အကျိုးတော်ဆောင်

အကျိုးတော်ဆောင် တရားဓမ္မစာပေဖြန့်ဖြူးရေးနှင့် ဓမ္မဒါနကုသိုလ်ပြုအကျိုးဆောင်လုပ်ငန်း

ဓမ္မဒါနကုသိုလ်ပြုဖို့ အတွက် ၂စောင်တွဲစာအုပ်လေး အားပေးလို့ကျေးဇူးပါရှင့် 🍀
13/10/2026

ဓမ္မဒါနကုသိုလ်ပြုဖို့ အတွက် ၂စောင်တွဲစာအုပ်လေး အားပေးလို့ကျေးဇူးပါရှင့် 🍀

ဝါလကင်းလွတ်သီတင်းကျွတ် ကာလမှာ တရားအလှူ လုပ်ဖို့စီစဉ်နေသူများ 🙏🏻🍀ကထိန်အလှူမွေးနေ့တွေ Anniversary 💚တွေမှာ အမြတ်ဆုံးတရားအလှ...
12/10/2026

ဝါလကင်းလွတ်သီတင်းကျွတ် ကာလမှာ တရားအလှူ လုပ်ဖို့စီစဉ်နေသူများ 🙏🏻
🍀ကထိန်အလှူ
မွေးနေ့တွေ Anniversary 💚တွေမှာ အမြတ်ဆုံးတရားအလှူလေးနဲ့ ကျက်သရေရှိရှိဖြတ်သန်းလိုသူများ 🍀 သာရေး နာရေး တွေမှာ တရားစာအုပ်လက်ကမ်းချင်သူများ ၊ ကိုယ်တိုင်ရွတ်ပွါးပူဇော်လိုသူများ အတွက် အကျိုးတော်ဆောင်မှာ တရားစာအုပ်အမျိူးစားများစွာရွေးချယ်ဝယ်ယူနိုင်ပါပြီရှင်🍀🥰

တရားစာအုပ်လေးတွေ လိုအပ်လို့ရှာတဲ့အခါ ပုံမှန်သင်ကြားရေးစာအုပ်တွေ ဝတ္ထုစာအုပ်တွေထက်ရှာရခက်ပါတယ် အမျိူးအစားလည်းများသလို ထွက်တဲ့စာအုပ်တိုက်တွေလည်းအရမ်းများပါတယ်
ဂုဏ်တော်ရွတ်ပွါးရတဲ့စာအုပ်အမျိူးမျိူး စာသင်သားသုံးတွေ လောကီစာပေ လောကုတ္တရာစာပေ အရမ်းများတာမို့ စာအုပ်ဆိုင်တွေအနေနဲ့ အကုန်တင်ဖို့ဆိုတာမလွယ်ကူပါဘူး 🙏🏻

ကျွန်မတို့ရဲ့အကျိုးတော်ဆောင်မှာတော့ စာအုပ်တော်တော်များများ ရအောင် မိတ်ဖက်ဆိုင်တွေပါချိတ်ဆက်ပြီး အကျိုးဆောင်ပေးနေတာမို့ ဟိုဆိုင် ဒီဆိုင် လျောက်မေးနေရမဲ့ဒုက္ခကို တခါတည်းဖြေရှင်းပြီးသားဖြစ်သွားမှာပါ
ဒီဆိုင်တစ်အုပ်ရ ဟိုဆိုင်တစ်အုပ်ရ နဲ့ ပို့ခတွေကုန် အချိန်တွေကုန်တဲ့ ပြသနာကို ကျွန်မတို့ရဲ့ အကျိုးတော်ဆောင်က ကူညီဖြေရှင်းပါရစေရှင့်

မြန်မာပြည်အနှံ့ Royal/Ninja ရတဲ့ မြို့အကုန်ကို အိမ်ရောက်ငွေချေနဲ့ပို့ပေးတာမို့ Online ပေါ်ကနေ စိတ်ချလက်ချမှာယူနိုင်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻

ဘုရားတရားစလုပ်မယ်ဆို
ဒါလေးတွေသိထားဖို့လိုမယ်နော် ဘယ်ဘုရားစာကဘာတွက်ရွတ်ရမလဲမသိရင်ဖတ်ကြည့်ပေးပါ။

နတ်များချစ်ခင်စောင့်ရှောက်စေပြီး လှပပျော်ရွင်လာစေဖို့ - မဟာသမယသုတ်

လူချစ်လူခင်ပေါများ သေးသွယ်လှပလာစေဖို့ - မေတ္တသုတ်

စီးပွားတက်စေပြီး ကြံစည်သမျှအောင်မြင် နတ်ကောင်းနတ်မြတ်များစောင့်ရှောက်ဖို့ - ပဌာန်းဒေသနာတော်

အလုပ်အင်တာဗျူးနဲ့ စာမေးပွဲများအောင်မြင်စေဖို့ - မဂ်လာသုတ်

လာဒ်လာဘနဲ့ဝင်ငွေတိုးပွားစေဖို့ - ရှင်သီဝလီ 10 ဂါထာတော်

အဆိပ်ရှိသောသတ္တဝါများရန်မှကင်းဝေးရန်နဲ့ ဝက်ခြံကဲ့သို့အရေပြားအနာများသက်သာဖို့ - ခန္တသုတ်

အနိုင်ကျင့်ခံရခြင်း မကောင်းသောအန္တရာယ်ကင်းဝေးဖို့ - သိကြားမင်းသက်စောင့်ဂါထာတော်

စုန်း၊သရဲ၊မိစ္ဆာတို့နှောင့်ယှက်ခြင်းကိုတားဆီးဖို့ - ကမ္မဝါစာ

ကပ်ကြီးသုံးပါး ရန်သူမျိုးငါးပါးနဲ့ မကောင်းသောသူများနဲ့မကြုံတွေ့စေဖို့ - ရတနသုတ် ပရိတ်တရားတော်

မကောင်းသော ပယောဂ အနှောင့်အယှက်နဲ့ နာမကျန်းဖြစ်ခြင်းများသက်သာဖို့ - အာဋာနာဋိယပရိတ်တော်

