Ebook Myanmar

Ebook Myanmar စာအုပ်စာပေ မိတ်ဆွေများတွက် အခမဲ့ တင်ပေးသွားပါမည်။

အောက်လမ်းဘိုးထင် နှင့် သုံးဆယ့်ခြောက်ကြိုးကဝေ(၁၂၃)◾အခန်း (၁)     သစ်ပင်များအုံ့ဆိုင်းနေသည့်ဦးအုန်း၏အိမ်ဝိုင်းထဲသို့မောင...
09/05/2026

အောက်လမ်းဘိုးထင် နှင့် သုံးဆယ့်ခြောက်ကြိုးကဝေ
(၁၂၃)
◾အခန်း (၁)
သစ်ပင်များအုံ့ဆိုင်းနေသည့်ဦးအုန်း၏အိမ်ဝိုင်းထဲသို့မောင်ဘိုးထင်ရောက်ရှိလို့နေသည်။ကျန်နှစ်ယောက်မှာ အိမ်တွင်ကျန်ရစ်ခဲ့ပြီး မုတ်ဆိတ်ဖြူစားသောက်ရန်အတွက်အချက်အပြုတ်တာဝန်ယူထားကြသည်။အိမ်အောက်တွင် အဘဖြစ်သူကိုမတွေ့ရသောကြောင့် မောင်ဘိုးထင်သည် အိမ်ပေါ်သို့တက်သွားလိုက်သည်။အိမ်ပေါ်တွင်တော့အိပ်ယာထဲ၌ စောင်ကိုခြုံထားပြီး တအင်းအင်း နှင့်ညည်းညူနေသည့်ဦးအုန်းကိုတွေ့လိုက်ရာ ‌မောင်ဘိုးထင်အနားသို့သွားလိုက်ပြီး
"အဘ ဘာဖြစ်နေတာတုန်း နေ့လယ်နေ့ခင်းကြီး စောင်ကြီးခြုံလို့"
"ငါ့ပုံကြည့်ပြီး ငါဘာဖြစ်နေတာကိုတောင်မင်းမသိဘူးလား "
"သြော် သိပြီ စောင်ခြုံပြီးနေပုံပေါက်ရင်တော့ ငှက်ဖျားထနေတာပဲဖြစ်မယ် အဘ ဘယ်လိုလုပ်ငှက်ဖျားမိရတာလဲ "
"ကိုမြတို့ခေါ်တဲ့နောက်လိုက်သွားမိတာကွာ "
"ဘကြီးမြတို့ကဘယ်ကိုခေါ်သွားလို့တုန်း အဘ "
"ကျွဲကောဆိုလားကွာ အဲ့ဒီရွာကိုသွားတာ အပြန်‌ကျတော့ငှက်ဖျားမိလာတယ် ကောင်ရေ"
"အဘကလည်း ဖြစ်လိုက်ရင် အရာရာနဲ့အကြောင်း ကြောင်း ကျုပ်ဘာလုပ်‌ပေးရမလဲ ဆေးဆရာကြီးဆီက ငန်းနီ‌ကျော်သွားယူပေးရမလား "
"အဲ့ဆေးကရှိတယ် မင်းကိုခိုင်းစရာရှိလို့ခေါ်လိုက်တာ"
"ဘာခိုင်းမလို့လဲ အဘ"
"မလွှကုန်းကိုသွားရမယ် အဲ့က ငါ့ကိုပင့်ထားတယ် ငါ့အစားမင်းသွားလိုက် ထုံးစံအတိုင်း အခြေအနေကိုကြည့် အဆင်ပြေတယ်ဆို ငွေငါးဆယ်တောင်းကြားလား "
"အဘကလည်းဗျာ ငါးဆယ်ကကိုမတက်‌တော့ဘူး "
"‌ဟိတ်ကောင် ငါးဆယ်ဆိုတာမနည်းဘူး ထယ်ချင်းအငှားလိုက်မှ ရှစ်ကျပ်လောက်ရတာကို မင်းဆိုတဲ့ကောင် လောဘသိပ်ကြီးတယ် "
"ကျုပ် ဘယ်နေ့သွားရမှာလဲ "
"မနက်ဖြန်မနက်အစောလောက်သွားပေါ့ "
"‌အဲ့တာဆိုလည်းပြီးတာပဲ ကျုပ် ခဏနေရင် အဘအတွက် ကြက်သားဆန်ပြုတ်လာပို့ပေးမယ် "
"အေး အေး ငါ့ကို စောင်လေးထပ်ပေးခဲ့စမ်းကွာ ချမ်းလို့ "
မောင်ဘိုးထင်သည် ဦးအုန်းအားစောင်ထပ်ခြုံပေး လိုက်သည်။ထို့နောက် သူသည် သူသွားရမည့်ရွာကိုမှတ်သားထားပြီးနောက် ဦးအုန်း၏အိမ်မှထွက်ခွာလာခဲ့ပါလေတော့သည် ။
◾အခန်း (၂)
ပေတူးနှင့် သာအေးတို့နှစ်ယောက် ထမင်းချက်ပြီး၍ အိမ်ရှေ့ကွပ်ပျစ်တွင်ထိုင်ကာဟင်းရွက်သင်နေကြသည်။သူတို့နှစ်ယောက်အဖို့ အတော်ခွကျလို့နေသည်။အကြောင်းမှာ ရွာထဲတွင် ဟင်းစားလည်မရောင်းကြသ ဖြင့် ဟင်းချက်စရာဘာမှမရှိ‌၍ ရွာအပြင်လယ်ကန်သင်း ရိုးမှခူးထားသည့် ကန်စွန်းရွက်၊အိမ်ဝိုင်းထဲရှိ မန်ကျည်း ပင်မှခူး‌ထားသော မန်ကျည်းရွက်နှင့် ဘိလပ်ချဉ်ပေါင်ရွက်တို့သာရှိ၍ဖြစ်သည်။ပေတူးမှာ ထိုအရွက်များကိုသင်နေရင်းကမကျေမနပ်ဖြင့်စကားဆိုလေသည်။
"တောက် မုတ်ဆိတ်ဖြူအိမ်ကိုရောက်လာမှပဲ တို့တွေလည်းငတ်တော့တယ် "
"ဘာလို့တုန်း"
"ဘာရမှာလဲကွာ အခု ဘာဟင်းချက်မှာလဲ "
"မုတ်ဆိတ်ဖြူပြောတယ်မလား ကန်စွန်းရွက်ရယ် ချဉ်ပေါင်ရွက်ရယ်ရောပြီးအချဉ်ဟင်းချက် ပြီးရင်မန်ကျည်းရွက်ထောင်းတဲ့လေ "
"တောက် ဘိုးထင်ကလည်း မုတ်ဆိတ်ဖြူအကြိုက်ပဲချက်ကျွေးနေတယ် ငါတော့ သိပ်စိတ်ညစ်တာပဲကွာ"
ပေတူးနှင့် သာအေးတို့စကားပြောနေစဉ်မှာပင် မုတ်ဆိတ်ဖြူအိမ်ဝိုင်းထဲလှည့်လည်လမ်းလျှောက်လာရာမှပြန်ရောက်လာလေသည်။ထို့နောက် သူတို့ထိုင်နေသည့်ကွပ်ပျစ်တွင်ဝင်ထိုင်လိုက်ကာ
"ကောင်လေးတွေ မင်းတို့မျက်နှာတွေကလည်း သုံမှုန်နေတာပဲ ဘာဖြစ်လို့လဲ "
"ဘာဖြစ်ရမှာလဲဗျာ မုတ်ဆိတ်ဖြူကြောင့်ပေါ့ "
"ငါ့ကြောင့်ဟုတ်လား ငါကဘာဖြစ်လို့လဲ "
"ခင်ဗျားကတော့ဘာမှမဖြစ်ပါဘူး ဖြစ်နေတာကျုပ်တို့နှစ်ယောက် ကျုပ်တို့ကိုသေချာကြည့်စမ်းပါဗျာ လူမမာရုပ်တွေနဲ့မတူဘူးလား"
ပေတူး၏စကားကြောင့် မုတ်ဆိတ်ဖြူသည် သူတို့နှစ်ယောက်၏ပါးနှစ်ဖက်ကို လက်နှင့်ဖိကြည့်လိုက်ပြီး
စာအုပ်ဖတ်ရန်မန့်မှာလင့်👇👇👇

အောင်မြတ်သာနှင့်လက်ခမောင်းဘကျော်အောင်မြတ်သာလည်း သက်ခိုင်တို့နဲ့ချိန်းထားတဲ့ အချိန်က ပြည့်တော့မှာမို့လို့ မုဆိုးထိုင်စေတီ...
08/05/2026

