာကြောင့် နွယ်တစ်ယောက် အိမ်ထောင့်တာဝန်တစ်ခုလုံး ထမ်းဆောင်လာခဲ့ရတယ်။ ဖခင်နဲ့အတူ ဆွေဆွေနဲ့ အငယ် နှစ်ယောက်ရဲ့ ကျောင်းစရိတ် ကအစ အစစအရာရာ တာဝန်ယူထားရတဲ့ နွယ် တစ်ယောက် ဘယ်လောက်တောင်ပင်ပန်းနေခဲ့မလဲ......

နွယ့် ဘဝလေးကို ဘယ်သူကကော ကူညီပေးနိုင်မလဲ ချစ်ရတဲ့ မောင် ကကော နွယ့်ကို စောင့်နေမလား နွယ်ကော တာဝန်တွေကြားမှာ ဘယ်လောက်ထိ ပင်ပန်းခဲ့ရလို့ စိတ္တဇ ဆေးရုံအထိတောင်ရောက်ခဲ့ရတာလဲ......

မွန်းကြပ်မှုတွေ ၊ အတွေးတွေ ၊ မှောင်ခို ကုန်သည်တို့ရဲ့ဘဝ ၊ အကြီးတစ်ယောက်ရဲ့ တာဝန်တွေ ၊
မိသားစုအတွက် ပူပန်မှုတွေကို ဆရာမရဲ့အရေးအသားတွေနဲ့ ပြောင်မြောက်အောင်ရေးဖွဲ့ ထားတာကြောင့် အရမ်းကိုကောင်းတဲ့စာအုပ်လေးတစ်အုပ်ပါလို့ ညွှန်းဆိုချင်ပါတယ်။

~Khin~

#မိုးမိုးအင်းလျား
#ဘယ်သူလာကူပါ့မယ်

ကိုယ့်ကိုကိုယ် ချစ်ပြီး တန်ဖိုးထားတဲ့သူဟာ ဘယ်တော့မှ မနာကျင်ရပါဘူး ။ ကိုယ်ဟာ ချစ်တတ်တယ် ကြင်နာတတ်တယ် စိတ်သဘောထားကောင်းတယ်...
10/09/2025

ကိုယ့်ကိုကိုယ် ချစ်ပြီး တန်ဖိုးထားတဲ့သူဟာ
ဘယ်တော့မှ မနာကျင်ရပါဘူး ။ ကိုယ်ဟာ ချစ်တတ်တယ် ကြင်နာတတ်တယ် စိတ်သဘောထားကောင်းတယ် ဆိုတဲ့သူတစ်ယောက် ဖြစ်နေတဲ့အခါ ကိုယ်ဟာတန်ဖိုးရှိသူပဲ ။ ကိုယ်ဟာ ကိုယ့် ကျန်းမာရေးအတွက် .. ကိုယ်ပျော်ရွှင်ဖို့အတွက်ကို ဂရုတစိုက် အလေးထားတယ်ဆိုရင် ကိုယ့်ကိုကိုယ် ချစ်တာပဲ ။

ခုခေတ်မှာ လူတွေဟာ စိတ်ရင်းစေတနာ​ကောင်းဖို့ ခဲယဉ်နေကြပြီ ။ ကိုယ်ကမှ လူတိုင်းမလုပ်နိုင်တဲ့အရာကို လုပ်ပေးနိုင်တာဟာ သူများနဲ့ မတူတဲ့ တန်ဖိုးရှိလို့ပဲ ။ အဲ့ဒီ့လူဟာ အခြားသူလက်ထဲ သူ့တန်ဖိုးကို ထည့်ပေးတဲ့အခါ သိပ်သတိထားတယ် ။ ငါ့တန်ဖိုးက သူနဲ့တန်ရဲ့လား ၊ ငါလို စိတ်သဘောထားက သူ့အတွက် ဟုတ်ပါ့မလားဆိုတဲ့ မေးခွန်းကို အကြိမ်ကြိမ် ပြန်မေးတယ် ။ ကိုယ်ယုံကြည်လို့ ထည့်ပေးလိုက်တဲ့ ကိုယ့်တန်ဖိုးကိုလည်း တဖက်လူကဂရုတစိုက် အလေးထားတာမျိုးလိုချင်တယ် ။

