Ko Arkar

Ko Arkar ကားပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး
ဘုရင့်နောင်ကားပစ္စည်းဈေးရန်ကုန်မြို့
ဆက်သွယ်ရန် 09950374168viber
ရုံက(၁၉)အခန်း(၁၃)ရန်ကုန်မြို့

10/06/2026

Sold out (မြောက်ဒဂုံ)သို့
Solio absအုံ ဝယ်ယူအားပေးမှုကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျ ဆက်သွယ်မှာယူလိုပါက 09972091074/09950374168/09794517003

10/06/2026

မိတ်ဆွေစစ်ကို နိမ့်ပါးချိန်မှာ သိပါလိမ့်မယ်

ကျွန်တော်တို့ ဘဝတွေမှာ
မိတ်ဆွေအပေါင်းအသင်း ဘယ်လောက်များများ
တကယ့် မိတ်ဆွေစစ်ဆိုတာက
အင်မတန် နည်းပါလိမ့်မယ်။

သင်သတိထား ကြည့်ရင် သိနိုင်ပါလိမ့်မယ်။
မိတ်ဆွေ အစစ်အမှန် မဟုတ်တဲ့သူတွေက
မင်းအဆင်မပြေဘူး ဒုက္ခရောက်တယ်
ဆိုတဲ့ သတင်းကြားတာနဲ့
လမ်းမှာတွေ့ရင်တောင် ရှောင်ဖယ်သွားကြလိမ့်မယ်။

မမြင်ချင်ယောင်ဆောင် သွားတတ်ကြတယ်။
ဒါဆိုရင် သင် သဘောပေါက်လိုက်ပါတော့။
သင်ဟာ သူတို့အတွက် လိုသုံးဖြစ်နေပြီဆိုတာ။

ရှောင်လွှဲ မရလို့ ထိပ်တိုက်တွေ့ရင်တောင်
မကောင်းတတ်လို့ နှုတ်ဆက်တာမျိုးလောက်တော့
သင်တွေ့ရလိမ့်မယ်။
ဒါက အဲ့ဒီလူမျိုးတွေရဲ့ အမူအကျင့်ပဲ။

မိတ်ဆွေ အစစ်အမှန် မဟုတ်တဲ့သူတွေက
မင်းအဆင်ပြေနေတယ်ဆိုတဲ့ သတင်းကြားတာနဲ့
" ဒီလိုလူမျိုး ခဏပါကွာ
အရင်လို အခြေအနေမျိုး ပြန်ရောက်သွားမှာပါ"ဆိုတဲ့
စကားမျိုးတွေနဲ့ အတင်းပြောကြလိမ့်မယ်။
မင်းအဆင်ပြေနေတာကို
သူတို့က ဘဝင်မကျဖြစ်နေတတ်တယ်။

မိတ်ဆွေ အစစ်အမှန် မဟုတ်တဲ့သူတွေက
မင်းအဆင်မပြေ ဖြစ်နေတာ ကျရှုံးနေတာ
ဒုက္ခဆင်းရဲ ဖြစ်တာကိုပဲ မြင်ချင်ကြတယ်။
ပြီးရင် ကြိတ်ပြီး ဝမ်းသာနေလိမ့်မယ်။
သင့်ရှေ့မှာတော့ နှစ်သိမ့်ပေးတာတွေကိုတော့
ဟန်ပြ လုပ်ပြကြလိမ့်မယ်။

ဒါကြောင့် မင်းရဲ့ မိတ်ဆွေ​ အစစ်အမှန်တွေကို
ရှာတွေ့ချင်ရင် ဒုက္ခဆင်းရဲ ဖြစ်ကြည့်လိုက်ပါ။
မင်းဘ၀ရဲ့မိတ်ဆွေ အတုတွေက
နှင်စရာမလိုပဲ အဝေးကို ထွက်သွားလိမ့်မယ်။

အခက်အခဲတွေ ဒုက္ခတွေနဲ့ ကြုံတွေရတဲ့အခါ
မင်းအတွက် စစ်မှန်တဲ့ မိတ်ဆွေက
ဘယ်သူတွေလဲဆိုတာ သိရပါလိမ့်မယ်။
ဒုက္ခဆင်းရဲက မိတ်ဆွေစစ်ကို ဖော်ပြပေးတယ်။

