09/05/2026
အောက်လမ်းဘိုးထင် နှင့် သုံးဆယ့်ခြောက်ကြိုးကဝေ
(၁၂၃)
◾အခန်း (၁)
သစ်ပင်များအုံ့ဆိုင်းနေသည့်ဦးအုန်း၏အိမ်ဝိုင်းထဲသို့မောင်ဘိုးထင်ရောက်ရှိလို့နေသည်။ကျန်နှစ်ယောက်မှာ အိမ်တွင်ကျန်ရစ်ခဲ့ပြီး မုတ်ဆိတ်ဖြူစားသောက်ရန်အတွက်အချက်အပြုတ်တာဝန်ယူထားကြသည်။အိမ်အောက်တွင် အဘဖြစ်သူကိုမတွေ့ရသောကြောင့် မောင်ဘိုးထင်သည် အိမ်ပေါ်သို့တက်သွားလိုက်သည်။အိမ်ပေါ်တွင်တော့အိပ်ယာထဲ၌ စောင်ကိုခြုံထားပြီး တအင်းအင်း နှင့်ညည်းညူနေသည့်ဦးအုန်းကိုတွေ့လိုက်ရာ မောင်ဘိုးထင်အနားသို့သွားလိုက်ပြီး
"အဘ ဘာဖြစ်နေတာတုန်း နေ့လယ်နေ့ခင်းကြီး စောင်ကြီးခြုံလို့"
"ငါ့ပုံကြည့်ပြီး ငါဘာဖြစ်နေတာကိုတောင်မင်းမသိဘူးလား "
"သြော် သိပြီ စောင်ခြုံပြီးနေပုံပေါက်ရင်တော့ ငှက်ဖျားထနေတာပဲဖြစ်မယ် အဘ ဘယ်လိုလုပ်ငှက်ဖျားမိရတာလဲ "
"ကိုမြတို့ခေါ်တဲ့နောက်လိုက်သွားမိတာကွာ "
"ဘကြီးမြတို့ကဘယ်ကိုခေါ်သွားလို့တုန်း အဘ "
"ကျွဲကောဆိုလားကွာ အဲ့ဒီရွာကိုသွားတာ အပြန်ကျတော့ငှက်ဖျားမိလာတယ် ကောင်ရေ"
"အဘကလည်း ဖြစ်လိုက်ရင် အရာရာနဲ့အကြောင်း ကြောင်း ကျုပ်ဘာလုပ်ပေးရမလဲ ဆေးဆရာကြီးဆီက ငန်းနီကျော်သွားယူပေးရမလား "
"အဲ့ဆေးကရှိတယ် မင်းကိုခိုင်းစရာရှိလို့ခေါ်လိုက်တာ"
"ဘာခိုင်းမလို့လဲ အဘ"
"မလွှကုန်းကိုသွားရမယ် အဲ့က ငါ့ကိုပင့်ထားတယ် ငါ့အစားမင်းသွားလိုက် ထုံးစံအတိုင်း အခြေအနေကိုကြည့် အဆင်ပြေတယ်ဆို ငွေငါးဆယ်တောင်းကြားလား "
"အဘကလည်းဗျာ ငါးဆယ်ကကိုမတက်တော့ဘူး "
"ဟိတ်ကောင် ငါးဆယ်ဆိုတာမနည်းဘူး ထယ်ချင်းအငှားလိုက်မှ ရှစ်ကျပ်လောက်ရတာကို မင်းဆိုတဲ့ကောင် လောဘသိပ်ကြီးတယ် "
"ကျုပ် ဘယ်နေ့သွားရမှာလဲ "
"မနက်ဖြန်မနက်အစောလောက်သွားပေါ့ "
"အဲ့တာဆိုလည်းပြီးတာပဲ ကျုပ် ခဏနေရင် အဘအတွက် ကြက်သားဆန်ပြုတ်လာပို့ပေးမယ် "
