Nõ Nö Tŭn - ကျူးလစ်ပန်း

Website

Nõ Nö Tŭn - ကျူးလစ်ပန်း Hello,နိုနိုကျူးလစ်ရဲ့Pageလေးကနေကြိုဆိုပါတယ်ရှင့်❤

🌺ညမွှေးပန်းလေးရဲ့''ဥယျာဥ်မှုး''🌺 ``🧍🏻‍♂️´´Part - 1ကလစ်! ကလပ်!📸မြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေထဲက တ...
15/07/2026

🌺ညမွှေးပန်းလေးရဲ့''ဥယျာဥ်မှုး''🌺 ``🧍🏻‍♂️´´

Part - 1

ကလစ်! ကလပ်!📸

မြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေထဲက တစ်ဦးဖြစ်တဲ့ ဦးနေမဟာစက်

သူ့ပုံစံဟာ...အမြဲ အမည်းရောင် ဝမ်းဆက်နဲ့
အရပ်ခပ်မြင့်မြင့် ဆံပင် အနက်ရောင်
မျက်လုံးတွေဟာ...လင်းယုန်ငှက်တွေရဲ့
မျက်လုံးထည့်ထားသည့်အလား...
ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းထူထူလေးတွေ
ဖြောင့်စင်းပြီး အထင်းသားပေါ်နေတဲ့ နှာတံလေး...

မိန်းကလေးတွေရဲ့အသည်းစွဲ....

ဒါ့အပြင် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ အသက်ငယ်ဆုံးနဲ့အတော်ဆုံး အခန့်ညားဆုံး
ဖြစ်တာကြောင့်.....
ရေဗန်းစားနေပြီး မိန်းမပျိုလေးတွေရဲ့နှုတ်ဖျားကနေ မချတော့လောက်အောင်
ပျိုတိုင်းကြိုက်နှစ်သက်မက်မောတဲ့
''နှင်းဆီအနက်ရောင်တစ်ပွင့်''အဖြစ်တည်ရှိနေ၏

ကလပ်! ကလစ်! 📸

"ခနလောက် ဘေးဖယ် ပေးကြပါ...ဘေးနားကပ်ပေးကြပါ.."

"ဓါတ်ပုံရိုက်...အင်တာဗျူး ခွင့်ပြုပါ..."

"ယေး! ယေး!"

"ခွင့်ပြုပါ! ခွင့်ပြုပေးပါ!"

ဒီနေ့ဟာ သူ့ရဲ့စီမံကိန်းအောင်မြင်လို့ ဂုဏ်ပြုပွဲလေးလုပ်တာဖြစ်၏။
သတင်းထောက်တွေကလဲ ဒိတ်ဒိတ်ကြဲ စီးပွားရေးလုပ်ငန်းရှင်အားလုံးနီးပါးကလဲ ဒီပွဲကိုတက်၍သူ့အား ဂုဏ်ပြုပေးကြပါသည်။

"သခင်လေး ဘယ်လိုစီစဥ်လိုက်ရမလဲဗျ.."

"ကောင်းပြီလေ ဒါဆို ငါ အင်တာဗျူး ဖြေမယ်.."

".ဒါပေမယ့် ညီညာတိတ်ဆိတ်စွာ နေပေးမှနော်...
ဝရုန်းသုန်းကား ဖြစ်နေရင်တော့
ငါ လုံးဝဖြေမှာမဟုဘူးလို့ ခပ်ပြတ်ပြတ်ပြောခဲ့လိုက်.."

"ဟုတ်ကဲ့ သခင်လေး..."

"ကန် မင်းတို့အဖွဲ့က သခင်လေး နောက်လိုက်သွား..
ငါ့အဖွဲ့က သတင်းထောက်နဲ့ကင်မရာတွေကို ရှင်းလိုက်မယ်...."

"အိုခေလေ..."

''သခင်လေး ဒီဘက်ကြွပါခင်ဗျာ''

''အင်း!''

''အားလုံး အကုန်လုံးပဲ့ ဒီကအစည်းအဝေးပြီးတာနဲ့ သခင်ကြီးက အင်တာဗျူး ဖြေပေးပါလိမ့်မယ်..
အဲ့အတွက်ကြောင့် တိတ်ဆိတ်စွာ နေပေးကြပါနော်...''

အဲ့လိုပြောလိုက်မှာပဲ့ သတင်းထောက်အကုန်လုံး ငြိမ်ကျသွား၏...

''ဟူး...''
~
~
~
~
~
~
~
''ဂုဏ်ယူပါတယ်ဗျာ..ဦးနေမဟာစက်''

''ဟုတ်ကဲ့ thankyou''

''ဒါနဲ့ ဦးနေမဟာစက် ရဲ့စီမံကိန်းက ဒီတခါအရမ်းအောင်မြင်သွားတာနော်..''

''ဟုတယ် ကျွန်တော်ရဲ့စီမံကိန်းမှန်သမျှက အောင်မြင်ပါတယ်လေ„ခများတို့သိတဲ့အတိုင်းပဲ့..''

"ဟုတ်ကဲ့ပါဗျာ!"

''ဒါနဲ့ ဦးနေမဟာစက် နဲ့ မိတ်ဆက်ပေးရအုန်းမယ်..
ဒါက ကျွန်တော့်ရဲ့သား ရှိုင်းထက်အောင် တဲ့
တပတ်ခါတုန်းကမှ နိုင်ငံခြားက ပညာသင်ပြီးပြန်လာတာ..''

''တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျာ..''

ရှိုင်းထက်အောင်က လက်ကမ်းလိုက်ပေမယ့်..
ဦးနေမဟာစက် ကတော့ ဝိုင်ခွက်ကိုသာ စတိုင်လ်ကျကျ ကိုင်ပြီး သောက်နေမိ၏..
နောက်တော့ ရှိုင်းထက်အောင်လဲ ရှိန်သွားတာမို့...

''ရပါတယ်..နှုတ်မဆက်လဲ...''

''အင်း''

ပြောလဲပြော ဦးနေမဟာစက် ဟာ..နေရာကနေ ထွက်လာလိုက်၏..

''သားရှိုင်း...သူက ဒီလောကရဲ့ဘုရင်ပဲ့„
ဘယ်လိုပဲ့ဖြစ်ဖြစ် သူ့နဲ့တည့်အောင် ပေါင်းရမယ်...ကြားလား..''

"အလကားပါ ဒယ်ဒီရယ်..မာနတံခွန်ထောင်လွှားနေတာ မဖြစ်စလောက်လေး နဲ့ သူ့ကိုယ်သူ ဘာထင်နေတာပါလိမ့်...”

"အကုန်လုံးပဲ့ သခင်ကြီးကို တခုပြီးမှတခု အေးဆေးငြိမ်သက်စွာ မေးပေးပါ ခင်ဗျာ...''

''ဟုတ် ဟုတ်ကဲ့..''

''ဦးနေမဟာစက် ဟာ...ဟန်ကျစွာနဲ့ သေချာဂနစွာ ရပ်နေပြီး သူ့ပုံစံက ဆွဲဆောင်မှုရှိလှ၏...''

''ဦးနေမဟာစက် က စီးပွားရေးပိုင်းမှာ အရမ်းအောင်မြင်တော့ မိန်းကလေးတွေက ဒီလောက်ဝိုင်းဝိုင်းလည်နေတာ..ဘာလို့ အခုချိန်ထိ အိမ်ထောင်မပြုရသေးတာလဲရှင့်..''

''အကြိုက် မတွေ့သေးလို့...''

''ဒါဆို ဘယ်လိုမိန်းကလေးမျိုးကို ဦးနေမဟာစက် အနေနဲ့ သဘောကျပါလိမ့်..''

ပုံမှန်ဆို သူက အဲ့လောက်စိတ်ရှည်တတ်သူမဟုတ် ဒါပေမယ့် ဒီနေ့က သူ့ရဲ့စီမံကိန်းအောင်မြင်တဲ့နေ့
သူ့စိတ်ကို အကြည်လင်ဆုံး ထားချင်သောကြောင့် ဖြေပေးနေတာဖြစ်၏..

''ဘယ်လိုမိန်းကလေးမျိုး သဘောကျတာလဲဆိုတော့ ကိုယ် သဘောကျတဲ့ type က မရှိဘူး...ရှားတယ်.....''

''အော်...ဟုတ်ကဲ့...ဒါဆို တွေ့နေပြီဆိုတဲ့ သဘောလားရှင့်..''

''နိုး! မရှိဘူးလို့ ပြောပြီးပြီလေ ဒီလောက်ပါပဲ့.''

''အော်...ဟုတ်ကဲ့ ဒါဆို နောက်ထပ်တခုအနေနဲ့
ဒီစီမံကိန်းက ဦးနေမဟာစက် အတွက် သန်းချီမြတ်တယ်လို့ သတင်းတွေ ထွက်နေတာလေနဲ့ ပတ်သက်ပြီး ဖြေပေးပါလားရှင်..''

''အဲ့ထက်များတယ်...ခန့်မှန်းခြေထက်တောင်
ပိုအောင်မြင်ပြီး ပိုထိုးဖောက်နိုင်ခဲ့တာလေ..''

''ဟုတ်ကဲ့ အခုလို စိတ်ရှည်စွာဖြေပေးတဲ့အတွက် ကျေးဇူးပါပဲ့ရှင့်''

''ကန်နဲ့ထန် သွားမယ်..''

''ဟုတ် ဟုတ် သခင်ကြီး..''

''ခနလောက်ဖယ်ပေးပါ...ဖယ်ပေးပါခင်ဗျာ..''

သတင်းထောက်တွေ များလွန်းတာကြောင့်
မနည်းရှင်းပြီး အပြင်ခေါ်ထုတ်ရလေ၏..
~
~
~
~
~
~
~
'' ဟင်! ''

''အဲ့လိုတော့ မလုပ်ပါနဲ့ ဒေါ်လေးရယ်...
ဟိုလေ ပျို ကျောင်းထွက်ဆို ထွက်ပါ့မယ်...
သင်တန်းမတတ်နဲ့ဆိုလဲ ပျို မတတ်ပါဘူး...
အိမ်ပေါ်ကတော့ မနှင်ချပါနဲ့နော်...ပျို့မှာ ခိုနားစရာဆိုလို့ ဒေါ်လေး ပဲ့ရှိတော့တာပါ..''