တိုက်ခိုက်ခံရလေ အောင်မြင်လေဖစ်စေမယ့် - နောကိုးတန်ဂါထာတော်

အချုပ်အနှောင်အမျိုးမျိုးမှကင်းလွတ်စေဖို့နဲ့ နတ်များစောင့်ရှောက်ဖို့ - စက်ကြီး 13 ပါးဂါထာတော်

ကိုယ်ကဘုရားတရားစလုပ်မယ်ဆို ရယူလိုတဲ့စိတ် တဏှာစိတ်ထက် ကြည်ညိုတဲ့စိတ်နဲ့အဓိကလုပ်ဖို့လိုပါတယ်။

မူရင်းရေးသားသူအား ရိုသေလေးစားစွာဖြင့်

#တရားစာအုပ်
#တရားစာအုပ်ဆိုင်
#တရားအလှူ
#ပဌာန်း
#မဟာသမယသုတ်စေတီတည်နည်း
#ပါချုပ်ဆရာတော်
#သစ်တံခါးဆရာတော်
#တရားဟောတရားများ
#စာသင်တိုက်သုံးစာအုပ်များ
#ဗဟုသုတစာပေ
#ပိဋိကတ်သုံးပုံ
#ရသစာပေ
#ပဌာန်းကျမ်းကြီးငါးကျမ်း

မွေးနေ့ ဩဝါဒ မိန့်ကြားပေးပါရန် လျှောက်ထားသည့် ပုဂ္ဂိုလ် တစ်ဉီးအတွက် ပါမောက္ခချုပ်ဆရာတော်ဘုရား ချီးမြှင့်သည့် ဓမ္မလက်ဆောင...
10/10/2026

မွေးနေ့ ဩဝါဒ မိန့်ကြားပေးပါရန် လျှောက်ထားသည့် ပုဂ္ဂိုလ် တစ်ဉီးအတွက် ပါမောက္ခချုပ်ဆရာတော်ဘုရား ချီးမြှင့်သည့် ဓမ္မလက်ဆောင်

မွေးနေ့ ဩဝါဒ
————————

နေ့စဉ်ဘဝမှာ “မဂ္ဂ” လမ်းစဉ်အတိုင်း နေထိုင်နိုင်အောင် သတိပြု ကြိုးစားပါ။

▪️အပြောအဆို၊ ပြုလုပ်မှုနှင့် အသက်မွေးဝမ်းကျောင်းကိစ္စများ၌ ဓမ္မအတိုင်း ကျင့်သုံးခြင်း
▪️ဘဝ၏ သဘာဝအမှန်ကို သိရန် သတိ၊ သမာဓိဖြင့် ကြိုးစားခြင်း
▪️အမှန်တွေးခြင်းဖြင့် အမှန်သိအောင် လေ့လာသုံးသပ်ခြင်း။

ဤ မဂ္ဂလမ်းစဉ်သည် ဘဝဒုက္ခဟူသမျှ အဆုံးသတ်ပေးနိုင်သည်။

8.10.26
ပါမောက္ခချုပ်ဆရာတော်

ထပ်ဆင့်ပူဇော်ပါသည်

လယ်တီဆရာတော်ဘုရားကြီးရေးသား ပြုစု ကျင့်ကြံပွား များထားသော~~~~ "မဟာသရဏဂုံတော်ကြီး " ပါဠိတော် ရွတ်ဖတ်ပူဇော် **************...
09/10/2026

လယ်တီဆရာတော်ဘုရားကြီးရေးသား ပြုစု ကျင့်ကြံပွား များထားသော~~~~
"မဟာသရဏဂုံတော်ကြီး " ပါဠိတော် ရွတ်ဖတ်ပူဇော်
******************************
ရခြင်း အကျိူး း~~~~

# ငယ်စဉ်ကတည်းက ပုတီးစိပ် ခြင်း၊ဂါထာတော်များနှင့် ပရိတ်တရားတော်များ ရွတ် ဆို အဓိဌာန်ဝင်၊ ဂုဏ်တော် ပွားများခြင်းကိုဝါသနာထုံသည့်အလျှောက်~အိမ်ထောင်မကျမီကတည်းကပင် က်မ မိခင်ကြီး ခေါင်းဆောင်
ဖွဲ့စည်း ထားသော ပရိတ်အဖွဲ့ တွင် ဖိတ်ကြားသည့်
နေရာများသို့ သွားရောက် ရွတ်ဆိုပူဇော်ပေးရပါသည်။