အောင်မြတ်သာနှင့်လက်ခမောင်းဘကျော်
အောင်မြတ်သာလည်း သက်ခိုင်တို့နဲ့ချိန်းထားတဲ့ အချိန်က ပြည့်တော့မှာမို့လို့ မုဆိုးထိုင်စေတီရှိရာကို ပြန်ထွက်လာခဲ့လိုက်တယ်။
ခြေဖဝါးသုံးတောင်ကိုဆုံးမယ့်အချိန်မှာ သက်ခိုင်တို့ကိုမခေါ်ခဲ့တာကလည်း စဉ်းစားစရာအကြောင်းအရာတစ်ခုဖြစ်နေခဲ့တယ်။
ခရီးဆက်လာရင်း တစ်နေရာရောက်မှာတော့ လူတွေဝိုင်းအုံနေတဲ့နေရာတစ်ခုကိုမြင်လိုက်ရတယ်။ အောင်မြတ်သာလည်း မိမိဦးတည်ရာကိုသာ သွားဖို့ဆုံးဖြတ်ရင်း ဆက်လျောက်လာခဲ့ရာ လူအုပ်ကြီးအကျော်ကိုလဲရောက်ရော အနောက်ကနေ တစ်စုံတစ်ယောက်က လွယ်အိတ်ကို လှမ်းဆွဲလိုက်သလိုဖြစ်လို့ လှည့်ကြည့်လိုက်ရာ ဆံပင်စုတ်ဖွားနဲ့အမယ်အိုတစ်ယောက်ကိုတွေ့လိုက်ရတယ်။
အမယ်အိုကိုမြင်တော့ အောင်မြတ်သာက
" ကျုပ်လွယ်အိတ်ကို ဘာကြောင့်မို့ဆွဲထားရတာလဲ"
"ဆရာလေးဒီအတိုင်းတော့ ထွက်မသွားပါနဲ့ဦး ဒီနေရာမှာဖြစ်နေတဲ့အခက်အခဲလေးတွေကို ကူညီဖြေရှင်းပေးသွားလို့ တောင်းဆိုချင်ပါတယ်"
"ဒီနေရာမှာက ဘယ်လိုအခက်အခဲတွေဖြစ်နေလို့လဲ"
" အရင်က ဒီရွာမှာ အခုလိုအဖြစ်တွေမကြုံခဲ့ဘူး လွန်ခဲ့တဲ့သုံးလလောက်မှာ ဟိုဘက်ရွာကို ကျောင်းထိုင်ဘုန်းကြီးတစ်ပါး အသစ်ပြောင်းလာတယ် အသစ်ရောက်လာတဲ့ဘုန်းကြီးက မနက်တိုင်း ညတိုင်း ပဌာန်းအကျယ်ကို အသံချဲ့စက်ကြီးနဲ့ရွတ်ဖတ်ပါတယ် ဒါက ကောင်းတဲ့အလုပ်ဖြစ်ပေမယ့် ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ နာနာဘာဝတွေအတွက်တော့ မကောင်းဘူးပေါ့ ကျောင်းထိုင်ဘုန်းကြီးရဲ့သီလသိက္ခာသမာဓိကလည်း ကောင်းနေတော့ ကျောင်းဝင်းထဲမှာ ဘယ်နာနာဘာဝမှမနေရဲတော့ပဲ နီးစပ်ရာ ရွာတွေထဲ ဝင်လာကြတယ် ရွာတော်ရှင်တွေက တစ်ချို့ နာနာဘာဝတွေကို မောင်းထုတ်လို့ရပေမယ့် နှစ်ကြာနေတဲ့ နာနာဘာဝတွေကိုတော့ မောင်းထုတ်လို့မနိုင်ခဲ့ဘူး ခုနက လူအုပ်ကြီးကိုဆရာလေးမြင်ခဲ့တယ်မလား အဲဒါက နာနာဘာဝတွေဝင်ပူးပြီး အစာရေစာတောင်းနေတာ"
" အမယ်ကြီးက ဒီရွာရဲ့ဘယ်နားမှာနေတာလဲ"
"ကျွန်မက ခုနက ဆရာလေးဝင်လာတဲ့ ရွာထိပ်မှာ နေတာပါ ရွာကလူတွေကတော့ အဖွားစိမ်းလို့ခေါ်ကြတယ် "
" အမယ်ကြီးကရော သူတို့ကိုမကူညီနိုင်ဘူးလား"
"အခုဖြစ်နေတာတွေအားလုံးကို ကူညီနိုင်တဲ့အစွမ်းမရှိသေးပါဘူး ကျွန်မကသာမန်အဆင့်လောက်ရှိတဲ့ နာနာဘာဝတွေကိုပဲ မောင်းထုတ်နိုင်တာပါ"
" ကျုပ်နားလည်ပြီ ခရီးဆက်စရာရှိနေပေမယ့်လည်း ဒီရွာရဲ့အခက်အခဲတွေကို အတတ်နိုင်ဆုံး ကူညီခဲ့ပါမယ် အမယ်ကြီးလည်း ကိုယ့်နေရာ ကိုယ်ပြန်လိုက်ပါဦး လိုအပ်ရင် အမယ်ကြီးဆီကျုပ်ထပ်လာခဲ့ပါမယ်"
"ကျေးဇူးတင်လိုက်တာဆရာလေးရယ် ကျွန်မတတ်နိုင်သလောက်ကူညီပါ့မယ် "
အောင်မြတ်သာလည်း အရှေ့ကိုဆက်မယ့် ခြေလှမ်းတွေကို ပြန်ရုပ်ပြီး လူအုပ်နားကို မယောင်မလည်ပြန်လာခဲ့လိုက်တယ်။
" အမဲသားစားချင်တယ် နှမ်းမုန့်လဲစားချင်တယ် ငါ့ကိုဒီညမကျေွးလို့ကတော့ နင်တို့တစ်ရွာလုံးဒုက္ခရောက်အောင် လုပ်ပစ်မယ် ဟင်းဟင်း "
"ကျေွး ကျေွးပါ့မယ် ကတိပေးပါတယ် အခုဝင်ပူးနေတဲ့လူဆီကနေ ခွာပေးပါ ညနေစောင်းတာနဲ့ ငှက်ပျောဖက်နဲ့ အသားရော အချိုမုန့်တွေလာကျေွးပါ့မယ် "
"ဟင်းဟင်း ငါမထွက်နိုင်ဘူး ငါ့ကိုကျေွးတဲ့အချိန်မှထွက်မယ် ငါဒီမှာပဲနေမယ်"
" စိန်မောင် ဒီအချိန်အမဲသားဘယ်ရွာမှာရနိုင်လဲ ရတဲ့နေရာက ရှာဝယ်ခဲ့ကွာ အချိုမုန့်တွေလည်း ရှာဝယ်ခဲ့ မြန်မြန်သွား ဒီလိုဝင်ပူးတာကြာရင် ဝင်ပူးခံရသူရဲ့အသက်ကိုစိုးရိမ်ရတယ် "
" ဝယ်စရာမလိုဘူး ဘာမှလဲကျေွးစရာမလိုဘူး ကျုပ်တာဝန်ယူတယ် ဝင်ပူးခံရတဲ့သူလည်း ဘာမှမဖြစ်စေရဘူး" ဆိုတဲ့အသံက လူအုပ်ကြီးရဲ့ အနောက်ကနေ ထွက်လာခဲ့တယ်။
" ခင်ဗျားက ပယောဂကုတတ်လား ကျုပ်တို့ကို ကယ်ပါဦးဗျာ ကျုပ်သားလေးဒုက္ခရောက်တော့မယ်"
" အနည်းအကျဉ်းတော့ရပါတယ် စိတ်လဲသိပ်မပူကြပါနဲ့ "
အောင်မြတ်သာလည်း ဝင်ပူးနေတဲ့သူရဲ့ မျက်လုံးတည့်တည့်ကိုစိုက်ကြည့်လိုက်တော့ ဝင်ပူးခံနေသူရဲ့ ပုံသဏ္ဍာန်ပျောက်ပြီးဝင်ပူးနေသူရဲ့ ရုပ်အမှန်ပေါ်လာခဲ့တယ်။
" ခြောက်စားလှန့်စားနေတဲ့ကောင် ငါ့ကိုမော့ကြည့်စမ်း"
အောင်မြတ်သာရဲ့ ဩဇာအပြည့်နဲ့စကားသံကိုကြားတော့ ဝင်ပူးနေတဲ့သူက
" မင်းဘယ်သူလဲ မင်းကိုဘယ်သူလွှတ်လိုက်တာလဲ ငါကိုမကျေွးရင် ဒီကလေးကိုသတ်ပစ်မှာနော် "
" မင်းမှာအဲလောက် အစွမ်းအစမရှိပါဘူး အခုပြန်ထွက်မလား မီးမြိုက်ခံပြီးမှထွက်မလား"
အောင်မြတ်သာရဲ့ ပြတ်သားလှတဲ့စကားကိုကြားတော့ ဝင်ပူးနေတဲ့သူက ငြိမ်ကျသွားတယ်။ ပြီးတော့မှ
" စားရခါနီးမှ အဖျက်ကဝင်လာတယ် နင့်ပညာတွေကိုမယှဉ်နိုင်လို့ အလျော့ပေးလိုက်မယ် ငါမစားတော့ဘူး သွားတော့မယ် " လို့ပြောပြီး ဝင်ပူးနေတဲ့ကိုယ်ကခွာလိုက်တဲ့အချိန် ဘယ်ကရောက်ဘာမှန်းမသိတဲ့ ကြိုးအနီတစ်ချောင်းက ဝင်ပူးနေတဲ့သူကို ရစ်ပတ်ပြီး ဘေးမှာရှိတဲ့ သရက်ပင်အောက်ကိုဒရွတ်တိုက်ဆွဲသွားတယ်။ ဒီအဖြစ်အပျက်တွေကို ရွာသားတွေမမြင်ရပေမယ့် မြင်ရတဲ့သူတစ်ယောက်ကရှိနေခဲ့တယ်။
" ကျေးဇူးတင်လိုက်တာဆရာရယ် ဒီကောင်က အမြဲတမ်းလိုလို ဝင်ပူးကပ်ပြီး တောင်းစားနေတာ ကျုပ်တို့ရွာမှာလည်း ပယောဂကုတတ်တဲ့သူမရှိဘူး ဟိုဘက်ရွာက ဆရာတော်ကလည်း လောကီကိစ္စတွေဝင်မရှုပ်ဘူးဆိုတော့ ကျုပ်တို့ဒုက္ခရောက်နေရတာ အခုဆရာရောက်လာတော့မှ အဆင်ပြေတော့တယ် ဖြစ်နိုင်ရင် ရွာမှာတစ်ရက်နှစ်ရက်လောက်နေသွားပါဦး ကျန်တဲ့ကိစ္စတွေလည်းရှိသေးလို့ ဆရာကိုသေချာပြောချင်ပါသေးတယ်"
"ဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ နေရတော့မှာပေါ့ ခင်ဗျားတို့ကျေးဇူးဆပ်ချင်တယ်ဆိုရင်တော့ ရွာထိပ်က အဖွားစိမ်းနတ်ကွန်းလေးကို သေချာလေးပြင်ပေးလိုက်ကြပါ "
"ဟင် ဆရာက အဖွားစိမ်းကိုဘယ်လိုသိတာလဲ အဖွားစိမ်းကဒီရွာအပေါ်အရမ်းသံယောဇဉ်ကြီးတာ သူ့အကြောင်းလဲပြောပြချင်သေးတယ် ဆရာအိမ်ကိုကြွခဲ့ပေးပါ"လို့ပြောပြီး အရှေ့ကနေ ခေါ်သွားခဲ့တယ်။
အောင်မြတ်သာလည်း ဘေးကသရက်ပင်ကိုကြည့်လိုက်တော့ သရက်ပင်အကိုင်းမှာကြိုးနဲ့ဇောက်ထိုးချည်ခံထားရတဲ့ ကောင်ကိုမြင်တော့
" ကြိုးပိုင်ရေ ဒီကောင်တွေ မလွတ်စေနဲ့ သေချာကြည့်ထား"လို့စိတ်ထဲကရေရွတ်ပြီး ရွာထဲကို လိုက်ခဲ့လိုက်တယ်။
ခြံဝိုင်းထဲကိုရောက်တော့ အိမ်ရှေ့မန်ကျီးပင်အောင်က ကွပ်ပြစ်လေးမှာထိုင်ပြီး
" ကျုပ်တို့ ရွာအခြေအနေကတော့ ဆရာမြင်တဲ့အတိုင်းပါပဲ ဆရာမရောက်ခင် တစ်လလောက်က ရွာမှာ လူကိုးယောက်ဆက်တိုက်သေတာ သေတဲ့လူတွေကလည်း အကောင်းကြီးကနေ ရုတ်တရက်သေကြတာ တစ်ချို့ဆို ရေသောက်နေရင်း ရေသီးလို့သေတာတောင်ရှိတယ် ကိုးယောက်တိတိပြည့်တဲ့နေ့မှာတော့ အခုလိုမကောင်းဆိုးဝါးတွေဝင်ပူးတော့တာပဲ အဲဒီထဲကမှ ထူးဆန်းတာတစ်ခုရှိတယ် သူကလည်း ဝင်ပူးတာပဲ ညဘက်သန်းခေါင်အချိန်ရောက်တိုင်း ဝင်ပူးတယ် နေ့တိုင်းလိုလိုပဲ "
" သူကရော ခုနကလို အစားတောင်းစားတာပဲလား"
"မဟုတ်ဘူးဆရာ ဒါကြောင့်ထူးဆန်းတယ်လို့ပြောတာ သူဝင်ပူးရင် လက်ခမောင်းခတ်ပြီးတော့ကိုလာတာ "
စာအုပ်ဖတ်ရန်မန့်မှာလင့်👇👇

