AM & Movie Box-Mmsub

AM & Movie Box-Mmsub New / Old Movie & The Episodes /
Music Video/ ARM Quote

Cosmoball (2021)****************တစ်ခါတုန်းက ကြီးမြတ်တဲ့ဘယ်လိုနဲ့ ဖျက်ဆီးသူချာနိုတိုဟာတိုက်ပွဲဖြစ်ပွားပြီး ဝေ့ဖ်အီတာဆိုတဲ...
03/09/2025

Cosmoball (2021)
****************

တစ်ခါတုန်းက ကြီးမြတ်တဲ့ဘယ်လိုနဲ့ ဖျက်ဆီးသူချာနိုတိုဟာတိုက်ပွဲဖြစ်ပွားပြီး ဝေ့ဖ်အီတာဆိုတဲ့ထိလိုက်တာနဲ့ အရာအာလုံးပျက်စီးသွားစေတဲ့လက်နက်ကြောင့် ဘယ်လို ဘက်ကရှုးနိမ့်ခဲ့ပါတယ်...

ဒါပေမယ့်လည်းဘယ်လိုဟာစွမ်းအားကြီးသူရဲကောင်းတွေနဲ့စုပေါင်းပြီးတိုက်ခိုက်လိုက်တာကြောင့် ချာနိုရဲ့ယာဉ်ဟာလကိုတိုက်မိပြီး အစိတ်စိတ်အမြွာမြွာ ပျက်စီးသွားပါတယ်...

ချာနိုလည်းကမ္ဘာမြေအောက်မှာ ပိတ်မိသွားပါတော့တယ်...

အန်တွန်ဆိုတာ ကမ္ဘာမြေကဖြစ်ပြီးတော့ နေမကောင်းတဲ့သူ့အမေကို စောင့်ရှောက်နေတဲ့သူပါ...

ဒါပေမယ့်ဘယ်သူမှမသိတာက အန်တွန်ဆိုတဲ့ကောင်လေးဆီမှာပရိုတိုဗီဇလိုခေါ်တဲ့ ချာနိုပြန်လွတ်မြောက်လာနိုင်တဲ့စွမ်းအားပိုင်ဆိုင်ထားတာဖြစ်ပါတယ်...

ချာနိုဟာဒီစွမ်းအားကိုရယူဖိုတိတ်တဆိတ်ကြိုးစားနေပါတော့တယ်...

မကောင်းဆိုးဝါးချာနိုပြန်လွတ်မြောက်လာမှာကိုတားဆီးနိုင်ပါ့မလား..?

အန်တွန်ဆိုတဲ့ကောင်လေးမှာဘယ်လိုစွမ်းအားတွေရှိနေလဲ..? ဆိုတာကိုဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရအောင်.......

Telegram Channel

Channel ကို Join မှ ကြည့်လိုရမှာပါ။
👇
https://t.me/+TF1g_0XJRP5jZDVl

ဇာတ်ကားကြည့်ရန်နှိပ်ပါ။👇

https://t.me/c/2586222122/38

သူမရှိနေသ၍ ဘဝကလုံခြုံတယ်အိမ်ပြန်လမ်းလည်းရှိတယ် မင်း ဘာပဲဖြစ်ဖြစ် လက်ခံတာ သူမပဲရှိတယ်။ &MovieBoxMmsub
20/08/2025

သူမရှိနေသ၍ ဘဝကလုံခြုံတယ်

အိမ်ပြန်လမ်းလည်းရှိတယ်

မင်း ဘာပဲဖြစ်ဖြစ် လက်ခံတာ သူမပဲရှိတယ်။

&MovieBoxMmsub

Space Sweepers   //  2021 song joong-ki ဇာတ်ကားလေးသိပ္ပံပညာရှင်တစ်ယောက်ဟာ UTSလိုခေါ်တဲ့အာကာသဇုန်တစ်ခုဖန်တီးပြီး သီခြားကမ...
28/07/2025

Space Sweepers // 2021

song joong-ki ဇာတ်ကားလေး

သိပ္ပံပညာရှင်တစ်ယောက်ဟာ UTSလိုခေါ်တဲ့အာကာသဇုန်တစ်ခုဖန်တီးပြီး သီခြားကမ္ဘာတစ်ခုတည်ဆောက်ပြီးတော့ နေထိုင်ကြတယ်….