~တစ်ရက်တော့ ဘုရားပင့်သည့်အိမ်သို့သွားရောက်ရွတ်ဖတ်ပူဇော်ယင်း
ရွှေကြက် (ပဲလှော်) မိသားစုမွ ၊ ပရိတ်အဖွဲ့အား အဆိုပါ မဟာသရဏဂုံတော်ကြီး ~~စာအုပ်ကိုဝေငှလိုက်၍
ဖတ်ကြည့်မိပါသည်။~ အကျိူး းမွာကား~~ တစ်ခါရွတ်ဖတ်ပူဇော်လျှင် တစ်ခါ နှလုံးသားထဲ~ စေတီတစ်ဆူတည် မိပြီးဖြစ်ကြောင်း နှင့်၊ ~ ၊မဟာသရဏဂုံ ကိုယ်လုံးခြုံပါက အာရုံနိမိတ်ထင်၍ ၊
အန္တရယ်ကင်း ကပ်ကျော်နင်း၊ ပေါခြင်း လာဒ်မဆိတ်၊
ဟူသော အကျိူးး ကို ဖတ်မိရာမှ~~
ရွတ်ဖတ်ပူဇော်ချင်စိတ်များ တစ်ဖွှားဖွှား ပေါ်လာပြီး၊
တစ်ရက်တစ်ခေါက်နနုး ဖြင့် (၁၀၈)ရက်၊ (၁၀၈)ခေါက် ပူဇော် ကြည့်ချင်လာပါ တယ်။~
ဆယ်တန်းစာမေးပွဲကလည်း ဖြေထားပြီး နားနေရတော့
ဘုရားမွာ (၁၀၈)ရက် မပျက်မကွက်စိပ်ပါမည်ဟု အဓိဌာန် ယင်း မပျက်မကွက် ရွတ်ဖတ်ခဲ့ပါတယ်။~
~ ပရိတ် အဖွဲ့ဝင်ဖြစ်တော့ မဟာသရဏဂုံတော်ကြီးကို ပူဇော်ရာတွင်သိပ်တော့ မခက်ခဲပါ။
အေလ့ အကျင့် မဖြစ်သေးခင်တော့ (၄၅)မိနစ်လောက်
အချိန်ယူရပါတယ်။~~
အလေ့အကျင့် ဖြစ်သွားတဲ့အခါ မိနစ် (၃၀)~ လောက်
သာ ရွတ်ဖတ်ပူဇော်ရပါတယ်။~ ပူဇော်နေစဉ် အရမ်းစိတ်ချမ်းသာပြီး ယုံကြည်မှူ အပြည့်ဖြင့် ဘာလုပ်လုပ် အဆင်ပြေနေပါတယ် ။ ~ဆယ်တန်း ကို
(B)~list ဖြင့် အကြိမ်ကြိမ် ပါ နေခဲ့ရာမှ~ မဟာသရဏဂုံတော်ကြီး ရွတ်ဖတ်ပူဇော်နေစဉ်အတွင်း ၊
ကာကွယ်ရေး ဝန်ကြီးဌာန ငွေစာရင်းရုံးမှာ အလုပ် ရရှိခဲ့ပါတယ်။ ~
ဘာစာမေးပွဲ တွေ ဖြေဖြေ၊~~~~ စာတွေဘယ်လောက်ကျက်ကျက် ၊ စာမေးပွဲဖြေယင်
ကျမ္မာရေးက နှောက်ယှက်၊ ကျက်ပြီးသားစာတွေ
စာမေးပွဲခန်းထဲ ဖြေနေစဉ်အကုန် မေ့ ၊ဖြေဆို ပြီးချိန်ကျမှ စာတွေ အကုန်ပြန်သတိရတယ့်အဖြစ်မို့ ၊ ငိုငိုပြီး အမြဲတမ်း စာမေးပွဲခန်းထဲက နေ~~~~~~
ထြက္လာတဲ့ က်မ ကို ၊ နားလည်တဲ့လူတွေက
သိုက်ဆက်၊ သိုက်ကြိုးဖြတ်ပါ ၊ စုံနေတာဘဲ အကြံတွေ
ညာဏ်တွေ ပေးကြတာ ၊~
(၁၀၈)~ရက်ရွတ်နေစဉ် အတွင်းတော့၊ စိတ်ချမ်းသာပြီး
အလုပ်တော့ ရသွားပါပြီ။ အလုပ်ရပြီးသိပ်မကြာပါ
ဆယ်တန်းအောင်စာရင်းတွေပြန်ထွက်လာတဲ့အခါ
က်မ ကွင်းလုံး ကျွတ်( A)~list နဲ့အောင်မြင်ခဲ့ပါတယ်။
အချိန်တို တစ်နှစ်အတွင်းမှာဘဲ အလုပ်မှ~ ရာထူးတိုးစာမေးပွဲ အဆင့်ဆင့်ကို ဖြေဆိုခွင့်~ ရရှိခဲ့ပြန်ပါတယ်။~~~
မဟာ သရဏဂုံတော်ကြီး အဓိဌာန်လည်း အောင်ခါနီးနေပါပြီ။ အရာရာဟာ တဖြည်းဖြည်း အဆင်ချောနေလျှက်~
အဓိဌာန်ပြီးမဲ့ရက်မှာ ရုံးတက်ရန်လာယင်း ၊မနက်စောစော~
ကိုးထပ်ကြီး ဘုရား သွားချင်စိတ်ပေါက်လာတာနဲ့
ရုံးနောက်ကျခံပြီး ကိုးထပ်ကြီးဘုရားသို့ သွားခဲ့ပါတယ်။
ဘုရားပေါ် ရောက် လိုက်တာနဲ့ က်မ မြင်ရတဲ့ မြင်ကွင်း
ကိုကြည့်ပြီး အရမ်း အံ့သြမိပါတယ်။
ဘုရားကြီး ရှေ့ နဖူးစည်းစာတမ်းက ~~
(၁၀၈)~ ကြိမ်မြောက် မဟာသရဏဂုံတော်ကြီး ပူဇော်
ပြဲ ပါတဲ့။ မြတ်စွာဘုရားကြီးအားလည်း အုန်းငှက်ပျောပွဲများ(၁၀၈)ပွဲဖြင့်လည်းကောင်း~ သောက်တော်ရေများဖြင့် လည်းကောင်း ခမ်းနားစွာ
ပူဇော်နေတာကို ကြည်ညိုစွာ မြင်တွေုရပါတယ်။
အံ့လည်းအံ့သြမိပါတယ်။ကျမလည်း ဘုရားကြီးမှာဘဲ
မဟာသရဏဂုံတော်ကြီး (၁၀၈)ခေါက်အဆုံးသတ်
အောင်မြင်ခဲ့ပါတယ်။ ထူးခြားတာက ဘုရားရှိခိုးပြီးလို့
ကိုယ့်ဘေးကိုကြည့်လိုက်တော့ ၊ ယောဂီဝတ်စုံဝတ်ပြီး
ဂတုံးနဲ့ ဥပဓိ ရုပ်ကောင်းကောင်း လည်ပင်း ပုတီးလုံး
အကြီးကြီးနဲ့ ပုဂ္ဂိုလ်တစ်ယောက် ကျမကိုပြုံးပြီး နုတ်ဆက်ပါတယ်။ စကားစမြည်ပြော ပါတယ်။
ပြီးတော့ ပိုက်ဆံလှူပါ လို့ အလှူ ခံလာပါတယ်။
ကျမလည်း ၁၅~ကျပ်တန် နှစ်ရွက် ထုတ်ပေးလှူ လိုက်ပါတယ်(။၁၅ ကျပ်တန်ဆိုလို့ (1988)ခန့်ကပါ )
အဲ့ဒီအဘ က အိတ်ထဲက ဘောပင်ထုတ်ပြီး ဟိုချစ်ဒီချစ်
လုပ်နေပါတယ်၊ တစ်ရွက်ကိုတော့ ~ အိတ်ထဲထည့်ပါတယ်။~~~
ပြီးတော့ တစ်ရွက်ကို ကျမကိုပြန်ပေးပါတယ်။
ကြည့့်လိုက်တော့ ~" အင်း"~~ရေးပေးသွားတာပါ။
တစ်သက်လုံး သိမ်းထားပြောပြီး~~ ထွက်သွားပါတော့တယ်။

