Inzali Collections

Inzali Collections 🇯🇵 Branded Quality Thrift
YGN/MDY/NPT C.O.D available! Online shop အသစ်လေးအတွက် Follower အစစ်တွေပဲ လိုချင်တာမို့ စိတ်ဝင်စားတယ်ဆို Follow လုပ်ထားပေးနော်!

𝙐𝙣𝙞𝙦𝙡𝙤 𝙒𝙞𝙣𝙙𝙥𝙧𝙤𝙤𝙛 𝙒𝙖𝙧𝙢-𝙇𝙞𝙣𝙚𝙙 𝙋𝙖𝙣𝙩𝙨 (& 𝙊𝙩𝙝𝙚𝙧𝙨)အအေးပိုင်းဒေသမှာ နေထိုင်သူတွေရော၊ January-February လတွေထဲ ရှမ်းပြည်ဘက် Hikin...
03/01/2026

𝙐𝙣𝙞𝙦𝙡𝙤 𝙒𝙞𝙣𝙙𝙥𝙧𝙤𝙤𝙛 𝙒𝙖𝙧𝙢-𝙇𝙞𝙣𝙚𝙙 𝙋𝙖𝙣𝙩𝙨 (& 𝙊𝙩𝙝𝙚𝙧𝙨)

အအေးပိုင်းဒေသမှာ နေထိုင်သူတွေရော၊ January-February လတွေထဲ ရှမ်းပြည်ဘက် Hiking/Camping ထွက်မယ့်သူတွေပါ တစ်ထည်လောက်တော့ ရှိထားသင့်တဲ့ Must Have လေးတွေ တင်ပေးလိုက်ပါတယ်။ ရခဲတာတွေမို့ ရတုန်း ယူထားသင့်ပါတယ်‌နော်။

January က အအေးပိုတတ်တာမို့ အခုပို့စ်ထဲမှာပါတဲ့ Uniqlo Windproof Warm-Lined pants တွေနဲ့ Asics, Dunlop အပြင် အလားတူ ဘောင်းဘီတွေကို ဘာလို့ရွေးချယ်သင့်တာလဲဆိုရင်...

အအေးပိုင်းဒေသခံတွေအတွက် - မနက်စောစော လမ်းလျှောက်တာ၊ ဆိုင်ကယ်စီးတာ၊ ဈေးသွားတာပဲဖြစ်ဖြစ် လေကာ (Windproof) အလွှာပါလို့ လေတိုးရင်တောင် အသားထဲထိ မစိမ့်ပါဘူး။ ဘောင်းဘီသားက Stretch ဖြစ်လို့ အိမ်အလုပ်လုပ်ရတာလည်း အရမ်းသက်သာပါတယ်။
Hiking/Camping သွားမယ့်သူတွေအတွက် - တောင်ပေါ်က ဆီးနှင်းစိုစိုတွေနဲ့ လေကြမ်းကြမ်းတွေကို လုံးဝအဖြတ်မခံတဲ့ Technical Fabric မို့ တစ်ထည်ရှိရုံနဲ့ တန်ဖိုးရှိပါတယ်။