အဲ့ဒီအချိန်ကျရင် သူတို့က သင့်ရှေ့မှာ
မားမားမတ်မတ် ရပ်တည်ပေးကြလိမ့်မယ်။
သင်လဲကျရင် ဆွဲထူကြလိမ့်မယ်။
သင့်ကို သူတို့တတ်နိုင်တဲ့ဘက်က ကူညီကြလိမ့်မယ်။
ဒါက မိတ်ဆွေစစ်ရဲ့ အမူအကျင့်ပါ။

မင်းဘ၀မှာ အပေါင်းအသင်း
ဘယ်လောက်များများ
မိတ်ဆွေ အစစ်မှန်က အတော်လေးကို
ရှားပါလိမ့်မယ်။
လောကမှာ မိတ်ဆွေစစ်ရှိရင်
အခက်အခဲ အတော်များများကို
အလွာ်တကူ ကျော်ဖြတ်နိုင်ပါလိမ့်မယ်။

အပေါ်ယံ ချိုနေတိုင်း ကောင်းပြနေတိုင်း
မိတ်ဆွေစစ် မဖြစ်နိုင်ပါဘူး။
အပေါ်ယံလောက်နဲ့လည်း မဆုံးဖြတ်သင့်ပါဘူး။
အပေါ်ယံ ချိုနေတာကို မျောပါမသွားစေနဲ့။
ဒါကိုလည်း သတိထားဖို့ လိုပါလိမ့်မယ်။

ဒါကြောင့် မိတ်ဆွေစစ်ကို ပိုင်ဆိုင်ထားရင်
တန်ဖိုးထားပါ။ မိတ်ဆွေစစ်က ရှားလို့ပါ။
သူ့တန်ဖိုးကို မေ့လျော့နေတာမျိုး မဖြစ်စေနဲ့။

တခါတလေ ကျွန်တော်တို့တွေက
အဝေးကို လှမ်းမျှော်ကြည့်ရင်းနဲ့
ကိုယ့်ရဲ့အနားက တန်ဖိုးရှိတဲ့သူကို
မမြင်တတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

လူအတော်များများက
အလွယ်တကူ ရနေရင်လည်း
တန်ဖိုး မထားတတ်ကြပါဘူး။
အဲ့ဒီအထဲမှာ ကိုယ်မပါ စေနဲ့။

ကိုယ်ကတော့ အလွယ်တကူ ရတယ်ဆိုပေမယ့်
သူဖက်က ဘယ်လောက် ခက်ခဲခဲ့ရတယ်ဆိုတာ
သင် မသိတာမျိုးလည်း ရှိနေနိုင်ပါတယ်။
သူ့ကိုယ်တိုင် အခက်အခဲဖြစ်နေတဲ့ကြားက
သင့်ကို ကူညီတာမျိုးလည်း ဖြစ်နိုင်တယ်။

ဒါကြောင့် အလွယ်ရတယ်ဆိုတိုင်း
တန်ဖိုးမထားတာမျိုး မလုပ်မိစေနဲ့။
လွယ်တာဖြစ်ဖြစ် ခက်ခဲတာပဲဖြစ်ဖြစ်
တန်ဖိုးထားသင့်တာကို တန်ဖိုးထားရပါမယ်။
တန်ဖိုးရှိတာကို တန်ဖိုးရှိမှန်းသိပါစေ။
လောကမှာ မိတ်ဆွေစစ်က တန်ဖိုးကြီးမားပါတယ်။