ထူးခြားတာကတော့
က်မ ~ ဒီပိုက်ဆံလေးရပြီးနောက်ပိုင်း
ငွေရေးကြေးရေးနဲ့ပါတ်သက်ပြီး တစ်ဆစ်ချိူးး ပြောင်းလဲ
ခဲ့ပါတော့တယ်။~
ပင်ပင်ပမ်းပမ်း မလုပ်ရတာ ခုချိန်ထိ တဘဝ လုံးပါဘဲ။
သိုက်ဆက် လို့ပြောခံရလောက်အောင်~~ နှောက်ယှက်မှူတွေ ကလည်း မဟာသရဏဂုံတော်မြတ်
ပူဇော်ရသောအကျိူး းကြောင့် ဘာမွ အရာမထင်တော့ဘဲ
အလုပ်စာမေးပွဲ မ်ား လုပ်သားကောလိပ်စာမေးပွဲများကို
အခက်အခဲ မရှိ ဖြေဆို အောင်မြင်ခဲ့ပါတယ်။~
အိမ်ထောင်ရေးမှာလည်း အခက်အခဲ တစ်စုံတစ်ရာမတွေ့ခဲ့ရပါ။
ယခု အသက်ရလာချိန်မှာ အမြဲမပြတ် မဟုတ်ပေမဲ့
မကြာခဏတော့ ပူဇော်ဖြစ်ခဲ့ပါတယ်။
အကျိူ းလည်း များပါတယ်။~
ပူဇော်ကြည့်ကြပါလား ဓမ္မ မိတ်ဆွေတို့~
စိတ် ကြည်လင် သန့်ရှင်းပြီး၊
ကောင်းသော သူများနှင့် ကြုံဆုံ ရခြင်း
ကောင်းမြတ်သော အလှူများ ပြု ရခြင်း ကြောင့် သာသနာ အတွက် တစ်နိုင်တစ်ပိုင် အထောက်အပံ့ရ
ျြခင်း ၊ ~ရတနာ သုံးပါးကို သက်ဝင်ယုံကြည်ခြင်းကြောင့်
ရတနာ သုံးပါးက အမြဲမပြတ် စောင့်ရှောက်ခြင်းတည်း
ဟူသော အကျိူး း ကောင်းများ ရရှိ ခံစားကြရမည်မှာ
မလြဲ အမှန်ဖြစ်ပါပေကြောင်း ။~

သရဏဂုံ ကိုယ်လုံးခြုံ
အာရုံ နမိတ်ထင်
အန္တရယ်ကင်း ကပ်ကျော်နင်း
ပေါ ခြင်း လာဒ်မဆိတ် ပင် းးးးးးးးးးးးး

*********************************

သဒ္ဒာ တရာြး ဖင့်

မ ဟာ သ ရ ဏ ဂုံ တော် မြတ် ကြီး ကို ပူ ဇော် ပါ ၏။

မေတ္တာ ဖြင့် ဓမ္မ မိတ် ဆွေ တို့ ကို လက် ဆင့် ကမ်း ပါ
၏ ~

သ ရ ဏ ဂုံ ကိုယ် လုံး ခြုံ နိုင် ကြ ပါ စေ သော်~@
Aye Aye Thaw

အန်တီအေးအေးသော်ရဲ့တန်ဖိုးရှိတဲ့ post
လေးတစ်ခုပါ။မည်သူမဆို အယုတ်အလတ်
အမြတ်မရွေးဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်
သူတိုင်းကျင့်ကြံအားထုတ်လို့ရတဲ့ မဟာ
သရဏဂုံတော်ကြီးပါ။

Crd
Via...DrKyaw Htunwin.................. .. ..

အကျိုးတော်ဆောင်
တရားဓမ္မစာပေဖြန့်ဖြူးရေးနှင့် ဓမ္မဒါနကုသိုလ်ပြုအကျိုးတော်ဆောင်လုပ်ငန်း

ဥပ္ပါတသန္တိ ပါဠိ 🌺🌺🌺🌺🌺🌺🌺🌺🌺( ဥပ္ပါတသန္တိကျမ်း ဖြစ်စဉ် အကျဉ်း )💐💐💐💐💐💐💐💐💐သာသနာတော်နှစ် ၂၀၀၀-ကျော်တွင် ဇင်းမယ်ဘုရင် ကိုးကွယ်...
09/10/2026

ဥပ္ပါတသန္တိ ပါဠိ
🌺🌺🌺🌺🌺🌺🌺🌺🌺
( ဥပ္ပါတသန္တိကျမ်း ဖြစ်စဉ် အကျဉ်း )
💐💐💐💐💐💐💐💐💐
သာသနာတော်နှစ် ၂၀၀၀-ကျော်တွင် ဇင်းမယ်ဘုရင် ကိုးကွယ်သည့် အရှင်သီလဝံသ မထေရ်သည် ၂၇၁-ဂါထာပါသည့် ဥပ္ပါတသန္တိကျမ်းကို ရေးသားစီရင်ခဲ့သည်။
စီရင်ရခြင်းအကြောင်းမှာ ဇင်းရဲ၊ ဇင်းရှည်၊ ဇင်းမယ် ဟူသော ရှေးအခေါ် ပရိဘုဉ္ဇာတိုင်းကို အင်အားကြီးမားသော ရန်သူတို့ အန္တရာယ်ပြုသဖြင့် အရံအတားအလို့ငှါ စီရင်သည်ဟု ဆိုသည်။

