San Thit Aung Toys & Fancy
San Thit Aung Toys & Fancy ပစ္စည်းမှန်​ ​ဈေးနှုန်​ဖြင့်​ လက်​?
26/06/2020
“အဖွဲ့အစည်းထဲမှာ အခြားသူများနဲ့ မနီးကပ်ပဲ အထီးကျန်ဆန်သော ဦးဆောင်သူများအတွက်”
________________________________________
သင်ဟာ ရာထူးကြီးကြီးမှာ လုပ်နေပြီး အထီးကျန်ဆန်နေတယ်ဆိုရင် မှန်ကန်တဲ့အရာတစ်ချို့ကို လုပ်မနေလို့ ဖြစ်နိုင်ပါတယ်။
ခေါင်းဆောင်မှုဆိုတာဟာ ဆက်ဆံရေးနဲ့ ဆိုင်ပါတယ်။ သင် လူတွေနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့လိုပါတယ်။
အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ခေါင်းဆောင်တစ်ယောက်ဆိုတာဟာ နောက်လိုက်တွေ ရှိရပါမယ်။
အထီးကျန်ဆန်တယ်ဆိုကတည်းက နောက်လိုက်တွေ မရှိလို့ပဲ ဖြစ်ပါတယ်။
ရာထူးအရ အောက်မှာ ဘယ်သူတွေ ရှိတယ်ဆိုတာ မဟုတ်ပဲ လိုလိုလားလားနဲ့ လိုက်တဲ့သူတွေကို ဆိုလိုတာ ဖြစ်ပါတယ်။
အောင်မြင်တဲ့ ဦးဆောင်သူများဟာ သူတို့ရဲ့ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို ရယူနိုင်ဖို့အတွက် အခြားသူတွေနဲ့ အတူ အလုပ်လုပ်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို နားလည်ကြပါတယ်။
John Maxwell ရဲ့ အဆိုအရ Manager က “Go” “သွား” လို့ ပြောတဲ့အချိန်မှာ Leader က “Let’s Go” “သွားကြရအောင်” လို့ ပြောပါတယ်။
တစ်ယောက်တည်းနေပြီး ထူးချွန်ထက်မြက်တဲ့ ဦးဆောင်သူတစ်ယောက်ဖြစ်လာဖို့ တော်တော်ခက်လိမ့်မယ် ဒါမှမဟုတ်ရင် မဖြစ်နိုင်ဘူးလို့ ပြောရပါလိမ့်မယ်။
လက်ရှိ စီးပွားရေး လုပ်ငန်းများမှာ ရာထူးအဆင့် အသီးသီးမှာ ဦးဆောင်နေသူများဟာ သူတို့ကိုယ်သူတို့ ပြန်ပြီး သုံးသပ်ဖို့ လိုအပ်ပါတယ်။
ငါဟာ
ဦးဆောင်မှုရဲ့ Science အပိုင်းဖြစ်တဲ့ မဟာဗျူဟာချမှတ်တာ၊ စီမံကိန်းဆွဲတာ၊ ငွေကြေးစီမံခန့်ခွဲတာ အဲဒီအပိုင်းတွေကို အားသန်တာလား၊
ဦးဆောင်မှုရဲ့ Art အပိုင်းဖြစ်တဲ့ လူတွေနဲ့ ဆက်သွယ်တာ၊ ပြောဆို ဆက်ဆံတာ၊ ရည်မှန်းချက်ချမှတ်ပြီး လူတွေ လက်ခံလာအောင် စည်းရုံးတာ စတဲ့ အပိုင်းတွေကို အားသန်တာလား သိအောင် လုပ်ရပါတယ်။
ရည်မှန်းချက်ပန်းတိုင်တွေကို လူအများ လက်ခံလာအောင် ပြုလုပ်ပြီး ရယူတဲ့နေရာမှာ အခြားသူတွေကိုပါ ပါ၀င်လာအောင် လုပ်ဆောင်မယ်ဆိုရင် အဲဒီရည်မှန်းချက် ပန်းတိုင်တွေ အမှန်တကယ် ဖြစ်ပေါ်လာဖို့ ပိုပြီး နီးစပ်ပါလိမ့်မယ်။
