Cuoria

Cuoria 🍀 “📚 Cuoria ✨ –💁 Empowering Myanmar youth through knowledge, motivation, business & leadership.✨
🌟 Read. Learn.

Lead.
💡 Inspiring confident, skilled, and visionary leaders for a brighter Myanmar.”✨🍀

28/11/2025

🍃ဘဝရဲ့ ပြောင်းလဲမှု့တွေကို ရင်ဆိုင်နိုင်ဖို့
ဒီလိုစာအုပ်လေးတွေ ဖတ်ဖို့အတွက်
အကြံပြုချင်ပါတယ်🍃

မင်မင်တို့ဆီမှာ ဒီစာအုပ်လေးတွေကို ယုံကြည်စိတ်ချစွာ မှာယူလို့ရနေပါပြီနော်🤗

စာအုပ်ရဲ့ တန်ဖိုးလေးတွေက 10000မကျော်တာမို့ ဒီလို တန်ဖိုးရှိတဲ့ စာအုပ်​လေးတွေ ဖတ်ရမှာမို့အရမ်းတန်နေပြီနော်☺

#စာပေကမ္ဘာ

သင့်ရဲ့ အတိတ်ဒဏ်ရာတွေ၊ အသည်းကွဲမှုတွေကနေ ရုန်းထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေချင်ပါသလား....?💓"လွှတ်ချတတ်ရင် ငြိမ်းချ...
27/11/2025

သင့်ရဲ့ အတိတ်ဒဏ်ရာတွေ၊ အသည်းကွဲမှုတွေကနေ ရုန်းထွက်ပြီး ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေချင်ပါသလား....?💓

"လွှတ်ချတတ်ရင် ငြိမ်းချမ်းပြီး
စွန့်လွှတ်တတ်ရင် လွတ်မြောက်ပါတယ်"

“မျက်ရည်တွေမှာလည်း သူ့တန်ဖိုးနဲ့သူ ရှိပါတယ်။ မျက်ရည်တွေကို တန်ဖိုးမဲ့အောင် မလုပ်ပါနဲ့”

ဒီစာအုပ်ထဲမှာ . . .
အငိုတိတ်စေမယ့် နည်းလမ်းတွေ၊ ခံစားချက်ကို
ချရေးနိုင်ဖို့အတွက် မေးခွန်းတွေ၊ အတွင်းစိတ် ငြိမ်းချမ်းစေမယ့် နည်းလမ်းတွေ

အသည်းကွဲခြင်းကို ကုစားနည်းတွေ၊ စိတ်ခွန်အားဖြစ်စေမယ့် ပုံပြင်တွေ၊ စိတ်ခွန်အားပေး စာသားတွေ၊ မနာလိုစိတ်ကို ပယ်ဖျက်နည်းတွေ

စိတ်ဒဏ်ရာကို ကုစားနည်းတွေ၊ ဘဝ ရှင်သန်နည်းတွေ၊ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေနည်းတွေ များစွာပါဝင်ပါတယ်။

6000mmk

#မျက်ရည်လွယ်သောသူများဖတ်ဖို့
#သော်တာမင်း

25/11/2025

🍃 "ရင့်ကျက်တဲ့သူဟာ
တစ်ယောက်တည်းပဲရှိတော့တဲ့ အချိန်မှာတောင်
ရိုးသားဖြောင့်မတ်ခြင်းနဲ့အတူ
ရပ်တည်နိုင်စွမ်းရှိတဲ့သူ ဖြစ်တယ်"😊🍃

စာအုပ်လေး မှာယူလို့ရနေပါပြီနော်
Price-6000

#စာပေကမ္ဘာ

ကောက်ကျစ်တဲ့သူတွေပဲလူမုန်းများမယ်ထင်ခဲ့တာတကယ်တော့ရိုးသားလွန်းတဲ့သူတွေကိုလည်းတော်တော်များများကမလိုလားကြပြန်ဘူး...လောကမှာ ...
21/11/2025

ကောက်ကျစ်တဲ့သူတွေပဲ
လူမုန်းများမယ်ထင်ခဲ့တာ
တကယ်တော့
ရိုးသားလွန်းတဲ့သူတွေကိုလည်း
တော်တော်များများက
မလိုလားကြပြန်ဘူး...