ဇင်းမယ်တနိုင်ငံလုံးရှိ ရဟန်းရှင်လူ ပြည်သူအများတို့ ဥပ္ပါတသန္တိပါဠိတော်ကို နေ့ညမပြတ် ရွတ်ဖတ်ကြလေရာ စစ်ဘေးစစ်ရန်မှ ကင်းဝေးကြရပါသည်။

(ဥပ္ပါတသန္တိကျမ်းနှင့် မြန်မာနိုင်ငံ)
🌿🌿🌿🌿🌿🌿🌿🌿🌿
အင်းဝခေတ် ဗားမဲ့ဆရာတော်ကြီး ရေးသည့် မဟာသိဒ္ဓိကျမ်းတွင် ဥပ္ပါတသန္တိကျမ်း ပါ၀င်နေသဖြင့် ထိုအင်းဝခေတ်ကပင် ဥပ္ပါတသန္တိကျမ်း မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဟု သိရပါသည်။

သို့ဖြစ်၍ ဥပ္ပါတသန္တိကျမ်းသည် အတော်စောစောကတည်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဟု မှတ်သားရပါသည်။

( ထူးခြားချက်များ )
🍁🍁🍁🍁🍁
ဥပ္ပါတသန္တိကျမ်း၌ ၂၈-ဆူသော ဘုရားရှင်တို့၏ ဂုဏ်တော်များ၊ တရားတော်တို့၏ ဂုဏ်တော်များ၊ အဂ္ဂသာ၀၊ မဟာသာ၀က၊ ထေရာ ထေရီများ၊ တန်ခိုးကြီးနတ်၊ ဗြဟ္မာတို့၏ ဂုဏ်ကျေးဇူးများကို ရေးဖွဲ့ပူဇော်ထားပါသည်။

( သိမှတ်ဖွယ် )
⛅⛅⛅⛅
ဥ-ပုဒ်၊ ပါတ-ပုဒ်။
ပါတသဒ္ဒါသည် ကျခြင်း-ကျစေခြင်း-နိမ့်ခြင်း အနက်ကိုဟော၏။

ဥ-သဒ္ဒါသည် ထိုကျခြင်း-ကျစေခြင်း-နိမ့်ခြင်းကို တားမြစ်၏။

သို့ဖြစ်၍ ဥပ္ပါတ-သဒ္ဒါသည် ကျခြင်း-နိမ့်ခြင်း မရှိ၊ ပျံတက်ခြင်း၊ ခုန်တက်ခြင်း၊ မြင့်ခြင်း သဘောရှိ၏။

သန္တိ-သဒ္ဒါက ရှိခြင်း အနက်၊ ငြိမ်းခြင်းအနက်၊ နှစ်မျိုးကိုဟောရာ ဤ၌ ရှိခြင်းအနက် ဖြစ်၏။

သို့ဖြစ်၍ ဥပ္ပါတသန္တိ-ဟူသည် ကျခြင်း-နိမ့်ခြင်း သဘောမရှိ။ မြင့်ခြင်း၊ တက်ခြင်း သဘောသာရှိ၏ ဟူသည်တည်း။

( အကျိုးတရားများ )
🌟🌟🌟🌟🌟
ဥပ္ပါတသန္တိကျမ်းကို ရွတ်ဆိုခြင်းဖြင့် အောက်ပါအကျိုးတရားများ ရရှိနိုင်ကြောင်း ခံယူကြပါသည်။

(၁) ကပ်ကြီး ၃-ပါးမှ ကင်းလွတ်ခြင်း။

(၂) ရန်သူမျိုး ၅-ပါးမှ ကင်းဝေးခြင်း။

(၃) မကောင်းသော ဂြိုဟ်စီး ဂြိုဟ်နင်း ကံကြမ္မာမှ မှေးမှိန်လွတ်ကင်းခြင်း။

(၄) ကြောက်ရွံ့ထိတ်လန့်မှုမရှိခြင်း။

(၅) စစ်ပွဲတိုင်း အောင်မြင်နိုင်ခြင်း။

(၆) ဥပစ္ဆေဒကကံကြောင့် မသေနိုင်ခြင်း။

(၇) တန်ခိုးကြီး နတ်ဗြဟ္မာများ ကူညီစောင့်ရှောက်ခြင်း။

(၈) အိမ်သစ် ဆိုင်သစ်ဖွင့်ရာ၌ လာဘ်ရွှင်ခြင်း။

(၉) ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးခြင်း။

(၁၀) သူတပါးတို့ တန်ခိုးအာဏာ မိမိအပေါ် မလွှမ်းမိုးနိုင်ခြင်း အစရှိသည်တို့ ဖြစ်သည်။

သို့ဖြစ်၍ ဥပ္ပါတသန္တိကျမ်းကို ယုံကြည်သော သဒ္ဓါတရား၊ ထက်သန်သော ဇွဲလုံ့လတို့ဖြင့် နေ့ညမပြတ် ရွတ်ဆိုပူဇော်ကြလျက် ကောင်းကျိုးချမ်းသာအဖြာဖြာကို လက်၀ယ်ပိုင်ပိုင် ရယူနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပေသည်။

မော်တောင်ဆရာတော် (မြိတ်)
(မြတ်မင်္ဂလာ ၂၀၀၉-ခု မေလ)

Credit-Wai Phyo & Original Uploader

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
Credit...


အကျိုးတော်ဆောင်
တရားဓမ္မစာပေဖြန့်ဖြူးရေးနှင့် ဓမ္မဒါနကုသိုလ်ပြုအကျိုးတော်ဆောင်လုပ်ငန်း

Ai မှာ မဟာသတိပဌာနသုတ်လို့ရှာလိုက်တာ ဒီလိုလာပြပါတယ်။****************************မဟာသတိပဌာနသုတ္တန် (Mahasatipatthana Sutta...
09/10/2026

Ai မှာ မဟာသတိပဌာနသုတ်လို့
ရှာလိုက်တာ ဒီလိုလာပြပါတယ်။
****************************

မဟာသတိပဌာနသုတ္တန် (Mahasatipatthana Sutta) သည် ဗုဒ္ဓဘာသာ၏ အလွန်အရေးပါသော သုတ္တန်တစ်ခုဖြစ်ပြီး၊ တရားအားထုတ်ရာ၌ အခြေခံကျသော သတိပဌာန်တရားလေးပါးကို အကျယ်တဝင့် ဟောကြားထားသည်။

