23/06/2026
ချည်ထိုးတာကို အခုမှ စလုပ်မဲ့သူလေးတွေအတွက် Moti 😁
ချည်ထိုးတယ်ဆိုတာ အရက်တွေ ၊ ဆေးလိပ်တွေ လိုပဲ လူကိုစွဲစေတယ် ...
"မင်းမရှိပဲ နေနိုင်တယ် ...ချည်မထိုးရရင် မနေနိုင်တဲ့ ရက်တွေချည်းပဲ "...
ဆိုသလိုမျိုး စွဲတယ်ကွယ် .😁..
"ဒီကြားထဲ အခုထိုးနေတာ တစ်မျိုးမပြီးသေးဘူး ...
နောက်တစ်မျိုးကို ထိုးချင် ထိုးနေတာ မျိုး ...
ဘာဖြစ်ချင်နေမှန်းကို မသိတာ 🤔
ပြီးရင် တွေ့သမျှ pattern , tutorial လိုက် save တာလဲ တစ်မျိုးတစ်ဖုံ
ထိုးဖြစ်လားဆိုရင် no ... ထိုးမယ်ဆိုပြီး save ထားတာ သက်စေ့ ...😏
လူကသာ မွဲနေတာ ၊ ချည်ဝယ်တဲ့နေရာကျ သူဌေး အရှုံးပေးရတယ် ....
နေဖို့ညစာတွေ ဘာတစ်ခုမှ မသိဘူး အကုန်ဝယ်တာ ...
တစ်ခါတစ်လေ ကုန်ကြမ်းဆိုင်က ကိုယ့်အိမ်နဲ့ ဝေးလို့ရယ် ...
နီးများနီးရင် အဲ့ဆိုင်တွေဆီ ကျွန်ခံဆပ်တောင် ချည်ဝယ်ရင်တောင် ချည်ဖိုးကျေမယ်မထင်ဘူး😂😂😂
နောက်ရှိသေးတယ် ... နွေ ၊ မိုး ၊ဆောင် ရာသီက သုံးရာသီပဲ ရှိလို့ ရယ်
ဆောင်းဝတ် ၊ နွေ ဝတ် ၊ ဆိုပြီး ခွဲထိုးချင်သေးတာ ...
လူကြည့်တော့ လက်ကနှစ်ဖက်ထဲနဲ့ အံ့မယ် ... မခန့်တာနော် ...
ကိုယ့်ကိုယ်ကိုယ်ပြောပါတယ် 😁
ဒီကြားထဲ အရုပ်က တစ်မျိုး ၊ keychain ကတစ်မျိုး စုံပလုံစိ ထိုးချင်သေးတာ ... လူကြည့်တော့ ထမင်းမစားပဲ ချည်တွေချည်း ထိုင်မြိုမှ ရတော့မဲ့ အခြေနေနဲ့ အဲ့လိုမျိုး ...😏😏😏 အမှတ်သည်းခြေကမရှိပုံများ...
တစ်ခါတစ်လေ ချည်ထိုးနေလို့ စိတ်အေးချမ်းနေတယ်မထင်နဲ့ ...
လူကသာငြိမ်ပြီး ချည်ထိုးနေတာ ... ခေါင်းထဲမှာ ကုန်ကြမ်းဖိုးတွက်လိုက် ..
Pattern save ထားတွေ တွက်လိုက် ... Save ထားတဲ့ ပုံတွေကို ပြန်မြင်လိုက်နဲ့
ရွာသာကြီးက အရူးတောင် ခေါင်းထဲဝင်မွှေရင် ထိုင်ငိုသွားမယ် ...
နောက်ဆုံးအချက်ကတော့ ကမ္ဘာပေါ်မှာ အလုပ်အများဆုံး
ဘာအလုပ်များလဲဆို ... " အလုပ်စားပွဲကြီးကို ထပ်ခါထပ်ခါရှင်းလိုက် ၊
ထိုးလက်စ တိုးလိုတန်းလန်းကိုရှင်းလိုက် ၊ ချည်လုံးတွေကို ဒီနေရာကနေ ဟိုနေရာ ၊ဟိုနေရာကနေ ဒီနေရာ ရွေ့လိုက် ၊ ရှုပ်နေတဲ့ ချည်တွေရှင်းလိုက်နဲ့ အလုပ်များနေကြတာပဲ ....
ထပ်ပြီးပြောချင်တာက ဒီအလုပ်လုပ်ပြီး ချမ်းသားနေပြီလားဆို
လာကြည့်လှည့် ပိုက်ဆံတော့မဟုတ်ဘူး ... ချည်လုံးတွေတော့အပြည့်ပဲ 😂
ဒါကြောင့် ဝါသနာ အရမ်းကြီးမှ လုပ်ကြပါ 😁😁😁😁
Preorder/full prepaid
Viber 09762723285 or CB
FB page - Crochet By Myat လဲရှိပါတယ် ...
Like & follow လေး လုပ်ခဲ့ပါအုံးရှင့်🥰
Crochet net bag လေးတွေ မှာယူနိုင်ပါတယ်ရှင့်
နေရာအနှံ့ပို့ဆောင်ပေးပါတယ်ရှင့် ...
အိတ်လေးကတော့ instock ပါရှင့် ...
#လက်မှု
゚viralシfypシ゚viralシalシ