"အေး အေး ငါ့ကို စောင်လေးထပ်ပေးခဲ့စမ်းကွာ ချမ်းလို့ "
မောင်ဘိုးထင်သည် ဦးအုန်းအားစောင်ထပ်ခြုံပေး လိုက်သည်။ထို့နောက် သူသည် သူသွားရမည့်ရွာကိုမှတ်သားထားပြီးနောက် ဦးအုန်း၏အိမ်မှထွက်ခွာလာခဲ့ပါလေတော့သည် ။
◾အခန်း (၂)
ပေတူးနှင့် သာအေးတို့နှစ်ယောက် ထမင်းချက်ပြီး၍ အိမ်ရှေ့ကွပ်ပျစ်တွင်ထိုင်ကာဟင်းရွက်သင်နေကြသည်။သူတို့နှစ်ယောက်အဖို့ အတော်ခွကျလို့နေသည်။အကြောင်းမှာ ရွာထဲတွင် ဟင်းစားလည်မရောင်းကြသ ဖြင့် ဟင်းချက်စရာဘာမှမရှိ၍ ရွာအပြင်လယ်ကန်သင်း ရိုးမှခူးထားသည့် ကန်စွန်းရွက်၊အိမ်ဝိုင်းထဲရှိ မန်ကျည်း ပင်မှခူးထားသော မန်ကျည်းရွက်နှင့် ဘိလပ်ချဉ်ပေါင်ရွက်တို့သာရှိ၍ဖြစ်သည်။ပေတူးမှာ ထိုအရွက်များကိုသင်နေရင်းကမကျေမနပ်ဖြင့်စကားဆိုလေသည်။
"တောက် မုတ်ဆိတ်ဖြူအိမ်ကိုရောက်လာမှပဲ တို့တွေလည်းငတ်တော့တယ် "
"ဘာလို့တုန်း"
"ဘာရမှာလဲကွာ အခု ဘာဟင်းချက်မှာလဲ "
"မုတ်ဆိတ်ဖြူပြောတယ်မလား ကန်စွန်းရွက်ရယ် ချဉ်ပေါင်ရွက်ရယ်ရောပြီးအချဉ်ဟင်းချက် ပြီးရင်မန်ကျည်းရွက်ထောင်းတဲ့လေ "
"တောက် ဘိုးထင်ကလည်း မုတ်ဆိတ်ဖြူအကြိုက်ပဲချက်ကျွေးနေတယ် ငါတော့ သိပ်စိတ်ညစ်တာပဲကွာ"
ပေတူးနှင့် သာအေးတို့စကားပြောနေစဉ်မှာပင် မုတ်ဆိတ်ဖြူအိမ်ဝိုင်းထဲလှည့်လည်လမ်းလျှောက်လာရာမှပြန်ရောက်လာလေသည်။ထို့နောက် သူတို့ထိုင်နေသည့်ကွပ်ပျစ်တွင်ဝင်ထိုင်လိုက်ကာ
"ကောင်လေးတွေ မင်းတို့မျက်နှာတွေကလည်း သုံမှုန်နေတာပဲ ဘာဖြစ်လို့လဲ "
"ဘာဖြစ်ရမှာလဲဗျာ မုတ်ဆိတ်ဖြူကြောင့်ပေါ့ "
"ငါ့ကြောင့်ဟုတ်လား ငါကဘာဖြစ်လို့လဲ "
"ခင်ဗျားကတော့ဘာမှမဖြစ်ပါဘူး ဖြစ်နေတာကျုပ်တို့နှစ်ယောက် ကျုပ်တို့ကိုသေချာကြည့်စမ်းပါဗျာ လူမမာရုပ်တွေနဲ့မတူဘူးလား"
ပေတူး၏စကားကြောင့် မုတ်ဆိတ်ဖြူသည် သူတို့နှစ်ယောက်၏ပါးနှစ်ဖက်ကို လက်နှင့်ဖိကြည့်လိုက်ပြီး
စာအုပ်ဖတ်ရန်မန့်မှာလင့်👇👇👇