𝗘𝘅𝘁𝗿𝗮 𝗪𝗮𝗿𝗺𝘁𝗵: အထဲမှာ Fleece Lining အမွှေးပွလေးတွေပါလို့ ဝတ်ထားရင် နွေးထွေးအိစက်နေမှာပါ။
𝗪𝗶𝗻𝗱𝗽𝗿𝗼𝗼𝗳 𝗟𝗮𝘆𝗲𝗿: လေကာအလွှာ (Special film) ပါဝင်လို့ တောင်ပေါ်လေကြမ်းကြမ်းတွေကြားမှာ နွေးနွေးထွေးထွေး ရှိနေစေမှာပါ။
𝗟𝗶𝗴𝗵𝘁𝘄𝗲𝗶𝗴𝗵𝘁 & 𝗦𝘁𝗿𝗲𝘁𝗰𝗵: Technical fabric ဖြစ်လို့ အေးတဲ့နေရာမှာ လမ်းလျှောက်တာ၊ တောင်တက်တာတွေလုပ်ရင် လေးလံထိုင်းမှိုင်းခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါးနဲ့ လှုပ်ရှားရတာ လွယ်ကူစေပါတယ်။
𝗪𝗮𝘁𝗲𝗿 𝗥𝗲𝗽𝗲𝗹𝗹𝗲𝗻𝘁: အပေါ်ယံအလွှာက ရေစိုမလွယ်တဲ့အတွက် ဆီးနှင်း ဒါမှမဟုတ် မြူနှင်းစိုစိုတွေကြားမှာ စိတ်ချလက်ချ ဝတ်ဆင်နိုင်ပါတယ်။

အထည်အားလုံး ဇစ်၊ ခြေကျင်းဝတ်ရှုံ့ကြိုး၊ အပေါက်အပြဲ error လုံးဝမရှိပါ။ Used အနေအထား ဘယ်လောက်ရှိသလဲအပေါ် မူတည်ပြီးတော့ပဲ စျေးနှုန်းသတ်မှတ်ထားပါတယ်။ Uniqlo ဒီလိုဘောင်းဘီတွေက အသစ်စျေးဆိုရင် နှစ်သိန်းကပ်နေပါပြီရှင်။ Brand မဟုတ်တာလေးတွေဆိုရင်လည်း ဂျပန်ထည်တွေဖြစ်တာမို့ အရည်အသွေးကို စိတ်ချနိုင်ပါတယ်နော်။

ဒီပို့စ်အတွက်တော့ -
❄️ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ကလော COD ❄️ ရပါမယ်။
ကျန်မြို့တွေကတော့ ငွေကြိုလွှဲရပါမယ်ရှင့်။
မှာယူပြီးတဲ့အထည်များ Cancel/Change ❌ မရပါ။

Disclaimer:
We are not an official distributor or authorized retailer for the brands mentioned. We sell genuine, authentic items in secondhand (used) condition.

Uniqlo Windproof Warm-Lined Pants (& Others)8:00PMဒါကတော့ မင်မင့်ဝါသနာအရ ကြားဖြတ်ဝင်တဲ့ အသုတ်လေးပါ။ ဒီတစ်ပို့စ်ပဲ တင်မှာ...
03/01/2026

Uniqlo Windproof Warm-Lined Pants (& Others)
8:00PM

ဒါကတော့ မင်မင့်ဝါသနာအရ ကြားဖြတ်ဝင်တဲ့ အသုတ်လေးပါ။ ဒီတစ်ပို့စ်ပဲ တင်မှာပါ။
🌲 Hiking သွားတတ်သူတွေ၊ အအေးပိုင်းဒေသက ကာကာတို့တွေအတွက် မိန်းကလေးဆိုဒ်လေးတွေလည်း ပါပါမယ်။🌲
ကိုယ်တိုင်က မလိုအပ်လို့ မဝယ်ဖြစ်ဘူးဆိုရင်လည်း မိတ်ဆွေအပေါင်းအသင်းတွေကြား လိုအပ်တဲ့သူ ရှိမယ်ဆိုရင် ညွှန်းပေးလို့ ရပါတယ်နော်။ 😁

ပြီးခဲ့တဲ့လက 'အဉ္ဇလီတို့ ကံမကောင်းပါ'ဖြစ်သွားလို့ စဉ်းစားချိန်ဆနေရတာတွေ များပြီး မင်မင် သိပ်မတင်ဖြစ်ခဲ့ဘူး။ အခုတော့ အားသစ်ပြန်‌မွေးရင်း ဒီလကစပြီး လက်ကျန်ဘလောက်စ်တွေရော၊ နောက်ထပ်တိုး စတိုင်ပန်တွေရော ရက်ခြားနဲ့ ပုံမှန်တင်ပေးသွားပါမယ်။ ပြီးခဲ့တဲ့လထဲ ယုံကြည်စွာအားပေးခဲ့ကြတဲ့ ကာကာတို့ကို ကျေးဇူးအထူးပါ‌လို့။ 🤎