အာကာသဇုန် ကျရောက်လာတဲ့ အန္တာရာယ်တွေနဲ့ဘယ်လိုကာကွယ်မလဲ

Movie Link -https://t.me/c/2586222122/11

ဇာတ်ကားကြည့်ရန် Channel အရင်Join ပေးပါ👇

https://t.me/+WDpfGxjPUKcyYWFl

—————————————————————-
ကိုရီးယား / တရုတ် ဇာတ်ကား Channel Join ထားနော် 👇

https://t.me/koreamovieboxmmsub

My Boss, My Teacher // 2006  **************************************ပထမကားမှာတော့ လူမိုက်ခေါင်းဆောင် ဂန်ဒူဆစ်တစ်ယောက် အထက...
27/07/2025

My Boss, My Teacher // 2006
**************************************

ပထမကားမှာတော့ လူမိုက်ခေါင်းဆောင် ဂန်ဒူဆစ်တစ်ယောက် အထက်တန်းကျောင်းကို ပြန်တက်ပြီးအောင်လက်မှတ်ရရှိခဲ့ပေမယ့် သူ့ဆရာ လူမိုက်ဂိုဏ်းချုပ်ကြီးကတော့ တင်းတိမ်ခြင်းမရှိသေးပါဘူး။

သူ့တပည့်ကျော်ဂန်ဒူဆစ်အနေနဲ့ အဆင့်မီလူမိုက်ဖြစ်ဖိုကျောင်းပညာရေးဆက်သင်ရဦးမယ်ယူဆပြီး ကျောင်းကိုထပ်လွှတ်လိုက်ပါပြီ…
ဒီတစ်ခါတော့ ကျောင်းသားမဟုတ်တော့ပါဘူး…ကျောင်းဆရာအနေနဲ့ပါ။

လူမိုက်ခေါင်းဆောင် ဂန်ဒူဆစ် တဖြစ်လဲ ကျောင်းဆရာဂန်ဒူဆစ်နဲ့ သူ့ရဲ့တပည့်ကျော်ခေါင်းကြီးတိုတွေကျောင်းမှာ ဘယ်လိုတွေချကြဦးမလဲဆိုတာ…။

Movie Link - https://t.me/c/2586222122/10

ဇာတ်ကားကြည့်ရန် Channel အရင်Join ပေးပါ👇

https://t.me/+WDpfGxjPUKcyYWFl

—————————————————————-
ကိုရီးယား / တရုတ် ဇာတ်ကား Channel Join ထားနော် 👇

https://t.me/koreamovieboxmmsub

ရာထူးတိုးဖိုအတွက် ကျောင်းပြန်တက်ကြမဲ့ ဂန်းစတားများ…My Boss,My Hero (2001)ဂန်ဒူဆစ် ဟာ တိုက်ရည်ခိုက်ရည်ရှိပြီး လူမိုက်လောက...
23/07/2025

ရာထူးတိုးဖိုအတွက် ကျောင်းပြန်တက်ကြမဲ့ ဂန်းစတားများ…

My Boss,My Hero (2001)

ဂန်ဒူဆစ် ဟာ တိုက်ရည်ခိုက်ရည်ရှိပြီး လူမိုက်လောကမှာအလားအလာကောင်းတဲ့ ဂန်းစတားတစ်ယောက်ပါ။သူ့ရဲ့စွမ်းဆောင်မှုတစ်ခုကြောင့် ဂိုဏ်းခေါင်းဆောင်ကြီးက သဘောကျပြီး ဆိုးလ်မြိုရဲ့ အချက်အချာအကျဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ မြောင်ဒေါင်း ကို အုပ်ချုပ်စေဖို ဆုံးဖြတ်ခဲ့ပေမယ့် အထက်တန်းတောင် မအောင်တဲ့ သူ့ကိုအရေးပါတဲ့နေရာတစ်ခုကိုအုပ်ချုပ်ဖို တာ၀န်ပေးတာ မဖြစ်သင့်ဘူးလို ကျန်တဲ့ လူမိုက်တွေက ဝိုင်းကန့်ကွက်ကြတဲ့အခါ