သင့်အနေနဲ့ လူတွေကို ဦးဆောင်ချင်ရတဲ့ အကြောင်းရင်းကိုလည်း ပြန်ပြီး သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။
သင်လူတွေကို ဦးဆောင်ချင်တာဟာ ရာထူးတက်ဖို့ ဒါမှမဟုတ် သင့်စီးပွားရေး အကျိုးအမြတ်အတွက် သပ်သပ်ပဲ ဆိုရင် သင်ဟာ ရာထူး/နေရာကို အခြေခံသူတစ်ယောက်ဖြစ်လာဖို့ များလာပြီး ရာထူးနာမည်တွေရဲ့ နောက်မှာ သင့်ကိုယ်သင် အထီးကျန်ဆန်စွာ နေဖို့ ဖြစ်လာပါလိမ့်မယ်။
အထီးကျန်တယ်ဆိုတာဟာ ခေါင်းဆောင်မှုနဲ့ ဆိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။
ရာထူးမြင့်မြင့်မှာ နေတယ်ဆိုတာ အထီးကျန်နေရမယ်လို့ မဆိုလိုသလို အောက်မှာနေတယ်ဆိုရင်လည်း အထီးကျန်ဆန်စရာ မလိုပါဘူး။
တကယ်တော့ အထီးကျန်ဆန်တယ်ဆိုတာဟာ ရာထူးနေရာနဲ့ ဆိုင်တဲ့ကိစ္စ မဟုတ်ဘူး။
အဲဒါဟာ ပင်ကို စရိုက်နဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တယ်။
အကယ်၍ သင်ဟာ အထီးကျန်ဆန်တယ်ဆိုရင် အဲဒါဟာ ရာထူးတစ်ခုခုရှိလို့ နေရာတစ်ခုခု ရှိလို့ မဟုတ်ဘူး။
သင့်ရဲ့ ပင်ကိုယ်စရိုက်ကသာလ ျှင် အဓိက တရားခံဖြစ်ပါတယ်။
အထီးကျန်ဆန်တဲ့ ဦးဆောင်သူများအတွက် အကြံဥာဏ်တစ်ချို့ကို မ ျှဝေရမယ်ဆိုရင်
၁။ ရာထူးကို အခြေခံပြီး တွေးတာကို ရှောင်ကြဉ်ပါ။
သင်ရာထူးကို အခြေခံပြီး တွေးတယ်ဆိုရင် လူတွေနဲ့ ဆက်ဆံလို့ မလွယ်ကူပါဘူး။ သင်ရာထူးနိမ့်လို့ မြင့်တဲ့သူတွေကို ရှောင်မယ်၊ ရာထူးမြင့်လို့ နိမ့်တဲ့သူတွေကို ရှောင်မယ်ဆိုရင် သင်အဖွဲ့အစည်းထဲမှာ ခင်မင်စရာ လူတစ်ယောက်မှ ရှိမှာ မဟုတ်ပါဘူး။ သင်ရာထူးဘယ်လောက်ပဲ မြင့်မြင့် လူတွေနဲ့ ခင်မင်လို့ ရပါတယ်။ လူတွေနဲ့ သင်ဝေးဝေးမှာ နေတဲ့အတွက် သင့်လူတွေက သင့်အနား အရမ်းကပ်မလာနိုင်သလို သင်ဟာလည်း သင့်လူတွေကို ထိထိရောက်ရောက် ဆက်သွယ်လို့ မရဘူး။
၂။ အောင်မြင်မှုနဲ့ ကျရှုံးမှုနှစ်ခုစလုံးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို သတိထားပါ။
ကျွန်တော်တို့ အောင်မြင်လာပြီဆိုရင် လူဆိုတာ ဘ၀င်မြင့်တက်ကြတယ်။ အခြားသော မအောင်မြင်ဘူးထင်တဲ့သူတွေကို ရှောင်ကြဉ်ချင်လာမယ်။ ကျွန်တော်တို့ မအောင်မြင်ဘူးထင်ရင် သိမ်ငယ်ချင်လာတယ်။ ကျွန်တော်တို့ အမြင်မှာ အောင်မြင်တယ်လို့ မြင်တဲ့သူတွေကို ရှောင်ချင်လာပြန်တယ်။ ဘယ်လိုအခြေအနေပဲ ရှိနေနေ သင်လူတွေနဲ့ ဆက်သွယ်ပါ။ မ ျှဝေပါ။ ပူးပေါင်းဆောင်ရွက်ပါ။