---

အခြေခံအချက်များ

၁။ ပါဠိတော်အညွှန်း

· ဒီဃနိကာယ်၊ သတိပဌာန်သံယုတ် (သို့) မဇ္ဈိမနိကာယ်တွင် ပါရှိသည်။
· မြန်မာနိုင်ငံတွင် "မဟာသတိပဌာနသုတ်" ဟု ခေါ်ဆိုလေ့ရှိပြီး၊ ဒီဃနိကာယ်၌ ပါသော ရှည်လျားသည့် ဟောကြားချက်ဖြစ်သည်။

၂။ ဟောကြားရာနေရာနှင့် သမိုင်း

· ဗုဒ္ဓမြတ်စွာသည် ကုရုနိုင်ငံ၊ ကမ္မဿဓမ္မမြို့တွင် ဟောကြားခဲ့သည်။
· ဤသုတ်ကို "ခန္ဓာကိုယ်၊ ခံစားချက်၊ စိတ်၊ တရား" ဟူသော နေရာလေးဌာန၌ သတိရှိရန် လမ်းညွှန်ချက်အဖြစ် တင်ပြထားသည်။

---

သတိပဌာန်လေးပါး

သုတ်တော်သည် သတိပဌာန် ၄ ပါးကို အသေးစိတ် ဖွင့်ဆိုထားပါသည်။

၁။ ကာယာနုပဿနာ (ခန္ဓာကိုယ်၌ သတိရှိခြင်း)

· အသက်ရှူမှုကို သတိပြုခြင်း (အာနာပါနဿတိ)
· ကိုယ်ဟန်များ (သွား၊ ရပ်၊ ထိုင်၊ လှဲ) ကို သိမြင်ခြင်း
· ကိုယ်၌ ပြည့်စုံသော သတိ (သုညတ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အမြင်ဖြင့် ရှုခြင်း)
· ကိုယ်တွင်းရှိ အညစ်အကြေးများ (ဆံ၊ မွေး၊ ခြေ၊ လက် စသည်) ကို ဆင်ခြင်ခြင်း
· ခန္ဓာကိုယ်ကို ဓာတ်ကြီးလေးပါး (ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော) အဖြစ် ရှုခြင်း
· သေဆဲသေလွန် ကိုယ်ကိုရှုခြင်း (အသွဘ)

၂။ ဝေဒနာနုပဿနာ (ခံစားချက်၌ သတိရှိခြင်း)

· ခံစားမှုအမျိုးမျိုး (သုခ၊ ဒုက္ခ၊ ဥပေက္ခာ) ကို သိမြင်ခြင်း
· အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဟု ခွဲခြားသိခြင်း
· ဝေဒနာ၏ ဖြစ်ပေါ်ခြင်း၊ ချုပ်ခြင်းကို သိခြင်း

၃။ စိတ္တာနုပဿနာ (စိတ်၌ သတိရှိခြင်း)

· စိတ်အခြေအနေ (ရာဂ၊ ဒေါသ၊ မောဟ၊ စင်ကြယ်၊ ကျုံ့၊ ပြန့် စသည်ဖြင့်) ကို သိမြင်ခြင်း
· စိတ်၏ ဖြစ်ပေါ်ခြင်း၊ ချုပ်ခြင်းကို သိခြင်း

၄။ ဓမ္မနုပဿနာ (တရား၌ သတိရှိခြင်း)

· နီဝရဏ ၅ ပါး (ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဓစ္စကုက္ကုစ္စ၊ ဝိစိကိစ္ဆာ) ကို သိခြင်း
· ခန္ဓာ ၅ ပါး (ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်) ကို ရှုခြင်း
· အာယတန ၁၂ ပါး (မျက်စိ၊ အဆင်း၊ နား၊ အသံ စသည်) ကို သိခြင်း
· ဗောဇ္ဈင် ၇ ပါး (သတိ၊ ဓမ္မဝိစယ၊ ဝီရိယ၊ ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ ဥပေက္ခာ) ကို ပွားခြင်း
· အရိယသစ္စာ ၄ ပါး (ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ) ကို သိမြင်အောင် ကြိုးစားခြင်း

---

သုတ်၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူး

· ဤသုတ်သည် သတိရှိမှု (sati) နှင့် ဆင်ခြင်တုံတရား (sampajañña) တို့ကို ပွားများစေရန် လမ်းညွှန်ပေးသည်။
· သတိပဌာန်လေးပါးကို ပွားများခြင်းဖြင့် နိဗ္ဗာန်သို့ တိုက်ရိုက်သွားနိုင်သော တစ်ခုတည်းသော လမ်း (ဧကယနော မဂ္ဂ) အဖြစ် ဟောကြားထားသည်။
· လက်တွေ့လမ်းစဉ်အနေဖြင့်၊ ဝိပဿနာတရားအားထုတ်ရာတွင် အခြေခံလမ်းညွှန်ချက်ဖြစ်သည်။

---

ထင်ရှားသော ဂါထာများ/အဆုံးအမ

"ဧကယနော အာယသ္မတော၊ သတိပဋ္ဌာနေသု စတ္တာရောသု သမ္မာ သတိံ ဥပဋ္ဌပဿ ဝိဟရတိ"
(မြတ်စွာဘုရားသည် သတိပဌာန်လေးပါး၌ ကောင်းစွာ သတိရှိကာ သမ္မာသတိကို မြဲမြံစွာ ထားတော်မူ၍ နေတော်မူ၏။)

---

ကျေးဇူးတင်လွှာ

မဟာသတိပဌာနသုတ်သည် ဗုဒ္ဓဘာသာဝင်များအတွက် တရားအားထုတ်ရန် အခြေခံလမ်းညွှန်ချက်တစ်ခုဖြစ်ပြီး၊ စိတ်၏ချုပ်တည်းမှု (သမာဓိ) နှင့် ဉာဏ်အမြင်တိုးပွားမှု (ဝိပဿနာ) အတွက် အုတ်မြစ်ချပေးသော သုတ္တန်ကြီးဖြစ်ပါသည်။