အောင်မြတ်သာနှင့်ခြေဖဝါးသုံးတောင်မုဆိုးထိုင်စေတီထီးတင်ပွဲအပြီးမှာတော့ အောင်မြတ်သာတစ်ယောက် အဓိဌာန်ဝင်ဖို့အတွက် တစ်ယောက်ထဲခ...
07/05/2026

အောင်မြတ်သာနှင့်ခြေဖဝါးသုံးတောင်
မုဆိုးထိုင်စေတီထီးတင်ပွဲအပြီးမှာတော့ အောင်မြတ်သာတစ်ယောက် အဓိဌာန်ဝင်ဖို့အတွက် တစ်ယောက်ထဲခရီးထွက်လာခဲ့တယ်။သက်ခိုင်တို့နဲ့ပြန်တွေ့ဖို့ကလဲ သုံးလလောက်လိုသေးတယ်မဟုတ်လား။
ခရီးထွက်လာရင်း တိတ်ဆိတ်ငြိမ်သက်တဲ့ တောင်တန်းလေးတစ်ခုဆီကိုရောက်လာခဲ့တယ်။ လမ်းတစ်လျောက်လုံး ထင်းခွေထွက်လာတဲ့ လူတစ်ယောက်စ နှစ်ယောက်စလောက်ကိုသာ တွေ့ရပြီး ကျန်တဲ့သက်ရှိတစ်ကောင်တစ်မြှီးမှမတွေ့ရ။
အနည်းငယ်မတ်စောက်တဲ့တောင်ကုန်းလေးကို တက်လာတော့ လတ်ဆတ်တဲ့လေနုအေးရဲ့ အရသာကို အောင်မြတ်သာ ခံစားလိုက်ရတယ်။
"ဒီနေရာက အဓိဌာန်ဝင်ဖို့အကောင်းဆုံးနေရာပဲ လူသူအရောက်အပေါက်လဲနည်းတော့ အရှုပ်အရှင်းလဲမရှိတော့ဘူး"ဆိုပြီး တစ်ယောက်ထဲရေရွတ်နေတဲ့အချိန်
"ဒေါက် ဒေါက် ဒေါက်"ဆိုတဲ့အသံနဲ့အတူ တောင်ကုန်းလေးရဲ့မျက်ကွယ်ကွေ့ကနေ တောင်ဝှေးကိုထောက်ကာ လျောက်လာတဲ့ အဖိုးအိုတစ်ယောက်ကို အောင်မြတ်သာမြင်လိုက်ရတယ်။ ထိုလူက အောင်မြတ်သာကိုကြည့်ပြီး
"ဒီနေရာက အဓိဌာန်ဝင်လို့ကောင်းတဲ့နေရာမဟုတ်ဘူး နေရာအရမ်းကြမ်းလို့ ဘယ်သူမှမလာတာကိုပဲကြည့်"
"ဘယ်လိုကြမ်းလို့တုန်းဗျ"
"ဘယ်လိုကြမ်းလဲဆိုတာကိုပြောပြရင် မောင်ရင်ကနေရာပြောင်းမှာမို့လို့လား အဘကစေတနာနဲ့ပြောတာနော် "
"အခြေအနေကိုသိရရင် တစ်မျိုးစဉ်းစားရမှာပေါ့ ဒါပေမယ့်ကျုပ်စိတ်ထဲမှာ ဒီနေရာကိုပဲသဘောကျနေတာတော့ခက်တယ်"
"မောင်ရင်က ဒီနယ်သားမဟုတ်ဘူးထင်တယ် အရင်ကဒီတောင်ကို အရူးတောင်လို့ခေါ်ကြတယ်"
"ဘာဖြစ်လို့တုန်း အဘ"
"ဘာဖြစ်လို့လဲဆိုတော့ ဒီတောင်မှာ တရားလာလာကျင့်ကြတဲ့ ဘုန်းကြီးတွေ လူတွေရှိခဲ့ဖူးတယ် ဒါပေမယ့် လာတဲ့သူတိုင်း နှစ်ညမခံဘူး အကုန်ရူးကုန်ကြတယ်"
"အဖျက်တွေများလို့လား ဒါမှမဟုတ်သီလမစင်ကြယ်ကြလို့လား"
"အဖျက်တွေကမများဘူး တစ်ယောက်ထဲကပဲအားလုံးကိုဖျက်တာ လာကြတဲ့သူတွေကလဲ အတွေ့အကြုံနုနယ်ကြတာလဲပါတယ် ဒါကြောင့် အခုနောက်ပိုင်း ဘယ်သူမှ ဒီတောင်ကိုမလာရဲကြဘူး အနီးအနားက ထင်းရှာဝါးရှာသမားတွေတောင် ညနေစောင်းမရောက်ခင် အပြီးပြန်ကြတယ်"
အဖိုးအိုရဲ့စကားကိုကြားတော့ အောင်မြတ်သာက
"ဒီလောက်သောင်းကျန်းနေတာ မဆုံးမကြဘူးလား ဒါမှမဟုတ်မနိုင်ကြတာလား"
"ဆုံးမနိုင်မယ့်သူမပေါ်သေးဘူးထင်ပါတယ် ဒါကြောင့် အရည်အသွေးရှိတဲ့လူငယ်တစ်ယောက်မဆုံးရှုံးစေချင်လို့ အဘက လာပြောပြတာ တစ်ခြားနေရာကိုပဲသွားပါကွယ်"
"ကျုပ်က ဒီနေရာကိုပဲ စိတ်ဝင်စားသွားပီ အဘရဲ့စေတနာကိုတော့လေးစားပါတယ် ကျုပ်ရဲ့ကျင့်ကြံစွမ်းအားကို ယုံကြည်တဲ့အတွက် ဘာမှမဖြစ်စေရပါဘူး"
"မောင်ရင်က တော်တော်ခေါင်းမာတာပဲ ဒါဆိုလဲ ကျုပ်သွားတော့မယ် ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့"
"အပြန်လမ်းဂရုစိုက်ပါ နတ်ဆိုးကြီး "
အောင်မြတ်သာက နတ်ဆိုးကြီးလို့ခေါ်လိုက်ရော အဘိုးအိုရဲ့မျက်နှာ ကွက်ခနဲပျက်သွားပြီး
" သင်ပညာကလဲ ဘယ်ဆိုးလို့တုန်း ကျုပ်တာဝန်အရ လာပြောပီးပီနော် တစ်ခုခုဖြစ်ရင် ကျုပ်နဲ့မဆိုင်ဘူး"
"သင်က ဒီတောဒီတောင်မှာ ခိုကပ်နေရတာကျုပ်သိပါတယ် ကျုပ်ဆီစလာထဲက သင့်ကိုယ်ရောင်ကိုယ်ဝါက မှေးမှိန်လွန်းတာသတိထားမိတယ် သင့်မှီခိုနေတဲ့သူကိုလည်းပြောလိုက်ပါ ကျုပ်စောင့်နေမယ်လို့"
အောင်မြတ်သာစကားဆုံးတော့ အဖိုးအိုအယောင်ဆောင်ထားရာကနေ တစ်ဖြေးဖြေး အသွင်ပြောင်းလာပြီး နီကျင်ကျင်အဝတ်အစားတွေကိုဝတ်ဆင်ထားတဲ့ လူတစ်ယောက်ဖြစ်သွားပြီး
"တောက် သိကြသေးတာပေါ့ကွာ" ဆိုပြီး ကြိမ်းမောင်းကာ တောင်ကုန်းအကွေ့လေးအနောက်ကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။
အောင်မြတ်သာလဲ ခေါင်းကိုဖြေးဖြေးချင်းခါယမ်းပြီး
" ဒါကြောင့် ဒီနေရာကိုလာချင်တဲ့စိတ်ဖြစ်နေတာကိုး တစ်ယောက်ကိုချေချွတ်ရပြန်ဦးမှာပါလား" ဆိုပြီး ရေရွတ်လိုက်တယ်။
++++++++
ညကားတစ်ဖြေးဖြေး နက်လာသလို အမှောင်ထုကလဲ ပိတ်ဖုံးလာခဲ့တယ်။ အဝေးကနေ ပုရစ်အော်သံ၊ အကောင်ပလောင်လေးတွေရဲ့ အော်သံတစ်ချို့ကိုသာကြားရပြီး တောင်တန်းတစ်ခုလုံး ငြိမ်သက်လျက်ရှိနေပေမယ့် အောင်မြတ်သာကတော့ အမှောင်ထုထဲက သရက်ပင်အောက်မှာ မလှုပ်မယက်ပဲ တရားဘာဝနာကျင့်ကြံနေခဲ့တယ်။
" ခစ် ခစ် ခစ် "
"ရှူး တိုး တိုး ဟိုကကြားသွားဦးမယ်"
"တော်တော်ချောတာပဲနော် ငါ့‌ယောင်္ကျားဆိုဘယ်လောက်ကောင်းမလဲ ခိခိ"
" အရင်က မတွေ့ဖူးဖူးနော် အခုမှလာတာဖြစ်မယ်"
ချွဲပြစ်စေးကပ်တဲ့စကားသံတွေက အောင်မြတ်သာ နားထဲကို တိုးကာဝင်ရောက်လာခဲ့တယ်။ အောင်မြတ်သာလဲ ဂရုမစိုက်ဘဲ မိမိလုပ်နေတဲ့အလုပ်အပေါ်စိတ်ကိုနှစ်ထားလိုက်တယ်။
"ဖလပ် ဖလပ် ဟင်းဟင်းဟင်း"
"အနားကပ်ကြည့်တော့ ပိုချောတယ်တော့"
စာအုပ်ဖတ်ရန်မန့်မှာလင့်👇👇👇👇

တစ္ဆေ့မယား (စ/ဆုံး)မူရင်းရေးသားသူ_ဆရာတာတေရွှေတောင်ဦး ဘုရားပွဲပြီးတာ သုံးရက်ပဲ ရှိသေးတာဗျ။ ကာလသားတွေလည်း ခြေပစ်လက်ပစ်ကို ...
06/05/2026