၃။ သင်ဟာ လူတွေနဲ့ ဆက်ဆံရတဲ့ စီးပွားရေး လုပ်နေတယ်ဆိုတာကို သတိရပါ။
ကျွန်တော်တို့ ဘယ်လိုလုပ်ငန်းခွင်မှာပဲ လုပ်နေသည်ဖြစ်ပါစေ တကယ်တန်းမှာတော့ People Business လူအချင်းချင်း ဆက်ဆံရတဲ့ လုပ်ငန်းမှာ လုပ်နေကြတာဖြစ်ပါတယ်။ လူတွေဆိုတဲ့နေရာမှာ ဖောက်သည်တွေ၊ ၀န်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်လူကြီးတွေ၊ ဆရာသမားတွေ၊ ပစ္စည်းပေးသွင်းသူတွေ၊ ဌာနဆိုင်ရာ၀န်ထမ်း စသဖြင့် အများကြီးပါ၀င်ပါတယ်။ သူတို့အားလုံးနဲ့သင်ထိထိရောက်ရောက် အလုပ်လုပ်နိုင်ဖို့ သင်လူတွေကို ရင်းရင်းနှီးနှီးဆက်ဆံလို စိတ်ရှိဖို့ လိုအပ်ပါတယ်။
၄။ အရေးပါတဲ့ ပန်းတိုင်တွေကို ရယူဖို့ ကြိုးစားပါ။
သင်ရည်မှန်းချက်သေးသေးလေးတွေ ချထားရင်တော့ သင်တစ်ယောက်တည်း လုပ်နိုင်ပါလိမ့်မယ်။ သင်လုပ်ရိုးလုပ်စဉ်ထက် နည်းနည်းလေး ပိုလုပ်မယ်ဆိုရင်လည်း လူတွေ အများကြီးရဲ့ အကူအညီကို လိုအပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် သင့်ရည်မှန်းချက်က အရမ်းကို မြင့်တယ်။ ဒီဘ၀တစ်သက်တာမှာ သင်ဖြစ်ချင်တာတွေက သိပ်များတယ်ဆိုရင် သင့်ကို ကူညီမယ့်လူတွေလိုအပ်ပြီး သင်လူတွေနဲ့ ထိထိရောက်ရောက် ဆက်သွယ်ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။
ကြီးကျယ်ခမ်းနားတဲ့ ဘယ်လို အောင်မြင်မှုမျိုးမဆို လူသားတစ်ယောက်ပဲ လုပ်ပြီး အောင်မြင်သွားတယ်ဆိုတာ မရှိပါဘူးလို့ ကျွန်တော့်ရဲ့ Mentor ဖြစ်တယ် Dr. John C. Maxwell က ပြောပါတယ်။
အဲဒါကြောင့် အပေါ်ကစာတွေကို တစ်ခါပြန်ဖတ်ကြည့်ပါ။
သင်ဟာ လက်ရှိလုပ်ငန်းခွင်မှာ အထီးကျန်ဆန်တယ်ဆိုရင် လူတွေနဲ့ ပြောဆိုဆက်ဆံဖို့ ကြိုးစားကြည့်ပါ။
တစ်ယောက်တည်း အောင်မြင်ဖို့ထက် အသင်းအဖွဲ့လိုက် အောင်မြင်အောင် လုပ်ဖို့ကို ရည်မှန်းချက်ချပါ။
အဖွဲ့အစည်းတစ်ခုရဲ့ Culture ကို ပြောင်းလဲချင်ရင် ဦးဆောင်သူကနေ စတင်မှ ရပါလိမ့်မယ်။
သင်ဟာ ဦးဆောင်သူတစ်ဦးဖြစ်တဲ့အတွက် နွေးထွေးတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာအောင် သင်ကနေ စတင်လိုက်ပါ။
Naing Win Aung (MBA, UK)
 #ဘာကြောင့် တင်းတိပ် ဖြစ်လာရတာလဲ?တင်းတိပ်လို့ ဆိုလိုက်တာနဲ့ အများစုရဲ့ မျက်လုံးထဲမှာ မျက်နှာပေါ်က မည်းမည်းကွက်တွေကို ပြေ...