''အို...ငါ နင့်ကို ဒီအရွယ်ထိ စောင့်ရှောက်ပေးခဲ့ပြီးပြီပဲ့...ငါ့တာဝန်ကျေပြီ..''

''ဟင့်အင်း ဒေါ်လေးရဲ့ယောက်ကျား ပျိုရဲ့ဖေဖေ့မျက်နှာထောက်ထားပြီးတော့ပဲ့ဖြစ်ဖြစ် ပျို့ကို
ဒီအိမ်မှာ ဆက်နေခွင့်ပေးပါနော်...
အဟင့်! အင့်! ပျို တောင်းဆိုတာပါ..ဟိုလေ...အိမ်အလုပ်တွေကိုလဲ ပျို လုပ်ပေးပါ့မယ် ဒေါ်လေး...အီး...ဟီး.."

''ကောင်းပြီလေ ငါ့ယောက်ကျား မျက်နှာထောက်ထားစွာဖြင့် ငါ့ နင့်ကို ငါ့အိမ်မှာ နေခွင့်ပြုမယ်..''

''ဟင်! တကယ်ပေါ့ဒေါ်လေး ပျို ဝမ်းသာလိုက်တာ..''

''မစောနဲ့''

''မင်း ဒီအိမ်မှာ ဆက်နေချင်ရင် ကျောင်းထွက်ရမယ်...တတ်နေတဲ့သင်တန်းနားပစ်လိုက်...
ဒီနေ့ဒီချိန်ကစပြီး ဒီအိမ်အလုပ်တွေကို
နင်တယောက်ထဲ လုပ်ရမယ်....„
တနည်းအားဖြင့် ပြောရရင် နင်က ဒီအိမ်မှာ အိမ်ပေါ် အဆင့်သာရှိတဲ့မိန်းမဖြစ်ရမယ်..."

''အဟင့်! အင့်! ပျို လုပ်ပါ့မယ်...ဒေါ်လေး ဒီအိမ်မှာနေခွင့်ပေးတာနဲ့တင် ပျို ကျေးဇူးတင်လှပါပြီရှင့်..''

''အင်း သွားတော့ မျက်ရည်လေး တစမ်းစမ်းနဲ့
လာငိုပြမနေနဲ့ ကျက်သရေတုံးတယ်! လုပ်စရာရှိတာ
သွားလုပ်ချေ!''

''ဟုတ် ဟုတ် ဒေါ်လေး...''

အဲ့လိုနဲ့ပဲ့ နွဲ့ရိပ်ပျိုဆိုတဲ့မိန်းကလေးဟာ...
ကပိုကရိုလေးနဲ့ငိုရှိုက်ပြီး သူ့မဖေဖေ၏မယားငယ်ဖြစ်သူ
သူ့ရဲ့ဒေါ်လေး ဒေါ်ခင်မမရှေ့ကနေ ခေါင်းလေးငုံ့
ပြီး ထွက်သွားလေ၏...
အမြန်ပြေးသွားတဲ့ နွဲ့ရိပ်ပျိုလေးသည်„ သူမရဲ့အခန်းသေးသေးလေးထဲအရောက်...ကုတင်ရဲ့ခေါင်းရင်းမှာ ရှိနေတဲ့
ပျိုရဲ့အချစ်ရဆုံးသူ ဖေဖေ! ဖေဖေ့ရဲ့အမှတ်တရဓါတ်ပုံလေး

''အဟင့်! အင့်!
ပျိုရဲ့ဘဝကို ကြည့်လှည့်ပါအုန်းရှင့်...
အီး...ဟီး...ဒေါ်လေးက ဖေဖေဆုံးပြီးနောက်ပိုင်း အရမ်းပြောင်းလဲသွား၏..
အချိန်ပြည့် ပျို့ ကို ဆူငေါက်နေပြီး ရိုက်လဲ ရိုက်လာ၏...
ဖေဖေ ရှိတုန်းကနဲ့ မတူတော့ဘူး...ပျို နာကျင်နေရပြီ....အီး...ဟီး...ဖေဖေ....''

''ဖေဖေ ကို အရမ်းသတိရတယ်ရှင့်...အီး...ဟီး...''

နွဲ့ရိပ်ပျိုလေးဟာ အိပ်ရာကုတင်လေးအနား
သူ့မဖေဖေရဲ့ဓါတ်ပုံလေးကို ဆုပ်ကိုင်ပြီး
ကွေးကွေးလေး ငိုယိုနေမိ၏။

သူ့မရဲ့ ငိုယိုသံလေးတွေကို ကွယ်လွန်သွားပြီဖြစ်တဲ့ သူမ ဖေဖေ ကြားနိုင် မဟုတ်ပေ!
~
~
~
~
~
~
~
''ရောက်ပါပြီ သခင်ကြီး
ဒါနဲ့ ဒီမှာ ဘယ်နာရီကြာ နေမှာလဲဗျာ..''

''ငါ စိတ်ပြေတဲ့ အထိ...''

''ကန် မင်းတို့အဖွဲ့ သခင်ကြီးနဲ့လိုက်သွားလိုက်
ငါ့တို့အဖွဲ့က အပြင်လုံခြုံရေး အခြေအနေကို
စောင့်ကြပ်မယ်..''

''ကောင်းပြီ ထန်''

ရောင်စုံမီးကာလာတွေက တဖျပ်ဖျပ်!
မြူးတူးနေတဲ့ သီချင်းအသံတွေက တဂျိမ်းဂျိမ်း!

ဦးနေမဟာစက် ဝင်လိုက်တာနဲ့ အထဲမှာရှိနေတဲ့ မိန်းကလေး မှန်သမျှ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။

''အဟွန်း!''

''သခင်ကြီး ဒီဘက်ကို ကြွပါခင်ဗျာ...''

စားပွဲထိုး ပြပေးသည့် နေရာသည် ဦးနေမဟာစက် သုံးနေကျ VIP သီးသန့်အခန်းဖြစ်၏။...

''ဟင်! အင်း မမ သွားလိုက်မယ်...
အကြောင်းကြားပေးတဲ့အတွက်ကျေးဇူး...''

''ရပါတယ် မမရယ် ဒီလောက်က အပန်းမကြီးပါဘူး...'''

''အင်းပါ....ဒါက မမ မင်း တော်လို့ သီးသန့်မုန့်ဖိုး ပေးတာ''

''ကျေးဇူးပါပဲ့ရှင့်''

''ဦးနေမဟာစက်! ရူပါ လာပြီ''
~
~
~
~
~
~
~
ဒေါက်! ဒေါက်!

''ဟင်! ဘယ်သူလဲ?
ကန် ဒါက သီးသန့်အခန်း ဘယ်သူ့ကို ဝင်ခွင့်ပေးထားတာလဲ...''

''ဟုတ်ကဲ့ သခင်ကြီး ကန် တောင်းပန်ပါတယ်...''

ဒေါက်! ဒေါက်!

ကလပ်!

'' မမရူပါ''

''အင်း ကန် သခင်ကြီးဦးနေမဟာစက် ရောက်နေတယ်ဆို...ခလေးတွေ သတင်းလာပေးလို့ ''

''ဟုတ်ကဲ့ ဒါပေမယ့် သခင်ကြီးက''

ပြောလို့တောင်မပြီး ရူပါဟာ ကန်ကို တွန်းဖယ်၍
ဦးနေမဟာစက် ရှိရာ အခန်းထဲဆီသို့

''ကျစ်!''

ဦးနေမဟာစက် ဟာ မမြင်ချင်တဲ့သူကိုမြင်လိုက်ရတော့..စိတ်အလိုမကျဖြစ်သွားရသလို မျက်နှာကိုလဲ အစွမ်းကုန်တင်းထား၏။ သို့သော်ငြားလဲ ချောမောခန့်ညားမှုကြီးက အသက်...

''ရူပါ ပါရှင့်''

''ဘာပြောစရာရှိလို့လဲ?''

''ပြောစရာရှိမှ ဦးနေမဟာစက် ကို တွေ့ရမှာလား?
ရူပါ တို့ရဲ့ဆက်ဆံရေးက
အဲ့လောက်တောင် အေးသွားခဲ့ပြီလား...''

''အစကတည်းကတောင် မပူခဲ့တဲ့ဆက်ဆံရေးလေ..
ဘာကိုမျှော်လင့်နေသေးတာလဲ ရူပါ...''

''ဟုတယ် ရူပါကတော့
ဦးနေမဟာစက် ဆီက အချစ်တွေကို ရူပါ ရဲ့ အသက်မသေမချင်း မျှော်နေမှာပဲ့...''

''အဲ့မှာပဲ့ ဆက်မျှော်နေလိုက် ကန် ငါ ပြန်မယ်...''

''ဟုတ် ဟုတ်ကဲ့ သခင်ကြီး''

''ကျစ်! ဦးနေမဟာစက် ရူပါကို ဘယ်ချိန်ထိ အဲ့လို ရှောင်နေမှာလဲဟမ်...''

ပြောလဲပြော ဘေးနားက ခုံသေးသေးလေးပေါ်မှာ
ရှိနေတဲ့ သခင်ကြီး သောက်ပြီးကျန်ခဲ့တဲ့
အရက်ခွက်ကို မော့ချလိုက်လေ၏...

''ဒီလို ခပ်ပြင်းပြင်း အရက်တွေကလဲ ရူပါရဲ့နှလုံးသားကို မကုစားပေးနိုင်ပါဘူးလေ......
ရူပါရဲ့ဝေဒနါတွေကိူ ဦးနေမဟာစက်
ရှင်တယောက်ထဲကပဲ့ ကုစားပေးနိုင်မှာ...''
~
~
~
~
~
~
~
''ဟင်! ညကြီးမိုးချုပ်!!!
အကိုလေး ပျိုရဲ့အခန်းထဲ ဘာလာလုပ်တာလဲ?''

