14/08/2026
Outline VPN ကို ဘာကြောင့်ရွေးချယ်သင့်တာလဲ အပိုင်း(၄)
Strong Encryption
အင်တာနက်အသုံးပြုတဲ့အခါ သင့်ရဲ့ အချက်အလက်တွေ၊ စကားဝှက်တွေနဲ့ ကိုယ်ရေးကိုယ်တာ ဒေတာတွေဟာ ကွန်ရက်ပေါ်မှာ စီးဆင်းနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် လုံခြုံရေး မရှိတဲ့ အများသုံး Wi-Fi (Public Wi-Fi) တွေ၊ ကော်ဖီဆိုင် ဒါမှမဟုတ် Hotel Wi-Fi တွေကို ချိတ်ဆက်သုံးစွဲတဲ့အခါ Hacker တွေနဲ့ ကြားဖြတ်စောင့်ကြည့်နေသူတွေဟာ သင့်ရဲ့ Data တွေကို အလွယ်တကူ ခိုးယူနိုင်ပါတယ်။
Outline VPN မှာ ChaCha20-IETF-Poly1305 ဒါမှမဟုတ် AES-256-GCM လို အဆင့်မြင့် Strong Encryption တွေကို အသုံးပြုထားပါတယ်။ သင့် Device နဲ့ Server အကြား စီးဆင်းသွားသမျှ ဒေတာ (Internet Traffic) အားလုံးကို အလွန်ခိုင်မာတဲ့ စာဝှက်အဖြစ် ပြောင်းလဲပေးလိုက်တာကြောင့် ကြားဖြတ်စောင့်ကြည့်သူ သို့မဟုတ် ISPတွေအနေနဲ့ ဒေတာတွေကို မည်သို့မျှ ဖတ်ရှုဖော်ထုတ်လို့ မရနိုင်တော့ပါ။
ဒါ့အပြင် AEAD (Authenticated Encryption with Associated Data) စနစ် ပါဝင်တာကြောင့် ဒေတာတွေကို ကြားကနေ ပြုပြင်ပြောင်းလဲတာ (Data Tampering) မျိုး မလုပ်နိုင်အောင်ပါ ထပ်မံကာကွယ်ပေးထားပါတယ်။ ဒါကြောင့် Bank Account ဝင်ရောက်တာ၊ လူမှုကွန်ရက်သုံးတာနဲ့ အရေးကြီးဒေတာများ ပေးပို့တာတွေမှာ Password နံပါတ်တွေ Leak ဖြစ်မှာကို လုံးဝစိုးရိမ်စရာမလိုဘဲ ရာနှုန်းပြည့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။