တစ္ဆေ့မယား (စ/ဆုံး)
မူရင်းရေးသားသူ_ဆရာတာတေ
ရွှေတောင်ဦး ဘုရားပွဲပြီးတာ သုံးရက်ပဲ ရှိသေးတာဗျ။
ကာလသားတွေလည်း ခြေပစ်လက်ပစ်ကို ဖြစ်ကြရတာပေါ့ဗျာ။
ကျုပ်ဆိုရင် ဘုရားပွဲပြီးလို့ ဖျက်စရာရှိတာဖျက်။ သိမ်းစရာ
ရှိတာ သိမ်းပြီးရင် အိမ်ထဲက အိမ်ပြင် မထွက်ဘဲ
တစ်ပတ်လောက်ကို အိမ်မှာ နားနေတော့တာဗျ။
ရွှေတောင်ဦးဘုရားပွဲက တပေါင်းလပြည့်မှာ
ပြီးတာလေဗျာ။ ဘုရားပွဲပြီးသွားတဲ့အချိန်မှာ
အပူအပြင်းဆုံးအချိန်ပေါ့။ အဘနဲ့ အမေက
ဘုရားပွဲပြီးတဲ့အချိန်မှာ ကျုပ်ကို ဟင်းကောင်း
ကျွေးကောင်း ချက်ကျွေးနေကျဗျ။
ကျုပ်ကြိုက်တဲ့ ဝက်သားနဲ့ ပုန်းရည်ကြီးချက်။
ပြီးတော့ ခရမ်းချဉ်သီးပန်ထွေဖျော် ပြီးတော့
ကျုပ်တို့ အညာစာ ခြံစည်းရိုးဟင်းလေးတစ်ခွက်ပေါ့ဗျာ။
တာတေတို့ကတော့ ဟင်းကောင်းရင် သုံးပန်ကန်တော့
အနည်းဆုံးပေါ့ဗျာ။ထမင်းလည်း စားပြီး ချွေးပြိုက်ပြိုက်
ကျတော့ဗျို့။နေကလည်း ပူတော့ ကျုပ် ဆေးပေါ့လိပ်
ခွက်ကလေးကို ဆွဲပြီး ဝိုင်းထဲက မန်ကျည်းပင်အောက်
ရောက်လာတော့တာပေါ့ဗျာ။
နဂါးဆေးပေါ့လိပ်ကလေးကို မီးညှိပြီး ကိုယ့်ဟာကိုယ့်ပဲ
ဖွာတော်ဆက်ရတာပေါ့ဗျာ။ ဆေးလိပ်ကလေး
သုံးလေးဖွာလောက် ဖွာရသေးတယ်။
တာတေ့မျက်လုံးတွေက စဉ်းလာရောဗျာ
ဝါးပိုးခြမ်းခေါင်းအုံးလေးပေါ်မှာ ခေါင်းအုံးလိုက်တာနဲ့
အိပ်ပျော်သွားတာပါပဲဗျာ။ အိပ်ပျော်တာနဲ့
အိပ်မက်တစ်ခု မက်တယ်။
မနက်ဝေလီဝေလင်း အချိန်ကြီးဗျ။နှင်းတွေကလည်း
ကျလိုက်တာဗျာ။ ကျုပ်က လှည်းလမ်းကြောင်းဘေးမှာ
လမ်းလျှောက်သွားနေတာဗျ။ ခေါင်းမှာ
ဝါးဖတ်ခမောက်ကလေး ဆောင်းလို့။ လက်ထဲမှာတော့
ဓါးတိုကလေးတစ်ချောင်းလည်း ကိုင်လို့ပေါ့ဗျာ။
"ကျွိ ကျွိ ကျွိ ။ ဟဲ့နွား ။ သြော် ဒီနွားဟာ။ ဟဲ့ ဘယ်တုံး။
တောက် ။ အတည့်သွားလေ ။ သြော် ဒီနွား"
လှည်းလမ်းကြောင်းအတိုင်း လှည်းမောင်းလာတာ
ကြာလို့ ကျုပ်က လှည့်ကြည့်လိုက်တယ်။
နှင်းတွေပိတ်နေလို့ လှည်းကို မမြင်ရဘူးဗျ။
"ဟဲ့ နွား ။ အော် ဟဲ့ "
တဖြည်းဖြည်းနဲ့ လှည်းက ကျုပ်ဘေးရောက်လာတယ်။
ကျုပ် လှည့်ကြည့်တော့ နွားဖြူကြီးနှစ်ကောင်ဗျ။
ဟာ ဒါ ဘထွေးထွန်းကြည်အိမ်က နွားတွေဗျ။
ကျုပ်က လှည်းပေါ်ကို လှမ်းကြည့်တော့ ဘထွေးသမီး
အစ်မခင်စိန်ရီက လှည်းပေါ်မှာ အကျအနထိုင်လို့။
သူ့ဘေးမှာတော့ တင်းတောင်းတစ်လုံးရှိတယ်။
တင်းတောင်းကို အစ်မခင်စိန်ရီက ချိုင်းကြားမှာညှပ်ပြီး
ဖိထားတယ်။ လှည်းမောင်းတာက သူ့ယောင်္ကျား
ကိုသိန်းမောင်ဗျ။
"ဟဲ့ တာတေ ဘယ်တုံး"
အစ်မခင်စိန်ရီက ကျုပ်ကို လှမ်းမေးတယ်
အစ်မခင်စိန်ရီက ကျုပ်ကို လွှတ်ခင်တာဗျ။
ကျောက်ခဲရဲ့အစ်မဝမ်းကွဲလေဗျာ။
ဘထွေးထွန်းကြည်က ကျောက်ခဲရဲ့ ဘထွေးလေ။
အစ်မခင်စိန်ရီရဲ့ယောင်္ကျားက ကျုပ်တို့ရွာက
မဟုတ်ဘူးဗျ။ ထီးဂလိုင်က နာမည်က ကိုသိန်းမောင်။
လွှတ်ရိုးသားပြီး အလုပ်လည်း လွှတ်ကြိုးစားတာဗျ။
အစ်မခင်စိန်ရီ မေးတာကို ကျုပ်က ပြန်ဖြေလိုက်တယ်။
"ဟိုဘက်ရွာ ခဏသွားမလို့ဗျ"
ကိုသိန်းမောင်ကတော့ ကျုပ်ကို ပြုံးရုံပဲ ပြုံးပြသွားပြီး
လှည်းကိုပဲ ဂရုစိုက်မောင်းနေတာဗျ။
"ဟဲ့နွား ။ သြော် ဒီငဖြူကြီးဟာ ပေကပ်ကပ်နဲ့ "
ကိုသိန်းမောင်ရဲ့ နွားငေါက်သံက ဝေးဝေးသွားရောဗျ။
လှည်းကလည်း နှင်းတောထဲမှာ ပျောက်သွားတယ်
"ကိုကြီးတာတေ ။ ကိုကြီးတာတေ"
ကျုပ်လန့်နိုးသွားတယ် ။ ခေါ်ရင်း အော်ရင်း
ဝိုင်းထဲကဝင်လာတာက ကျောက်ခဲဗျ။
ဒီကောင့်မြင်တော့မှ ကျုပ် သတိရသွားတာဗျ။
စောစောက အိပ်မက်ထဲမှာ လှည်းမောင်းသွားတဲ့
ကျောက်ခဲရဲ့ယောက်ဖ ကိုသိန်းမောင်က ရှိမှ မရှိတော့တာ။
ဆုံးသွားတာ တစ်နှစ်တောင် ကျော်ပြီပဲ။ သေသွားတဲ့လူကို
အိပ်မက် မက်တာ မကောင်းဘူးလို့ လူကြီးတွေပြောသံ
ကျုပ် ကြားဖူးတယ်။
ကျောက်ခဲက ကျုပ် ဘေးနားမှာ ဝင်ထိုင်တယ်
ကျုပ်ကလည်း အိပ်နေရာက ထထိုင်ပြီး ဒီကောင်နဲ့
စကားပြောတယ်။
"ကျောက်ခဲ မင်း ဘယ်သွားမလို့တုံး။နေပြင်းလိုက်တာ"
'ဘယ်မှာမသွားဘူးဗျ။ ကျုပ်က ကိုကြီးတာတေနဲ့
စကားလေး ဘာလေး ပြောချင်လို့ လာတာပါ"
ဒီကောင် နေပူထဲကလာတော့ မောလာတယ်ဗျ။
ကျုပ်ဘေးမှာ ချထားတဲ့ ရေနွေးအိုးကို ငှဲ့သောက်တော့တာဗျို့။
"တိုက်ဆိုင်တယ်ပဲ ပြောရမလားတော့ မသိဘူးကွ
ငါက နေ့ခင်းကြောင်တောင်ကြီးမှ မင်းအစ်မ
အစ်မခင်စိန်ရီနဲ့ ကိုသိန်းမောင်ကို အိပ်မက် မက်နေတာကွ"
"ဟင် ဟုတ်လား ကိုကြီးတာတေ ။ဒါဆိုရင်တော့
တိုက်ဆိုင်တာပဲ ပြောရမှာပဲဗျ။ ကျုပ်ကလည်း
အစ်မခင်စိန်ရီအကြောင်း လာပြောတာ"
"ဟေ ဟုတ်လား အစ်မ ခင်စိန်ရီ ဘာဖြစ်လို့တုံး"
"မဖြစ်ပါဘူးဗျာ။ မနေ့က ယာထဲက အပြန်မှာ
ရွာနောက်ပိုင်းက ကိုတိုးက အစ်မခင်စိန်ရီကို ရိသဲ့သဲ့လုပ်လို့
အစ်မခင်စိန်ရီနဲ့ စကားတွေ များကြလို့တဲ့ဗျ"
"ဟာ ကိုတိုးဆိုတာ အရက်မူးမူးနေတဲ့ လူမို့လား"
"ဟုတ်တယ်လေဗျာ ။ ကျုပ် သူငယ်ချင်း အောင်မိုးရဲ့
အစ်ကိုလေဗျာ ။ဒီလူ့နာမည်က အောင်တိုးဗျ။
ဘာအလုပ်မှလည်း မယ်မယ်ရရ မလုပ်ပါဘူးဗျာ။
အရက်သောက်လိုက် ။ ကြက်တိုက်လိုက်ပဲ လုပ်နေတာပါ။
သူ့ကို သူ့ငယ်ချင်းတွေက 'ကြက်ငတိုး'လို့တောင်
ခေါ်ကြတာ"
"အင်း …လူတွေကလည်း ခက်တယ်ကွ ကျောက်ခဲရ။
အစ်မခင်စိန်ရီက မုဆိုးမမို့လား။ ဒီတော့
သွေးထိုးစမ်းကြည့်တာပေါ့ကွာ"
"ဒါပေမဲ့ မိန်းမသားအဖို့ မကောင်းဘူးပေါ့ဗျာ"
"ဟာ …ဟုတ်တာပေါ့ ကျောက်ခဲရ။
တစ်ရွာတည်းနေတဲ့ လူတွေပဲဟာ ဆင်ခြင်သင့်တာပေါ့ကွ"
"အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး အံ့သြစရာကိစ္စလေးတွေ
ပြောချင်ဆိုချင်လို့ ကိုကြီးတာတေဆီကို ကျုပ်လာတာဗျ"
ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း ကျောက်ခဲနဲ့
စကားပြောနေတာပေါ့ဗျာ။
"ဟေ …ဘာတွေများ အံ့သြစရာရှိလို့တုံးကွ ကျောက်ခဲရ"
စာအုပ်ဖတ်ရန်မန့်မှာလင့်👇👇👇👇