ရုတ်တရက်မို့ နွဲ့ရိပ်ပျိုလေးဟာ အလွန်အမင်း ထိတ်လန့်သွားပေ၏။
အကိုလေး ဆိုသူက ပျိုရဲ့ ဒေါ်လေး ဒေါ်ခင်မမရဲ့ မောင်လေး သင့်အောင်ထူး ဖြစ်၏။
သူက ဒေါ်လေးအားကိုးနဲ့ဆိုးချင်တိုင်းဆိုး
မိုက်ချင်တိုင်းမိုက်နေတဲ့ အကောင်
အခုလဲ ညကြီးမိုးချုပ် မှ ပြန်လာပြီး ပျို အခန်းတံခါးလော့ချထားပေမယ့်
သူဝင်လာရတယ် ဆိုကတည်းက သူ့မှာ ပျိုရဲ့အခန်းသော့ ရှိနေတယ်ဆိုတာ ပျို တထစ်ချသိလိုက်၏။

''အဟင့်! အင့်! အကိုလေး ပျိုရဲ့အခန်းထဲက ထွက်သွားပါနော်
အကိုလေး အမ ဒေါ်လေး မြင်သွားရင်မကောင်းဘူး
ပျို အရိုက်ခံရပါလိမ့်မယ်ရှင့်
နောက်တခု ကိစ္စတွေက ပိုရှုပ်သွားလိမ့်မယ်ရှင့်..''

''ကျစ်! အပျိုလေးရယ်...
ဘာကိုကြောက်နေတာလဲ?
ဒီမှာ အကိုလေးတယောက်လုံး ရှိနေတာပဲ့
အကိုလေးရဲ့ ရင်ခွင်ကိုသာ မှီခိုလိုက်...
အပျိုလေးကို ဒေါ်ခင်မမဆိုတဲ့
အကိုလေးရဲ့ အမ လက်ကနေ
တသက်လုံး ကာကွယ်ပေးမှာ...''

''ဟင့်အင်း မရဘူး အကိုလေး...
အကိုလေး အရမ်းမူးနေတာ မဖြစ်နိုင်တာတွေ
မပြောပါနဲ့ရှင့်...အိိး...ဟီး...ပျို ကြောက်တယ်
ပျို ရဲ့ အခန်းထဲက ထွက်သွားပေးပါနော်...
ပျို တောင်းဆိုပါတယ် အကိုလေးရယ်...''

''မတောင်းဆိုနဲ့!!!''

သင့်အောင်ထူးဟာ..သူ့ကိုကြောက်လွန်း၍ တုန်ရီနေတဲ့နွဲ့ရိပ်ပျိုလေးကို အသံခပ်ကျယ်ကျယ်နဲ့ ပိတ်အော်ပြစ်လိုက်တာဖြစ်၏။

''အဟင့်! အင့်!''

''ဘာလို့ဆို ငါက မင်းရဲ့အပျိုစင်ဘဝကို အရယူပြီးမှ ဒီအခန်းထဲက ထွက်မယ်လို့ မဝင်ကတည်းက ဆုံးဖြတ်ပြီးသား...''

''ဟင့်အင်း အကိုလေး အဲ့လိုလုပ်လို့ မရဘူးနော်...''

''သိပ်ရတာပေါ့!!!''

ပြောလဲပြော အကိုလေးဟာ..ပျို အနားကို
အရက်မူးပြီး ရီဝေစွာနဲ့ ချဥ်းကပ်လာတာမို့ ပျိုလေးဟာ ကြောက်ရွံ့စွာဖြင့် ငိုယိုဇွတ်ငြင်းပြီး နောက်ဆုတ်နေမိရာ...

''ဟား....ဟား....''

''နွဲ့ရိပ်ပျို! မင်းက ငါ့မျက်စိရှေ့မှာတင်
ပွင့်လန်းလာတဲ့ နူးညံ့တဲ့ပန်း အပျိုစင်လေး.....
အဲ့ဒါကို ငါ့က မစားပဲ့ အလှကြည့်နေရအောင်
အဲ့လောက် မတုံးဘူးကွ!....''

''ဗုန်း!''

ပြောရင်းငြင်းရင်းနဲ့ အိပ်ရာပေါ် ကြမ်းတမ်စွာ တွန်းချခံလိုက်ရလေ၏

''ဟင်! အကိုလေး မလုပ်ပါနဲ့
ပျို တောင်းပန်ပါတယ်...အီး....ဟီး...
ကြောက်တယ်...ပျို ကြောက်တယ်...''

သူမလေးဟာ...သင့်အောင်ထူး ရဲ့ အသာယူ
စီးမိုးနေမှု အောက်မှာ အငိုက်မိသွား၍
ငိုယိုပြီး တောင်းပန်နေမိ၏...

''ဟင့်အင်း ပျို ကို မလုပ်ပါနဲ့ အကိုလေးရယ်..
ကယ်ကြပါအုန်း ပျို ကို ကယ်ကြပါအုန်းရယ်
အဟင့်! အင့်!''

သူမ အော်ငိုယိုပြီး အကူအညီတောင်းနေပေမယ့် အရိပ်တောင် မတွေ့ရ...
တဖြည်းဖြည်း နဲ့ သင့်အောင်ထူး ဟာ..
သူမရဲ့ ရင်ညွ့န်နေရာကို အတင်းနမ်းရှိုက်ပါတော့သည်...

ပျို ကြောက်တာပဲ့ သိတယ်...ဖေဖေရေ...အီး...ဟီး...ဟုတယ်..ပျိုဘာသာ ပျို အခုချိန်မှာ ကိုယ့်ကိူယ်ကို ကာကွယ်ရမယ်...

စိတ်ထဲကသာ အားတင်းပြီး ခုခံဖို့ နည်းလမ်း
စဥှးစားနတေဲ့သူမ

''အကိုလေးရယ်...ပျို တောင်းပန်ပါတယ်နော်..
ပျို က မိန်းကလေး ကိုယ့်ရဲ့အပျိုစင်ဘဝကို ထိန်းသိမ်းရမှာဖြစ်သလို ကိုယ့်ကိုယ်ကိိုလဲ ကာကွယ်ရမယ်! ''

အဲ့အပြောလေးနဲ့အတူ„

သူမလေးဟာ..လွတ်နေတဲ့ လက်တစ်ဖက်နဲ့
အိပ်ရာရဲ့ခေါင်းပေါ်မှာရှိနေတဲ့ ပန်းအိုးကို ယူလိုက်ပြီး အကိုလေးရဲ့ ခေါင်းဆီသို့ ဦးတည်၍ ထုချလိုက်လေ၏။

''ခွမ်း!''

''အား! အား!''

ဟန်ချက်ပျက်သွားတဲ့ သင့်အောင်ထူး ဟာ သွေးထွက်သံယိုဖြစ်သွားတဲ့ခေါင်းကိုဖိနေတုန်းမှာပဲ့

သူမလေးကတော့ သူ့အား တွန်းဖယ်၍ ကုတင်ပေါ်ကနေ ကုန်းရုန်းထွက်ပြေးပါလေ၏။
~
~
~
~
~
~
~
ဆက်ရန်

ကျွန်တော်ချစ်မိသွားတဲ့မာနခဲလေး🔥❤️Part - 4''ဟိုလေ..ပိုးဆီမှာပြောစရာရှိတယ်ဆိုတာကလေ..''''ပြောလေ သမီး ဘာတွေမို့လို့ဒီလောက်တေ...
15/07/2026

ကျွန်တော်ချစ်မိသွားတဲ့မာနခဲလေး🔥❤️

Part - 4

''ဟိုလေ..ပိုးဆီမှာပြောစရာရှိတယ်ဆိုတာကလေ..''

''ပြောလေ သမီး ဘာတွေမို့လို့ဒီလောက်တောင်ပလ္လင်ခံနေရတာလဲ?''

''ဟုတ် ဖေဖေ မြို့နယ်စာစီစာကုံးပြိုင်ပွဲလေ
အဲ့ဒါပိုးဝင်ပြုင်ချင်လို့,ဆရာမကလဲရွေးချယ်ထားတာမို့ပါရှင့်''

''ဟမ်! ပြိုင်မယ့်နေရာကကျောင်းမဟုတ်လို့များလား?''

''ဟုတ်တယ်ရှင့် ဖေဖေ ဆရာမပြောပြတာကတော့တစ်ခြားကျောင်းကကျောင်းသူကျောင်းသားတွေနဲ့ပြိုင်ရမှာလေ..နေရာကတော့အစည်းအဝေးခန်းမကြီးဖြစ်မယ်လို့ပြောတာပဲ့ရှင့်..ပိုးလဲသေချာမသိဘူး..နောက်တစ်ခုခွင့်တောင်းချင်တာကလေ..၃ရက် ၃ရက်ဆရာမအိမ်မှာသွားနေရမှာရှင့်..''

''ဟင်!''

''ဟုတ်ပါတယ်ရှင့် ဖေဖေ အဲ့ဒါ
ခွင့်ပြုမယ်မလားရှင့်..ပိုးဝင်ပြိုင်ချင်လို့..''

၃ရက်တဲ့လား? ဦးမင်းနိုင်ခွင့်မပြုချင်လို့မဟုတ်,ဒါပေမယ့်ဒီသမီးလေးကအဆင်ပြေပါ့မလား?

''ဖေဖေ...''

''ဟမ်! ပြောလေ သမီး''

''ခွင့်ပြုပေးမယ်မလားရှင့် နော်...''

''ဟုတ်ပြီကွယ်..ဖေဖေခွင့်ပြုပေးမယ်..ဒါပေမယ့်ကတိတစ်ခုတော့ပေးရမယ်...''

''ဟုတ် ဖေဖေ ပြောပါရှင့်..''

''ဆရာမအိမ်မှာနေတာမို့ဆရာမစကားနားထောင်ရမယ်..နောက်တစ်ခုကအဲ့နေရာမှာသူစိမ်းလူတွေအရမ်းပေါများတာ..ဆရာမ မပါပဲ့နဲ့
လျှောက်မသွားရဘူးနော်..အပျော်နောက်မလိုက်ပါဘူးလို့ဖေဖေ့ကိုကတိပေးရမယ်..''

''ကတိပေးပါတယ်ရှင့် ပိုးကသမီးအလိမ္မာလေးလေ...ဖေဖေ့ရဲ့စကားတွေကိုဘယ်တော့မှမမေ့ပါဘူးရှင့်...''