25/06/2020
#ဘာကြောင့် တင်းတိပ် ဖြစ်လာရတာလဲ?
တင်းတိပ်လို့ ဆိုလိုက်တာနဲ့ အများစုရဲ့ မျက်လုံးထဲမှာ မျက်နှာပေါ်က မည်းမည်းကွက်တွေကို ပြေးမြင်မိကြမယ်လို့ထင်ပါတယ်။
အများစုက မျက်နှာ ပါးမို့မို့လေး ပေါ်မှာရှိတဲ့ အမည်းကွက်တွေကိုသာ တင်းတိပ် အနေနဲ့လက်ခံထားကြပေမဲ့ နဖူး၊ နှာခေါင်း၊ နားထင်၊ ၊မေးစေ့ ၊ပါးရဲ့ဘေးဘက်စတဲ့ မျက်နှာအစိတ်အပိုင်းတွေမှာလည်း တင်းတိပ် ဖြစ်တတ်တာကို သတိပြုစေချင်ပါတယ်။
တစ်ခါတစ်ရံ နေရောင်ပြင်းထန်စွာ ထိတွေ့တဲ့ လက်တွေ လည်ပင်းတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။
အမဲရောင် ၊ အညိုရောင် ဒါမှမဟုတ် အညိုဖျော့ရောင် ရှိတတ်ပြီး ကူးစက်တတ်ခြင်းမရှိသလို နာကျင်မှုလည်းမရှိပါဘူး။
တင်းတိပ်က အမျိူးသမီးတွေမှာသာအဖြစ်များပြီး အမျိုးသားအနည်းစုမှာသာ ဖြစ်တတ်ပါတယ်။
တင်းတိပ်ဖြစ်ရတဲ့ အကြောင်းအရင်း က တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။
နေရောင်ခြည်ထိတွေ့မှုများတာက လည်း တင်းတိပ်ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတစ်ချက်ဖြစ်ပါတယ်။
အချို့အိမ်ရှင်မတွေမှာလည်း နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ရသော်လည်း နေ့စဉ် ထမင်း၊ ဟင်း ချက်ပြုတ်ရာတွင်တိုက်ရိုက်ထိတွေ့နေရသော မီးမှ အပူဟပ်ခြင်းကြောင့် လည်း ဖြစ်နိုင်ပါတယ်။
အသားအရည် ခြောက်ခြင်းကြောင့်လည်းဖြစ်တတ်ကြပါတယ်။
ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့် ဖြစ်တတ်ပါတယ်။(အချိူ့သန္ဓေတားဆေးတွေက ဟော်မုန်းအပြောင်းအလဲကို ဖြစ်စေတတ်လို့တင်းတိပ်ဖြစ်စေပါတယ်)။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း ကိုယ်ဝန်ဆောင်နေစဉ်အတွင်းတင်းတိပ်ဖြစ်လာတတ်ပြီးကလေးမီးဖွားပြီးနောက်ပိုင်းပြန်လည်ပျောက်ကင်းသွားတတ်တွေရှိပါတယ်။
မျိူးရိုးမှာ တင်းတိပ်ရှိတဲ့သူတွေလည်း တင်းတိပ်ဖြစ်နိုင်ချေများပါတယ်။
အသားဖြူတဲ့သူတွေထက်စာရင် အသားညိုတဲ့သူတွေက တင်းတိပ်ပိုဖြစ်များပါတယ်တဲ့။ဘာလို့လဲဆိုတော့ အသားညိုတဲ့သူတွေမှာ ရောင်ခြယ်ဆဲလ်ပိုမိုထွက်လို့ဖြစ်ပါတယ်)
စိတ်ဖိစီးမှုတွေများလွန်းတဲ့သူတွေမှာလည်း တင်းတိပ်ထွက်နိုင်ပါတယ်တဲ့။
တင်းတိပ်ကို ယေဘုယျအားဖြင့်သုံးမျိုးခွဲလို့ရပါတယ်။
(၁)ပထမအမျိူးအစားက အရေပြားအပေါ်ဆုံးလွှာမှာ ဖြစ်တယ်။ အရောင်ပိုရင့်ပြီး သိသာလွန်းတယ်။ အကွက်ရဲ့အနားသတ်တွေက ညီညာတယ်။
(၂)ဒုတိယအမျိူးစားက အရေပြားရဲ့အောက်လွှာမှာဖြစ်ပြီးတော့ အနားသတ်တွေက မညီမညာဖြစ်နေတတ်တယ်။
(၃)တတိယတစ်ခုကတော့
အပေါ်ကအမျိုးအစားနှစ်ခုလုံး တွဲဖြစ်တာမျိုးပါ။
ဆောင်ရန် ရှောင်ရန် အနေနဲ့ကတော့
နေရောင်ထဲသွားမယ် ဆိုရင် UV ကာကွယ်နိုင်တဲ့ Sun cream လေးတွေ လိမ်းတာမျိုး၊ ထီး (သို့) ဦးထုပ် ဆောင်းတာမျိုးလေးတွေ လုပ်သင့်ပါတယ်။
