THOON's Creation

THOON's Creation ART & CRAFT WORSHOPS

Cozy Vibe, Crafting Mind,
Create All The Time!

20/08/2026

Clay Workshop Participant တွေနဲ့ Tik Tok Trend Join ဖြစ်တာလေးပါ။🤭

🌱Clay Workshop🌱 Recap✨တိမ်ပုံစံ လုပ်မယ်ဆိုပြီး ပန်းသီးဖြစ်သွားလိုက်၊😁ကြယ်ပုံဖန်တီးရင်းနဲ့ ကြယ်ငါး ဖြစ်သွားလိုက်နဲ့... 😁W...
19/08/2026

🌱Clay Workshop🌱 Recap✨

တိမ်ပုံစံ လုပ်မယ်ဆိုပြီး ပန်းသီးဖြစ်သွားလိုက်၊😁
ကြယ်ပုံဖန်တီးရင်းနဲ့ ကြယ်ငါး ဖြစ်သွားလိုက်နဲ့... 😁
Workshop တစ်လျှောက်လုံး အတူတူ ရယ်မောခဲ့ကြရတဲ့ ပျော်စရာ အမှတ်တရလေးတွေပေါ့!✨

ဩဂုတ် ၁ရက်နေ့နဲ့ ၂ရက်နေ့က Turquoise Mountain Myanmarမှာလုပ်ခဲ့တဲ့ Clay Workshop မှာတော့ သူငယ်ချင်း အုပ်စုလိုက်လေးတွေရယ်✨၊ချစ်စရာ အချောအလှလေးတွေရယ်နဲ့ ✨အတူတူ ဖန်တီးဖြစ်ခဲ့ကြပါတယ်။အဝေးကြီးကနေ တကူးတက လာရောက်အားဖြည့်ပေးကြလို့ အထူးပဲ ကျေးဇူးတင်ပါတယ်။🫶

"ဒီရက်ပိုင်း အလုပ် pressure တွေ အရမ်းမိနေတာ... အခုမှပဲ အသက်ရှူ ချောင်သွားတော့တယ်!"ဆိုတဲ့ စကားသံလေးတွေ ကပဲ THOON's Creation ကို ရှေ့ဆက်ဖို့ ခွန်အားအပြည့် ပေးနေတာပါ။ 🥰

ပြီးခဲ့တာတွေကို ငေးကြည့်ရင်း မကျန်ခဲ့ချင်ဘူးဆိုရင်တော့...😁
လာမယ့် ၂၂ရက်နေ့နဲ့ ၂၃ရက်နေ့ စနေ၊တနင်္ဂနွေပိတ်ရက်မှာ 🌱Clay Workshop🌱 ထပ်ရှိဦးမှာမို့ ပါ၀င်လို့ရပါသေးတယ်နော်။ 😉

Workshop Details ကြည့်ရန်👇
https://www.facebook.com/share/p/1Hf6HCBr77/

ခဏခဏမေးနေကြတဲ့ 🌱Clay Workshop🌱 ပြန်လာပြီနော်!အလုပ်ကိစ္စ ကျောင်းကိစ္စတွေနဲ့စိတ်ဖိစီးနေသမျှကို ခဏလောက် မေ့ထားပြီး မြေရနံ့သ...
18/08/2026

ခဏခဏမေးနေကြတဲ့ 🌱Clay Workshop🌱 ပြန်လာပြီနော်!

အလုပ်ကိစ္စ ကျောင်းကိစ္စတွေနဲ့စိတ်ဖိစီးနေသမျှကို ခဏလောက် မေ့ထားပြီး မြေရနံ့သင်းသင်း သဘာဝရွှံ့နဲ့ ကိုယ့်ရဲ့စိတ်အပန်းဖြေချိန်တစ်ခု ဖန်တီးလိုက်ရအောင်!🤗

"တစ်ခါမှမလုပ်ဖူးဘူး၊ Art & Craft လည်း ဝါသနာမပါဘူး..." ဆိုပြီး လုံးဝ စိတ်မပူပါနဲ့နော်။🤭 အခြေခံကစပြီး အနီးကပ် လမ်းညွှန်ပေးမဲ့ Instructorရှိတာမို့ အစကနေ အဆုံးထိ ကိုယ်ပိုင် Idea လေးအတိုင်း Freestyle စိတ်ကြိုက် ဖန်တီးရုံပါပဲရှင့်။🤗

