26/08/2025
ကော်ဖီတခွက် အဆိပ်တစ်စက်
နှလုံးသားနဲ့ရင်းပြီးနင့်နေအောင်ချစ်ခဲ့ရလို့ မမေ့နိုင်တာ မဟုပ်ပါဘူးမောင်ရယ် .. မောင်ပေးခဲ့တယ့် နာကျင်စရာ ဒဏ်ရာတေက ခုထိမကျပ်သေးလို့ ပါ....ချစ်တယ်ဆိုတယ့်စကားက မောင့်အတွက် လျှာဖျားကထွက်လာတယ့် ပေါ့ပါးတယ့် စကားလုံးလေးပါ ....ဒါပေမယ့် ယုံကြည်ခြင်း မျှော်လင့်ချက်တွေအပြည့်နဲ့စောင့်မျှော်နေခဲ့ရတယ့် လွမ်းမခဆို မိန်းမတယောက်အတွက်ကတော့ ဘဝတစ်ခြလုံးကို စုပ်ပြတ်သွားနိုင်အောင် ရိုက်ချိုးပစ်နိုင်တယ့် လက်နက်ပါ ။
မိုးဦးကာလ july လရယ့် မထင်မှတ်ပဲသည်းကြီးမည်းကြီးရွာချလာတယ့်မိုးတေနဲ့အတူ မောင်နဲ့ဆုံဖြစ်ခဲ့တယ့်နေ့လေးဟာ ကဗျာမဆန်လှပေမယ့် သာမန်ဆန်လှတယ်ဘ အဖြစ်ပျက်လေးတော့မဟုပ်ခဲ့ဘူး .....ဘယ်သူမှမရှိတစ်ယောက်တည်းအေးချမ်းစွာရပ်တည်နေခဲ့တယ့် မိန်းမတစ်ယောက်ရယ့် ဘဝကို မုန်တိုင်းဝင်ဖို့ အစပျိုးခဲ့တယ့်နေ့လေးတစ်နေ့ပေါ့.....။...............
"မောင် သွားမှဖြစ်မှာလား ...မောင်ခရီးသွားတာနှစ်လကြာတယ် မတွေ့ရတာကြာပြီး ခုမှတွေ့တာ ၁၅မိနစ်တောင်မပြည့်သေးဘူး အ့တာကို မောင်က မခကို ဒီနေရာမှ ထားသွားနိုင်လောက်တယ့်ထိ မောင့်ကိစ္စက အရမ်းအရေးကြီးနေလို့လား အနည်းဆုံးမခကို ပြန့်ပို့ပေးရလောက်အောင်ထိတောင်မောင့်မှာ အချိန်မရှိတော့ဘူးလား"
"ကျစ် မရစ်စမ်းပါနဲ့မခရယ် ဟိုမှာက အရေးကြီးနေတာ မင်းဒီကနေ grab ငှားသွားလည်းရနေတာပဲကို ဘာလို့နားမလည်ပဲ ကလေးလိုလုပ်နေရတာလည်း"
"မောင် ခု မခကို နားလည်မူမရှိဘူးလို့ပြောနေတာပေါ့လေ....မောင်ရယ် "
မခ အံ့ဩလွန်းလို့ ဆက်တောင်မပြောချင်တော့ပ မောင်နဲ့ချစ်သူဖြစ်ပြီးဒီ တစ်နှစ်အတွင်း မခတို့ဆုံကြချိန်တော်တော်များများ အကြိမ်တိုင် ဒီမပြောင်းလဲနိုင်သော contact တခု က အကြိမ်ပေါင်းများစွား အလျင်လိုနေသည်ဆိုပြီး ဖုန်းဆက်ခေါ်ခဲ့သည် ခေါ်တယ့်အချိန်တိုင်းလည်း မောင်က ချက်ချင်းပြန်ခဲ့တာတေပါပဲ ခုတစ်ခါလို ပြန်မပို့ပဲ ရောက်ရာအရပ်မှာ ပစ်ချထားခဲ့တာလောက်မဆိုးသေးပေမယ့် မောင့်ကို အပြစ်တခွန်းမဆိုဘဲ နားလည်းပေးခဲ့တယ့် မခကို ဒီတကြိမ်တည်းနဲ့ နားလည်မူမရှိဘူးတယ့်လား ဒီနေ့က....