Sun cream အလွယ်တကူမရနိုင်တဲ့နေရာမျိုးတွေဆို သနပ်ခါးလေးလိမ်းတာမျိုးလေးတွေ လုပ်သင့်ပါတယ်။
တင်းတိပ်ဆိုတာ မပျောက်ကင်းနိုင်တဲ့ အရေပြားရောဂါ မဟုတ်တဲ့ အတွက် သေချာဂရုစိုက်ပေးရင် အချိန်အတိုင်းတာတစ်ခုအတွင်းမှာ ပျောက်ကင်းစေနိုင်ပါတယ်။
_ ကျရှုံးချိန်မှာ   ခေါင်းမော့ပါ_ကြိုးစားချိန်မှာ  နှုတ်လုံပါ_အောင်မြင်ချိန်မှာ  မာန်ချပါ_ပြည့်ဝချိန်မှာ      မျှဝေပါ_  ...
24/06/2020
_ ကျရှုံးချိန်မှာ ခေါင်းမော့ပါ
_ကြိုးစားချိန်မှာ နှုတ်လုံပါ
_အောင်မြင်ချိန်မှာ မာန်ချပါ
_ပြည့်ဝချိန်မှာ မျှဝေပါ
_ ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ
_ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ။
_အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ။
_ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်။
_အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့။
_လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ။
_ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ
ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ
ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။
_ရည်မှန်းချက်တွေပျက်ရင် ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်တယ်
_ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ
ရည်မှန်းချက်တွေမပျက်ပါစေနဲ့။
_အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့သင်ခန်းစာတွေက
ခံရတဲ့အချိန်မှာ ခါးသီးပေမယ့်
တချိန်ချိန်မှာ ချိုမြိန်လာမှာပါ။
_မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်။
_ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်။
_လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်။
_ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်။
_မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့
ရုန်းထွက်နိုင်အောင်ကြိုးစားပါ။
_စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ
သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်။
_ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို
အချိန်ကုန်ခံမနေပါနဲ့။
_ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်။
_လူကိုမကြည့်နဲ့. မူကိုကြည့်။
_ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်။
_အပြောမကြည့်နဲ့. မနောကိုကြည့်။
_အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ
အဓိပ္ပါယ် ဟာ လွဲမှားနေအုံးမှာပါ။
Credit
ယောက်ျားတွေမကောင်းတာလဲမဟုတ်ဘူးမိန်းမတွေမကောင်းတာလဲမဟုတ်ဘူးကျွန်တော်တို့ဆုံတွေ့ခဲ့တဲ့သူတွေက မကောင်းခဲ့တာ။တန်ဖိုးဆိုတာထားတ...