လောကမှာ
ပျင်းတဲ့သူတွေကိုပဲ
လူတွေမကြိုက်ကြဘူးလို့ထင်ခဲ့တာ
တကယ်တော့
တကယ်ကြိုးစားတဲ့သူတွေကိုလည်း
ကြည့်မရကြပြန်ဘူး...

လောကမှာ
တုံးအတဲ့သူတွေပဲ
အထင်သေးခံရတယ်ထင်ခဲ့တာ
တကယ်တော့
ထက်မြက်တဲ့သူတွေကိုလည်း
အမြင်ကပ်ကြပြန်ရော..

လောကမှာ
အရည်အချင်းမရှိတဲ့သူတွေကိုသာ
နေရာမပေးချင်ဘူးထင်ခဲ့တာ
တကယ်တော့
အရည်အချင်းရှိတဲ့သူကျတော့လည်း
မနာလိုဖြစ်နေပြန်ရော...

တကယ့်လက်တွေ့လောကမှာ
လူတစ်ယောက် ကောင်းမကောင်း
သတ်မှတ်တဲ့စံနှုန်းဟာ
သူတို့အလိုကို ဘယ်လောက်အထိ
လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲ
တိုင်းတာလာကြတော့တာပဲ...

အရေးကြီးဆုံးကတော့
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ..

Price -12000

#လူ့သဘောလူ့မနော
#မောရိသျှ


#စာအုပ်စာပေ

တစ်ပါးသူကြောင့် မိမိတန်ဖိုး မမဲ့စေနဲ့....ကိုယ့်ဘက်က ဘယ်လောက်ပဲ ကောင်းနေပါစေ တစ်ဖက် လူက တန်ဖိုးမသိရင် အလကားပါ။မိမိတန်ဖိုး...
18/11/2025

တစ်ပါးသူကြောင့် မိမိတန်ဖိုး မမဲ့စေနဲ့....

ကိုယ့်ဘက်က ဘယ်လောက်ပဲ ကောင်းနေပါစေ တစ်ဖက် လူက တန်ဖိုးမသိရင် အလကားပါ။

မိမိတန်ဖိုးကို သိတဲ့၊ မြင်တဲ့ အရပ်မှာသာ နေထိုင်ပါ။ မိမိတန်ဖိုး ပိုမြင့်စေပါလိမ့်မယ်။

တန်ဖိုးမသိတဲ့အရပ်မှာ ရှိနေရင် မိမိကိုယ်တိုင် လှည့်ထွက် လာခဲ့ပါ။ ပြန်ငဲ့နေရင် မိမိစိတ်ကလေး ပိုနာကျင်နေလိမ့်မယ်။

စိတ်နေကောင်းမှ လူကျန်းမာတာ။

ကျန်းမာမှ မိမိလုပ်ချင်တာတွေကို ပျော်ရွှင်စွာ လုပ်နိုင်မှာပါ။

“ငါ ပြောသမျှ...

ငါ လုပ်ပေးသမျှ...

ငါ့တန်ဖိုးကို သိလာမှာပါလေ” လို့ မျှော်လင့်မနေပါနဲ့။ တန်ဖိုးမသိတဲ့သူတွေက မိမိဘက်က ဘယ်လိုပဲ လုပ်ပေးလုပ်ပေး၊ ဘယ်လိုပဲ ကောင်းပေးကောင်းပေး သူတို့ရဲ့ စိတ်က လေးနက်မှု မရှိတဲ့အတွက် မိမိစိတ်ကလေးသာ ပိုပင်ပန်းရတတ်ပါတယ်။စိတ် ပင်ပန်းတာက စိတ်ရော ကိုယ်ပါ ရုပ်ကျစေတယ်။

ဒါကြောင့် တန်ဖိုး မသိတဲ့သူအနားကနေ ရအောင် လှည့် ထွက်လိုက်ပါ။

အစမှာတော့ နေရခက်ပြီး နာကျင်ရပေမဲ့ မကြာခင် မိမိ စိတ်ကလေး ကျန်းမာ လှပလာပါလိမ့်မယ်။

အဓိကက စိတ်ကလေး ကျန်းမာဖို့ကိုသာ ပိုဂရုစိုက်ပါ။

Price - 7000

#နွေးနွေးရတနာ
#နောင်တကင်းအောင်နေတတ်ပြီလား

"မနေ့ကထက် ပိုချစ်တယ်" #စာညွှန်း'ချစ်တယ်' တဲ့စိတ်ကိုနွေးထွေးပြီး ခွန်အားဖြစ်စေတဲ့ စကားလုံးလေးမို့'အချစ်'ဆိုတဲ့ လုံခြုံနွေ...
14/11/2025