ဂန်ဒူဆစ် တစ်ယောက် ကြီးကောင်ကြီးမား လူလတ်ပိုင်းအရွယ်ကျမှ ကျောင်းပြန်တက်ဖို လုပ်ရပါတော့တယ် သူ့ရဲ့တပည့်ကျော်နှစ်ယောက်ကြောင့် ပုဂ္ဂလိက ကျောင်းတစ်ခုမှာ ၀င်ခွင့်ရခဲ့ပေမယ့် ဂန်းစတားဘ၀ကနေကျောင်းသားဖြစ်သွားတဲ့ လူမိုက်ကြီး ကျောင်းမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာကိုဟာသလေးတွေနဲ့ ကြည့်ရှုခံစားရမှာပါ

Channel အရင် Joinပါ
https://t.me/ammovieboxmmsub5
https://t.me/koreamovieboxmmsub
--------------------------------------------
Movie Link - https://t.me/c/2586222122/8

𝕍𝕚𝕕𝕒-A𝕄𝕦𝕪-𝕒𝕣𝕔𝕙𝕚 (𝟚𝟘𝟚𝟝) ---------------------------------အကြည်ဗားရှင်းရပါပြီအက်ရှင်နဲ့အချစ်၊ အလွမ်း နှစ်မျိုးလုံးကိုခံစား...
22/07/2025

𝕍𝕚𝕕𝕒-A𝕄𝕦𝕪-𝕒𝕣𝕔𝕙𝕚 (𝟚𝟘𝟚𝟝)
---------------------------------
အကြည်ဗားရှင်းရပါပြီ

အက်ရှင်နဲ့အချစ်၊ အလွမ်း နှစ်မျိုးလုံးကို
ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကို
တင်ဆက်ပေးလိုက်ပါတယ်။

ကာယယ်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ခရီးထွက်လာချိန်
အားလပ်ရက်ဆိုတော့ သူငယ်ချင်းတွေနဲ့ ခရီးထွက်လာတဲ့
အာဂျွန်ဆိုတဲ့ကောင်လေးနဲ့ဆုံခဲ့ပါတယ်။

ခရီးမှာလည်း နှစ်ယောက်သားအတူလည်ပတ်ပျော်ရွှင်ခဲ့တဲ့အပြင် ဖုန်းနံပါတ်တွေပါလဲခဲ့ကြပါတယ်။

အဲဒီအချိန်ကစလို စာတွေပိုရင်း အဆက်အသွယ်မပြတ်ခဲ့ကြဘူးပေါ့။

အတူရှိလာကြရင်း နှစ်လအကြာမှာ အာဂျွန်က လက်ထပ်ခွင့်တောင်းလို စေ့စပ်ခဲ့ကြပြီး သုံးနှစ်အကြာမှာသူတိုနှစ်ဦး ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။

ဒီလိုနဲ့ အားလုံးက အားကျရတဲ့စုံတွဲအဖြစ် ပျော်ရွှင်စွာနေထိုင်လာခဲ့တာပါ။

ကာယယ် ကိုယ်ဝန်ဆောင်ချိန်မှာလည်း မွေးလာမယ့်ကလေးကို တွေးဆချစ်လို ပျော်နေခဲ့ကြပါတယ်။

သူတိုရဲ့ ပျော်ရွှင်နေတဲ့ဘဝထဲ ရောက်လာတဲ့မုန်တိုင်းကတော့ ကာယယ် ကိုယ်ဝန်ပျက်ကျသွားခြင်းရယ်ပါ။

နောင်လည်း ကိုယ်ဝန်ဆောင်နိုင်ဖိုမသေချာတော့‌ကြောင်း ဆရာဝန်ကပြောလိုက်တဲ့အချိန်ကစလို သူတိုအိမ်ထောင်ရေးဟာ ဟိုကြောင့်ဒီကြောင့်နဲ့ အဖုအထစ်လေးတွေ စတင်လာခဲ့ပါပြီ။

ကိုးနှစ်အကြာမှာတော့ ကာယယ်က သူ ကောင်လေး‌တစ်ယောက်တွေ့နေပြီဖြစ်ကြောင်း၊

အာဂျွန်ကလည်း သူတိုအိမ်ထောင်ရေးကို ပြင်ဆင်ဖိုကြိုးစားနေတာသိပေမဲ့ သူကွာရှင်းလိုကြောင်း၊

မိဘအိမ်ပြန်နေမယ့်အကြောင်း ဖွင့်ဟပြောပြလာပါတော့တယ်။

အာဂျွန်က သူ့ရဲ့ရိုးသားမှုကိုအသိအမှတ်ပြုလို သူ့မိဘအိမ်ပြန်တဲ့လမ်းခရီးကို သူတိုရဲ့နောက်ဆုံးခရီးစဉ်လိုသတ်မှတ်ပြီး အတူသွားကြရအောင်ဆိုပြီး သူလိုက်ပိုလေရဲ့။