''ဒါပေါ့..အမေတူသမီးလေး မေမေလိုမျိုးသိမ်မွေ့ပြီးတန်ဖိုးရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်စေချင်တာကဖေဖေ့ရဲ့ဆန္ဒပာကွယ်...''

''စိတ်ချပါရှင့် ဖေဖေ သမီးဘယ်တော့မှအပျော်နောက်လိုက်ပြီးမပျက်စေရဘူးရှင့်...''

''ဖေဖေ့သမီးလေးကိုယုံပါတယ်ကွယ်...
ကဲ ထမင်းစားကြရအောင်...''

''ဟုတ်ကဲ့ ဖေဖေ''

ငပိရည်နဲ့တို့စရာအသီးအရွက်စိမ်းတွေရယ်,
ငါးအကောင်သေးတယ်ဆိုပေမယ့်လဲအရမ်းကြီးတော့မသေးပေ,အဲ့ငါးလေးတွေကိုဆီပူထဲထည့်ကြော်ထားသည်မို့ကြွပ်ကြွပ်လေးနဲ့..
ချဥ်ပေါင်ရွက်အချိုဟင်းရယ်..သူတို့သားအဖထမင်းဝိုင်းလေးဟာရိုးရှင်းပေမယ့်မေတ္တာဓါတ်တွေပြည့်ဝလွန်းလှပါသည်။

''.........''

''ဂမုန်း! အိမ်ပြန်ရောက်ပြီဆိုတော့..ကိုယ့်တို့ယူထားတဲ့အပေးအယူကိစ္စကိုစကြတော့မလား?''

''ဟင့်အင်း ဒီကားကကိုခန့်စီးနေတဲ့အချိန်ကြာလို့လားမသိဘူးဟောင်းနေသလိုပဲ့..''

အခန်းထဲရောက်ချိန်မှအမျိုးမျိုးပြောနေတဲ့
ဒီကောင်မလေးရဲ့ခါးကိုသိုင်းဖက်ပြီး

''ဘာထပ်လိုချင်သေးလဲ?''

''ကိုခန့်နဲ့တွဲချင်တယ်...''

''ဘယ်လို..''

''ဂမုန်းပြောတာကလေ...ဂမုန်းတို့တွဲကြမယ်..
ဂမုန်းကကိုခန့်တစ်ယောက်ထဲရဲ့အပိုင်အဲ့သလိုပဲ့
ကိုခန့်ကလဲဂမုန်းတစ်ယောက်ထဲနဲ့ပဲ့ဆိုင်တဲ့သူဖြစ်ရမယ်..တစ်ခြားမိန်းမတွေနဲ့ထပ်မရှုပ်ရဘူး...လိမ္မာပါတယ်ကွာ...''

''အဟွန်း! ဂမုန်းရယ်...ကိုယ်ကလူဆိုးလေ ဘာလို့လိမ္မာရမှာလဲ? ဒီတစ်သက်ကိုယ့်ကလူဆိုးပဲ့
ကိုယ့်ရာဇဝင်မှာလိမ္မာလာတယ်ဆိုတဲ့စာမျက်နှာကပါတော့မှာမဟုတ်ဘူး..''

''ဟင့်အင်း..ကိုခန့် ဂမုန်းအတွက်လိမ္မာရမယ်...
ဂမုန်းအတွက်ကိုခန့်ပြောင်းလဲရမယ်ကွာ..''

သူ့အား ဘာတွေဇွတ်လာပြောနေလဲမသိတဲ့
ဒီမိန်းကလေး စကားသိပ်များတဲ့မိန်းကလေးကိုသူအရမ်းစိတ်ကုန်ပါသည်။
ပွင့်လင်းပြီးအဟုတ်ကိုအဟုတ်တိုင်းမှသူကြိုက်သည်။
ဒီလိုပြုပြင်တာတွေပြောင်းလဲတာတွေလိမ္မာရမယ်တဲ့လား? ငါ့လိုကောင်ကပိုဆိုးတာတွေကိုပဲ့လုပ်သွားမှာကွ!

''ကိုခန့် ဂမုန်းပြောတာကြားလားလို့...''

''တော်ပြီကွာ...စိတ်ပျက်ဖို့ကောင်းတယ်..
မင်းပြန်သွားလိုက်တော့...''

ပြောလဲပြီးရောထူးခန့်ကျော်ဟာသူ့မခါးကိုဖက်ထားရာကနေလွှတ်ပေးလိုက်ပြီး

''ဟမ်!''

''စိတ်ကုန်ဖို့ကောင်းတယ်...ပျော်ဖို့မကောင်းဘူး..အိမ်ပြန်တော့..''

''ဟင့်အင်း ဂမုန်းကကိုခန့်အတွက်ပြောတာလေ.''..

''မကြားချင်ဘူး ထွက်သွားတော့''

''ဒါဆိုကားသော့ကရော...''

''မင်းကိုပေးပြီးသားလေ..ကိုယ့်လိုကောင်ကပေးပြီးသားပစ္စည်းကိုပြန်မယူတတ်သလိုငြင်းဖူးတဲ့မိန်းကလေးတွေကိုလဲပြန်သုံးလေ့မရှိဘူး...''

''ကျစ်! ထူးခန့်ကျော်!''

''ထွက်သွား နားညည်းတယ်...''

ဂမုန်းခမျာ သူ့အတွက်ကိုပြောမိတာလေ..
ဒါကိုစေတနာနားမလည်တဲ့ဒီလူကငြင်းလိုက်တာကြောင့်အခန်းထဲကနေခြေလေးဆောင့်ကားသော့ကိုပါယူ၍ထွက်လာခဲ့လိုက်လေသည်။

''ဒီနေ့ကတော့တကယ့်ကိုပြသာဒါးနေ့ပဲ့ဟေ့!''

အကိုကမပြောစဖူးအလုပ်လုပ်ဖို့ပြောတယ်..
ညတိုင်းဆိုငါကနတ်ပြည်တက်နေကျဒီနေ့တော့

''ကျစ်!''

သူ့ကိုယ်သူမကျေမနပ်စွာနဲ့မွေ့ရာကြီးပေါ်ပစ်လှဲချလိုက်လေသည်။

''တကယ်လဲစိတ်ပျက်ဖို့ကောင်းတဲ့မိန်းမတွေ...''

''..........''

''ဒီမှာ ညီမလေး မင်းဘာဖြစ်သွားသေးလဲ?''

''ဟမ်!''

အဖြူအစိမ်းဝတ်စုံလေးနဲ့ဒီအကြည်ဓါတ်လေးကိုသာခန့်ကျော်မျက်လုံးထဲကမထွက်

''အကိုတောင်းပန်ပါတယ်နော်..တကယ်ပါကွာ..အကိုသတိမထားမိလိုက်တာပါ...''

''ရပါတယ်ရှင့် တကယ့်ဆို
ကျွန်မကသာတောင်းပန်ရမှာ...''

''ထလို့ရောရရဲ့လား? အကိုတွယ်ပေးမယ်နော်...''

i''ဟင့်အင်း''

သူလက်ကမ်းပေမယ့်သူ့အားပြန်မကမ်းလာတဲ့အပြင်ရှက်သည်းနေတဲ့မျက်ဝန်းတစ်စုံနဲ့မော့ကြည့်လာပြန်ပါသည်။
ကျောင်းသူလေးဆိုတဲ့အတိုင်းအပြစ်ကင်းစင်လွန်းလှပါသည်။

''ကျစ်! သေစမ်း! သာခန့်ကျော်''

နာမည်လေးတောင်မမေးလိုက်ရဘူး...
ငါသူ့ကိုဘယ်လိုထပ်ရှာရမှာလဲ?

မီးအိမ်ခွက်ဘေးကတင်ထားတဲ့လိမ်းဆေးနဲ့သောက်ဆေးပါတဲ့ဆေးထုပ်လေးကိုယူ၍
ဒီဆေးဟာဆေးခန်းကနေသူမကိုပြန်ပေးဖို့သူဝယ်လာတာဖြစ်လေသည်။

''အဟွန်း! ကျစ်! သာခန့်ကျော် ကလေးမလေးကိုအပြစ်မှားဖို့သွားစိတ်မကူးနဲ့..''

''ဟုတ်တယ်..ငါကအဲ့လိုကောင်မဟုတ်ဘူး..အခုဆေးဝယ်ပေးတယ်ဆိုတာကလဲငါ့ကြောင့်သူမကဒဏ်ရာရခဲ့တာလေ..ဒါကြောင့်ပြန်တောင်းပန်ပြီးဆေးဝယ်ပေးတာလေ..အဲ့သဘောပဲ့..ရိုးရိုးလေး''

သာခန့်ကျော် ဆေးထုပ်လေးကိုကိုင်၍သူ့ကိုယ်သူစကားတွေအများကြီးပြောပြီးဆုံးမနေလေသည်။

🧡

ညနက်သွားပြီရှင့်,ဒါကြောင့်လဲတိုသွားပါတယ်ရှင့် နောက်ဆက်လေးကျရှည်ရှည်လေးရေးပါ့မယ်နော်
ဘယ်သူတွေမျှော်နေကြသေးလဲရှင့်🥺
အိပ်ကြလောက်ရောပေါ့ရှင့်😁

ဆက်ရန်

ကျွန်တော်ချစ်မိသွားတဲ့မာနခဲလေး🔥❤️Part - 3''ကလင်း! ကလင်း! ကလင်း!''ကျောင်းလွှတ်ချိန်ခေါင်းလောင်းကြီးမြည်ပြီးနောက်,''.........
15/07/2026

ကျွန်တော်ချစ်မိသွားတဲ့မာနခဲလေး🔥❤️

Part - 3

''ကလင်း! ကလင်း! ကလင်း!''

ကျောင်းလွှတ်ချိန်ခေါင်းလောင်းကြီးမြည်ပြီးနောက်,

''........''

''ပိုး! တော်သေးတာပေါ့.ဆရာမကအပြစ်မပေးလို့..''

''မသိတော့ပါဘူး.ဝါနုရယ်..ငါဝမ်းနည်းတာပဲ့သိ''

''ဟော''ပိုး နင်အရမ်းအတွေးထဲထည့်မနေနဲ့,စာစီစာကုံးပြိုင်ပွဲအတွက်သာအာရုံစိုက်စမ်းပါကွာ...''