💎 သိသူဖော်စား၊ မသိသေးသူများလည်း အခွင့်အရေးယူသင့်တဲ့ Premium Collection! 💎🇯🇵 Brand တွေထဲမှာ လူသိများတဲ့ Uniqlo နဲ့ GU တို...
19/12/2025

💎 သိသူဖော်စား၊ မသိသေးသူများလည်း အခွင့်အရေးယူသင့်တဲ့ Premium Collection! 💎

🇯🇵 Brand တွေထဲမှာ လူသိများတဲ့ Uniqlo နဲ့ GU တို့လို Basic Wear တွေထက် ပိုမြင့်တဲ့ Brand တွေ‌၊ သူတို့နဲ့ မတိမ်းမယိမ်း Brand တွေကို ဂေါင်ထည်အနေအထားနဲ့ ရမယ့်ပို့စ်ပါ။ Tag တောင် မဖြုတ်ရသေးတဲ့ အသစ်စက်စက်တွေလည်း ပါတယ်နော်။

ပါဝင်တဲ့ Brand အချို့ -
✨ Reflect (Office Women's Favorite)
✨ Renoir (High-end Boutique)
✨ Part2 by Junko Shimada (Designer Brand)
✨ Misch Masch (Sweet & Dainty Style)
✨ Dessin (Lifestyle Casual)

ဒီ Brand တွေက အပြင်မှာဆို ဈေးတော်တော်ကြီးတာမျိုးပါ။ ဒါပေမဲ့ Brand မြင့်လို့ဆိုပြီး ဈေးအဆမတန် တင်မထားဘဲ အထည်ဒီဇိုင်း၊ ပိတ်စ Quality နဲ့ Condition ပေါ်မှာပဲ မူတည်ပြီး အားလုံးအတွက် သင့်တင့်တဲ့ဈေးလေးတွေပဲ သတ်မှတ်ထားတာမို့ ဈေးဆစ်ခြင်း သည်းခံပါနော်။ အနီးကပ်ကို တစ်ပုံချင်းစီရဲ့ comment မှာ ကြည့်ပေးပါ။

📌 Order:
တစ်မျိုးကို တစ်ထည်တည်းမို့ ဦးသူယူ (First Come First Served) စနစ်ပါ။
Cb မှာ နာမည်၊ ဖုန်း၊ လိပ်စာ ပေးပြီးမှသာ Order Confirm ဖြစ်ပါမယ်။
Order Confirm ပြီးရင် Cancel/Change ❌ မရပါဘူးရှင်။

⭐ Deli & Payment:
ရန်ကုန်၊ မန္တလေး၊ နေပြည်တော် - COD (အိမ်ရောက်ငွေချေ) ရပါတယ်။
ကျန်မြို့များ - ငွေလွှဲဝင်ပြီး (၂) ရက်အတွင်း Deli အပ်ပေးပါတယ်။
COD မရတဲ့မြို့များ - မှာယူပြီး ၂၄ နာရီအတွင်း ငွေလွှဲမဝင်ရင် အထည်ချန်မပေးပါဘူးရှင်။

ဒီအထည်လေးတွေကို video နဲ့ ကြည့်ချင်ရင် tiktok.com/.collections မှာ ဝင်ကြည့်လို့ရပါတယ်။ Story မှာလည်း တင်ထားပါတယ်နော်။

Disclaimer:
We are not an official distributor or authorized retailer for the brands mentioned. We sell genuine, authentic items in secondhand (used) condition.