24/06/2020
ယောက်ျားတွေမကောင်းတာလဲမဟုတ်ဘူး
မိန်းမတွေမကောင်းတာလဲမဟုတ်ဘူး
ကျွန်တော်တို့ဆုံတွေ့ခဲ့တဲ့သူတွေက မကောင်းခဲ့တာ။
တန်ဖိုးဆိုတာထားတတ်တဲ့သူအပေါ်မှာပဲမူတည်တာ
ကျွန်တော်တို့ကဘယ်လောက်ပဲ တန်ဖိုးရှိနေပါစေဦး
တန်ဖိုးမထားတတ်တဲ့ရင်ခွင်မှာဆို နိမ့်ကျနေဦးမှာပဲ။
ကျွန်တော်တို့ကဘယ်လောက်ပဲ တန်ဖိုးမဲ့နေပါစေဦး
တန်ဖိုးထားတတ်တဲ့ရင်ခွင်မျိူးမှာဆိုရင်
ကြီးကျယ်ခမ်းနားနေကြမှာပါ။
အရမ်းကြီးချစ်ပေး အနစ်နာခံပေးပြန်ရင်လဲ
တန်ဖိုးမဲ့သွားပြန်ရော ကျွန်တော်တို့တွေက။
ကိုယ်ကလဲချစ်နေပေး သူကကလဲချစ်နေပေး
နှစ်ဦးနှစ်ဖက်စလုံးကသာ နားလည်မှုရှိနေခဲ့ရင်
ဘယ်သူကမှလဲခံစားရမာမဟုတ်ပါဘူး
ဘယ်သူကမှလဲ မနာကျင်ရတော့ပါဘူး။
ဘယ်သူကမှဒဏ်ရာတွေမလိုချင်ကြပါဘူး ဒါပေမယ့်
ချစ်တဲ့စိတ်တစ်ခုထဲနဲ့သာ ဒဏ်ရာတွေကို ပန်းကလေးလို့ထင်မှတ်နေကြတာပါ။
တကယ်တော့အရာအားလုံးကချစ်တဲ့စိတ်တစ်ခုထဲနဲ့သာဖြေဖျောက်ထားတာပါ တကယ်တော့ကျွန်တော်တို့လဲ နာကျင်ကြရပါတယ်။
(ယူရီ)
ဝက်ခြံ ပေါက် နေရင် ဒါလေးတွေ မလုပ်ပါနဲ့!!◾- သနပ်ခါး မလိမ်းပါနဲ့။◾- ထုံး/ သွားတိုက်ဆေး မတို့ပါနဲ့။◾- မိတ်ကပ် တက်နိုင်သလောက...
23/06/2020
ဝက်ခြံ ပေါက် နေရင် ဒါလေးတွေ မလုပ်ပါနဲ့!!
◾- သနပ်ခါး မလိမ်းပါနဲ့။
◾- ထုံး/ သွားတိုက်ဆေး မတို့ပါနဲ့။
◾- မိတ်ကပ် တက်နိုင်သလောက် ရှောင်ပါ။
◾- ပင်လယ်စာ မစားရ။
◾- နို့ထွက် ပစ္စည်း မစားရ။
◾- တာရှည်ခံ ပစ္စည်းများ မစားရ ( ဥပမာ - ခေါက်ဆွဲခြောက် )
◾- အချိုများသော အစားအစာများ မစားရ။
◾- ဝက်ခြံကို မညစ်ပါနဲ့။
◾- အိပ်ရေး ၀၀ အိပ်ပါ။
◾- ရေများများ သောက်ပါ။
◾- မျက်နှာ မနက် တစ်ကြိမ် ည တစ်ကြိမ် သစ်ပါ။
' သင့်ရဲ့ အလှတရားကို သင်ကိုယ်တိုင် ရှာဖွေနိုင်ပါပြီ '
Crd
🏡Dr.Pentra Aesthetic & Medispa
18/06/2020
ကလေး Mask နှင့် face shield ၂မျိုးတွဲလေးတွေ
ရ နေပြီနော် :)
လက် လီ လက်​ ကား ဝယ်​ယူအား​ပေးနိုင်​ပါပြီရှင့်
Pls order to cb
`` ဖား ပုံပြင် ´´ဖားတစ်ကောင်ကို ရေနွေးအိုးထဲ ထည့်လိုက်ပါ ပြီးတော့ ရေကို စတင်ပြီးတော့ အပူပေးလိုက်ပါ။ရေက ပူလာတဲ့အခါ မြင့်တ...