📌Venue: COFFEE DATE(Kyauk Myaung)
📌Location: မလွှကုန်းလမ်း၊ကျောက်မြောင်း။
📌Fees: 25,000 MMK Per Person
(COFFEE DATE ရဲ့ Signature Coffee တစ်ခွက်လည်း ပါ၀င်ပြီးသားနော်။)

📌Session 1 - 22.8.2026(Saturday)
10:00 AM to 12:00 PM
📌Session 2 - 23.8.2026(Sunday)
10:00 AM to 12:00 PM
📌(Session နှစ်ခုထဲမှ အဆင်ပြေရာ Session တစ်ခုကို ရွေးချယ် တက်ရောက်နိုင်ပါတယ်။)

လူဦးရေ အကန့်အသတ်ရှိတာမို့
အမြန်ဆုံး Register လုပ်ဖို့မမေ့ပါနဲ့နော်။😉
Registration Form 👇https://docs.google.com/forms/d/1etqlv6cF5KJliWzj8te-snuMT1O85dlugWOZcxI4KbQ/viewform

နောက် Clay Workshop တွေဆို Fees နည်းနည်းတက်တော့မှာမို့ ဈေးမတက်ခင် အလည်လာခဲ့ဖို့ သတိပေးလိုက်တယ်နော်။😉

🎨 Glass Bottle Painting Workshop🖌️✨Recap✨မနေ့က Cloud 31 Art Gallery  မှာ ပြုလုပ်ခဲ့တဲ့ Glass Bottle Painting Workshop လေ...
17/08/2026

🎨 Glass Bottle Painting Workshop🖌️✨Recap✨

မနေ့က Cloud 31 Art Gallery မှာ ပြုလုပ်ခဲ့တဲ့ Glass Bottle Painting Workshop လေးကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီရှင့်။✨

ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းအုပ်စုလိုက်လေးတွေ လာရောက်ပါဝင်ပေးခဲ့ကြလို့ တကယ့်ကို စည်ကားခဲ့ပါတယ်။ 🤗
ဖန်ပုလင်းတွေပေါ်မှာ ရေးဆွဲခဲ့ကြတဲ့ လက်ရာကလည်း ချစ်စရာ Cartoon Characters တွေကနေ အနုစိတ် ပန်းချီကားချပ်တွေ၊ပန်းခင်းတွေအထိ လက်ရာမြောက်ချက်။😘

ဒါ့အပြင် Cloud 31 ရဲ့ ရနံ့မွှေးမွှေး ရွာငံနှပ်ကော်ဖီရယ်၊စိမ့်စိမ့်လေးနဲ့ စားလို့ သိပ်ကောင်းတဲ့ ပူတင်းတို့ရဲ့ ဧည့်ခံမှုကလည်း အရမ်းကို Perfect ဖြစ်ခဲ့ပါတယ်။ ☕️🍮
မနေ့က အတူတူ ဖန်တီးခဲ့ကြတဲ့ အမှတ်တရ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 📸✨

ကျန်ခဲ့တဲ့သူတွေလည်း စိတ်မပူနဲ့နော်!နောက်ထပ် Glass Bottle Painting Workshop လေးကို စက်တင်ဘာလထဲမှာ ပြန်လုပ်ပေးသွားဦးမှာမို့လို့ စောင့်ကြည့်ပေးကြပါဦးရှင့်။

See you all in the next workshop! 👋🤍

ပြီးခဲ့တဲ့ ဥပုသ်နေ့က Slow Sip Cafe မှာလုပ်ပေးခဲ့တဲ့ Glass Bottle Painting Workshop ဖြစ်ပါတယ်။✨လက်ရာတွေကတော့ အနုစိတ် လှပန...
17/08/2026

ပြီးခဲ့တဲ့ ဥပုသ်နေ့က Slow Sip Cafe မှာလုပ်ပေးခဲ့တဲ့
Glass Bottle Painting Workshop ဖြစ်ပါတယ်။✨

လက်ရာတွေကတော့ အနုစိတ် လှပနေရော။😘
ပါ၀င်ခဲ့တဲ့ Participants တွေလည်း ဘ၀အမောပြေကြမယ်လို့ မျှော်လင့်ပါတယ်။
နောက် Workshop အတွက် စောင့်မျှော်ပေးကြပါအုံးရှင့်။😉