လမ်းမှာသူတိုကားကိုလိုက်နှောင့်ယှက်တဲ့ အမူးသမားလူငယ်အုပ်စုနဲ့တွေ့လာရချိန်မှာတော့…… ၁၂ နှစ်ကြာ အတူရှိခဲ့တဲ့ သူတိုရဲ့ချစ်ခရီးလမ်းဟာ ဒီလိုပဲအဆုံးသတ်သွားရမှာလား၊

လမ်းကလူတွေက သူတိုကိုဘာလို နှောင့်ယှက်ရတာလဲ၊
သူတိုနှစ်ဦးကြားတကယ်ပဲဘာတွေဖြစ်တာလဲဆိုတာ ကြည့်ရှုအဖြေရှာကြည့်ကြရအောင်ပါ။

Channel အရင် Joinပါ

https://t.me/ammovieboxmmsub5

https://t.me/koreamovieboxmmsub

The First Night with the Duke ---------------------------------------------------အညွှန်း - သာမန် တက္ကသိုလ်ကျောင်းသူလေးတစ...
21/07/2025

The First Night with the Duke
---------------------------------------------------
အညွှန်း - သာမန် တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဖြစ်တဖြစ်တဲ့ K ( Seohyun ) ဟာ တစ်ရက်မှာတော့ သူအကြိုက်ဆုံး ဝတ္ထုထဲက အရံဇာတ်ကောင် Cha Seon Chaek နေရာကို ရုတ်တရက်ကြီး ရောက်ရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ Cha Seon Chaek နေရာမှာ ရောက်နေတဲ့ K ဟာ အဲဒီဝတ္ထုရဲ့ အမျိုးသားဇာတ်ဆောင်ဖြစ်တဲ့ Lee Beon ( Tacyeon ) နဲ့ တစ်ညတာ ဖြတ်သန်းဖို ဖြစ်လာပေမဲ့လည်း Cha Seon Chaek ဇာတ်ကောင်ရဲ့ တာဝန်က Lee Beon ကို အမျိုးသမီးဇာတ်ဆောင် Cho Eun Ae နဲ့ အောင်သွယ်ပေးဖို ဖြစ်တဲ့အတွက် Cha Seon Chaek က ကြိုးစားပမ်းစားအောင်သွယ်ခဲ့ပါတယ်။

ဒါပေမဲ့ တစ်ညတာ အတူဖြတ်သန်းပြီးတဲ့နောက်မှာ ရင်နာစရာအတိတ်အကြောင်းကို နှစ်သိမ့်ပေးခဲ့တဲ့ Cha Seon Chaek ကို ယိမ်းယိုင်သွားတဲ့ Lee Beon ကတော့ Cha Seon Chaek မှ Cha Seon Chaek ဖြစ်လာတဲ့အခါမှာတော့... အရံဇာတ်ကောင်လေး Cha Seon Chaek ရဲ့ ကံကြမ္မာက K ရောက်လာပြီးမှ ဘယ်လိုတွေပြောင်းလဲသွားမလဲ.. အဓိက ဇာတ်ဆောင် Lee Beon ရဲ့ နှလုံးသားကရော အရံဇာတ်ကောင်လေးဆီကိုပဲ အပြီးပိုင် ရောက်သွားမလား ဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာပဲ စောင့်ကြည့်ကြရအောင်နော် ။

Movie အသစ်အဟောင်းလေးတွေကိုကြည့်ချင်တယ်ဆိုရင် Channel လေးကို Join ထားလိုက်နော်

Channel Link - https://t.me/koreamovieboxmmsub
————————————————————————-
Channel Link - https://t.me/ammovieboxmmsub5

Salaar (Movie)---------------------------------------------ဘယ်နှစ်ကြိမ် ကြည့်မလဲအရမ်းကောင်းတဲ့ Movieရိုးမသွားသလို S2 လည်...
21/07/2025

Salaar (Movie)
---------------------------------------------
ဘယ်နှစ်ကြိမ် ကြည့်မလဲအရမ်းကောင်းတဲ့ Movie
ရိုးမသွားသလို S2 လည်းထွက်တော့မယ်