အောင်မြတ်သာနှင့်မုဆိုးထိုင်စေတီ"ကိုထွန်း ရှင်မထသေးဘူးလား အချိန်ကိုလဲကြည့်ဦး နေကထန်းတစ်ဖျားကျော်နေပီ""အေးပါ ငါထပါပီ ညကနည်...
05/05/2026

အောင်မြတ်သာနှင့်မုဆိုးထိုင်စေတီ
"ကိုထွန်း ရှင်မထသေးဘူးလား အချိန်ကိုလဲကြည့်ဦး နေကထန်းတစ်ဖျားကျော်နေပီ"
"အေးပါ ငါထပါပီ ညကနည်းနည်းသောက်လိုက်မိလို့ မထနိုင်ဖြစ်သွားတာ"
"ရှင့်မလဲ ဒီသောက်တာနဲ့ပီးနေတာပဲ နေ့သောက် ညသောက် အလုပ်ဆိုရင်မလုပ်ချင်ဘူး ဟင်းရွက်တွေခူးလာတာ လာကူစည်းပေးဦး"
မသိန်းရဲ့ဗျစ်တောက်ဗျစ်တောက် စကားကိုတွေမကြားချင်ယောင်ဆောင်ပြီး ကိုထွန်း မျက်နှာထသစ်လိုက်တယ်။ မျက်နှာသစ်ပြီးတော့ ခြင်းတောင်းထဲမှာထည့်ထားတဲ့ ဟင်းရွက်တွေကို အမျိုးတူရာ စုကာ နှီးနဲ့ထိုင်စည်းနေလိုက်တယ်။
"မသိန်း ဟင်းရွက်တွေက နည်းလှချည်လား"
"နည်းမှာပေါ့ ကျုပ်ကမိန်းမသားလေ မနက်လင်းချိန်ကျမှထသွားရတာ ရှင်က တစ်ဖြဲနှစ်ဖြဲအိပ်နေပြီး ကူမှမလုပ်တာ ကျုပ်မလဲ အိမ်အတွက်ပူရ ချက်ရပြုတ်ရ မနက်ကျရင် ဟင်းရွက်ထခူးရနဲ့ အားရတယ်ကိုမရှိဘူး ရှင့်ကိုကျွန်မယူထားတာ အားကိုးရမယ်ထင်လို့ယူထားတာ အခုလိုမှန်းသိရင် မယူခဲ့ပါဘူးတော်"
"ပြောမိတာကိုကငါမှားတာ ငါလဲနိုင်သလောက် ကူလုပ်ပေးတာပဲ ဟိုတစ်နေ့ကဆို တောထဲသွားထင်းရှာပေးတာပဲ ရွာမှာကြုံရာကျပန်းဆိုလဲဝင်လုပ်တာပဲလေ "
"အမလေး ရှင်လုပ်တာနဲ့ ရှင်သောက်တာ ပြန်စဉ်းစားကြည့်ဦး ရတာက တစ်ပဲခြောက်ပြား ပြန်သောက်ဖို့ပေးရတာကပိုများနေတယ်"
"နားငြီးတယ်ကွာ ပွစိပွစိနဲ့ ဟင်းရွက်တွေသေချာစည်းဦး "
"ပြောလိုက်ရင်ဒီအတိုင်းပဲ ဟွန့်"
လင်မယားနှစ်ယောက် ဟင်းရွက်စည်းနေရင်း စကားနာထိုးနေတာကိုမြင်တဲ့ ဘေးအိမ်က ဒေါ်သန်းလှက
"ဟိုလင်မယား စကားများမနေကြနဲ့ ညနေကျရင် ရွာဦးဆရာတော်က တစ်ရွာလုံးလာခဲ့ဖို့ခေါ်ထားတယ် မေ့မနေနဲ့ဦး ဆရာတော် အကြောင်းသိတယ်မဟုတ်လား "
"ဟုတ်သား အရီးလေးရေ ဒီငမူးကိုပြောနေရင်းနဲ့မေ့တော့မလို့ ညနေသွားဖြစ်အောင်သွားမယ် အရီးလေး ကိုထွန်း ရှင်လဲညနေလိုက်ရမယ် ထန်းတောထဲသွားပီး မူးမနေနဲ့ ရှင်မလိုက်ရင် ဆရာတော်ကို တိုင်ပြောမှာ"
"အေးပါ မသိန်းရာ ငါ့နားတွေလဲပူလှပီ လုပ်စရာရှိတာပြီးအောင်လုပ် ခဏနေ ဟင်းရွက်တွေလိုက်ပို့ရတော့မယ် လေကြောကရှည်နေတယ်"
ကိုထွန်းနဲ့မသိန်းတို့လင်မယားရဲ့ နိစ္စဓူဝတေးသံသာတွေကိုကြားနေရတဲ့ ဒေါ်သန်းလှက ပြုံးပြီးအိမ်ထဲပြန်ဝင်သွားတယ်။
"ဟဲ့ ကပ္ပိယကြီး ရွာသားတွေ စုံပြီလား"
"တင်ပါ့ဘုရား ငထွန်းတို့လင်မယားမရောက်သေးဘူးဘုရား"
"ဒီလောက် သေသေချာချာမှာထားတာတောင် မသန်းလှ နင်သူတို့ကိုမပြောခဲ့ဘူးလား"
"သေချာပြောခဲ့ပါတယ်ဘုရား ဒီလင်မယား သေချာပြောထားတာတောင် နောက်ကျနေတယ်"
ထိုစဉ်ကပ္ပိယကြီးက
"အရှင်ဘုရား ဟိုမှာရောက်လာပြီ"
ကျောင်းပေါ်ကိုကုတ်ချောင်းချောင်းနဲ့တက်လာတဲ့ လင်မယားကိုမြင်တော့ ဆရာတော်က
"ဟိုလင်မယား ဘာလို့နောက်ကျနေတာလဲ မြန်မြန်လာကြ"
ကိုထွန်းတို့လင်မယားလည်း ဆရာတော်အရှေ့ဝင်ထိုင်လိုက်ပြီး ဦးချလိုက်တယ်။
"အခုလိုခေါ်ရတာက တစ်ခြားတော့မဟုတ်ဘူး လပြည့်လကွယ်နေ့တွေမှာ ဥပုဒ်သီလယူကြတဲ့ ယောဂီဆောင်က နှစ်တွေကြာလာတော့ တစ်ဖြေးဖြေးယိုင်လာပြီ ဒါကြောင့် ရွာသူရွာသားတွေအနေနဲ့ နိုင်သလောက်လေး သစ်ဝါးတွေရှာပေးဖို့ပြောချင်တယ် "
စာအုပ်ဖတ်ရန်မန့်မှာလင့်👇👇👇

အောက်လမ်းဘိုးထင် နှင့် မုတ်ဆိတ်ဖြူ(၁၂၂)◾အခန်း (၁)     လွမ်းတိုင်ရွာလေး၏ယာကွက်တကွက်အတွင်းတွင်ဖြစ်သည်။ယာတဲနှင့်ခပ်လှမ်းလှမ...
04/05/2026