နှစ်ယောက်သားကျောင်းထဲကနေလမ်းလျှောက်ထွက်လာကြရင်း..

''သမီး ဝါနု အမေတို့ဒီဘက်မှာကွယ်...''

''ဟင်! ဖေဖေနဲ့မေမေ ဟုတ်.သမီးလာခဲ့ပြီရှင့်..''

ဝါနုမှာကျောင်းအထွက်ပေါက်ရဲ့ဘယ်ဘက်မှာ
စောင့်နေတဲ့သူ့အဖေနဲ့အမေကိုအော်ပြောပြီးနောက်,

''ပိုး,နင့်အဖေကမလာသေးဘူးလား?''

''ဟမ်! လာတော့မှာပါ.နင်သွားတော့လေ..''

''အင်း,ဒါဆိုငါသွားပြီနော်..တာ့တာ့''

''အင်း တာ့တာ့!''

ဝါနုဟာ သူအဖနဲ့သူ့အမေဆီပြေးသွားတဲ့ပုံစံလေးဟာ,အားကျဖို့ကောင်းလှလေသည်။

''သမီးဝါနု စာလိုက်နိုင်တယ်မလား?''

''လိုက်နိုင်ပါ့ရှင့်,ဒါနဲ့တစ်ပတ်ခါစာစီစာကုံးပြိုင်ပွဲရှိတယ်ရှင့်..''

''ဟုတ်ပါပြီရှင့် အခုတော့အိမ်ပြန်ကြရအောင်နော်..''

''ဟုတ် မေမေ''

''ကဲ..ဒီသားအမိနှစ်ယောက်ကအိမ်မပြန်တော့တဲ့အတိုင်းလမ်းမှာစကားပြောနေကြ,ကားပေါ်တတ်လို့ရပါပြီဗျ..''

''ဟုတ်ကဲ့ ဖေဖေ''

''.......''

''မေမေ! ပိုး သတိရလိုက်တာ...ဖေဖေကဘာလို့ဒီနေ့နောက်ကျရတာပါလိမ့်!''

လွယ်အိတ်အပြာရောင်လေးလွယ်ပြီးအစိမ်းအဖြူကျောင်းဝတ်စုံလေးနဲ့စောင့်နေတဲ့သူမ
လက်ကနာရီကိုကြည့်တော့၃နာရီ၂၅မီနစ်တောင်ဖြစ်နေပြီလေ,ခါတိုင်းဆိုဖေဖေကပိုးကျောင်းမဆင်းမီအရင်ရောက်နေခဲ့တတ်တာလေ,ဒီနေ့ကျဖေဖေဘာဖြစ်လို့ပါလိမ့်,

အလိုမကျမှုရယ် သူ့မေမေရယ်ကိုသတိရစွာတွေးရင်းနဲ့သူမဟာတစ်ဖက်လမ်းကိုကူးဖြတ်ဖို့သွားပါလေသည်။

''ဟုတ်,ဟုတ်ကဲ့ အကုန်လုံးမနက်ဖြန်အစည်းအဝေးမှာဆုံကြတာပေါ့ဗျ..''

''ဟုတ်ကဲ့ ဒါဆိုမနက်ဖြန်မှအကြောင်းစုံပြောကြတာပေါ့..''

''ဟုတ်ကဲ့,ဟူး..''

လက်တစ်ဖက်ကဖုန်းပြောရင်းနောက်လက်တစ်ဖက်ကကားကိုထိန်းမောင်းနေလေတဲ့သာခန့်ကျော်..

''ကျစ်!''
ဒီလောက်အကွက်စေ့အောင်သူ့အနေနဲ့စီစဥ်ပေမယ့်အလွဲဆိုတာဖြစ်သေးတယ်လေ...

စိတ်မွန်းကျပ်စွာဖြင့်နက်တိုင်ကိုဆွဲဖြုတ်ဖို့အလုပ်,သူ့ကားရှေ့ရုတ်တရက်ရောက်လာတဲ့ကလေးမတစ်ယောက်ကြောင့်

''တီ! တီ!''

''ဟမ်!''

အတွေးတွေနဲ့လမ်းဖြတ်ကူးနေတဲ့ပိုးနှင်းဆီဟာကားဟွန်းသံကြားလို့သတိပြန်ဝင်ချိန်တော့ကားရှေ့တည့်တည့်ကိုရောက်နေလေပြီ။
ရုတ်တရက်မို့ထူပူသွားတဲ့သူမဟာလွယ်အိတ်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီးအရုပ်လေးပမာ..

''ကျွီး!...''

ရှေ့မှာရှိနေတဲ့ကလေးမဖြစ်သူကိုမတိုက်မိဖို့ကဘရိတ်ကိုအုပ်ပစ်မှလေ,ဘရိတ်ကိုအသားကုန်နင်းချလိုက်တော့အသံကြီးမှာဟိန်းပြီးကားကလဲအရှိန်နဲ့မို့သူမရှေ့သူမကိုမတိုက်မိစေပဲ့သီသီလေးပင်...
ကြမ်းတမ်းလွန်းတဲ့ဘရိတ်အုပ်သံရယ်..သူ့မရှေ့ကိုရောက်လာခဲ့တဲ့ဒီကားရဲ့အရှိန်ရယ်,ကြောက်တာရယ်တွေပေါင်းပြီးကတ္တရာလမ်းပေါ်ခွေခွေလေးလဲကျသွားတဲ့သူမ

''ဖေဖေ ဘာလို့ဒီနေ့နောက်ကျရတာလဲရှင့်..''

''ဟင်!''

သူကဖြင့်မနည်းအရှိန်ထိန်းလိုက်ရသည်။
ကြည့်ရတာကားရဲ့အရှိန်ကြောင့်ဒီကျောင်းသူလေးလန့်သွားတာနေမှာ..

ဟုတွေးပြီးသာခန့်ကျော်ဟာကားပေါ်ကဆင်း၍

''ကလေးမ! ညီမလေး ဘာဖြစ်သွားသေးလဲ?
အကိုတောင်းပန်ပါတယ်နော်...''

''ဟမ်! ဟုတ် ဟုတ် ကျွန်မကသာရှင့်ကိုတောင်းပန်ရမှာ,ဟိုလေ..ကျွန်မသတိမထားလိုက်မိတာပါ..''

''ထလို့ရောရရဲ့လား?အကိုတွယ်ပေးမယ်နော်..''

သာခန့်ကျော်ခမျာ လက်ကိုကမ်းလိုက်ပေမယ့်..
သူမမှာပြန်မကမ်းသည့်အပြင်သူ့လွယ်အိတ်ကိုသာဆုပ်ကိုင်ထားလေသည်။

''ဟင့်အင်း ရပါတယ်ရှင့်..''

ပြောရင်းနဲ့သူမဟာထရပ်လိုက်လေတော့ခြေထောက်ကနာသွားတာတကယ်ပင်,ပုံမှန်အတိုင်းထရပ်လို့မကောင်း

''အ!''

''ဟင်! အဆင်ပြေရဲ့လား?''

''ဟုတ် အဆင်ပြေပါတယ်..''

သာခန့်ကျော် သူသေချာကြည့်တော့ဒီကျောင်းသူလေးရဲ့မျက်ဝန်းတွေကမျက်ရည်ဝဲနေတယ်လေ,
ကြည့်ရတာသူ့ကိုများကြောက်လို့လားမသိ..

''ဟိုလေအကိုတို့ဆေးခန်းသွားကြရအောင်,အကိုတာဝန်ယူချင်လို့..''

''ဟမ်!''

''မဟုဘူးနော်,အကိုကားနဲ့တိုက်မိမလို့ဖြစ်သွားတာလေ,ဒါကြောင့်ပါ..''

လန့်သွားတဲ့သူမရဲ့မျက်နှာလေးကြောင့်ခပ်မြန်မြန်ရှင်းပြရလေသည်။

''ဟင့်အင်း ရပါတယ်ရှင့် ကျွန်မအဆင်ပြေတယ်..''

ပြောရင်းနဲ့လှည့်ထွက်လာခဲ့တဲ့သူမ သာခန့်ကျော်လဲသူ့မှာပြန်ခေါ်ရသလိုလို ဆက်သွားရသလိုလိုနဲ့..
သူ့ကားကြောင့်ဖြစ်တာလေ,ဒါကိုဒီကလေးမ
ဆေးခန့်ပို့ပေးမယ်ဆိုပြန်လဲလက်မခံ,
ဟော''သူကြည့်ပေးမယ်ဆိုပြန်လဲသရဲတစ္ဆေလိုမျိုးသူ့အားကြောက်နေသည့်ဒီမျက်ဝန်းတစ်စုံ,
မသိရင်ငါ့မျက်နှာကအဲ့လောက်ထိကြောက်ဖို့ကောင်းနေတာများလား?

ခြေထောက်လေးကိုထော့ခနဲထော့ခနဲ,ဟန်ချက်မညီသွားနေတဲ့အဖြူအစိမ်းဝတ်ထားတဲ့ကျောပြင်လေးအားကြည့်၍သာခန့်ကျော်ခမျာသက်ပြင်းတွေချနေမိလေသည်။

ကျောင်းရှေ့ကနေအနည်းငယ်လမ်းလျှောက်လိုက်တော့မကြာပေ။
သူမရဲ့ဖေဖေဟာစက်ဘီးလေးနဲ့ရောက်လာခဲ့ပါပြီ။

အဖေကိုလဲမြင်ရောဒီသမီးလေးဟာဘယ်ရမလဲ? ခြေထောက်ခေါက်ထားတဲ့ဒဏ်ရာရယ်,သူမအားလာကြိုတာနောက်ကျလို့စိတ်ဆိုးတာရယ်ပေါင်းပြီး
တရှိုက်ရှိုက်နဲ့မျက်ရည်လည်ပါလေသည်။

''ပိုး...သမီးလေး ခြေထောက်ကဘာဖြစ်တာလဲ?''

သမီးလေးရှေ့ရောက်တာနဲ့စက်ဘီးကိုရပ်နားပြီးစိတ်ပူပန်စွာဖြင့်မေးလေတဲ့ဦးမင်းနိုင်

''ဟင့်အင်း,ဖေဖေဘာလို့ဒီနေ့နောက်ကျရတာလဲရှင့်.''

