စြယ္စုံ Empathy

စြယ္စုံ  Empathy သုတ ရသ ရရှိရန် Like & Share လုပ်ခြင်းဖြင့် သ?

 #နတ်ပြည်ကို_အထင်မကြီးနဲ့~~~~~~~~~~~~~~~~~~~~ဆားတောင်ဆရာတော်ကြီး အနာဂါမ် ဖြစ်ပြီးတဲ့နောက် တစ်ညမှာ နတ်သားတစ်ပါးက ဆရာတော်က...
20/09/2025

#နတ်ပြည်ကို_အထင်မကြီးနဲ့
~~~~~~~~~~~~~~~~~~~~

ဆားတောင်ဆရာတော်ကြီး အနာဂါမ် ဖြစ်ပြီးတဲ့နောက် တစ်ညမှာ နတ်သားတစ်ပါးက ဆရာတော်ကြီးကို လာရောက် ဖူးမျှော်ပါတယ်။

#ဆရာတော်
- ဘာကိစ္စကြောင့် လာသနည်း ?

#နတ်သား
- မှန်လှပါ၊ လူ့ဘဝက တော်စပ်ခဲ့ဘူးသော ဆရာတော်၏ မယ်တော် ဖြစ်ကြောင်းပါ ဘုရား။

#ဆရာတော်
- ဘယ်ကုသိုလ်ကြောင့် နတ်ပြည်သို့ ရောက်သနည်း ?

#နတ်သား
- မှန်လှပါ၊ လူ့ဘ၀မှ စုတေရာ ပြိတ္တာဘုံသို့ ရောက်ရှိကြောင်း၊ သားတော် ဆရာတော်၏ နေ့စဉ် ပို့သသော မေတ္တာ၊ ပေးဝေသော အမျှကို ရသဖြင့် ဝဋ်ကြွေးများ ကြေကုန်ရာ ယာမာနတ်ပြည်သို့ ရောက်ရှိပြီး နတ်သား ဖြစ်နေကြောင်း လျှောက်ထားလေသည်။

ယခုဘ၀ မယ်တော်က လျှောက်ထား၍ သူ၏ မေတ္တာအားကြောင့် နတ်သားဖြစ်ကြောင်း သိရသဖြင့် ဆရာတော်ကြီးမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတော့သည်။

#ဆရာတော်
- ဒါယကာကြီး၊ တရား အားထုတ်ပါလား။ တရား အားထုတ်ရင် သံသရာကနေ လွတ်မြောက်နိုင်ပါတယ်။

#နတ်သား
- မှန်လှပါ ဘုရား။ တရားကို ကြိုးစားပြီး အားထုတ်လျှင် တရားထူးရနိုင်မှန်း သိသော်လည်း အရှင်ဘုရားထံ ရောက်ရှိစဉ်သာ တရားကို သတိရပြီး နတ်ပြည်သို့ ပြန်ရောက်လျှင် ကိလေသာအာရုံ အလွန်များသဖြင့် တရားကို သတိမရ၊ အားမထုတ်နိုင်ကြောင်း လျှောက်ထားပါသည်။

နတ်ပြည်ရောက်မှ တရား အားထုတ်ဖို့ စိတ်ကူးထားသူများ သတိပြုဖွယ် ကောင်းလှပါ၏။

🙏ဆားတောင်ဆရာတော်ကြီး၏ ထေရုပ္ပတ္တိနှင့် ကိုယ်တွေ့ ဖြစ်ရပ်ဆန်းများ🙏 စွယ်စုံ Empathy

“သည်းခံကြရန်”တရံတခါ မီးမလာ၊ပူတာ သည်းခံလေ။ပူတာဆင်းရဲ ကြီးသော်လည်းငရဲကိုတော့ မမှီပေ။--------------------------------------...
22/04/2024

“သည်းခံကြရန်”

တရံတခါ မီးမလာ၊
ပူတာ သည်းခံလေ။
ပူတာဆင်းရဲ ကြီးသော်လည်း
ငရဲကိုတော့ မမှီပေ။

----------------------------------------

“ကံကောင်းချင်လျှင်”

ကံဆိုတာ အလုပ်၊ အလုပ်ဆိုတာ ကံ၊
အလုပ်ကောင်းလျှင် ကံကောင်းတယ်။
ကံကောင်းချင်လျှင် အလုပ်ကောင်းကောင်းလုပ်။

သက်တော်(၁၀၀)ထိ သီတင်းသုံးနေထိုင်ခဲ့ရသည့်
မုံရွာမြို့၊ ဧသုဝတီသီလရှင်စာသင်တိုက်များ၏ ပဓာနနာယကဆရာကြီး
သာသနဓဇသိရီပဝရဓမ္မာစရိယ ဆရာကြီးဒေါ်ဧသုဝတီ

စွယ်စုံ Empathy

"မင်း ဖတ် ရ တာ တန် ပါ တယ်"လူတစ်ချို့မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်းမင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။လူတစ်ချို့မင်းနားမှာ ...
21/04/2024

"မင်း ဖတ် ရ တာ တန် ပါ တယ်"

လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ်ဆိုတိုင်း
မင်းက တန်ဖိုးမရှိလို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး။

လူတစ်ချို့
မင်းကို အရေးမလုပ်တော့ဘူးဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး။

တကယ်တော့
မင်းမေတ္တာ မင်းစေတနာ မင်းရဲ့ပေးဆပ်မှု
မင်းရဲ့အလေးထားမှုနဲ့ မတန်တဲ့သူတွေရှိသလို
အရမ်းချစ်တဲ့ဒဏ်ကို
မခံနိုင်တဲ့သူတွေလည်း ရှိတယ်။

လွယ်လွယ်နဲ့ရရင်