with respect - crd

03/06/2026

ကြောက်စရာကောင်းတဲ့လူ ...
သူ့ အိမ်က
ပိုကောင်းတယ်လို့
ပင့်ကူ အချင်းချင်း မတွေးကြဘူး။
သူ့ အသံက
ပိုချိုတယ်လို့
ဥဩ အချင်းချင်း မတွေးကြဘူး။
သူ့ အတောင်ပံက
ပိုလှတယ်လို့
လိပ်ပြာ အချင်းချင်း မတွေးကြဘူး။
သူ့ အရောင်က
ပိုလင်းတယ်လို့
ကြယ် အချင်းချင်း မတွေးကြဘူး။
သူက အမှတ်ပိုများတယ်
သူက အလုပ်ပိုကောင်းတယ်
သူက ရာထူးပိုမြင့်တယ်
သူက နာမည်ပိုကြီးတယ်
သူက ပိုသာတယ်
သူက ပိုတော်တယ်
သူက ပိုတယ်
လူအချင်းချင်း တွေး
လူအချင်းချင်း တွန်း
လူအချင်းချင်း တိုက်ကြတယ်။
ကူ မလိုနဲ့ ယူ
ထူ မလိုနဲ့ ခြူ
ခြေထိုး ပြီးမှ ရှေ့တိုးတက်တာ လူ။
လျှာဖျားမှာ မေတ္တာတရား
နှလုံးသားက မစ္ဆရိယပွားတာ လူ။
ဆင်းရဲတာကြားရင် အားရ၊
မျက်ရည်ကျတာမြင်ရင် ပျော်ကြတာ လူ။
ပင်လယ်ရေကို မောင်ပိုင်စီး
ဝန်တိုလောင်မီးနဲ့
မနာလိုစိတ်ကြီးတာ လူ။
လူ လူ လူ
ကြောက်စရာကောင်းတဲ့ လူ။
ဪမေ့လို့
"ငါ"ဆိုတဲ့ကောင်ကလည်း
အဲဒီလူတွေထဲက "လူ"
အဲ့လို လူ မဖြစ်အောင်
ဆင်ခြင်နေရတဲ့ ငါ့လိုလူ

02/06/2026

စိတ်ဓါတ် မပျော့ညံ့ စေနဲ့

02/06/2026

ကိုယ့်ရဲ့အခြေအနေ (သို့မဟုတ်) ကိုယ့်ရဲ့ခံစားချက်မကောင်းဖြစ်တဲ့အခါ တစ်ဖက်လူ၊ တစ်ဖက်အခြေအနေတစ်ခုအပေါ် အမြဲအပြစ်တင်တတ်တာက... ကိုယ့်ဘဝကိုယ် ပြန်ထိန်းချုပ်ဖို့မကြိုးစားပဲ ရှောင်ပြေးနေတာနဲ့တူပါတယ်။

【ကိုယ့်ဘဝကိုယ် ပြန်မထိန်းချုပ်ရင်၊
ရလဒ်တွေကမပြောင်းလဲနိုင်ပါဘူး】

【ရလဒ်တွေမပြောင်းလဲတဲ့အခါ
နောက်ဆက်တွဲပါလာမှာကတော့ စိတ်ဓာတ်ကျတာပဲဖြစ်ပါတယ်】

ကိုယ့်ရဲ့အခြေအနေ၊ ကိုယ့်ရဲ့ခံစားချက်တွေဆိုတာ ကိုယ့်တာဝန်ပဲဖြစ်တယ်ဆိုပြီး လက်ခံစိတ်မွေးပါ။ အပြစ်တင်ခြင်းဆိုတဲ့ အလွယ်ဆုံးအလုပ်ကနေ ရုန်းထွက်ပါ။ ဒါက စိတ်ဖိစီးမှုနည်းတဲ့ဘဝတစ်ခု ဦးတည်ရာခြေလှမ်းအစဖြစ်ပါတယ်။

စာအုပ်အပြည့်အစုံ Letting Go (Ebook) ကို Private Readers Club မှာဝင်ဖတ်နိုင်ပါတယ်ခင်ဗျာ။

𝐏𝐫𝐢𝐯𝐚𝐭𝐞 𝐑𝐞𝐚𝐝𝐞𝐫𝐬 𝐂𝐥𝐮𝐛 အကြောင်း
https://www.facebook.com/reel/900502862575774

မင်္ဂလာပါ🙏09950374168 Viberကားကိုယ်စီကိုယ်စီ စီးနေကြတဲ့ ခေတ်မှာ မိမိကားဘဲ အောက်ပိုင်းခဏခဏလဲနေရလို့ စိတ်ညစ်နေပါသလား.?  #ဂ...
30/05/2026

မင်္ဂလာပါ🙏09950374168 Viber
ကားကိုယ်စီကိုယ်စီ စီးနေကြတဲ့ ခေတ်မှာ မိမိကားဘဲ အောက်ပိုင်းခဏခဏလဲနေရလို့ စိတ်ညစ်နေပါသလား.?