ဇာတ်လမ်းကတော့ ကန်ဆာပြည်နယ်လိုခေါိတဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်
ပဒေသရာဇ်စနစ်နဲ့ မျိုးရိုးစဉ်ဆက်အုပ်စိုးတဲ့ နေရာမှာ မင်းသားဖြစ်တဲ့ ဗာရာဒါနဲ့ သာမန်လူ ဒေဗာ(ဘာဟုဗလီမင်းသား) က
အသက်ပေးချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါ
တစ်နေ့မှာ ဒေဗာက အဲ့နေရာကနေ ထွက်ခွာခဲ့ရပေမယ့် သူ့သူငယ်ချင်းလိုအပ်ချိန်တိုင်းမှာ
ပြန်လာကူညီမယ်လို ကတိပြုခဲ့ပါတယ် အင်အားရှိသူသာအနိုင်ရတဲ့ နေရာတစ်ခုမှာ
ဒေဗာရဲ့အကူအညီကိုလိုအပ်လာတဲ့အခါမှာတော့….
အဲ့လိုအရှုပ်ထုပ်တွေထဲကို ဖခင်ရဲ့ရန်ငြိုးဟောင်းတွေရှိတာမသိပဲ အိန္ဒိယကို အမေရိက ကပြန်လာခဲ့တဲ့
အာဒယာ(ရှရူသီ) ပါ ရောက်လာတဲ့အခါမှာတော့ ဇာတ်လမ်းကတော့ ကြည့်ရင်းနဲ့ပဲခံစားကြဖိုတင်ဆက်ပေးလိုက်ရပါတယ်

Movie အသစ်အဟောင်းလေးတွေကိုကြည့်ချင်တယ်ဆိုရင် Channel လေးကို Join ထားလိုက်နော်

Channel Link - https://t.me/koreamovieboxmmsub
————————————————————————-
Channel Link - https://t.me/ammovieboxmmsub5

Blue  Beetle (2023)-----------------------------------------------------ဇာတ်ကားဟောင်းသော်လည်းကြည့်ကောင်းနေဆဲအရမ်းမိုက်တဲ...
21/07/2025

Blue Beetle (2023)
-----------------------------------------------------
ဇာတ်ကားဟောင်းသော်လည်းကြည့်ကောင်းနေဆဲ

အရမ်းမိုက်တဲ့ ကားတစ်ကား အရှည်ကြီးအညွန်းမရေးတော့ဘူး

တကယ်မိုက်တဲ့ ကားကြီးတစ်ကား မို ဝင်ကြည့်ဖြစ်အောင် ကြည့်ဖို ပြောချင်ပါတယ်

Channel link:
https://t.me/ammovieboxmmsub5
--------------------------------------
https://t.me/koreamovieboxmmsub

ဇာတ်ကားလင့်
https://t.me/c/2586222122/4

channel လေးအရင်Join ပြီးကြည့်ပေးပါ
https://t.me/+WDpfGxjPUKcyYWFl

Triple Threat (2019)------------------------------------------------ဇာတ်လမ်းအကျဉ်းကတော့ ရာဇဝတ်မှုတွေ မြင့်တတ်နေတဲ့ မဟာကာ...
21/07/2025

Triple Threat (2019)
------------------------------------------------

ဇာတ်လမ်းအကျဉ်းကတော့ ရာဇဝတ်မှုတွေ မြင့်တတ်နေတဲ့ မဟာကာယာမှာ
လူဆိုးဂိုဏ်းတွေနှိမ်နင်းရေးအတွက် အကြီးအကျယ်လာလှူဒါန်းတဲ့
တရုတ်မလေးထန်းရှောင်ရှန်းကို ကော်လင်တို ကြေးစားအဖွဲက လုပ်ကြံဖိုကြိုးစားတာမှာ
ဟို ဂျပုသုံးကောင်နဲ့ တွေ့တာပါပဲ။
သူတို သုံးယောက်နဲ့ ကော်လင်တိုက အရင်ကတည်းက ရန်ငြိုးရှိသူတွေပီပီ အတိုးရော အရင်းရော ပေါင်းပြီးဆပ်ကြပါတယ်။

Channel link:
https://t.me/ammovieboxmmsub5
--------------------------------------
https://t.me/koreamovieboxmmsub

Address

Yangon
4090

Alerts

Be the first to know and let us send you an email when AM & Movie Box-Mmsub posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share