''ပန်းတွေအော်ဒါတတ်တာလေ,အဲ့ဒါအချိန်မီသွားပို့နေရလို့လေ,ဖေဖေ့သမီးလေးမျှော်နေရောပေါ့,''

''အွန်းလေ,ပိုးဖေဖေ့ကိုစောင့်နေတာကြာပြီရှင့်,
နောက်တစ်ခုကလေအရမ်းစိတ်ပူနေတာ..''

''ဟောဗျာ...ဖေဖေတောင်းပန်ပါတယ်ကွယ်,နောက်တစ်ခါမဖြစ်စေရဘူး..ခြေထောက်ကဘယ်လိုဖြစ်ရတာလဲ?သမီးလေး''

''ဟို..ဟိုလေ..တကယ့်တော့ပိုးမှားတာပါ,လမ်းကိုပိုးသေချာမကြည့်မိလိုက်လို့..''

''ဟမ်! သမီးလေးရယ်..''

''ဘာမှမဖြစ်ပါဘူးရှင့် ဖေဖေ ပိုးတို့အိမ်ပြန်ကြရအောင်နော်,ဖေဖေ့ကိုပြောပြရမယ့်အရေးကြီးကိစ္စရှိတယ်ရှင့်..''

အချိန်ကိုကြည့်တော့၄နာရီတောင်ဖြစ်တော့မယ်
,ဒါကြောင့်ဦးမင်းနိုင်လဲအိမ်ရောက်မှသူ့သမီးဒဏ်ရာကိုကြည့်ပေးတော့မယ်ဟုဆုံးဖြတ်၍

''သမီး စက်ဘီးပေါ်တက်လို့အဆင်ပြေရဲ့လား?''

''ရပါတယ်ရှင့် ဖေဖေ''

မေးခွန်းဟောင်း,စာအုပ်ထူလေးအုပ်ကိုတော့လွယ်အိတ်ထဲမထည့်ပဲ့သူမကိုင်ထားသည်မို့စက်ဘီးရဲ့ရှေ့ခြင်းထဲသေချာစွာထည့်ပြီးအနောက်ကခုံလေးမှာတက်ထိုင်လိုက်လေသည်။

''နင်းလို့ရပြီရှင့် ဖေဖေ''

ပြောရင်းနဲ့ထုံးစံအတိုင်းခါးလေးကိုတင်းနေအောင်ကိုင်ထားပြီးသူ့မဖေဖေရဲ့ကျောပြင်လေးကိုမှီ၍

ဖေဖေနဲ့အတူတူရှိတဲ့အချိန်တွေဟာ
ပိုးအတွက်တော့တကယ့်ကိုအစားထိုးလို့မရတဲ့တန်ဖိုးရှိအချိန်တွေပေါ့..

''ပိုး...''

''ရှင်...''

''အဖေဒီနေ့လာကြိုတာနောက်ကျလို့တောင်းပန်ပါတယ်နော်...''

''မဟုတာရှင့်,မတောင်းပန််ပါနဲ့,ဖေဖေနောက်ကျတာကမအားလို့လေ,ပိုးနားလည်ပါတယ်ရှင့်..''

''ဒါဆိုစိတ်မကောက်ရဘူးနော်...''

''မကောက်တော့ပါဘူးရှင့်,ဒါနဲ့ဖေဖေ
မနက်ဖြန်ကျ ပိုးတို့အသင်းလှည့်ကျတယ်ရှင့်,အဲ့ဒါဘုရားပန်းအတွက်''

''ပြောဖို့လိုသေးလား?သမီးရယ်..ဖေဖေအခုစိုက်ထားတဲ့နှင်းဆီခင်းကြီးကဒီကဖေဖေ့ရဲ့တစ်ဦးတည်းသောသမီးလေးအတွက်ပဲ့လေ..''

''ဒါကြောင့်,ပိုးကဖေဖေ့ကိုချစ်နေရတာ..''

''ဒီဖေဖေ့ကလဲဒီအပြောကောင်းတဲ့သမီးလေးကိုပဲ့ချစ်နေရတာပါကွယ်..''

''......''

''မရဘူး...မနက်ဖြန် အလုပ်ကိုသွားကိုသွားရမယ်..'

''ကျွန်တော့်ရဲ့ဘဝမှာအပေါဆုံးကငွေလေအလုပ်လုပ်ဖို့ကမလိုမှမလိုတာအကိုရယ်...''

''ရမလားကွ! ထူးခန့်ကျော် ညီလေး မင်း ဟိုပုံပြင်သိတယ်မလား? မောင်ငယ်ရင်သွေး,လေ မင်းကွာ..သူဌေးသားဆိုပြီးပျက်စီးနေပြီ...''

''ဒီမှာအကိုအဲ့မောင်ငယ်ရင်သွေးကမိဘမရှိတော့တဲ့တကောင်ကြွက်ဖြစ်လို့ပတ်ဝန်းကျင်အနိုင်ကျင့်ခံရတာလေ...ကျွန်တော့်လိုကောင်မှာကျအကိုရှိနေတာပဲ့,နောက်တစ်ခုကျွန်တော်ကငတုံးမဟုတ်ဘူး..''

''မရဘူး...ဒယ်ဒီနဲ့မာမီက''

''တော်တော့! အကို ကျွန်တော်မကြားချင်ဘူး..''

''မကြားလို့ရမလား? ညီလေး သူတို့က
ပြန်လာကြတော့မှာမင်းကိုဒီပုံစံနဲ့မြင်ရင်ဘယ်စိတ်ကောင်းပါ့မလဲ?''

''ပြန်မလာနဲ့,ပြန်လာစရာအကြောင်းမရှိဘူး,
အကိုပြန်မပြောလိုက်ဘူးလား? အဲ့နိုင်ငံမှာပဲ့တစ်သက်လုံးနေလို့,

''ညီလေး မင်းမှားနေပြီ..''

''ဟုတ်တယ်,ကျွန်တော်မှားတယ်,ဒီလိုရပ်ဝန်းမှာလူလာဖြစ်ရတာကိုမှကျွန်တော်မှားတာ.ဒီချိန်ကျမှဘာလို့ပြန်လာမှာလဲ? ဘာအတွက်လဲ?''

''ဒယ်ဒီနဲ့မာမီကအလုပ်ကိစ္စကြောင့်ဒီကိုပြန်မလာဖြစ်တာလေ..''

''ဒါပေါ့,ငွေတွေကြောင့်လေ,အဲ့ငွေတွေကြောင့်
ကျွန်တော့်ကိုနှစ်တွေအကြာကြီးပစ်ထားခဲ့တာ,
အဲ့ငွေတွေကိုမုန်းတယ်..ဒါကြောင့်များများသုံးဖြုန်းပစ်မှာ..''

''ထူးခန့်ကျော်!!!''

သုံးဖြုန်းပစ်မှာဟူသောစကားကြောင့်သာခန့်ကျော်ဟာသူ့ညီကိုအော်ပစ်လိုက်လေသည်။

''ကျွန်တော်ဒီထက်မကဆိုးအောင်နေမှာ,ဘယ်သူတားနိုင်မှာလဲ? အကိုလဲလာမတားနဲ့,
အကို့အလုပ်ကိစ္စကိုသာအကိုသေချာအာရုံစိုက်,ကျွန်တော့်လိုပျက်စီးပြီးအသုံးမကျတဲ့ကောင်ကိုအာရုံလာမစားနဲ့..''

''ဘယ်သူပြောလဲ? ညီလေးကအသုံးမကျဘူးလို့:
အကို့ညီလေးလိမ္မာတာအကိုသိပ်သိတာပေါ့ကွာ..''

''စကားချိုလာသွေးမနေနဲ့အကိုသာခန့်ကျော်,
ကျွန်တော့်ကမသွားဘူးဆိုလုံးဝမသွားဘူးပဲ့,အိုခေ!''

သူ့အားပြောပြီးထွက်သွားလေတဲ့ဒီကောင်ကိုတော့သာခန့်ကျော်လက်မြှောက်အရှုံးပေးပါသည်။
တကယ့်ပါပဲ့,ဒီလောကကြီးမှာဒီကောင်ကိုထိန်းနိုင်ဖို့လူမရှိတော့တာလား?ထူးခန့်ကျော်,ညီလေးငါမင်းကိုစောင့်ကြည့်အုန်းမယ်..

''......''

''အလကားဟာတွေ...အပေါဆုံးကငွေပါဆို,အလုပ်ကြောင်းကိုစကားထဲထည့်လာပြောနေတယ်..''

တလက်လက်ထနေတဲ့အပြာရောင်ရေကန်ပြင်ကြီးရှေ့အရက်ခွက်ကိုကိုင်မော့သောက်ပြီး
မကျေနပ်တာတွေကိုကောင်းကင်အားကြည့်၍ပြောနေသည့်ထူးခန့်ကျော်

''အကိုလေးရေ...ဖုန်းလာနေလို့..''

အဲ့အချိန်မှာပဲ့အိမ်ဖုန်းကိုကိုင်၍ရောက်လာလေတဲ့အိမ်ထိန်း

''ဘယ်သူ့တဲ့လဲ?''

''မသိဘူးအကိုလေး ဒါပေမယ့်ဆုလို့ပြောပေးပါတဲ့..''

''ငါမရှိဘူးလို့ပြောလိုက်''

''ဗျာ!''

''မဗျာနဲ့! ပြောလိုက်ငါမရှိဘူးလို့ဘယ်သွားလဲ
ဆက်မေးရင်ကလပ်လို့ဖြေလိုက်''

''ဟုတ် ဟုတ်ကဲ့ အကိုလေး''

''......''

''မိန်းမတွေများ...မကောင်းဘူး...အချစ်တဲ့လား? မေတ္တာဆိုပါလား? တစ်သက်လုံးအတူရှိချင်တယ်...
ဒီစကားတွေကိုဒီမိန်းမတွေပြောနေရခြင်းက
သေချာပြန်စဥ်းစားကြည့်ရင် ငွေရှိနေလို့လေ..''

ပြောရင်းနဲ့အရက်ခွက်ကိုကြွေပြားခင်းအပေါ်အားရပါးရပစ်ချေပစ်လိုက်၍

''ဒယ်ဒီ!!! မာမီ!!!''