#ဂျပန်ကျဖြစ်ရမယ် ပစ္စည်းအရေးအသွေးလည်းကောင်းမွန်ရမယ် ဆိုရင်တော့ ိုင်လေးမှ ကြိုဆိုလိုက်ပါတယ်ခဗျာ
စျေးနှုန်းချိုသာမှုနဲ့အတူ ပစ္စည်းအရည်အသွေးကိုပါ တာဝန်ယူအာမခံရောင်းချပေးနေတဲ့ဆိုင်လေးဖြစ်တာမို့ 100%ယုံကြည်စိတ်ချစွာဝယ်ယူအားပေးလို့ရနိုင်ပါတယ်ခဗျ
အင်ဂျင်+ဂီယာဘောက်
ရှေ့တန်း+နောက်တန်း
Butterfly ကိုင်း+ဘောဂျွိုင်း
အရှေ့ ဟက်ဘော+ဟက်ထိုင်+ဟက်ဒရမ်
ပါဝါဂန်း
ကွိုင်ရှော့ဘား
4w ကရောင်း
ဒူးဇစ်.....စသည့် အောက်ပိုင်းနှင့်ပက်သက်သမျှကို တာဝန်ယူမှု တာဝန်ခံမှုပေး၍ ရောင်းချပေးသော ဆိုင်လေးဖြစ်တာမို့ မိမိကားအတွက် စိတ်ပူစရာမလိုတော့ဘူးနော်
Pk..

Japan car auto spare parts

အင်ဂျင် ဂီယာ အောက်ပိုင်းအပိုပစ္စည်းအမျိုးမျိုးအား တနေရာထည်းမှာဝယ်ယူခြင်တယ်ဆိုရင်တော့ ကျွန်နော့ကိုသာဆက်သွယ်ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ဗျာ😅

ရန်ကုန်မြို့တွင်းဆိုရင် ကယ်ရီနှင့်ပို့ဆောင်ပေးပါတယ်
နယ်များကိုလဲသက်ဆိုင်ရာဂိတ်များဖြင့်ပို့ပေးပါတယ်ခင်ဗျာ #
လူကြီးမင်းများဆိုင်တွင်ကိုယ်တိုင်လာရောက် ဝယ်ယူအားပေးလိုပါက

🏘️Address: ရုံကြီး(က/၁၉)၊ အခန်း(၁၃)၊ ဘုရင့်နောင်ဈေးကြီး၊ ရန်ကုန်မြို့။

ငွေပေးချေရာတွင်လည်းလွယ်ကူလျင်မြန်စေရန် K pay Wave pay ဖြင့်လည်ပေးဆောင်နိုင်ပါသည်း။

phone 09 950374168Viber 09972091074 09794517003




(Bayinttaung Market)

လူကြီးမင်းတို့အတွက်အသုံးလိုတဲ့အချိန်ရှာရလွယ်အောင်like&shareလေးလုပ်ပီးသိမ်းထားပေးကြပါအုံးခင်ဗျ 😍

တစ်ဦးချင်းဆီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခဗျ 🙏

ဖုန်းဆက်သွယ်မေးမြန်းလိုပါက
Pk
09950374168

21/05/2026

❝နည်းလမ်းမကျတဲ့ ဆုံးဖြတ်ချက်တွေကို ရပ်တန့်နည်း❞

လူသားတွေဟာ နည်းလမ်းမကျတဲ့ ရွေးချယ်မှုနဲ့ ရှေ့နောက်မညီတဲ့ အပြုအမူတွေကို နေ့တိုင်းလိုလို ပြုလုပ်နေကြပါတယ်။ ဒါပေမဲ့ သိပ်ပြီးတော့ သတိပြုမိလှတာ မဟုတ်ပါဘူး။ တစ်ခါတလေ ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ ဆန္ဒတွေဟာ နည်းလမ်းကျရဲ့လားဆိုတာ လုံးဝကို သတိမထားမိတတ်ကြတာလဲ ရှိပါသေးတယ်။

လူတွေဟာ သူတို့ကြုံတွေ့ရတဲ့ သေးငယ်တဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ထင်မြင်ယူဆချက်တွေ ပြုလုပ်တတ်ကြပါတယ်။ အဲဒီလို ကိုယ်ပိုင်အတွေ့အကြုံပေါ်ကနေ ကောက်ချက်ဆွဲမိခြင်းက အမှားမှားအယွင်းယွင်းတွေ ဖြစ်စေတတ်ပါတယ်။