"မနေ့ကထက် ပိုချစ်တယ်"
#စာညွှန်း

'ချစ်တယ်' တဲ့
စိတ်ကိုနွေးထွေးပြီး ခွန်အားဖြစ်စေတဲ့ စကားလုံးလေးမို့'အချစ်'ဆိုတဲ့ လုံခြုံနွေးထွေးတဲ့ရပ်ဝန်းလေးတစ်ခုမှာ လူတိုင်း ပျော်ရွှင်ခွင့် ရှိပါတယ်။

#ဒါ့ကြောင့်...

🔶 ကိုယ့်အပေါ်ချစ်ပေးကြသူတွေအတွက် အချိန်ပေးနိုင်ဖို့ ကြိုးစားမယ်။

🔶 ကိုယ့်အတွက် အမြဲတွေးပေးတတ်တဲ့သူတွေအတွက် လက်ဆောင်ကောင်းတွေ ဖန်တီးမယ်။

🔶 ကိုယ့်ဘဝအတွက် အရေးမပါတာတွေကိုတော့ လုံးဝဂရုမစိုက်တော့ဘူး။

#ပြီးတော့...

🔶 ကိုယ့်ကိုယ်ကိုယ် မနေ့ကထက် ဒီနေ့ ပိုပိုချစ်ပြီး အတောက်ပဆုံး ရှင်သန်မယ်။

#ဟုတ်ပါတယ်။

'ဘယ်သူ့ကို အချစ်ဆုံးလဲ'လို့ မေးရင် 'ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံး' လို့ ဖြေချင်ပါတယ်။

ဒါအမှန်တရားပဲ ဖြစ်တယ်။

#ဖောက်ပြန်ပြောင်းလဲနေတဲ့ ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်ခွင့်ရတဲ့ နေ့ရက်တိုင်းအတွက် မနေ့ကထက် ဒီနေ့ ပိုချစ်ပါတယ်...ဆိုပြီး အမုန်းတရားတွေ၊ အထီးကျန်အလွမ်းတွေ၊ မွန်းကြပ်မှုတွေ၊ ပူလောင်မှုတွေနဲ့ ဝေးရာကို အရောက်သွားရင်း နွေးထွေးတဲ့ရပ်ဝန်းလေးတစ်ခု ဖန်တီးစေချင်တဲ့စေတနာ၊ အေးချမ်းတဲ့ ခံစားချက်လေးနဲ့ စိတ်ကြည်လင်စေချင်တဲ့စေတနာတွေ များစွာနဲ့ အကြံပြု အားပေးထားတဲ့ စာအုပ်ကောင်းလေးတစ်အုပ်ဆိုပါတော့...။

#တန်ဖိုး-၅၀၀၀

#မိုးကောင်းမြေ စာပေ
#ဆောင်းချစ်
#စာပေကမ္ဘာ

13/11/2025

တကယ်ချစ်တက်လာရင် ကျေးဇူးတင်တက်လာတယ် ...
သူနဲ့ဆုံတွေ့ခွင့်ပေးခဲ့တဲ့အတွက် ကံတရားကြီးကိုပေါ့🥰

မှာလို့ရပါပြီရှင့်🤗

တန်ဖိုး #5000
#စာပေကမ္ဘာ

နေစဉ်နဲ့အမျှ လူတွေနဲ့ ဆက်ဆံပြောဆို နေထိုင်ကြရတယ်။ ဒီလိုအခါမျိုးတွေမှာ လူအားလုံးဟာ မင်းထင်ထားသလို သဘောထားတွေ မရိုးရှင်းကြ...
12/11/2025