အောက်လမ်းဘိုးထင် နှင့် မုတ်ဆိတ်ဖြူ
(၁၂၂)
◾အခန်း (၁)
လွမ်းတိုင်ရွာလေး၏ယာကွက်တကွက်အတွင်းတွင်ဖြစ်သည်။ယာတဲနှင့်ခပ်လှမ်းလှမ်းရှိ သစ်ပင်အရိပ်အောက်တွင် လူတစုထိုင်နေကြသည်။ထိုလူတစုမှာ မောင်ဘိုးထင်တို့သုံးယောက်နှင့် ကတိန်းပင်ဖြစ်သည်။ကတိန်းသည် မောင်ဘိုးထင်တို့အားကြက်ကင်‌ကျွေးနေခြင်းဖြစ်သည်။
"‌ဘိုးထင်စားကွာ မင်းတို့ပညာကိုလေးစားလွန်းလို့ပါ မင်းအရွယ်လေးနဲ့အဆင့်မြင့်ပညာတွေတတ်နေတာ ငါဖြင့် အံ့သြမိတယ်ကွာ "
"အဲ့လောက်လည်းမြှောက်မနေစမ်းပါနဲ့ဗျာ တချို့လူတွေကကျုပ်တို့တတ်တာကိုပညာလို့မြင်တာမဟုတ်ဘူး မကောင်းတဲ့အတတ်လို့မြင်နေတာ "
"လူတွေကတော့အဲ့လိုပါပဲကွာ မင်းတို့ရွာမှာနေရတာအဆင်မပြေဘူးဆို ငါတို့ရွာမှာလိုက်နေပါလား စိတ်ချမင်းတို့သုံးယောက်ကိုဘယ်သူမှ မော်မကြည့်စေရဘူး "
"ရပါတယ်ဗျာ ကျုပ်တို့ပေပင်ရွာက တခြားရွာတွေနဲ့မတူဘူးဗျ နေလို့အဆင်ပြေတယ် ဒါနဲ့ ကိုကတိန်း ခင်ဗျား ကြိုက်နေတဲ့သူကဘယ်သူတုန်းဗျ "
"ရွာထဲက သူဌေးသမီးကွပဲ နာမည်က မေသစ်တဲ့ "
"ခင်ဗျားသူ့ကိုတကယ်ချစ်တာလား ဒီအတိုင်းလှလို့ကြိုက်တာလား "
"ဟိတ်ကောင်ရ တကယ်ချစ်လို့ပဲအခုလိုတွေလုပ်တာပေါ့ "
"အဲ့တာဆိုကောင်းပြီ ကျုပ်တို့မပြန်သေးဘူး ခင်ဗျားကိစ္စကိုအဆင်ပြေအောင်လုပ်ပေးခဲ့မယ် "
"ပီယဆေးနဲ့ပဲလား "
"အဲ့တာတွေ‌က ကောင်းတာတွေမဟုတ်ဘူးဗျ ကျုပ်မှာနည်းလမ်းရှိတယ် "
"မင်းတို့ကိုအားကိုးပါတယ်ကွာ သူ့အနားအမြဲကပ်နေတဲ့ကောင်တကောင်ရှိတယ်ကွ အဲ့‌ကောင်က ရုပ်ကလည်းဖြောင့် ဥစ္စာလည်းပေါဆိုတော့ ငါမယှဥ်နိုင်ဘူးပေါ့ကွာ အဲ့တာကြောင့်အခုလိုတွေကြံရတာပဲ "
"ကျုပ်တို့အခြေအနေကြည့်ပေးဦးမယ်ဗျာ နော့်"
"ပီယဆေးနဲ့မှ မေသစ်အချစ်ကိုရမယ်ဆိုရင်တော့ ငါ့ကိုမကူညီပေးတော့နဲ့ကွာ မကောင်းတဲ့နည်းလမ်းတွေနဲ့တော့ သူ့အချစ်ကိုမပိုင်ဆိုင်ချင်တော့ဘူး "
ကတုန်းပြောင်ပြောင် အသားညိုညိုတောသားလေး ကတိန်းမှာ သူ၏စိတ်ရင်းကိုပြောပြပြီးငေးငိုင်နေလေသည်။ထိုအခါ ပေတူးမှာ
"စိတ်ချစမ်းပါဗျာ ကျုပ်တို့တွေ အစွမ်းကုန်ကူညီမယ်"
"မင်းတို့တွေ သာရဆိုတဲ့လူရဲ့ကိစ္စလုပ်ပေးရဦးမှာမလား"
"ထားလိုက် ရတယ် အခုလက်ရှိကိစ္စကိုပဲအာရုံစိုက်မဗျာ ကဲ ကျုပ်တို့ကို ခင်ဗျား‌ကောင်မလေးကိုလိုက်ပြဦး "
"ညနေသွားကြတာပေါ့"
ဤသို့ဖြင့် မောင်ဘိုးထင်တို့သုံးယောက်သည် တဖက်သတ်အချစ်သမားလေးကတိန်းအား ကူညီ‌ပေးရန်အတွက် တက်ကြွနေပါလေတော့သည် ။
◾အခန်း (၂)
မောင်ဘိုးထင်တို့သုံးယောက် ကတိန်းအားကူညီရန်အတွက်အဆင်သင့်ပြင်ထားသည်။သူတို့အဆင်သင့်ပြင်ထားခြင်းကို ကတိန်းပင်မသိရချေ။
"ဘိုးထင် မင်းဒီလိုလုပ်တာကောင်းပါ့မလား ကိုကတိန်းလည်းဘာမှမသိဘူးလေ "
"သူ တကယ်ချစ်လားမချစ်လားဆိုတာ ငါတို့သိဖို့လိုတယ်လေ တချက်ခုတ်နှစ်ချက်ပြတ်ပေါ့ "
"မတော်လို့ ကိုကတိန်းတခုခုဖြစ်သွားရင်ရော "
"စိတ်ချစမ်းပါ ဒီတိုက်မြွေကို ငါအဆိပ်ထည့်မထားဘူး ကိုက်လည်းမကိုက်ပါဘူး"
"‌အဲ့တာဆိုရင် ပြီးတာပဲ "
မောင်ဘိုးထင်သည် အဝတ်စုတ်ဖြင့်ပြုလုပ်ထားသည့်ကြိုးနှစ်ချောင်းကိုကိုင်ရင်း ပေတူးနှင့်သာအေးကိုကြည့်ကာ စကားဆိုနေခြင်းဖြစ်သည်။
ထို့နောက် မောင်ဘိုးထင်သည် သူ၏လက်ထဲမှကြိုးကို ပေတူးနှင့် သာအေးအားမြှောက်ပြလိုက်ရင်းစကားဆိုလာလေသည်။
"ငါတွေးထားတာ တခုရှိတယ် "
"ပြောစမ်းပါဦး"
"ငါဒီမြွေကို ကိုကတိန်းတို့ရှေ့ပစ်ချမယ်ဆိုတာ မင်းတို့ကိုပြောထားလို့သိနေပြီမလား ငါဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာ‌ကိုတော့ မင်းတို့မသိသေးဘူးမလား "
"အေး အဲ့တာကိုငါတို့နှစ်ယောက်စဥ်းစားနေတာ မင်း စဥ်းစားကြည့်လေ တကယ်တို့ ကိုကတိန်းကိုသူရဲကောင်း ဝင်လုပ်ခိုင်းမယ်ဆို မြွေပစ်ချမဲ့အကြောင်းတော့ကြိုပြော ထားဖို့ကောင်းတာပေါ့ နို့မို့ဆို သူ‌ကြောက်ပြီးထွက်ပြေးသွားမှဖြင့် "
ပေတူးမှထိုသို့စကားဆို‌သောအခါ မောင်ဘိုးထင် သည် အဝတ်စကြိုးကိုလက်နှင့်ဆုပ်လိုက်ပြီး
"အဲ့လိုပြောလိုက်ရင် တို့တွေသူ့ကိုကူညီစရာမလိုတော့ဘူး ပေပင်ကိုပဲပြန်ကြတာပေါ့"
"ဘာလို့လဲ တို့တွေ ကိုကတိန်းကိုကူညီပေးရအုံးမယ်လေ "
"ကိုယ်ချစ်တဲ့သူ ဘေးကြုံနေတဲ့အချိန် ထွက်ပြေးတဲ့သူကို ငါတို့အနေနဲ့ကူညီစရာအကြောင်းမရှိဘူး "
"မင်းပြောတာလည်းဟုတ်တာပဲ ကို‌ကတိန်းထွက်မပြေးပါစေနဲ့လို့ဆုတောင်းရမှာပဲ "
"အေး ငါလည်းသူမပြေးပါစေနဲ့ဆုတောင်းနေတယ် "
မောင်ဘိုးထင်တို့သည်ထိုသို့ပြောပြီးနောက် မေသစ်ဟုအမည်ရသော မိန်းမပျိုလေးသွားမည့်နေရာသို့ ထွက်ခွာသွားလိုက်ပါလေတော့သည်။
◾အခန်း (၃)
ကတိန်းတယောက် မောင်ဘိုးထင်တို့အလာကိုစောင့်နေသည်။မောင်ဘိုးထင်တို့အားသေချာချိန်းဆိုထားသောလည်း ရောက်မလာသေးပေ။ယနေ့ မေသစ်မှာရွာအပြင်သို့ဘုရားပန်းသွားခူးမည်ဖြစ်ပြီး မေသစ်နှင့်အဆင်ပြေနေသည့် မြတ်အောင်‌ဆိုသောသကောင့်သားလည်းပါလာမည်ဖြစ်သည်။မြတ်အောင်မှာ ရွာမျက်နှာဖုံးသူဌေးသားတယောက်ဖြစ်သည့်အပြင်ရုပ်ရည်အခံရှိပြီးစကားအပြောအဆိုကောင်းမွန်သောကြောင့် သူ့အားကြိုက်သည့်မိန်းကလေးများအများသားဖြစ်သည်။လွယ်လွယ်ရသောမိန်းကလေးများကို မြတ်အောင်မှာသဘောမကျ။ရွာထဲမှကွမ်းတောင်ကိုင်အလှပဂေးလေးမေသစ်ကိုချစ်ရေးဆိုထားသူဖြစ်ပြီး ကတိန်းထက်များစွာအခွင့်အရေးပိုရနေသူဖြစ်သည်။ယခု ကတိန်းသည် မောင်ဘိုးထင်တို့ကိုချိန်ဆိုထားသည့်နေရာ၌စောင့်ဆိုင်းနေသော်လည်း မောင်ဘိုးထင်တို့ရောက်မလာဘဲ မေသစ်နှင့် သူမ၏ သူငယ်ချင်းမိန်းကလေးသုံးယောက်အပြင် ဆိုခဲ့ပြီးသောမြတ်အောင်တို့သာရောက်လာလေသည်။ဆင်ဖြူမျက်နှာ ဆင်မဲ မကြည့်သာဆိုသည့်စကားအတိုင်း မေသစ်နှင့် မြတ်အောင်အတူတူရှိနေချိန် ကတိန်း သူတို့နှင့်တူတူသွားလိုခြင်းမရှိပေမဲ့ မောင်ဘိုးထင်တို့အားကတိပေးထားသည့်အတွက် သူတို့၏ရှေ့တွင်ရပ်လိုက်ပြီး
"မေသစ် ဘယ်သွားမလို့မလဲ "
"ပန်းသွားခူးမှာ "
"ငါလည်းလိုက်ခဲ့မယ်လေ "
"ငါတို့ကအရက်ဆိုင်သွားမှာမဟုတ်ဘူး‌နော် "
"နင်ကလည်းဟာ ငါ့ကိုဆိုပြောဖို့ပဲတတ်တယ် "
ကတိန်းအား‌မနှစ်မျို့စွာကြည့်နေသည့်မေသစ်အား သူမ၏အပေါင်းအသင်းမိန်းကလေးနှစ်ယောက်မှဖြောင်းဖျပြောဆိုလေသည်။
"မေသစ်ကလည်းဟာ ကတိန်းကလည်းတို့ရွာသားပါပဲကို သူလိုက်ချင်တာလိုက်ပါစေလား"
"ဟုတ်တယ် တို့ကရွာဦးစေတီအတွက်ဘုရားပန်းသွားခူးမှာပဲဟာ သူလည်းကုသိုလ်ရတာပေါ့ "
မေသစ်၏သူငယ်ချင်းနှစ်ယောက်မှာ ကတိန်းနှင့်လည်းတရွာတည်းနေသူငယ်ချင်းများဖြစ်ကြသည့်အတွက် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်။ထိုအခါ မြတ်အောင်သည် မေသစ်ကိုကြည့်လိုက်ပြီး
"မေသစ် သူပါတော့လည်းကောင်းတာပဲလေ ကိုတို့နှစ်ယောက်သပ်သပ်သွားလို့ရတာပေါ့ မိချိုတို့ကို သူနဲ့ထားခဲ့လိုက်ရင်အဆင်ပြေပြီလေ "
"ကိုမြတ်အောင်သဘောတူတယ်ဆိုရင်တော့ ကျမ ဘာမှမပြောလိုပါဘူး ကောင်မတွေ အဲ့တာဆို ငါတို့သွားနှင့်မယ်နော် နင်တို့နောက်ကလိုက်ခဲ့ "
"တူတူသွားလို့လည်းရတာကို ညည်းကလည်း "
"အဲ့ဒီခေါင်းတုံးကောင်နဲ့အတူမသွားချင်ပါဘူး "
"နင်ကလည်းတရွာတည်းသားချင်းတွေကို အဲ့လိုမ ပြောပါနဲ့ ကတိန်း သနားပါတယ် "
"နင်သနားရင် နင်ယူလိုက်လေဟာ "
အပြောခံလိုက်ရသည့်မိန်းကလေးမှာ မျက်စောင်းထိုးရင်းဖြင့်သာကျန်ခဲ့သည်။မေသစ်နှင့် မြတ်အောင်မှာ ရှေ့ခပ်လှမ်းလှမ်းဆီမှနေ၍ လမ်းလျှောက်သွားနေသည်။နောက်တွင်တော့ မိန်းကလေးနှစ်ယောက်နှင့် ကတိန်းတို့ကျန်ခဲ့သည်။ကောင်မလေးများမှာ ကတိန်းကိုသနားနေပြီး လမ်းလျှောက်ရင်းက သူမတို့၏အကြံညဏ်များကို ကတိန်းအားသနားသဖြင့်ပြောပြလေသည်။
"ကတိန်း နင် မေသစ်ကိုလိုက်မနေတော့နဲ့ နင့်ကို ဟိုကပြန်ကြိုက်မှာမဟုတ်ဘူး "
"နင်တို့ကလည်းဟာ အား‌လျှော့ရမဲ့စကားတွေပြောနေပြန်ပြီ သူယောကျာ်းမရမချင်းငါကလိုက်မှာ "
"ဟဲ့ ကတိန်း နင့်ကိုဟိုကမှမကြိုက်တာ သူကြိုက််တဲ့ ကောင်က သူ့ဘေးမှာရှိနေတာမမြင်ဘူးလား"
"ဘာဖြစ်ဖြစ် ငါကတော့အား‌မလျှော့ဘူး ကုသမင်းနဲ့ပပဝတီတောင်ညားကြသေးတာပဲ ငါကကုသမင်းလောက်ရုပ်မဆိုးပါဘူး မေသစ်ကလည်းပပဝတီလောက်မလှဘူး ဘာလို့မဖြစ်နိုင်ရမှာလဲ "
"အေးပါဟယ် အေးပါ နင့်သဘောပဲ ငါတို့က ကိုယ့်သူငယ်ချင်းမို့သနား‌လို့ပြောပြတာ "
"ငါသိပါတယ်ဟာ ယောကျားတို့ဇွဲသေခါမှပဲလျှော့မယ် "
"အေး‌ အေး နင်ဇွဲဆုရပါစေလို့ဆုတောင်းပေးတယ်"
ကတိန်းသည် ကောင်မလေးနှစ်ယောက်နှင့်စကား‌ဆိုရင်း ရှေ့မှလမ်းလျှောက်နေသည့် မေသစ်တို့အားမှီရန်ခပ်မြန်မြန်လျှောက်လို့‌နေသည်။ကတိန်း ခပ်မြန်မြန်လမ်းလျှောက်နေခြင်းကြောင့် ခဏကြာလျှင် မေသစ်တို့နှစ်ယောက်နှင့်သူတို့မှာ ဝါးတရိုက်အကွာခန့်သာဝေးတော့သည်။ထို့နောက် တောပန်းလေးများပေါက်ရောက်နေသောနေရာသို့ရောက်သောအခါ ဘုရားပန်းခူးဖို့အတွက်ပြင်လိုက်ကြလေသည်။မြတ်အောင်မှာ မေသစ်အနားကမခွာပဲ စကားလှလှများသုံးပြီး ကတိန်းရှေ့တွင်ပို၍ဂရုစိုက်ပြလေသည်။ကတိန်းသည်ကား မိန်းကလေးနှစ်ယောက်ကို ဘုရားပန်းများကိုခူးပေးနေသည်။ထိုအချိန်တွင်
"အ‌မေရေ မြွေ မြွေ "
မေသစ်၏အော်သံကြောင့် မြတ်အောင်သူတို့အရှေ့မြက်ပင်များပေါ်သို့ငုံ့ကြည့်လိုက်မိသည်။အသဲယားစရာတောကြီးမြွေဟောက်နှစ်‌ကောင်ကြောင့် မေသစ်ကိုဂရုမစိုက်အားဘဲ လွတ်ရာသို့ထွက်ပြေးလေတော့သည်။တောကြီးမြွေဟောက်နှစ်ကောင်မှာ ထူးဆန်းစွာပင် မေသစ်၏အ‌ရှေ့နှင့် နောက်တွင် တကောင်စီပါးပျဥ်ထောင် နေပြီး သူတို့၏ဦးခေါင်းများကိုယိမ်းထိုးလို့နေသည်။ လူကြီးလက်မောင်းအရွယ်‌တောကြီးမြွေဟောက်ကြီးနှစ်ကောင်မှာ ပါးပျဥ်းများကိုအမြင့်ဆုံးထောင်ပြီး မေသစ်အားတိုက်ခိုက်ဖို့ပြင်နေသည်။ထိုအချိန် မေသစ်၏အော် သံကြောင့်ပြေးလာသော ကတိန်းမှာ မေသစ်တယောက်မျက်နှာတွင်သွေးအရောင်မရှိတော့သည့်အထိကြောက်လန့်နေသည်ကိုမြင်လိုက်ရသဖြင့် ဘာမှမစဥ်းစားတော့ပဲ ဝါးလုံး‌တချောင်းကိုကောက်ကာ မြွေဟောက်နှစ်ကောင်အားဝင်ရိုက်ပါလေတော့သည်။မြွေကြီးတ‌ကောင်မှာ အရိုက်ခံလိုက်ရ၍ ပါးပျဥ်းမထောင်နိုင်တော့ပဲ ‌မြက်ပေါ်တွင်လူးလွန့်ကာ တောထဲသို့ဝင်သွားလေတော့သည်။ကျန်တကောင်မှာ မေသစ်အားပေါက်ဖို့ဟန်ပြင်နေချိန် ကတိန်းသည် မေသစ်ကိုဆွဲလိုက်ပြီးလွတ်ရာသို့တွန်းပို့လိုက်ကာ မြွေကြီးမလိုက်နိုင်စေရန်မြွေရှေ့တွင်ရပ်လိုက်ပြီး
"မေသစ် သွား သွား ဟိုမှာ မိချိုတို့ရှိတယ် "
"ကတိန်း နင်လည်း လာလေ "
"မြွေကလိုက်မဲ့ပုံကြီးဟ နင်တို့အရင်သွားနှင့် "..စာအုပ်ဖတ်ရန်မန့်မှာလင့်👇👇👇👇