ကောင်းကင်ကြီးကိုမော့ကြည့်ပြီးလက်သီးဆုပ်ထားတဲ့လက်နှစ်ဖက်ကိုဖြာထုတ်၍အသားကုန်အော်ဟစ်ပစ်လိုက်လေတဲ့ထူးခန့်ကျော်...

✨

''.......''

မူကြိုအရွယ်လေးကစပြီးဖေဖေကျောင်းပို့
ကျောင်းကြိုလုပ်ပေးခဲ့တဲ့အချိန်တွေဟာပြန်မရနိုင်တဲ့ငယ်ဘဝရဲ့တန်ဖိုးရှိအမှတ်တရတွေပေါ့🤍🤍

မင်းသားကိုပြောင်းလိုက်လဲရပေမယ့်,
ကျူးလစ်ကမပြောင်းချင်တော့ပါဘူးရှင့်👀
ကျူးလစ်ရေးတဲ့ဒီဝတ္ထုထဲကမင်းသားဟာ
လူဆိုးလို့သတ်မှတ်ထားပြီးပြီမို့ပါရှင့်😁😁
``ထူးခန့်ကျော်´´ဆိုတဲ့ဇာတ်ကောင်နဲ့မှကျူးလစ်ရဲ့
ဒီဝတ္ထုကအသက်ဝင်လာမှာလေ💜🌷

ဆက်ရန်

ကျွန်တော်ချစ်မိသွားတဲ့မာနခဲလေး🔥❤️Part - 2ကြိမ် = တွေ့ဆုံသည်။ကြက်မခွပ် = ဇွဲကြီးစွာလုပ်သည်။ဘရံတောက်တီး = အဓိပ္ပါယ်မရှိ ရေ...
12/07/2026

ကျွန်တော်ချစ်မိသွားတဲ့မာနခဲလေး🔥❤️

Part - 2

ကြိမ် = တွေ့ဆုံသည်။

ကြက်မခွပ် = ဇွဲကြီးစွာလုပ်သည်။

ဘရံတောက်တီး = အဓိပ္ပါယ်မရှိ ရောက်တတ်ရောက်ရာ

လောကဓံ = လောကတွင်ဖြစ်လေ့ဖြစ်ထရှိသောဆူကြုံနိမ့်မြင့်သဘောတရား

''........''

''ပိုး....ပိုး...ဟဲ့! နင် စာကျက်တာ
ခနလောက်နားလို့ရမလား?''

''ဘာလို့?''

''နင်ကလဲတစ်ချိန်လုံးအဲ့စာတွေကို
ဇွတ်ပိတ်ကျက်နေတာ...''

''ဟော'' ကျောင်းသူလေ,စာကျက်တာငါ့အမှားဖြစ်ရောလား?''

''မဟုတ်ပါဘူး...ဒီနေ့လည်ကျောင်းဆင်းချိန်မုန့်ဆိုင်လိုက်ခဲ့မယ်မလားရှင့်..''

''ဟင့်အင်း ဝါနု ငါမလိုက်တော့ဘူး..''

''ဘာလဲ? နင့်အဖေကမုန့်စားဖို့
ပိုက်ဆံမပေးလိုက်လိူ့လား?''

''ဟင့်အင်း ငါ့ကိုယ်တိုင်ကမလိုက်ချင်တာ
အချိန်ကုန်တယ်..ဖေဖေကငါ့အတွက်
နေ့လည်စာထည့်ပေးလိုက်ပြီးသား..''

''အမယ်...မုန့်ဝယ်ဖို့ပိုက်ဆံမရှိရင်မရှိဘူးပေါ့,ဘယ်နှယ်အချိန်ကုန်တာဖြစ်သွားရတာတုန်း..''

သူတို့နှစ်ယောက်စကားပြောနေချိန်မှာပင်ရှေ့မှောက်သို့ရောက်လာခဲ့တဲ့မိုးမခ,

''ဟဲ့,မိုးမခ နင့်မှာငါ့သူငယ်ချင်းကိုအဲ့လိုပြောပိုင်ခွင့်မရှိဘူး...''

''အမှန်တရားကိုပြောတာလေ,ဝါနု နင်ကဘာထဖြစ်''

''ဒီမှာ,နင်''

''ဘာလုပ်ချင်လဲ? ဆင်းရဲပြီးအဆင့်မရှိတဲ့ပန်းသည်ရဲ့သမီးမို့ပိုက်ဆံမရှိဘူးပြောတာဆန်းလား?
နင့်တို့လည်းဒီအမှန်တရားကိုသိနေကြတာပဲ့..''

''မိုးမခ!''

ဝါနုဖြစ်သူ,သူမရဲ့သူငယ်ချင်းအပြောဆိုခံရတော့သည်းမခံနိုင်စွာဖြင့်အတန်းခုံပေါ်ကော်ပါဗူးဖြင့်ကြမ်းတမ်းစွာထောက်ပြီး

''ဝါနု,စိတ်ထိန်းအုန်း...''

ဒေါသတကြီးထွက်နေတဲ့ဝါနုရဲ့လက်ကိုဖွဖွလေးကိုင်ပြီးအပြုံးလေးဖြင့်ပြောလိုက်လေတဲ့
ပိုးနှင်းဆီ

''မထိန်းနိုင်ပါဘူး,ပိုးသူတို့ကနင်သည်းခံနေလို့တမင်ပြောဆိုအနိုင်ကျင့်နေတာ..''

''သူတို့မှာပါးစပ်ရှိပြီးအားယားနေလို့ပြောတာလေ,နောက်တစ်ခုငါ့အဖေကသူတို့ပြောသလိုဆင်းရဲပြီးပန်းသည်ဖြစ်နေရင်တောင်မှငါ့ကိုပြည့်စုံစွာနဲ့
စိတ်ချမ်းသာအောင်ထားနိုင်ပြီးသား,သူတို့ပြောသလိုမှမဟုတ်တာ..''

''မရဘူး,ပိုး ဒီကိစ္စကိုသည်းခံလို့မဖြစ်ဘူး..''

''အဟဲ! ဆင်းရဲတဲ့အမှန်တရားကို
ပိုးနှင်းဆီကတောင်လက်ခံနိုင်သေးတာ..ဝါနု နင်ကဘာဖြစ်ချင်နေတာတုန်း...''

''ဟုတ်တာပေါ့,ငါကဆင်းရဲတယ်,ဘာလို့ငါကလက်မခံနိုင်ဖြစ်ရမှာလဲ?''

''အင်းပေါ့,ဒါပဲ့လေ..ကိုယ့်အဆင့်ကိုသိ''

''နေစမ်းပါအုန်း,မိုးမခ''

''ဟင်!''

ပိုးနှင်းဆီဖြစ်သူထိုင်လျက်ကနေထရပ်ပြီး
မိုးမခရဲ့လက်ကောက်ဝတ်ကိုနေရာကိုကိုင်ဆုပ်လိုက်လေသည်။
ရုတ်တရက်သူမအပြုအမူကြောင့်တစ်ဖက်ကလဲ
လန့်သွားရတဲ့အထိ

''ဒီမှာ,မိုးမခ နင်နဲ့ငါကကျောင်းသူအတန်းဖော်အချင်းချင်း,ငါကနင့်ထက်အဆင့်မြင့်တော့
နင့်အနေနဲ့ငါ့ကိုမနာလိုဖြစ်တာမဆန်းဘူး,အေး,ငါနားလည်ပေးနိုင်တယ်,ဒါပေမယ့်ငါ့အဖေ့ကိုတော့လာမပြောနဲ့,ငါသည်းခံနေမှာမဟုတ်ဘူး...''

''ဘာဖြစ်လဲ? နင့်အဖေကဆင်းရဲပြီးလမ်းဘေးမှာပန်းရောင်းတဲ့ပန်းသည်လေ,ငါ့အမေပြောပုံအရဆို
နင့်အဖေလူငယ်ဘဝကမကောင်းတာအမှန်သမျှလုပ်တဲ့လူဆိုးဂျပိုးတဲ့,ပြောမရဘူးလေ,
နင့်အဖေဆိုးလို့နင့်အမေလဲစိတ်အနှောင့်အယှက်ဖြစ်သေသွားတာနေမှာ..''

''မိုးမခ! နင့်ကိုယ်နင်ဘာထင်နေလို့ငါ့အဖေနဲ့ငါ့အမေကြောင်းကိုအခုလိုပြောရတာလဲ?''

ပြောနေတဲ့အသံတွေဟာတုန်ရီလာသလိုမိုးမခရဲ့လက်ကိုဆုပ်ကိုင်ထားတာတွေကလဲတင်းကြပ်လာတာနဲ့အမျှတစ်ဖက်ကလဲနာကျင်မှုကိုခံစားလာရလေသည်။

''ပိုး..နင်ငါ့လက်ကိုလွှတ် ငါနာတယ်...''

''နာတတ်တာလား?ငါ့အဖေနဲ့ငါ့အမေကြောင်းပြောတုန်းကတော့''

''ဟင်! ပိုး...နင်စိတ်ထိန်းအုန်းလေ,နင်ကဒေါသအလျောက်ပေါက်ကွဲတတ်တဲ့သူမဟုတ်ဘူး..i''

''နင်ဘာသိလို့လဲ? ဝါနု''

''သိပ်သိတာပေါ့ ပိုး...ဒါပေမယ့်သူ့ကိုလွှတ်လိုက်..လက်ကနီနေပြီ..''

''ပိုးနှင်းဆီငါ့လက်ကိုလွှတ်လို့ပြောနေတယ်လေ...''

''အဲ့မှာဘာဖြစ်နေကြတာလဲ?''

''ဟင်! ဆရာမ သမီးကိုကယ်ပါအုန်း...သမီးရဲ့လက်''

သုံးယောက်သားပြောနေချိန်မှာပင်
ရောက်လာခဲ့တဲ့ Eco ဆရာမ

''ပိုးနှင်းဆီ,သမီးဘာလို့သူငယ်ချင်းကိုအဲ့လိုလုပ်ရတာလဲ? လွှတ်လိုက်တော့လေ..''

''ပိုး,ဆရာမပြောနေတယ်လေ,နင်လွှတ်ပေးလိုက်တော့..''

''အဟင့်! အင့်! ဆရာမ သမီးလက်တွေနာနေပြီ...''