နေစဉ်နဲ့အမျှ လူတွေနဲ့ ဆက်ဆံပြောဆို နေထိုင်ကြရတယ်။ ဒီလိုအခါမျိုးတွေမှာ လူအားလုံးဟာ မင်းထင်ထားသလို သဘောထားတွေ မရိုးရှင်းကြဘူး၊ ဟန်ဆောင်ကျတယ်၊ မာယာတွေသုံးကျတယ်...။

မင်းရေ အရမ်းကြီးရိုးအနေတာမျိုးမဖြစ်ပါစေနဲ့နော်..၊
လူသဘာဝတွေအကြောင်း မာယာ လှည့်ဖျားမှုတွေအကြောင်း၊ မင်းမသိသေးတဲ့ မင်းထင်မထားလောက်တဲ့ အကြောင်းအရာနက်နဲမှုတွေ ဒီစာအုပ်တွေထဲမှာရှိတယ်။

မင်းအသုံးမချတောင် မင်းသိထားဖို့ကောင်းတဲ့အကြောင်းအရာတွေပေါ့ ....။

# တန်ဖိုး 14000

#လူ့သဘောလူ့မနော
#အာဏာစက်
#သိထားသင့်တဲ့အကြောင်းအရာတွေ
#စာအုပ်စာပေ #စာပေကမ္ဘာ

"အရွယ်ရှိတုန်း အချိန်မဖြုန်းနဲ့"တချို့လူငယ်တွေရဲ့ ဘဝကို အားကျပြီး သူတို့ လုပ်သလို မလုပ်နိုင်ခဲ့တဲ့ အရာတွေကြောင့် အများကြ...
12/11/2025

"အရွယ်ရှိတုန်း အချိန်မဖြုန်းနဲ့"
တချို့လူငယ်တွေရဲ့ ဘဝကို အားကျပြီး သူတို့ လုပ်သလို မလုပ်နိုင်ခဲ့တဲ့ အရာတွေကြောင့် အများကြီး စိတ်ပင်ပန်းနေတုန်းပဲ လား။ တချို့လူငယ်တွေ တိုးတက်နေချိန်မှာ တိုးတက်မှုမရှိတဲ့ ကိုယ့် ကိုယ်ကိုယ် ပြန်ကြည့်ရင်း သိမ်ငယ်စိတ် ဝင်နေတုန်းပဲလား..။

တချို့ လူငယ်တွေ အားပါးတရ ကြိုးစားပျော်ရွှင်နေချိန်မှာ အခုထိ အနာဂတ် ပျောက်သလို ခံစားနေရပြီး ဘဝကြီးကို ဖြစ်သလို နေနေတုန်းပဲလား..။

ဒီလိုသာ လုပ်စရာရှိတာမလုပ်ဘဲ သူတစ်ပါးရဲ့ ဘဝတွေကို အားကျပြီး ကိုယ့်ကိုယ်ကိုယ် အသုံးမကျသလိုလို၊ အနာဂတ်မရှိတော့ သလိုလို တွေးတောခံစားနေမယ်ဆိုရင် နောင် နှစ်ပေါင်းများစွာ ကြာတဲ့ အခါ သင် သေချာပေါက် ဒုက္ခရောက်ပါလိမ့်မယ်။

လူငယ်ဘဝဟာ သိပ်ကို တန်ဖိုးကြီးပါတယ်။ ငယ်ရွယ်မှုဟာ အချိန်အကန့်အသတ်နဲ့ ရှိပါတယ်။ တချို့အရာတွေဟာ လူငယ်ဘဝမှာပဲ လုပ်လို့ရတာပါ။

သင့်အနေနဲ့ ငယ်ရွယ်တုန်းမှာ လုပ်စရာရှိတာ မလုပ်ဘဲ လမ်းပျောက်နေလို့ပါ ဆိုတဲ့ စကားတွေကို တွင်တွင်သုံးပြီး အေးအေးဆေးဆေးနေမယ်ဆိုရင် သင်တစ်ယောက်တည်း နောက်ကျ ကျန်ခဲ့ပါလိမ့်မယ်။

တချို့လူငယ်တွေ ကြိုးစားနေကြပါပြီ။ တချို့လူငယ်တွေက သင့်လိုအကြောင်းပြချက်တွေ ပေးမနေဘဲ ပညာတွေကို အစွမ်းကုန် ရှာဖွေနေကြပါပြီ။ သင်တန်းတွေ အများကြီးတက်၊ စာတွေအများကြီး ဖတ်ပြီး ပိုမိုကောင်းမွန်တဲ့ ဘဝကို ရရှိစေဖို့ နည်းလမ်းတွေ ရှာဖွေ နေကြပါပြီ။