အောင်မြတ်သာနှင့်အသူရကာယ်ဘုံအမှောင်ထုကြီးစိုးနေတဲ့ညအချိန်က နန်းတွင်းတစ်ခုလုံးကိုအုပ်ထားသည့်အချိန် အဆောင်တော်တွေအရှေ့မှာ ထ...
03/05/2026

အောင်မြတ်သာနှင့်အသူရကာယ်ဘုံ

အမှောင်ထုကြီးစိုးနေတဲ့ညအချိန်က နန်းတွင်းတစ်ခုလုံးကိုအုပ်ထားသည့်အချိန် အဆောင်တော်တွေအရှေ့မှာ ထွန်းထားတဲ့ ဆီမီးတိုင်လေးတွေရဲ့ အလင်းရောင်မှုန်ဝါးဝါးက ရုတ်တရက်ထွက်ပေါ်လာခဲ့တယ်။ အလင်းရောင်ထွက်ပေါ်လာပြီး မရှေးမနှောင်းအချိန်မှာတော့

" အား ကျွတ် ကျွတ်
နာလိုက်တာ မိခင်နှောင်းရယ်
ငါမွေးတော့မယ်ထင်တယ်
သမားတော်မြန်မြန်သွားပင့်ချေဦး"

"အရှင်မ ခဏလေးသည်းခံတော်မူပါဦးဘုရား
အကျွန်တော်မျိုးမ ယခုပဲ သွားပင့်ပါ့မယ်
မယ်ခင် အသင်က အရှင်မအနားမှာပဲနေနေနော်
ငါပြန်လာခဲ့မယ်"

နန်းတွင်းသူ ခင်နှောင်းလဲ အရှေ့နန်းဆောင်ထဲကနေ ကပျာကယာထွက်ပြီး သမားတော်တွေနေတဲ့ အဆောင်တော်ဘက်ကို ခပ်သုတ်သုတ် ထွက်သွားလိုက်တယ်။

များမကြာမီ နန်းတွင်းတစ်ခုလုံး ကညင်တိုင်ဆီမီးရောင်တွေနဲ့ လင်းထိန်သွားတယ်။

"ဘဝရှင်မင်းတရားကြီး ကြွလာပီဟေ့" ဆိုတဲ့အသံကြောင့် နန်းတွင်းသူ နန်းတွင်းသား မူးမတ်စစ်သည်တွေအားလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။

ထီးဖြူကိုစောင်းပြီး ရာဇအိနြေ္ဒရေအပြည့်နဲ့ လျောက်လှမ်းလာတဲ့မင်းတရားကြီးက အရှေ့နန်းဆောင်ရှေ့မှာရပ်လိုက်တော့ နန်းဆောင်ထဲကနေ သမားတော်ချုပ်ဦးစက္က ပြေးထွက်လာခဲ့တယ်။

"ဟဲ့ ငစက်က
မိဖုရားအခြေအနေဘယ်လိုရှိလဲ"

"မှန်လှပါ အရှင်မင်းတရားကြီး
မိဖုရားကြီးက များမကြာမီ ‌မီးဖွားတော့မှာဖြစ်လို့ စိုးရိမ်ကြောင့်ကြတော်မပူပါနဲ့ဘုရား ကျွန်တော်မျိူးတို့သမားတော်တွေအနေနဲ့ အစွမ်းကုန်ကြိုးစားပြုစုလျက်ရှိပါတယ်ဘုရား"

"အိမ်း အရင်သားတော် သမီးတော်တွေ မွေးတုန်းက ဒီလောက်စိတ်ပူတော်မမူဘူးကွဲ့ ဒီနေ့မှ ငါ့ရင်တွေ တော်တော်ပူပန်နေရပါလား မောင်မင်းတို့ လုပ်စရာရှိတာ လုပ်ကြပါလေ ငါကိုယ်တော် ဒီနန်းဆောင်အရှေ့ကပန်းခြံမှာ စောင့်တော်မူနေမယ်"

မင်းတရားကြီးလဲ မိဖုရားခေါင်ကြီးမီးဖွားမယ့်အချိန်ကိုစောင့်ဆိုင်းနေတဲ့အချိန်

"အူဝဲ အူဝဲ အူဝဲ"

ရုတ်တရက်ကြားလိုက်ရတဲ့ကလေးငိုသံကြောင့် မင်းတရားကြီးမတ်တပ်ထရပ်လိုက်မိတယ်။

"ဟဲ့ ငသင် အခြေအနေသွားထောက်ကြည့်စမ်း
မိဖုရားကြီးရော ကလေးရော ကျန်းမာပါလေစ"

မင်းတရားကြီးရဲ့အတိုင်ပင်ခံအမတ်ကြီးဦးဖိုးသင်လဲ နန်းဆောင်အရှေ့သွားပြီး အခြေအနေကိုသွားမေးပြီးပြန်အလာ

"အရှင်ဘုရား
မိဖုရားကြီးက သားရတနာတစ်ပါးကို ဘေးအန္တရာယ်ကင်းစွာမီးရှူးသန့်စင်တော်မူပါတယ်ဘုရား မိဖုရားကြီးရော မင်းသားငယ်လေးပါ ဘေးကင်းကြောင်းပါဘုရား"

"ဟူး အခုမှပဲ သက်ပြင်းချနိုင်တော့တယ် သမားတော်တွေကို ပိုးပဝါတစ်အုပ်နဲ့ ဆန်းတစ်တင်းစီ ဆုတော်အဖြစ်ပေးတော်မူမယ် မနက်အာရုံတက်ရင် သားတော်ငယ်ကို အမည်သမုတ်ဖို့အတွက် သင့်ရာစီမံကြပေတော့"

"အမိန့်တော်မြတ်အတိုင်းပါဘုရား"