🇯🇵 𝗕𝗿𝗮𝗻𝗱 စစ်စစ် 𝗾𝘂𝗮𝗹𝗶𝘁𝘆 အကောင်းစားတွေကို 𝗠𝗠𝗞 𝟭𝟬,𝟬𝟬𝟬 မရှိတဲ့ ဈေးနဲ့ ယူပါ! Thrift ‌ထုံးစံအတိုင်း အသစ်မဟုတ်ပေမယ့် အသစ်နီးပါ...
06/12/2025

🇯🇵 𝗕𝗿𝗮𝗻𝗱 စစ်စစ် 𝗾𝘂𝗮𝗹𝗶𝘁𝘆 အကောင်းစားတွေကို 𝗠𝗠𝗞 𝟭𝟬,𝟬𝟬𝟬 မရှိတဲ့ ဈေးနဲ့ ယူပါ!

Thrift ‌ထုံးစံအတိုင်း အသစ်မဟုတ်ပေမယ့် အသစ်နီးပါးသန့်တဲ့ condition 95% အထက်တွေ ပါတယ်နော်။ Used အနေအထားရှိတာလေး‌တွေဆိုရင်လည်း အပေါက်အပြဲ စွန်းထင်းကွက်လို error တွေမရှိဘဲ condition 90% အထက် ကောင်းတာလေးတွေချည်းပါ။
Brand tag ၊ ပိတ်သား၊ ချုပ်ရိုး အနီးကပ်ပုံတွေကို သက်ဆိုင်ရာအထည်ပုံရဲ့ comment မှာ ပြထားပေးပါမယ်။

တစ်မျိုးကို တစ်ထည်တည်းရှိတာမို့ ဦးသူယူစနစ်ပါ။
Cb မှာ နာမည်၊ ဖုန်းနံပါတ်၊ လိပ်စာပေးပြီးမှသာ order confirm ဖြစ်ပါမယ်ရှင့်။ Order confirm ပြီးရင် cancel/change ❌ မရပါ။

⭐ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် COD ရပါတယ်။
ကျန်မြို့တွေကတော့ ငွေလွှဲဝင်ပြီး ၂ ရက်အတွင်း Deli အပ်ပေးပါတယ်။ COD မရတဲ့ မြို့တွေကတော့ မှာယူပြီး ၂၄ နာရီအတွင်း ငွေလွှဲမဝင်ရင် အထည်ချန်မထားပေးပါဘူးရှင်။

နောက်ထပ်လည်း ဂျပန် high-end fashion brand တွေထဲက တကယ့်ဂေါင်ထည်တွေ ထပ်လာဖို့ရှိသေးတာမို့ ငွေနည်းနည်းနဲ့ အကောင်းဆုံးတွေမှ ဝတ်ချင်တယ်ဆို page ကို Follow လုပ်ထားနော်!

December 6, 8pmOPENING PROMOTION SALE🇯🇵 Branded Thrift Items Under MMK 10,000!Condition Above 90-95%
03/12/2025

December 6, 8pm
OPENING PROMOTION SALE
🇯🇵 Branded Thrift Items Under MMK 10,000!
Condition Above 90-95%

December 5, 8pmOPENING PROMOTION SALE🇯🇵 Branded Thrift Items Under MMK 10,000!Condition Above 90-95%
03/12/2025

December 5, 8pm
OPENING PROMOTION SALE
🇯🇵 Branded Thrift Items Under MMK 10,000!
Condition Above 90-95%

🤎 Inzali Collections ရဲ့ Mission & Heart 🤎ဖက်ရှင်နဲ့ အရည်အသွေးကို မြတ်နိုးတဲ့ ကာကာတို့အားလုံး မင်္ဂလာပါရှင်။အပြင်သွားတဲ့...
30/11/2025