သင်ရော ဘယ်တော့များမှ ကြိုးစားမှာပါလဲ။ ဘယ်အချိန် ရောက်မှ အသိတရားဝင်မှာပါလဲ။ ဘယ်လောက်အထိ အချိန်တွေ ဖြုန်းနေမှာပါလဲ။

ငယ်ရွယ်မှုဟာ ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပါ။ ကျွန်တော် တို့ ဘဝကို ကျွန်တော်တို့ အကောင်းဆုံးဖန်တီးဖို့ဆိုရင် အခုလို ငယ်ရွယ် နေတဲ့အချိန်ဟာ အကောင်းဆုံးပါပဲ။ ဒါကြောင့် ငယ်ရွယ်ချိန်မှာ အချိန် မဖြုန်းဘဲ တစ်နေ့ထက် တစ်နေ့ ပိုတိုးတက်အောင် ကြိုးစားပါ။

အခက်အခဲတွေဆိုတာ တစ်ယောက်တည်းကြုံတွေ့နေရတာ မဟုတ်တာမို့ အဲဒီ အခက်အခဲတွေကို နည်းနည်းလေးမှ မမှုဘဲ ရှေ့ဆက် သွားပါ။ ကျွန်တော်တို့ လူငယ်တွေဆိုတာ တစ်ချိန်ချိန်မှာ မိဘတွေရဲ့ အားကိုးရာ၊ မိသားစုရဲ့ အားထားရာ ဖြစ်လာမယ့် သူတွေမို့ အခု ကတည်းက လွယ်လွယ်လေးနဲ့ ပြိုလဲနေလို့ မရပါဘူး။ သန်မာရပါမယ်။ ကြိုးစားရပါမယ်။ ရုန်းကန်ရပါမယ်။

ဘယ်လိုအနေအထားမှာပဲ ဖြစ်ဖြစ် ကြိုးစားမှုတွေကို ရပ်တန့် ပစ်လိုက်လို့ မရပါဘူး။ ဆက်သွားနေရပါမယ်။ ကြိုးစားနေရပါမယ်။ ပင်ပန်းနေခဲ့တယ်ဆိုရင်တောင် မိသားစုအတွက်ဆိုတဲ့ အသိနဲ့ ရှေ့ဆက် နေရပါမယ်။

ဒီလုပ်ငန်းအပြင် နောက်ထပ် ဘယ်လိုလုပ်ငန်းတွေထပ်လုပ်လို့ ရသေးလဲဆိုတာကို အမြဲ တွေးတောနေရပါမယ်။ ဒီလ လေးသိန်းရှာနိုင်ရင် နောက်လ ငါးသိန်းရအောင် ဘယ်လိုထပ်ရှာရ မလဲဆိုတာ ရိုးသားစွာ အမြဲ တွေးတောနေရပါမယ်။

ကျန်ရှိနေသေးတဲ့ လူငယ်ဘဝရဲ့ လက်ကျန်အချိန်လေးမှာ ပျော်စရာရှိတာလည်း ပျော်ပါ။ လုပ်စရာရှိတာတွေကိုလည်း အဆက် မပြတ် လုပ်ပါ။ မိသားစုဝင်တွေ ဂုဏ်ယူရတဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ ။

တန်ဖိုး #7500

#ဒီစာအုပ်ဖတ်ချင်သူများFollowလုပ်ထားပါ။
#စာပေချစ်သူ
#ဆရာသော်တာမင်း၊ #ဆရာဂုဏ်ရှိန်ဝါ
#ငယ်ရွယ်တုန်းမှာရူးခါနေအောင်ကြိုးစားပါ

ပျက်စီးခြင်းရဲ့အစက အားနေခြင်းကပါ။ အမှား ရဲ့အစကလည်း စိတ်ဓာတ်ပျက်စီးခြင်းကနေ လာပါတယ်။ လူဆိုတာ အားလွန်းရင် ရောက်တတ်ရာရာ လျှ...
12/11/2025