12/08/2026

လာမဲ့ တနဂ်နွေပိတ်ရက်လေးမှာ ဖန်ပုလင်းဆေးခြယ်ရမယ့် Glass Bottle Painting Workshop ပြန်ရှိပါမယ်နော်။ ။🤗
ပန်းချီဆွဲတတ်စရာမလိုပါဘူးနော်။အဓိကက အလုပ်ဖိအား၊ စာမေးပွဲဖိအားတွေကို ခဏမေ့ပစ်ပြီး ကိုယ့်ရဲ့ စိတ်ကူးတွေကို လွတ်လပ်စွာ ပုံဖော်ဖို့ပဲ လိုပါတယ်။🎨🖌️
လိုတာမှန်သမျှ Instructorက အနီးကပ် သေချာပြသပေးသွားမှာမို့လို့ Beginner လေးတွေလည်း စိတ်အေးချမ်းသာစွာနဲ့ လာရောက် Mind Relax လုပ်လို့ရပါတယ်နော်။🌱

Workshop Details ကြည့်ရန်အတွက်👇https://docs.google.com/forms/d/1s7zRQUhWruYsdBPr42BavHFNu6quLO5XIGaScR6GWCE/viewform

🎨 Glass Bottle Painting Workshop🎨 ✨Recap✨ပြီးခဲ့တဲ့ တနဂ်နွေနေ့က Cloud 31 Art Gallery မှာ ပြုလုပ်ခဲ့တဲ့ Glass Bottle Pain...
11/08/2026

🎨 Glass Bottle Painting Workshop🎨 ✨Recap✨

ပြီးခဲ့တဲ့ တနဂ်နွေနေ့က Cloud 31 Art Gallery မှာ ပြုလုပ်ခဲ့တဲ့ Glass Bottle Painting Workshop ရဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေ မျှဝေလိုက်ပါတယ်နော်။🥰

Gallery Vibe အပြည့်နဲ့ Cozy အဝန်းလေးထဲမှာ ဖန်ပုလင်းလေးတွေကို အတူတူ ဆေးရောင်ခြယ်ရင်း အတူတူ ဖန်တီးခဲ့ကြတယ်။ပါဝင်တက်ရောက်ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်နော်!🤗

ပြီးတော့ Cloud 31ရဲ့ ရွာငံနှပ်ကော်ဖီပူပူနဲ့ ပူတင်းလေးရဲ့ အရသာတွဲဖက်မှုကတော့ တကယ်ကို Perfect ပါပဲ။အားလုံးလည်း သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်! ☕️🍮

See you all in the next workshop!🌱

ဖန်ပုလင်းလေးတွေပေါ်မှာ ကိုယ့်စိတ်ကူးအတိုင်း အရောင်ခြယ်ပြီးမီးကြိုးလေးတွေကြောင့်လင်းထိန်သွားမယ့် ✨Glass Bottle Painting W...
10/08/2026

ဖန်ပုလင်းလေးတွေပေါ်မှာ ကိုယ့်စိတ်ကူးအတိုင်း အရောင်ခြယ်ပြီးမီးကြိုးလေးတွေကြောင့်လင်းထိန်သွားမယ့် ✨Glass Bottle Painting Workshop လေး ပြန်လာပါပြီ!✨

"စနေနေ့ မဟုတ်ဘဲ ဥပုသ်နေ့မှာပါ လုပ်ပေးပါ" ဆိုပြီး တောင်းဆိုထားကြတဲ့သူလေးတွေအတွက် ဒီတစ်ခေါက်မှာတော့ ဥပုသ်နေ့နဲ့ တနင်္ဂနွေနေ့ နှစ်ရက် စီစဉ်ပေးထားပါတယ်။

ပန်းချီ လုံးဝမဆွဲတတ်ဘူး ဆိုပြီးလည်း စိုးရိမ်နေစရာမလိုပါဘူးနော်။အဓိကက အလုပ်ဖိအား၊ စာမေးပွဲဖိအားတွေကို ခဏမေ့ပစ်ပြီး ကိုယ့်ရဲ့ စိတ်ကူးတွေကို လွတ်လပ်စွာ ပုံဖော်ဖို့ပဲ လိုပါတယ်။

လိုတာမှန်သမျှ Instructorက အနီးကပ် သေချာပြသပေးသွားမှာမို့လို့ Beginner လေးတွေလည်း စိတ်အေးချမ်းသာစွာနဲ့ လာရောက် Mind Relax လုပ်လို့ရပါတယ်နော်။