ဒီလို အမှားမှားအယွင်းယွင်း ကောက်ချက်ဆွဲမိတာကို Heuristics လို့ ခေါ်ပါတယ်ဗျ။
Heuristics ကို...
1. အတိတ်အတွေ့အကြုံတွေကို ထပ်တူကိုယ်စားပြုပြီး ကောက်ချက်ချခြင်း
2. စိတ်ထဲမှာ အလွယ်တကူရှိနေတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ကောက်ချက်ချခြင်း
3. ကိုယ့်စိတ်ထဲအရင်ရောက်လာတဲ့ ပြဿနာနဲ့ဘာမှမဆိုင်တဲ့ အချက်အလက်ကိုသုံးပြီး ကောက်ချက်ချခြင်း
4. စိတ်ကူးပုံဖော်ထားတဲ့ ထင်မြင်ယူဆချက်တွေ
ဆိုပြီး အုပ်စု(၄)ခု ထပ်ခွဲလို့ရပါတယ်။

လူသားတွေဟာ ကောက်ချက်ဆွဲတာအပြင် ခန့်မှန်းတွက်ချက်မှုတွေလဲ လုပ်တတ်ကြပါတယ်။ ဒါပေမဲ့ အဓိပ္ပါယ်မရှိတဲ့ သတင်းအချက်အလက်တွေကြောင့် မှားယွင်းတဲ့ ခန့်မှန်းမှုတွေကိုသာ မကြာခဏ လုပ်မိလေ့ရှိကြပါတယ်။ ဖြစ်ပြီးသားကိစ္စတစ်ခုခုကို သိရှိပြီးချိန်မှာ ခိုင်မာတဲ့သက်သေထပ်မရှာတော့ဘဲ အတိအကျ ခန့်မှန်းနိုင်သယောင်ယောင် ထင်တတ်ကြတယ်မဟုတ်လား။ ဒါဟာအတော်လေး အန္တရာယ်များတဲ့ကိစ္စပါ။

ဒါကြောင့် မရေရာမသေချာတဲ့ စွန့်စားခန့်မှန်းမှုတွေကို တတ်နိုင်သလောက်လျှော့ချပြီး လူတွေရဲ့ ဆုံးဖြတ်ချက်ချမှတ်မှုဆိုင်ရာကို လွှမ်းမိုးသက်ရောက်မှုကြီးမားတဲ့ "Prospect theory" နဲ့ "ဆင့်ပွားသီအိုရီ"တွေအကြောင်းကို နားလည်ထားဖို့လိုပါတယ်။ တကယ်တော့ ဒီသဘောတရားတွေအားလုံးဟာ Behavioral economics လို့ခေါ်တဲ့ အမူအကျင့်ဆိုင်ရာ ဘောဂဗေဒပညာရပ်ကို အခြေခံထားတာဖြစ်ပါတယ်။

-----------
ShweNote Publishing House ကနေ ထွက်ရှိထားတဲ့
📌 ပျော်ရွှင်အောင်မြင် စိတ်ထားအလှဆင်
📌 မျက်ကွယ်ပြုလို့ မရလောက်အောင် ထူးချွန်ပြလိုက်ပါ။
စာအုပ် (၂) ကို မှာယူချင်တယ်ဆိုရင်တော့
𝐒𝐡𝐰𝐞𝐍𝐨𝐭𝐞 𝐏𝐮𝐛𝐥𝐢𝐬𝐡𝐢𝐧𝐠 𝐇𝐨𝐮𝐬𝐞 ရဲ့ Page Messenger မှာ
အမည်၊ ဖုန်းနံပါတ်၊ လိပ်စာနဲ့တကွ မှာယူ အားပေးနိုင်သလို
📞𝟬𝟵𝟵𝟰𝟬𝟬𝟴𝟰𝟰𝟰𝟰 ကို ဆက်သွယ်မှာယူလို့ လဲရပါတယ်ခင်ဗျာ။


#စာဖတ်ခြင်းဖြင့်_ဘဝကိုမြှင့်တင်ပါ
#ပျော်ရွှင်အောင်မြင်_စိတ်ထားအလှဆင်
#မျက်ကွယ်ပြုလို့_မရလောက်အောင်_ထူးချွန်ပြလိုက်ပါ

Address

Bayaint Naung
Yangon

Website

Alerts

Be the first to know and let us send you an email when Ko Arkar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share