ဥပမာ - ယောက်ျားကောင်းတစ်ယောက် ၊၊ ငါဟာ ချစ်သူမိန်းကလေးအပေါ် မဖောက်ပြန်ဘူး ၊ အပြည့်ဝ တာဝန်ယူစိတ်ရှိတယ် ၊ ဂရုစိုက်တယ် ၊ အိမ်ထောင်ကျခဲ့လျှင်လည်း ငါဟာ ဇနီးမယားကို တန်ဖိုးထားလေးစားမယ့်သူ လို့ ခံယူတယ်ဆိုပါစို့ ။ ဒါဟာ ယောက်ျားတစ်ယောက်ရဲ့ လေးစားထိုက်တဲ့ တန်ဖိုးဖြစ်တယ် ။
ဒီတန်ဖိုးကို လက်ခံရရှိသူ မိန်းကလေးအနေနဲ့ တန်ဖိုးထားပေးရမယ် ။ တန်ဖိုးထားရတာ တန်အောင်လည်း အမြဲနေထိုင်မယ် ။

ဒီလိုမှမဟုတ်ပဲ မိန်းကလေးဖြစ်သူက ကိုယ့်ကိုလေးစားမှုမရှိတာ ၊ သိမ်ငယ်အောင်ပြောတာတွေ ကြုံရတဲ့အခါ အချစ်တွေက အလိုလျောက် ပျောက်ကွယ်သွားတယ် ။ ဘာ့ကြောင့်ဆို တန်ဖိုးထားမခံရလို့ပဲ ။ ကိုယ်တိုင်တည်ဆောက်ထားတဲ့ ကိုယ့်တန်ဖိုးကို ဂရုမစိုက်တဲ့သူဆီ ထည့်မပေးနိုင်ဘူး ။ လိပ်ပြာလုံစွာ … ပြတ်သားတယ် ။

မိန်းကလေးဘက်ကလည်း ဒီလိုပဲ ။ အမြဲတန်ဖိုးရှိအောင်နေတဲ့သူဟာ တစ်ဖက်လူရဲ့ တန်ဖိုးထားလေးစားမှုကို လိုချင်တယ် ။ မဟုတ်ရင် အဲ့ဒီလူအနားမနေဘူး ။ ကိုယ်ချစ်သင့်တဲ့သူထဲ သူမပါဘူး ဆိုတာမျိုးပဲ တွေးတယ် ။

ဒါ့ကြောင့် ကိုယ့်ကိုကိုယ် တန်ဖိုးထားပြီး ၊ အဖိုးတန်မှန်း သိတဲ့သူဟာ မနာကျင်ရဘူး ။ သူတို့ရဲ့ စိတ်သဘောထားဟာဟာ အမြဲတန်ဖိုးရှိနေတာဖြစ်တဲ့အတွက် ဘယ်သူ့ဆီမှာမဆို လှပနေမယ်ဆိုတာ သူတို့ကိုယ်တိုင်သိတာကြောင့်ပဲ ။ ကိုယ့်ကိုကိုယ် တန်ဖိုးရှိအောင်နေပြီး တန်ဖိုးရှိတဲ့ အလုပ်ကို လုပ်ပါ ။ ကိုယ်ဟာ လေးစားခံထိုက်တယ် ၊ ထူးခြားတယ် ၊ အချစ်ခံရဖို့ ထိုက်တန်တယ် ၊ အဖိုးတန်တယ်ဆိုတာ အမြဲသိနေပါ ။
အဲ့လိုသိတဲ့သူဟာ အခြားသူရဲ့ စော်ကားပြောဆိုမှုတွေ ၊ အလေးမထားမှုတွေကို ငြိမ်ခံမနေဘူး ။ ကိုယ့်အတွက် မဟုတ်တဲ့ နေရာမှာလည်းမနေဘူး ။ ကိုယ်တည်ဆောက်ထားတဲ့ ကိုယ့်တန်ဖိုးဟာ ကိုယ့်ကို မနာကျင်စေမဲ့ မာနမျိုးအမြဲပေးနေလိမ့်မယ် ။

အဲ့လိုလူတွေဟာ Respect မရှိတဲ့သူတွေနဲ့ အတူမနေဘူး ။ ကောင်းမွန်တဲ့သူတွေ လက်ထဲမှာပဲ တန်ဖိုးရှိရှိနေထိုင်ကြတာ … ။

ဒါ့ကြောင့် ကိုယ့်တန်ဖိုးကိုယ်သိပြီး ကိုယ့်ကိုကိုယ် ချစ်တတ်ဖို့ သိပ်အရေးကြီးပါတယ် … ။
ကိုယ့်ကိုကိုယ် ချစ်တတ်တဲ့အခါ … ကိုယ့်တန်ဖိုးက အလိုလိုနေရင်း မြင့်လာပြီး ၊ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာလည်း ပိုကောင်းတဲ့ ရွေးချယ်မှုတွေ နှင့် ပိုကောင်းတဲ့ ဆုံဖြတ်ချက်တွေ ချလာနိုင်တယ် ။



#ကိုယ်တိုင်လွတ်မြောက်ခြင်း 🩵



Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝐿𝑖𝑙𝑦'𝑠 Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share