နှစ်ရက်၊ နှစ်နေရာခွဲ စီစဉ်ပေးထားတဲ့အတွက် အဆင်ပြေတဲ့ရက်၊နေရာ ကိုရွေးချယ် ပါ၀င်လို့ရပါတယ်။🤗

Day 1 (ဥပုသ်နေ့)
📌 Date : 13.8.2026 (Thursday)
📌 Time : 10:00 AM – 12:00 PM
📌 Location : Slow Sip Cafe
📌၃၇လမ်း၊အလယ်ဘလောက်၊ကျောက်တံတားမြို့နယ်။
📌 Fees : 22,000 MMK
☕(Slow Sip Cafe ရဲ့ Latte ပူပူလေးတစ်ခွက်လည်း ပါ၀င်ပါတယ်နော်!)
📌 Registration Form https://docs.google.com/forms/d/1RoKaohbt1QO_qwmN7mePV3N6Dy0bxXhz0ZqH4377L1o/viewform

Day 2 (တနဂ်နွေနေ့)
📌 Date : 16.8.2026 (Sunday)
📌 Time : 10:00 AM – 12:00 PM
📌 Location : Cloud 31 Art Gallery
📌(အမှတ် ၁၅၈၊ ၄၅ လမ်း၊ ဗိုလ်တထောင်မြို့နယ်)
📌 Fees : 22,000 MMK
🍮(ရွာငံနှပ်ကော်ဖီ မွှေးမွှေးလေးနဲ့ ပူတင်း စိမ့်စိမ့်လေး ပါပြီးသားနော်!)
📌Registration Form https://docs.google.com/forms/d/1s7zRQUhWruYsdBPr42BavHFNu6quLO5XIGaScR6GWCE/viewform

စိတ်ရောလူရော အပန်းဖြေရင်း ကိုယ်တိုင်ဖန်တီးထားတဲ့ Light-up Glass Bottle လှလှလေးကို အိမ်ပြန်ယူသွားဖို့ Registration Form ကနေ အခုပဲ စာရင်းလာသွင်းလိုက်တော့နော်။ ။ 📥

🎨Glass Bottle Painting Workshop ✨Recap✨မနေ့က 𝐂𝐎𝐅𝐅𝐄𝐄 𝐃𝐀𝐓𝐄 - 𝖘𝖎𝖓𝖈𝖊 𝟐𝟎𝟐𝟐 မှာ ပြုလုပ်ခဲ့တဲ့ Glass Bottle Painting Workshop က...
09/08/2026

🎨Glass Bottle Painting Workshop ✨Recap✨

မနေ့က 𝐂𝐎𝐅𝐅𝐄𝐄 𝐃𝐀𝐓𝐄 - 𝖘𝖎𝖓𝖈𝖊 𝟐𝟎𝟐𝟐 မှာ ပြုလုပ်ခဲ့တဲ့ Glass Bottle Painting Workshop ကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီနော်။✨

လင်းလင်းလက်လက် ဖန်ပုလင်းပေါ်မှာ အတူတူဖန်တီးရင်း ပါ၀င်ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်!🤗
ပြီးတော့ Workshopမှာ ဧည့်ခံပေးခဲ့တဲ့ COFFEE DATE ရဲ့ Signature Coffee မွှေးမွှေးလေးနဲ့ Cookies အရသာကတော့ တကယ်ကို Perfect ပါပဲနော်။ကြိုက်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။☕🍪✨

မနေ့က အတူတူ ပျော်ခဲ့ရတဲ့ပုံရိပ်တွေနဲ့ တောက်ပတဲ့ လက်ရာတွေကို အမှတ်တရအဖြစ် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ။ 📸

See you all in the next workshop! 👋🤍

03/08/2026

ဖန်ပုလင်းလေးတွေပေါ်မှာ ကိုယ့်စိတ်ကူးအတိုင်း အရောင်ခြယ်ပြီးမီးကြိုးလေးတွေကြောင့်လင်းထိန်သွားမယ့် ✨Glass Bottle Painting Workshop✨ ဖြစ်ပါတယ်။
ဩဂုတ်လ ၈ရက်နေ့နဲ့ ၉ရက်နေ့မှာ Workshop ရှိပါမယ်နော်။🤗
Workshop Details ကြည့်ရန်အတွက်👇
https://www.facebook.com/share/p/1SLNofUJKR/

Address

Yangon

Opening Hours

Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when THOON's Creation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share