"ကျစ်။ မခ ဟိုမှာ ဆေးရုံရောက်နေတာကွ အနားမှာ ဘသူမှမရှိလို့ မောင်သွားမှ ဖြစ်မှာကိုမင်းဘာလို့ ဒီလိုပြသနာ ရှာနေရတာလည်း"
မခ မောင့်ကို မော့ကြည့်လိုက်တော့ မျက်နှာ မှုန်ကြုပ်ပြီး စိတ်မရှည်ခြင်းစိုရိမ်ခြင်းတေရောလျှပ်နေသည်။သေချာတာတခုက စိတ်မရှည်ခြင်းက မခအတွက်ဆိုပေမယ့် စိုးရိမ်ခြင်းက မခ အတွက်ဟုပ်မနေပါ ။
"ဟင်း.... မောင်သွားတော့ "
"ဟင်"
မခ သက်ပြင်းချကာ ပြောလိုက်တော့ မောင်ကအံ့ဩသလိုလှည့်ကြည့်လာသည် မခခေါင်းငြိတ်ပြလိုက်သည်။
"ဟုပ်တယ် မောင်သွားတော့ မခ အဆင်ပြေတယ်"
"အင်း အဲ့ဒါဆိုကိုယ်သွားတော့မယ် ဟိုမှာအရေးပေါ်မို့လို့ပါ အိမ်ပြန်ရောက်ရင် ဖုန်း. စာပို့ထားလိုက်နော် "
လိုချင်တာရသွားတယ့် ကလေး လို ခပ်မြန်မြန် ထွက်သွားတယ့်မောင့်ကျောပြင်ကို ကြည့်ရင်းဆုံးဖြတ်ချက်တခုကို ချလိုက်သည်။အလောင်းစားတခုကြောင့် မခအချစ်ကိုကြိုးစားခဲ့တယ့်မောင် ဟာ သူလိုချင်တယ့် ရှယ်ယာ ၁၀% ရပြီးတည်းက အေးစက်ခဲ့တာတေ သူ့သူငယ်ချင်းမလေး မေနန်း ကို တိတ်တဆိတ်ချစ်နေရတယ့်မောင့်အဖြစ်တေဟာ ကြာလာလေ သူ့ကိုရောမခကိုရောနာကျင်စေလာတာပါပဲ ဒီအဖြစ်တေကို ချစ်သူသက်တမ်း ၆လပြည့်တယ့်နေ့မှာ ချိန်းထားတယ့်နေရာမရောက်လာပဲ သူ့သူငယ်ချင်းမလေး ရယ့် မွေးနေ့ပွဲမှာ မခဖုန်းပြောပြီးမချလိုက်ရာကနေ သူတို့အချင်းချင်းပြောကြဆိုကြတာတွေကိုသိခဲ့ရတာပါပဲ ဒါပေမယ့် တုံးအလွန်းတယ့်မခက အဲ့ဒါတေကြားထားတောင် ရူးမိုက်စွာ အနေနီးလာလို့ ငါ့အချစ်တွေကိုမောင်မြင်ပြီး ပြောင်းခဲလာမှာပါလို့ မျှော်လင့်ပြီး မောင့်အပေါ် အရာရာနားလည်ပေးဆပ်ခဲ့ပေမယ့် ပြန်ရတာတေက နာကျင်ခြင်းတေပါပဲ .....
နှုတ်ဆက်ခဲ့ပါတယ်မောင် မောင်နဲ့ ချစ်သူစဖြစ်ခဲ့တယ့် နေ့ကို မောင်ကမေ့ပေမယ့် မခကတော့ ဘယ်တော့မှမမေ့နိုင်ပါဘူး ဘာလို့လည်းဆိုတော့ မောင်နဲ့မခ တို့ရယ့် ချစ်သူဖြစ်တယ့်နေ့နဲ့ လမ်းခွဲတယ့်နေ့က တစ်ရက်တည်းဖြစ်နေခဲ့လို့ပါပဲ ....နှုတ်ဆက်ပါတယ်မောင် မောင်အမြဲ ပြောနေကြလို့ စိတ်ရှုပ်တယ်ဆိုတယ့် လွမ်းမခ ဆိုတယ့် ကျွန်မဆိုတယ့် ဒီရပ်ဝန်းလေးကမောင်အတွက် ထာဝရပျောက်ကွယ်သွားတော့မှာ နှုတ်ဆက်ပါတယ် ကိုလင်းထက်နိုင်.....
Aug 26 ,2025