မနက်အာရုံတက်ချိန်ရောက်တာနဲ့ နန်းတွင်းတစ်ခုလုံး အုံ့အုံ့ကျွက်ကျွက်နဲ့ လှုပ်ရှားနေကြလေတော့တယ်။

ညီလာခံစတဲ့အချိန်ရောက်တော့

"မူးမတ်အပေါင်းတို့ ယမန်နေ့ညမှာ‌မီးရှူးသန့်စင်ခဲ့တဲ့ မင်းသားငယ်အတွက် သင့်ရာအမည်သညာကို တွက်ချက်ပြီး ငါကိုယ်တော်ထံလျောက်တင်စမ်း"

မင်းတရားကြီးရဲ့စကားအဆုံးမှာတော့ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့က
"မှန်လှပါဘုရား
မင်းသားငယ်လေးရဲ့မွေးဇာတာကိုတွက်ချက်ကြည့်တဲ့အခါ မင်းသားငယ်လေးမှာ တစ်ပါးသူနဲ့မတူတဲ့ သွင်ပြင်လက္ခဏာတွေကိုတွေ့ရှိရကြောင်းပါဘုရား"

"ဟေ ဘယ်လိုလက္ခဏာတွေတုန်း မဆိုင်းမတွ အမြန်လျောက်တင်စမ်း"

"မှန်လှပါဘုရား
မင်းသားငယ်လေးရဲ့ နဖူးအလယ်မှာ လေးထောင့်အင်းစမပုံသဏ္ဍာန် အမှတ်အသားပါလာကြောင်းပါဘုရား "

"ဟဲ့ အဲလိုပါလာတော့ ဘာဖြစ်မတုန်း အစအဆုံး မရပ်တန့်ပဲလျောက်တင်စမ်း"

"မှန်လှပါဘုရား မင်းသားငယ်လေးရဲ့ ဇာတာက မင်းဖြစ်ရင် ဇမ္ဗူတစ်ခွင်မှာ ‌ဘယ်တိုင်းပြည်ကမှ မော်ဖူးမရဲအောင် ဘုန်းတန်ခိုးကြီးမားပါလိမ့်မယ်ဘုရား သို့ပေသော်ညား မင်းသားလေးရဲ့ဇာတာမှာ လမ်းကြောင်းနှစ်ခုပေါ်ပေါက်နေကြောင်းပါ ပထမလမ်းကြောင်းက ယခုဘဝမှာမင်းဖြစ်လျှင် ဘုန်းတန်ခိုးအလွန်ကြီးမားနိုင်ပြီး ဒုတိယလမ်းကြောင်းက သက်တော်သုံးဆယ်မပြည့်ခင် မနာလိုသူတွေရဲ့ အကောက်ကြံမှုကိုခံရနိုင်ပါတယ် ဘုရား"

ပုဏ္ဏားတို့ရဲ့လျောက်တင်မှုအပြီးမှာတော့ မင်းတရားကြီးက
"မင်းသားလေးရဲ့နာမည်ကို စင်္ကြာမင်းသားလေးလို့ ပေးတော်မူမယ် မင်းသားလေးကို အနောက်ဘက်တစ်ခရိုင်အပိုင်စားပေးမှာဖြစ်လို့ ‌အနောက်စင်္ကြာမင်းသားလေးလို့ခေါ်တွင်စေကြ မင်းသားလေးရဲ့ လုံခြုံရေးကိုတော့ နဒ္ဒရော်ဓါးအဖွဲ့က လိုက်လံစောင့်ရှောက်စေ "

မင်းတရားကြီးစကားအဆုံးမှာတော့
"မှန်လှပါ အရှင်မင်းတရားကြီးရဲ့ အမိန့်ကိုနာခံလျက်ရှိကြောင်းပါဘုရား"ဆိုတဲ့အသံတွေက နန်းဆောင်ထဲကနေ အပြင်ကိုလျှံထွက်လာခဲ့တယ်။

"တောက်
မကျေနပ်နိုင်ဘူးအမတော်
ငါ့ကိုကျတော့ဖခမည်းတော်က သေးငယ်တဲ့မြို့တစ်မြို့ကိုပဲပေးတယ် အခုမှမွေးတဲ့ ညီတော်ကိုကျတော့ အနောက်ခရိုင်တစ်ခုလုံးပေးတယ် ဒါကတရားမျှတမှုရှိတယ်လို့ဆိုနိုင်မလား"

"သိဒ္ဒိ သင့်စကားက ဘာအဓိပ္ပါယ်လဲ
ဖခမည်းတော်က သင့်အတွက်လဲစီစဉ်ထားတာရှိလိမ့်မပေါ့ ယခုက သင်ညီတော်အပေါ် သင်မကောင်းကြံနေတာလား မယ်တော်ကမွေးတဲ့ စင်္ကြာမင်းသားလေးက သင့်ရဲ့ညီတော် ငါ့ရဲ့မောင်တော်လေ ညီအကိုအချင်းချင်း သင်ဘာလို့ အခုထဲက စိတ်ဝမ်းကွဲနေရတာလဲ"

"အိုကွာ ကျုပ်မသိဘူးအမတော်
ဒီကလေးက ကျုပ်ဘုရင်ဖြစ်မယ့် အခြေအနေကို အနှောက်အယှက်ပေးလာနိုင်တယ် သူ့ကို ကျုပ်လုံးဝမနှစ်မြို့ဘူး"

"သိဒ္ဒိ တော်စမ်း
နင့်စကားကိုဒီမှာတင်ရပ် ဘေးလူတွေကြားရင် နင်ဒုက္ခရောက်လိမ့်မယ် သွားတော့ "

အရှင်ခင်မြတ်ဘုရားရဲ့စကားအဆုံးမှာတော့ သိဒ္ဒိ နန်းဆောင်ထဲကနေအပြင်ကိုထွက်လာခဲ့လိုက်တယ်။
++++++++

"ဆရာ ဆရာ"
ဘေးကနေ ခေါ်တဲ့အသံကြောင့် အောင်မြတ်သာ မှိတ်ထားတဲ့မျက်လုံးအစုံကိုဖြေးညှင်းစွာဖွင့်လိုက်တယ်။

"ဆရာဒီလိုပဲထိုင်နေတာ တစ်နေ့နဲ့တစ်ညရှိနေပီ ဘာတွေများအရေးထူးလို့လဲဆရာ"

သက်ခိုင်ရဲ့စကားကိုကြားတော့ အောင်မြတ်သာက

"အရင်အတိတ်ဘဝကဖြစ်စဉ်တွေကိုပြန်လည်သုံးသပ်နေတာပါ အတိတ်ဘဝကဘာတွေဖြစ်ခဲ့လဲဆိုတာသိရမှ ဒီကိစ္စကို ထိထိရောက်ရောက် ကူညီနိုင်မှာ ဆရာသမားတွေရဲ့ခွင့်ပြုချက်ကိုရတယ်ဆိုတော့ ဒီကိစ္စက သာသနာအတွက် အကျိုးရှိစေမယ့်ကိစ္စလို့ထင်မိတယ် ဒါပေမယ့်....."

"ဒါပေမယ့် ဘာဖြစ်လဲဆရာ "

"အခုထိတော့ ငါတို့ကူညီရမယ့်သူရဲ့ ကောင်းကွက်ကိုမတွေ့ရသေးဘူး ခြငေ်္သ့နှစ်ကောင်ဘုရားမှာ မြင်ခဲ့ရတဲ့ အမျိူးသမီးရဲ့စိတ်ထားကိုတော့ အနည်းငယ်သိမြင်ခဲ့ရတယ်"

"ဒါတော့ဒါပေါ့ဆရာရယ် အခုလောလောဆယ် တောက်ရပြင်ထားတဲ့ ညစာကိုစားပြီးမှ ပြန်သုံးသပ်ပါလား"

သက်ခိုင်ရဲ့စကားကိုကြားတော့ အောင်မြတ်သာက ခေါင်းလေးကိုဆတ်ပြလိုက်တယ်။ ညစာစားပြီးတော့ လေတဖြူးဖြူးတိုက်ခတ်နေတဲ့ ဇရပ်မှာ ထိုင်ပြီး မျက်လုံးအစုံကို မှိတ်လိုက်တယ်ဆိုရင်ပဲ

"မူးမတ်တို့ ငါတို့ရဲ့တိုင်းပြည်ကို ကျူးကျော်ရန်စမဲ့ တစ်ခြားတိုင်းတစ်ပါးသားတွေ ဘယ်နေရာမှာ စခန်းချနေကြသလဲ"

"မှန်လှပါအရှင်မင်းကြီး ရန်သူတွေက တောင်ဘက် ဂန္ဓမာမြို့အလွန်က ကွင်းပြင်မှာစခန်းချနေကြောင်း အထောက်တော်များထံမှ သိရှိရပါတယ်ဘုရား"

"ဒါဆို ငါတို့နယ်နိမိတ်ကိုရောက်ဖို့သိပ်မလိုတော့ဘူး ရှင်သိဒ္ဓိရှိလား"

"ရှိကြောင်းပါ ဖခမည်းတော်"

"စင်္ကြာမင်းသားလေးရော"

"စင်္ကြာမင်းသားလေးက နန်းဆောင်မှာပဲရှိပါသေးတယ်ဘုရား"

"တယ် ဒီလောက်အရေးကြီးငယ်ရှိနေတာကို ဘောက်မဲ့ကြောင့် နန်းတွင်းညီလာခံကိုမလာရတာလဲ သိဒ္ဓိ သင့်ညီတော်ကို သွားခေါ်ချေ"

ရှင်သိဒ္ဓိလဲ ခမည်းတော်ရဲ့စကားအဆုံးမှာ ဓါးလွတ်ကိုမြှောက်အရိုအသေပေးပြီး စင်္ကြာမင်းသားလေးရဲ့ နန်းဆောင်ရှိရာကို ထွက်လာခဲ့တယ်။

နန်းဆောင်တံခါးကိုအတင်းတွန်းဖွင့်ပြီးဝင်လာတဲ့အသံကြောင့် စာကြည့်စားပွဲရှေ့မှာထိုင်နေတဲ့ စင်္ကြာမင်းသားလေး မျက်လုံးကိုတစ်ချက်လှပ်ကြည့်လိုက်တယ်၊ ပြီးတော့ ဘာမှမဖြစ်သလို မိမိလုပ်လက်စအလုပ်ကိုဆက်လုပ်နေလိုက်တယ်။

"စင်္ကြာမင်းသား ဒီအချိန်က သင်အေးအေးလူလူနေရမယ့်အချိန်မဟုတ်တော့ဘူး သင့်အနေနဲ့ ကလောင်ကိုချပြီး ဓါးကိုစွဲကိုင်ရတော့မဲ့အချိန်ရောက်နေပြီ"
စာအုပ်ဖတ်ရန်မန့်မှာလင့်👇👇

Address

Yangon
11201

Website

Alerts

Be the first to know and let us send you an email when Ebook Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category