07/12/2024
❇️ဗဟုသုတ မျှဝေခြင်း ❇️
🍚နေ့စဉ်စားသုံးနေရတဲ့ထမင်းအတွက် ဘေးအန္တရယ်ကင်းရှင်းအောင် ဘယ်ဆန်အမျိုးအစားချက်ချက် ရေစိမ်ပြီးချက်ကြပါရှင်
“ဆန်ကိုတစ်ည”ရေစိမ်ထားနိုင်မယ်ဆိုရင် Arsenic ပမာဏဟာ ၈၀% ခန့် လျော့ကျသွားပါသတဲ့။
ဆန်ကိုမချက်မှီ ၃နာရီလောက် ရေစိမ်ပြီးမှချက်သင့်ပါတယ်
❇️Arsenic ဟာ heavy metal စာရင်းထဲမှာ ပါနေပါတယ်။
“Heavy metal refers to any metallic chemical element that has a relatively high density and is toxic or poisonous at low concentrations”
❌Arsenic ၏ ဘေးရန်
Arsenic အဆိပ်သင့်ရင် နှလုံးရောဂါ/ဆီးချို/ကင်ဆာရောဂါ များနဲ့ ဆက်နွယ်နေပါတယ်တဲ့။ ကလေးတွေရဲ့ပုံမှန် သိမြင်မှု ဖွံ့ဖြိုး တိုးတက်ရေးကိုလဲ နှောင့်နှေးစေတတ်ပါတယ်တဲ့။(cognitive development)
(WHO )
❇️Arsenic ဟာ ဘယ်လိုကြောင့် ဆန်ထဲမှာ ရောက်နေရတာပါလဲ?
ဆန်စပါး စိုက်ပျိုးတဲ့အခါ စပါးပင်တွေဟာ အခြားအပင်တွေထက် Arsenicကို ပိုပြီး စုတ်ယူတတ်ပါတယ်တဲ့။
မြေကြီးထဲက ဖြစ်စေ/စပါးပင်တွေကို ပေးတဲ့ရေထဲက ဖြစ်စေ/
အချို့သော ဓာတ်မြေဩဇာထဲက ဖြစ်စေ/ ပိုးသတ်ဆေး ပေါင်းသတ်ဆေး စသည်ဖြင့်ကနေ ဖြစ်စေ စပါးထဲကို ရောက်ပါသတဲ့။
ဒါ့ကြောင့်ဆန်ကို မချက်ခင် ဆေးပြီးတဲ့အခါ ရေစိမ်သင့်တဲ့ အဓိက အကြောင်း ဖြစ်ပါတယ်…
အခြားအကြောင်းတွေကတော့ ထမင်းချက်ဖို့ ကြာချိန်ဟာ လည်း လျော့သွားပါတယ်…ဆန်အစေ့တွေဟာ ရေနဲ့ဝလာပြီး ပျော့ပြောင်းလာပါတယ်…
ဘယ်လိုဆန်အမျိုးအစားက Arsenic နည်းသလဲဆို Sushi rice / Basmati rice from California, Pakistan, and India
ဟာ Arsenic နည်းတဲ့ဆန်အမျိုးအစားတွေပါ
💠According to Consumer Report
မြန်မာပြည်မှာလည်း “ဒေသအလိုက်” Arsenic level အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။
ကိုယ်လုပ်ရမဲ့ တာဝန်ကတော့ ဆန်ကို ရေဆေးပြီးတဲ့အခါ ရေစိမ်ပြီးချက်မယ်ဆို ဆန်သားလေးတွေရှည်ထွက်လာပြီးပိုနူးညံ့တဲ့ထမင်းကိုလဲရရှိနိုင်ပါတယ်
အစစ အရာရာမှာ ဗဟုသုတနဲ့ပြည့်စုံနေတာ ကိုယ်အတွက် သာမက မိသားစု အတွက်ပါ အလွန်ကောင်းမွန်တဲ့အတွက်ဒီနည်းလမ်းလေးအချိန်ပေးအသုံးပြုနိုင်ပါက ကိုယ့်အတွက်သာမက မိသားစုအတွက်ပါအကျိုးများတဲ့ ထမင်းချက်နည်းလေးဖြစ်ပါတယ်
ဆရာမကြီးဒေါက်တာခင်နွယ်ဝင်း