ဤသုတ်တော်ကို နက်ရှိုင်းစွာ လေ့လာလိုပါက မဟာသတိပဌာနသုတ် (မြန်မာပြန်၊ အဋ္ဌကထာ၊ ဋီကာများ) စာအုပ်များ ဖတ်ရှုရန် အကြံပြုပါသည်။

တနိုင်လှူချင်တဲ့သူလေးတွေအတွက်ဒီစာအုပ်လေးအဆင်ပြေပါတယ်ရှင် ညီမဆီမှာ ၁၅အုပ်ပဲကျန်ပါတော့တယ် တစ်အုပ်၂၀၀၀ ပါ Size ကြီးပါတယ်ရှင...
08/10/2026

တနိုင်လှူချင်တဲ့သူလေးတွေအတွက်ဒီစာအုပ်လေးအဆင်ပြေပါတယ်ရှင် ညီမဆီမှာ ၁၅အုပ်ပဲကျန်ပါတော့တယ် တစ်အုပ်၂၀၀၀ ပါ Size ကြီးပါတယ်ရှင် A4 size နီးပါးပါ🍀

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိသယအတိုင်း ဝိပသနာ ဉာတပရိညာ ပ+ဒု တွဲလေးရပါပြီရှင်
07/10/2026

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဥပနိသယအတိုင်း ဝိပသနာ ဉာတပရိညာ ပ+ဒု တွဲလေးရပါပြီရှင်

ပဌာန်း ပဉှာဝါရ ဘာသာပြန်နှင့် သဘော အဓိပ္ပါယ် စာအုပ်လေး အကျိုးတော်ဆောင်မှာရပါပြီနော်🌺🌹ပဉှာဝါရ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နည်း🌹🌺 ...
07/10/2026

ပဌာန်း ပဉှာဝါရ ဘာသာပြန်နှင့် သဘော အဓိပ္ပါယ် စာအုပ်လေး အကျိုးတော်ဆောင်မှာရပါပြီနော်

🌺🌹ပဉှာဝါရ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နည်း🌹🌺
••••••••••••••••••••••••••••••••••••••••••••••••••••••••••••

မဟာပဋ္ဌာန်းကျမ်းကြီး ၏ ပထမတွဲ
စာမျက်နှာ ၁၃၂ မှ ၁၆၄ အထိ ပါရှိသော
ပဋ္ဌာန်းဒေသနာတော်စာမျက်နှာများ ဖြစ်ပါသည်။

ပဥှာဝါရပါဠိတော်သည် မဟာပဋ္ဌာန်းကျမ်းတော်ကြီး၏ အစ ကုသလတိတ်မှာ ကုသိုလ်၊ အကုသိုလ်၊ အဗျာကတ တရားတို့ကို ၂၄ ပစ္စည်းဖြင့် ခွဲခြမ်းစိပ်ဖြာ၍ အကျယ်ဝေဖန်ရာ ဖြစ်သောကြောင့် အာဒိဒီပကနည်း (အစကို ညွှန်သဖြင့် အလုံးစုံကို သိသောနည်း) အရ ပဋ္ဌာန်းအဘိဓမ္မာ အားလုံးကို
သိမ်းကျုံးယူရာ ဖြစ်လေတော့သည်။

ယင်း ပဥှာဝါရ တရားတော်တို့ကို ရွတ်ဖတ်ပူဇော်ရင်း
အနက်အဓိပ္ပာယ်ကို ဆင်ခြင်သုံးသပ် ရှုပွားလျင်ပင်
ဓမ္မာနုပဿနာ သမထ ဘာ၀နာ ကမ္မဋ္ဌာန်း
ဖြစ်သောကြောင့် တရားအားထုတ်မှု
တရားထိုင်ခြင်းကိစ္စ ပြီးလေသည်။

ရှိရှိသမျှ သင်္ခါရ ရုပ်နာမ်တို့ကို မမြဲအနိစ္စ၊ ဆင်းရဲဒုက္ခ၊ အစိုးမရ အနတ္တဟာ ဆင်ခြင်သုံးသပ် ရှုပွားမှုသည်
၀ိပဿ နာ ကမ္မဋ္ဌာန်း ဖြစ်လေသည်။

ပဋ္ဌာန်းရွတ်ဖတ်နေစဉ် မိမိ၏ စိတ်မနော ဝိညာဉ်ကို အာရုဏ်ပြုကြည့်လျင် အာရုံတစ်ခုမှ တစ်ခုသို့ ပြောင်းနေသော သဘော၊ ပဋ္ဌာန်းဒေသနာတော်အပေါ်သို့ စိတ်ကို ရှေ့ရှုတင်နေသော ဝိတက်၊ ပဋ္ဌာန်းကို ဆင်ခြင်သုံးသပ်နေသော ဝိစာရ- နှစ်သက်မှု ပီတိ၊ ကိုယ်စိတ်ချမ်းသာ ကျေနပ်မှု သုခ၊ စိတ်တည်ကြည်မှု
သမာဓိကို ဖြစ်ပေါ်နေမည်။

ယင်းဝိတက် စသည်တို့သည် ပဋ္ဌာန်းစျာန်အင်္ဂါတို့ ဖြစ်သည်။ ယင်းတို့ကို ဖြစ်ပျက်၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟုရှုပွားလျင် ပိပဿနာဖြစ်လေသည်။ ယင်းဝိပဿနာသည် မဂ် ဖိုလ် နိဗ္ဗာန် ရရှိရန် ဦးစွာသော အကြောင်းတရားပင် ဖြစ်လေသည်။

အမြဲရွတ်ဖတ်ပူဇော်သူတိုင်း ကိုယ်တွေ့
ခံစားကြရသည်။ ထို့ထက် အဘိဓမ္မာ မဟာပဋ္ဌာန်း
ပါဠိတော်ကြီး၏ ဦးထိပ်တွင်ရှိသော ပဥှာဝါရ
ပဋ္ဌာန်းပါဠိတော်သည် ပိုမိုထူးကဲ၏၊ ပြည့်စုံ၏။ လူချမ်းသာ နတ်ချမ်းသာမက မျက်မှောက်ဘ၀၌ပင် မဂ်ချမ်းသာ၊ နိဗ္ဗာန်ချမ်းသာထိ ရရှိခံစားနိုင်သော ပဥှာဝါရ ပဋ္ဌာန်းပါဠိတော်ဖြစ်သည်။