ပျက်စီးခြင်းရဲ့အစက အားနေခြင်းကပါ။ အမှား ရဲ့အစကလည်း စိတ်ဓာတ်ပျက်စီးခြင်းကနေ လာပါတယ်။ လူဆိုတာ အားလွန်းရင် ရောက်တတ်ရာရာ လျှောက်တွေးပြီး စိတ်တွေဟာ အကျိုးမရှိဘဲ မျောလွင့်နေ တတ်ပါတယ်။ အားလွန်းခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ မိမိဘေးဝန်းကျင်က လူတွေအပေါ် အမြင်ဘောင်ကျဉ်းလာ တယ်။ လေးလံလာတယ်၊ ဉာဏ်ထိုင်းလာတယ်၊ ကြိုးစား ချင်စိတ် ပျောက်သွားတယ်၊ ရေသာခိုချင်စိတ် ပိုပြင်းပြ လာတယ်၊ မိမိမှာရှိတဲ့အရာတွေအပေါ် မကျေနပ်စိတ်ဝင် လာပြီး အခြားအသစ်သောအရာတွေကို အထင်ကြီးစိတ် လွန်ကဲလာတယ်။ အရာရာကို မကောင်းမြင်လာတယ်။ သူတစ်ပါးရဲ့ မကောင်းကြောင်း အတင်းပြောဖြစ်သွားတယ်။
အကျိုးယုတ်စေတဲ့အရာတွေကို အလွယ်တကူ လုပ်ဖြစ် သွားတယ်။ မကောင်းတာတွေ တွေးရင်း တွေးရင်းနဲ့ မကောင်းတဲ့ စိတ်ခံစားချက်တွေ ဝင်လာတယ်။ မကောင်း တာ လုပ်ဖို့ စိတ်ပါလာတယ်။ အမှားတွေ ကျူးလွန်လွယ် သွားတယ်။

ဒါကြောင့် မိမိရဲ့စိတ် မပျက်စီးဖို့အတွက် မိမိ ကိုယ်မိမိ မအားအောင် စီမံတတ်ဖို့ လိုပါတယ်။ အပြင် အလုပ်အားနေချိန်မှာ အိမ်အလုပ်လုပ်ပါ။ အိမ်အလုပ်အား နေချိန်မှာ သူတစ်ပါးကို ကူညီပါ။ ပရဟိတအတွက် အချိန် ပေးပါ။

နားဖို့ လိုသလောက်နားပြီး ဘာမှ လုပ်ဖို့ ထပ်မရှိ တော့ရင် မိသားစု မိတ်ဆွေ အပေါင်းအသင်းတွေကို care လုပ်ဖို့ အချိန်ယူပါ။ ထပ်အားသေးရင် စာဖတ်ပါ။ လေ့ လာ သင်ယူမှု အသစ်တွေ ရှာပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။ အခြား မိမိဝါသနာပါရာတစ်ခုခုကို အကျိုးရှိရှိလုပ်ပါ။ စိတ်ကို စုစည်းပြီး တရားထိုင်ပါ။ ဘာသာရေးအတွက်လည်း အချိန်ပေးပါ။

အရွယ်ရှိတုန်းမှာ မိမိကိုယ်မိမိမှ မခိုင်းရင် အိုမင်း မစွမ်းတဲ့အချိန် ရောက်တဲ့အခါ သူများခိုင်းတာ ခံနေရဦးမှာပါ။ အရွယ်နဲ့မမျှအောင် ပင်ပင်ပန်းပန်း ရုန်းကန်ရဦးမှာ

ဒါကြောင့် မိမိကိုယ်မိမိ ခိုင်းပါ။ အကျိုးရှိမယ့်အရာ တစ်ခုမဟုတ်တစ်ခု အမြဲလုပ် နေပါ။ ပျက်စီးရာလမ်းမှားကို မရောက်ဖို့အတွက် မိမိကိုယ် မိမိ မအားအောင်နေကြပါစို့လားရှင့်....

#နိုဘယ်သွေး
#လာမထူနဲ့ပြန်ထနိုင်တယ်
#စာအုပ်စာပေလူ့မိတ်ဆွေ

တန်ဖိုး -8500ks

မှာယူနိုင်ပါပြီ ရှင်🌷

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Cuoria posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category