15/06/2020
`` ဖား ပုံပြင် ´´
ဖားတစ်ကောင်ကို ရေနွေးအိုးထဲ ထည့်လိုက်ပါ ပြီးတော့ ရေကို စတင်ပြီးတော့ အပူပေးလိုက်ပါ။
ရေက ပူလာတဲ့အခါ မြင့်တက်လာတဲ့ အပူချိန် အတိုင်း ဖားက သူ့ရဲ့ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိ လို့ ရပါတယ်။
ပိုပြီးတော့ ပူလာတဲ့အခါ သူ့ရဲ့ခန္ဓာကိုယ်အပူချိန်ကို ထပ်မံထိန်းညှိလို့ရပါတယ်။
ဒါပေမယ့် ... ရေနွေးက ပွက်ပွက်ဆူလာတဲ့အခါ ဖားက သူ့ရဲ့ အပူချိန်ကို ထပ်မံထိန်းညှိလို့မရတော့ပါဘူး။
အဲဒီအချိန်မှာ ... သူ ခုန်ထွက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ရပါတော့တယ်။
ဖားက ရေနွေးပူထဲကနေ ခုန်ထွက်ဖို့ကြိုးစားပါတယ်။ ဒါပေမယ့် သူခုန်ထွက်လို့မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူရဲ့ အင်အားတွေကို ပူချိန်ထိန်းညှိတဲ့နေရာမှာ အကုန်အသုံးပြုပြီးဖြစ်လို့ပဲဖြစ်ပါတယ်။
သိပ်မကြာခင်အချိန်မှာ ဖားက သေသွားပါတယ်။
ဘာကြောင့် ဖားက သေသွားသလဲဆိုတာကို မေးတဲ့အခါ ...
လူအများစုက ရေနွေးပူကြောင့်လို့ ဖြေကြပါတယ်။
တစ်ကယ်တော့ သူ့ကို အသေသတ်ခဲ့တဲ့ အရာက သူ့ရဲ့ ပင်ကိုယ် အရည်အချင်း ပါပဲ။ သူမှာ ရှိတဲ့ ခုန်ထွက် နိုင်စွမ်းကို သူက အချိန်ကိုက် အသုံးမချနိုင်ခဲ့ပါဘူ။
လူတိုင်းက ရေမြေအနေအထား နဲ့ လူတွေအပေါ်ကို မူတည်ပြီးတော့ လိုက်လံပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ့်အတွက် လုံခြုံဖို့ နဲ့ သက်တောင့်သက်သာဖြစ်ဖို့ မှန်ကန်တဲ့ အချိန်တွေမှာသာ လိုက်လံ ပြောင်းလဲဖို့ လိုအပ်တာပါ။
သို့ပေမယ့် မျက်နှာချင်းဆိုင်တွေ့ပြီးတော့ ပြဿနာတွေကို ထိပ်တိုက် ရင်ဆိုင်ရမယ့် အချိန်တွေလည်း ရှိပါတယ်။
တစ်ကယ်လို့ တခြားလူတွေကို ကျွန်တော်တို့ အပေါ်မှာ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ခံစားချက်ပိုင်းဆိုင်ရာဖြစ်စေ၊ ငွေကြေးပိုင်းဆိုင်ရာဖြစ်စေ လာရောက် ထိခိုက်လာပြီဆိုရင် ...
ကျွန်တော်တို့အနေနဲ့ ဘယ်အချိန်မှာ ခုန်ထွက်ဖို့ လိုအပ်မယ်။ ပြီးတော့ ဘယ်အချိန်မှာ ခုန်ထွက်ရင် အချိန်မှီသေးတယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။
Credit Page - - - ( ဘဝပန်းတိုင် - အောင်မြင်ရေးနည်းပြ )
Address
No. 133, 24 Th Street, Latha Tsp.
Yangon
Telephone
+959969295862
Website
Alerts
Be the first to know and let us send you an email when San Thit Aung Toys & Fancy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to San Thit Aung Toys & Fancy:
Shortcuts
Share
Category