ပဥှာဝါရကို ရွတ်ဖတ်ပူဇော်နေစဉ် စိတ်ဖြင့် အဓိပ္ပာယ်ကို အာရုံပြုညွတ်လျက် "သင်္ခါရေ-အနိစ္စတော၊ ဒုက္ခတော၊ အနတ္တတော၊ ဝိပဿတိ ဟု" ဆိုသည့်အတိုင်း ရုပ်နာမ်သင်္ခါရတို့၏ မမြဲအနိစ္စ၊ ဆင်းရဲဒုက္ခ၊ အစိုးမရ အနတ္တ ဟု ဆင်ခြင်သုံးသပ် ရှုပွားနိုင်သည်။
မိမိ၏ မမြဲသောစိတ်အစဉ်နှင့် အမြင်၊ အကြား၊
အာရုံငါးပါး စသည်များ၏ မမြဲ၊ ဆင်းရဲ၊ အစိုးမရသော၊ အကြောင်းကြောင့် အကျိုးဖြစ်ရသော သဘောများကို သိရှိနိုင်ပေသည်။
ဒိဋ္ဌိပြုတ်လွယ်၍ အပါယ်တံခါးကို လျင်မြန်စွာ
ပိတ်စေနိုင်သော ပဥှာဝါရ ပဋ္ဌာန်းဒေသနာတော်ပင် ဖြစ်သည်။

ဦးဇင်း ပြောချင်တာက ပဌာန်းပဉှာဝါရ ရွတ်မှ
မဟုတ်ပါဘူး။
ပဌာန်းကျမ်း ( ၅ ) ကျမ်းကို တစ်ပိုင်တနိုင်နေ့စဉ်
ပူ‌ဇော်ပေးရင် ပို၍ကောင်းပါတယ်။

ပဌာန်း( ၅ )ကျမ်းကို နံပါတ်စဉ် အလိုက်
နောက်ကျရင် ဦးဇင်း အားလပ်အချိန်လေးတွေမှာ
အမြဲတင်ဆက်ပေးမှာပါ။

တရားဓမ္မတွေလေ့လာကျင့်သုံးနေတဲ့ ဓမ္မမိတ်ဆွေ
ဆိုရင်တော့ ဦးဇင်း အကောင့်မှာ ဆင်ပြေပါတယ်။
တရားဓမ္မစာပေ ဗဟုသုတက လွဲ၍ဘာမှ
မတင်ပါဘူး။
တချို့ တရားဓမ္မ ဗဟုသုတ Groups တွေမှာလည်း
ဦးဇင်း မျှဝေပေးပါတယ်။
အဲဒါကလည်း အများသိပြီးအများ ပူဇော်ပွားများ
နိုင်ပါစေ ကုသိုလ်ရပါစေ ဆိုတဲ့စိတ်နဲ့ပါ။

ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သူအပေါင်း ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒတွေ ပြည့်ဝကြပါစေ။

#အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

#ပြန်လည်မျှဝေခြင်းဖြင့်ဓမ္မကုသိုလ်ယူကြပါ

(မကွေး) အရှင်ကောဝိဒ

🅲🆁🅴🅳🅸🆃

နောက်ဘဝအဆက်ဆက်မှာမြင့်သွားမယ့် ပုဂ္ဂိုလ်တွေဖြစ်ချင်ရင်မှန်မှန်ကန်ကန် ရှာဖွေ စားသောက် နေထိုင်ဖို့ အရေးကြီးလှပါတယ်။လောကကြီ...
07/10/2026

နောက်ဘဝအဆက်ဆက်မှာ
မြင့်သွားမယ့် ပုဂ္ဂိုလ်တွေဖြစ်ချင်ရင်

မှန်မှန်ကန်ကန် ရှာဖွေ စားသောက် နေထိုင်ဖို့ အရေးကြီးလှပါတယ်။

လောကကြီးက ဘယ်လိုပဲ
ကမောက်ကမဖြစ်စေကာမူ
မဟုတ်တာလုပ်လို့ ကြီးပွားတဲ့ပုဂ္ဂိုလ်က
တစ်ခဏမျှသာ ဖြစ်ပြီးတော့

မှန်မှန်ကန်ကန် ကြီးပွားဖို့အတွက်
ရုန်းကန်နေရတဲ့ ပုဂ္ဂိုလ်ဟာ ရုန်းကန်နေရသော်လည်းပဲ....

ဒုက္ခ ပင်လယ်ဝေစေတတ်တဲ့ '' အကုသိုလ်တွေ ''
သူ့မှာ မရှိဘူး ၊ မရှိသည့်အတွက်ကြောင့်
သူခံရတဲ့ ဒုက္ခဟာ တစ်ခဏမျှသာ ဖြစ်တယ် ။

တစ်ခဏအနေအားဖြင့် ကြည့်မယ်ဆိုရင်တော့
ခဲခဲယဥ်းယဥ်းအသက်မွေးရလို့ ဒီဘဝမှာ
နိမ့်ကျသယောင်ယောင် ရှိသော်လည်းပဲ
'' နောင်ဘဝ အဆက်ဆက်မှာ မြင့်သွားမယ့်
ပုဂ္ဂိုလ်တွေ '' ပါ ။

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

#ငြိမ်းချမ်းကြပါစေ

#ရန်သူမျိုးငါးပါးဘေး

#ကပ်ကြီးသုံးပါးဘေးအပေါင်းမှ

#အခါခပ်သိမ်းငြိမ်းအေး

#လွတ်မြောက်ကြပါစေ....🙏

ဘေကုသိုလ်ရှင်
ဆေးကုသိုလ်ရှင်များ
ဓမ္မဒါနကုသိုလ်တွေထပ်တူရပါစေ 🙏

Address

Bahan
Yangon
189143

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when အကျိုးတော်ဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share