''ပိုးနှင်းဆီ မင်းကိုဆရာမအမိန့်ပေးနေတယ်လေ..''

Eco ဆရာမမှထအော်လိုက်ချိန်တော့သူမဟာစိတ်တွေကိုလျှော့ပြီးလွှတ်ချပစ်လိုက်လေသည်။

''သုံးယောက်စလုံးအတန်းရှေ့ကို
ထွက်လာခဲ့ကြစမ်း! ''

''ဟုတ်ကဲ့ ဆရာမ''

''.........''

''ကဲပြော,ဘယ်သူကပြသနာကိုအရင်စခဲ့တာလဲ? မေးနေတယ်လေ...ပိုးနှင်းဆီ,သမီးပြောဘာလို့မိုးမခရဲ့လက်ကိုဒဏ်ရာဖြစ်အောင်လုပ်ရတာလဲ?''

''ပိုး,ပိုးလုပ်ချင်လို့ပါရှင့် ဆရာမ''

''မဟုဘူး...မဟုတ်ဘူးရှင့် ဆရာမ''

''တိတ်စမ်း! ဝါနု''

''ဟင်!''

''ကိုယ့်အပြစ်ကိုသိတယ်မလား?''

''ဟုတ် ဆရာမ ပိုးသိပါတယ်ရှင့်''

''တော်ပြီ,နောက်ထပ်ဆင်ခြင်ကြပါ,
ဒါစာသင်ကျောင်းရန်ဖြစ်ချင်တိုင်းဖြစ်လို့ရတဲ့
စျေးတန်းမဟုတ်ဘူး:ဆရာမအခုလိုအပြစ်မပေးပဲ့လွှတ်ပေးတယ်ဆိုတာကလဲတစ်ပတ်ခါကျရင်မြို့နယ်စာစီစာကုံးပြိုင်ပွဲရှိတာသိကြမှာပေါ့..
သမီးတို့တွေကကျောင်းရဲ့ဂုဏ်ဆောင်အနေနဲ့သွားပြိုင်ကြရမှာ.အကုန်လုံးကိုစည်း''လုံး''တိုင်တိုင်ပင်ပင်ဖြစ်စေချင်တယ်..''

''ဟုတ်ကဲ့ ဆရာမ''

သုံးယောက်စလုံးဟာလက်ပိုက်၍ခေါင်းငုံ့ပြောလိုက်ကြခြင်းဖြစ်သည်။

''အတန်းထဲဝင်ကြတော့''

''ကျေးဇူးတင်ပါတယ် ဆရာမ''

သုံးယောက်စလုံးလက်အုပ်ချီပြီး
သူ့နေရာအသီးသီးဆီသို့...

''.......''

''ကဲ ဆရာမတို့သင်ခန်းစာအသစ်တက်မယ်...
စာမျက်နှာ ** အကုန်လုံးတစ်ခေါက်ရွတ်ကြမယ်.''

''........''.

''ကိုယ့်ရဲ့မိန်းကလေးရေ...''

''ဒီလိုမျိုးအသံနဲ့မိန်းမဘယ်နယောက်ကိုခြွေခဲ့ပြီးပြီလဲရှင့်..''

''ကိုယ့်ကယောက်ကျား,မလိမ်တတ်သလို
ဟန်ဆောင်ပြောရမှာကိုလဲအပျင်းဆုံးပဲ့..
အမှန်ပြောရရင်ကိုယ်တွဲဖူးတဲ့မိန်းကလေးတွေများလို့မှတ်တောင်မမှတ်မိတော့ဘူး..''

''ဟင့်အင်း ကိုခန့် အဲ့လိုမမှတ်မိတော့တဲ့အထဲမှာဂမုန်းမပါချင်ဘူး..ဂမုန်း ကိုခန့်ကိုချစ်တယ်..''

''ဟား....ဟား...''

ရောင်စုံကာလအောက်ဆိုဖာအမဲရောင်ပေါ်ပက်လက်လှန်ထိုင်ပြီးချစ်တယ်ဟူသော
စကားအပေါ်လှောင်ပြောင်ရယ်ပစ်လိုက်လေတဲ့
ထူးခန့်ကျော်

''ကိုခန့် ဘာလို့ဂမုန်းရဲ့စကားကိုအခုလိုလှောင်ရတာလဲ?''

''ဒါကကလပ်လေ..ညငှက်တွေအများကြီးရှိတဲ့နေရာ,ဒီနေရာကိုရောက်တဲ့မိန်းမနဲ့ယောက်ကျားက,အဟွန်း!''

''ဂမုန်းကအဲ့လိုမိန်းကလေးမဟုတ်ဘူး,ဂမုန်းရှင့်ကိုချစ်တယ်ဆိုတာကလဲဒီတိုင်းရိုးရိုးလေးပဲ့..''

''ကိုယ့်မှမင်းကိုမချစ်တာ,အဲ့လိုပဲ့ကိုယ့်ဘဝမှာဘယ်မိန်းမကိုမှချစ်မှာမဟုတ်ဘူး,ကြိုက်တယ်,မိန်းမတွေကိုအရမ်းကြိုက်တာ,''

''ဟင့်အင်း ဂမုန်းကအချစ်ပဲ့ခံချင်တာ,ခနတာအကြိုက်မခံချင်ဘူး..''

''ကျစ်! စကားများလိုက်တာကွာ...ဒဲ့ပဲ့ပြောတော့မယ်,ဒီညကိုယ့်အိမ်လိုက်မှာလား? မလိုက်ဘူးလား?''

''ဟင့်အင်း,ဂမုန်းပြောပြီးသားလေ,''

''မင်းကိုယ့်ကိုတကယ်ငြင်းနိုင်လို့လားကွာ,''

''အချစ်,ဂမုန်းလိုချင်တာကိုခန့်ဆီကအချစ်,''

''အချစ်ကလွဲရင်မင်းငါ့ကိုကြိုက်တာကြိုက်သလောက်တောင်းဆို,ငါအကုန်ပေးနိုင်တယ်,..
ထူးခန့်ကျော်ဆိုတဲ့ကောင်ရဲ့ဘဝမှာအချစ်မရှိဘူး,ငွေပဲ့ရှိတယ်..''

''ဟင့်အင်း,ဂမုန်းလက်မခံဘူး..''

''ကားသော့,''

ဘောင်းဘီအိတ်ထဲထည့်ထားတဲ့ကားသော့ကိုယူထုတ်၍သူမရှေ့ပေးလိုက်လေသည်။

''ဒါကကိုယ့်စီးနေကျပြိုင်ကားအနက်ရောင်ရဲ့
ကားသော့နော်,ဂမုန်းသာကိုယ့်ရဲ့တစ်ညတာမိန်းကလေးဖြစ်ပေးရင်ဒီကားသော့ကဂမုန်းရဲ့တစ်သက်လုံးအပိုင်ပဲ့...''

''ဟမ်!''

''အဟွန်း! မိန်းမတွေများကွာ...''

ပြောရင်းနဲ့သူမလေးကိုသူ့ရဲ့
ပေါင်ပေါ်ထိုင်စေလိုက်ပြီး

''ဂမုန်း! ကိုယ်နဲ့လိုက်ခဲ့မယ်မလား?''

''ဂမုန်းရှင့်ကိုချစ်တယ်...''

''ကိုယ့်ကတော့ဂမုန်းကိုမချစ်ဘူးနော်..ကိုယ်အမှန်တိုင်းပြောတာ...''

''ဟုတ်ပါပြီ,ဂမုန်းကချစ်တဲ့သူဖြစ်တော့လဲ,
ဒီတစ်ညပြီးရင်တော့ဒီကားသော့ကဂမုန်းအပိုင်ပဲ့နော်,ကိုခန့်ပြောင်းလို့မရဘူး...''

''ထူးခန့်ကျော်ဆိုတဲ့ကောင်ကပြောပြီးသားစကားကိုဘယ်တော့မှမပြင်တတ်ဘူး..ဂမုန်းအပိုင်ပါဗျာ..
ဒီတညတော့ကိုယ့်အိမ်ကိုပြန်ဖို့ကိုယ့်ကိုတစ်ညစီးခွင့်ပေးမယ်မလား?''

''ကားကိုနှုတ်ဆက်တဲ့အနေနဲ့စီးခွင့်ပေးပါတယ်ရှင့်.''

''အဟွန်း! ဟား...''

😶

''တစ်စည်းကိုဘယ်လောက်လဲရှင့်..''

''နှင်းဆီ၁စည်းကျ၁၅၀၀ပါကွယ်..''

''ဟုတ်ပီိ,၁၀ပွင့်ပါတာမလားရှင့်,''

''ဦးလေးကကိုယ်တိုင်အပင်စိုက်ပြီးကိုယ်တိုင်ခူးရောင်းတာမို့ကုသိုလ်ယူတဲ့အနေနဲ့တစ်ပွင့်ပိုစည်းပေးထာပါတယ်ကွယ်...၁စည်းဆို၁၁ပွင့်ပါတယ်..''

''ဟုတ်ကဲ့,ဦးလေး ဒါဆို ၂စည်းယူမယ်ရှင့်..''

''ဟုတ်ပြီ,ခနလေးနော်..ဦးလေးဆူးမစူးအောင်သတင်းစာနဲ့သေချာထုတ်ပေးလိုက်မယ်..''

''ဟုတ်ကဲ့,ဦးလေး,ဒီမှာ,ကျသင့်ငွေ ၃၅၀၀ ပါရှင့်..''

''နောင်လဲအားပေးပါအုန်းကွယ်..''

''စိတ်ချ,ဦးလေး,ဦးလေးရဲ့နှင်းဆီကလတ်ဆတ်တော့ဒီလမ်းထဲရောက်တဲ့အချိန်တိုင်းကျွန်မတို့အိမ်ကအမြဲအားပေးမှာပါရှင့်,''

''ကျေးဇူးပါပဲ့ကွယ်..ဒီမှာနှင်းဆီအပွင့်၂၂ပွင့်နော်,''

''ဟုတ်ကဲ့,ဦးလေး''

💞

ဆက်ရန်

Address

Yangon

Alerts

Be the first to know and let us send you an email when Nõ Nö Tŭn - ကျူးလစ်ပန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share