26/05/2026
လောကမှာ
လူတိုင်းလူတိုင်းဟာ
လူအမျိုးမျိုးနဲ့ တွေ့ကြုံပေါင်းသင်း
ဆက်ဆံကြရမှာပါပဲ။
ပျော့တဲ့သူရှိသလို
မော့တဲ့သူလည်း ရှိမယ်။
ကောင်းတဲ့သူရှိသလို စောင်းတဲ့သူလည်း
ရှိမယ်။
တော်တဲ့သူ ရှိသလို
ချော်တဲ့သူလည်း ရှိမယ်။
သိတတ်တဲ့သူ ရှိသလို အသိပြတ်တဲ့သူလည်း
ရှိမယ်။
အမှားကြည့်တဲ့သူ ရှိသလို
တရားသိတဲ့သူလည်း ရှိမယ်။
ဘယ်လိုပဲရှိရှိ
ကိုယ့်အတွက်တော့
ယူတတ်ရင် တမူထပ်ပြင်စရာတွေ
ချည်းပါပဲ။
ကောင်းတဲ့သူကြောင့်
အကောင်းလေးတွေ
ရောက်လာတတ်သလို
ဆိုးတဲ့သူတွေကြောင့်လည်း
ဆင်ခြင်စရာတွေ
သတိပြုစရာတွေလည်း
ရှိလာတတ်တာပဲလေ။
ကောင်းတဲ့မိတ်ဆွေက
အကောင်းတွေနဲ့ ကျေးဇူးပြုပေးနိုင်သလို
မကောင်းတဲ့
မိတ်ဆွေကလည်း
ကိုယ့်ကိုဖိအားလေးတွေနဲ့
အသိတရားလေးတွေ
ပေးနေကြတာဆိုတော့
ကိုယ်သာ
ယူတတ်မယ်ဆိုရင်
ပတ်ဝန်းကျင်ဟာ
ကိုယ့်အတွက်
တစ်နည်းနည်းနဲ့
ကျေးဇူးပြုနေကြတာပါ။
# Mar
#မေတ္တာဖြင့်...