🤎 Inzali Collections ရဲ့ Mission & Heart 🤎

ဖက်ရှင်နဲ့ အရည်အသွေးကို မြတ်နိုးတဲ့ ကာကာတို့အားလုံး မင်္ဂလာပါရှင်။
အပြင်သွားတဲ့အခါ ဘယ်သူနဲ့မှ တစ်ထပ်တည်း မဖြစ်ချင်ဘူး။ Quality ကောင်းကောင်းကိုမှ စျေးကြီးကြီးမပေးဘဲ ဝတ်ချင်တယ်။ ဒါက ဖက်ရှင်ချစ်သူတိုင်း ခံစားရတဲ့ ဝေဒနာပါ။

အပြင်မှာ သုံးလေးသောင်းဝန်းကျင် ပေးဝယ်နေရတဲ့ အင်္ကျီအသစ်တွေတောင် အရည်အသွေးကောင်း ရဖို့ မလွယ်ကူလှတဲ့ ခေတ်ကာလမှာ စျေးတန်တန်လေးနဲ့ တကယ့် ဂေါင်ထည် Japanese High-End Brand တွေကို ဝတ်ရဖို့ဆိုတာ Treasure Hunt လုပ်ရသလိုပါပဲ။
Thrifting လုပ်တဲ့အခါ အပြင်မှာပဲဖြစ်ဖြစ် အွန်လိုင်းကပဲဖြစ်ဖြစ် ကိုယ်ကြိုက်တတ်တဲ့ ပုံစံမျိုးကို အရည်အသွေးကောင်းကောင်း၊ condition ကောင်းကောင်းနဲ့ ရလိုက်ပြီဆိုရင် "ကံကောင်းလို့ ရလိုက်တာ"လို့ ပြောကြရတဲ့အထိပါပဲနော်။
အဥ္ဇလီရဲ့ Inzali Collections ကို တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်က အဲ့ဒီ "ကံ" ကို ကာကာတို့အတွက် ဖန်တီးပေးဖို့ပါ။

ကိုယ်တိုင်က လှဖို့တစ်မျိုးတည်းထက် Quality နဲ့ သက်သောင့်သက်သာရှိမှုကို ဦးစားပေးသူမို့ ဒီ Page က လှတာချည်းပဲ မဟုတ်ဘဲ တကယ့် ပိတ်သားကောင်းကောင်း၊ ချုပ်ရိုးသေသေသပ်သပ်နဲ့ Original Brand တွေကိုပဲ တင်သွားပေးမှာပါ။

အွန်လိုင်းက ဝယ်ရတဲ့အခါ မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာမျိုး မဖြစ်စေဖို့အတွက် Used ဖြစ်ပေမယ့်လည်း Condition 90-95% အထက်သန့်တာကိုပဲ ဦးစားပေးပါတယ်။ များများနဲ့ မြန်မြန်ရောင်းရဖို့ထက် Quality ကို အလေးထားချင်တာဖြစ်လို့ ပိတ်သားအသား၊ ချုပ်ရိုး၊ Brand Tag စတဲ့ အသေးစိတ် အနီးကပ်ပုံတွေကိုပါ ပြသပေးမှာမို့ အပြင်မှာ လာကြည့်ရသလိုပဲ စိတ်ချလက်ချ မှန်းဆဝယ်ယူနိုင်မှာပါရှင်။

ငွေနည်းနည်းနဲ့ ပေးရတဲ့စျေးထက် အများကြီးတန်ပြီး ကိုယ့် Style ကို မြှင့်တင်ပေးမယ့် အကောင်းဆုံးတွေကိုမှ ဝတ်ချင်တယ်ဆိုရင် Inzali Collections Page ကို Like & Follow လုပ်ထားပြီး Treasure Hunter လေး လုပ်လိုက်တော့နော်!

ဓါတ်ပုံပဲကြည့်ရတာ အားမရတဲ့ ကာကာတို့အတွက်လည်း အရောင်းတင်မယ့် အထည်လေးတွေရဲ့ video တွေကို TikTok မှာ တင်ထားပေးမှာမို့ tiktok.com/.collections ကိုလည်း Follow လုပ်ထားလို့ ရပါတယ်လို့!

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Inzali Collections posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share