လူတွေက တန်ဖိုးမထားချင်ကြဘူး
ဒါကို မင်းသိရင်
နောက်တစ်ခါ ဘယ်အရာကိုမှ အလကားမပေးနဲ့။

စွန့်ပစ်ခံရတယ်ဆိုတိုင်း
အမှိုက်မဟုတ်ဘူးဆိုတာ နားလည်
တစ်ဖက်က တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်။

တစ်ခါတလေမှာ
ကိုယ်နဲ့ မထိုက်တန်တဲ့သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့သူတွေကို
လောကကြီးက သူ့နည်း သူ့ဟန်နဲ့
ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်။

ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်းတာပါပဲ
အဲတော့ မနေချင်တဲ့သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့ သူ့သဘောအတိုင်း ရှိပါစေ။

သူတို့ ဆုံးရွုံးသြားတာက
ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့သူကို
မင်း ဆုံးရှုံးရတာက
အမြဲ စိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကို။

ကဲ...ဘယ်သူနာလဲ?
မင်း မနာပါဘူး
အမှိုက်တွေရှင်းသွားတော့ မရှုပ်တော့ဘူးပေါ့။

တစ်ယောက်ထဲနေလည်း ဖြစ်တယ်
နှစ်ယောက်ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေများလေပဲ။

ကိုယ့်မိသားစုနဲ့
ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေကိုပဲ
တန်ဖိုးထား မြတ်နိုးပြီး ချစ်လိုက်ပါ။

ကျန်တဲ့ အပေါ်ယံတွေအတွက်
အလေးအနက်ထားပြီး ခံစားမနေနဲ့။

နောက်ထပ် မမိုက်ချင်ပါနဲ့
မင်းက သင်ခန်းစာတွေရဖို့
စာလေးတစ်ပုဒ်ပဲ ဖတ်ရတာ
ငါ့မှာက ဘဝနဲ့ရော မျက်ရည်တွေနဲ့ပါ
ရင်းခဲ့ရတာ...
မင်းဖတ်ရတာ တန်ပါတယ်။

စွယ်စုံ Empathy

နုနယ်ရုပ်ဆင်း ပျိုမျစ်ခြင်းကားအိုမင်း နောက်ဆုံးရှိချေ၏။ဥစ္စာဆင်မြင်း ပေါများခြင်းကားယိုယွင်း နောက်ဆုံးရှိချေ၏။ဝိညာဏ်တင်း...
18/04/2024

နုနယ်ရုပ်ဆင်း ပျိုမျစ်ခြင်းကား
အိုမင်း နောက်ဆုံးရှိချေ၏။

ဥစ္စာဆင်မြင်း ပေါများခြင်းကား
ယိုယွင်း နောက်ဆုံးရှိချေ၏။

ဝိညာဏ်တင်းလင်း သက်ရှင်ခြင်းကား
ကွေကွင်း နောက်ဆုံးရှိချေ၏။

ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား
ကွေကွင်း နောက်ဆုံးရှိချေ၏။

တတ်ကြွားကြွကြွ မြင်သမျှကား
လျှောကျ နောက်ဆုံးရှိချေ၏

ခုံမင်ခယ ချစ်သမျှကား
သောက နောက်ဆုံးရှိချေ၏။

ပွဲလယ်ပြင်ပ ချီးမွမ်းကြလည်း
ရှုံ့ချ နောက်ဆုံးရှိချေ၏။

ကြည်သာရွှင်ပျ ချမ်းသာလှလည်း
ဒုက္ခ နောက်ဆုံးရှိချေ၏။

..
#လယ်တီဆရာတော်ဘုရားကြီး၏-
သံဝေဂလက်ာမှ ရေးသား ပူဇော်ကန်တော့ လိုက်ပါသည်။

ယနေ့ပြုသော ကုသိုလ်ကောင်းမှု့တွေနဲ့အတူ
အေးချမ်းစွာအိပ်စက်အနားယူနိုင်ကြပါစေ။ 🙏

စွယ်စုံ Empathy

ဝဋ်လှလှ မင်းကိုသစ္စာဖောက်ပြီးနောက်တစ်ယောက်တွဲသွားတဲ့သူကိုမင်း မျှော်လင့်နေဆဲလား..?မင်းရင်ကိုစုံကန်သွားတဲ့သူအတွက်မင်း မျက...
16/04/2024

ဝဋ်လှလှ
မင်းကိုသစ္စာဖောက်ပြီး
နောက်တစ်ယောက်တွဲသွားတဲ့သူကို
မင်း မျှော်လင့်နေဆဲလား..?

မင်းရင်ကိုစုံကန်သွားတဲ့သူအတွက်
မင်း မျက်ရည်တွေနဲ့တန်လို့လား
မင်းကိုသာ တကယ်ချစ်ခဲ့ရင်
နောက်တစ်ယောက်ဆိုတာ
ပေါ်လာစရာအကြောင်းမရှိဘူး

အခန့်မသင့်လို့စိတ်ဆိုးစိတ်ကောက်ရုံဆိုရင်
မင်းနဲ့မပြေလည်မချင်း
သူသစ္စာရှိရှိစောင့်နေမှာ
လွယ်လွယ်နဲ့ရင်ခွင်မပြောင်းဘူး

ကိုယ်နဲ့မတွေ့ခင်အတိတ်ကအကြောင်းအရာ
တွေ ဆိုတာခွင့်လွတ်လို့ရတယ်
မေ့ထားလို့ရတယ်

ကိုယ့်နဲ့တွဲနေရင်း
နောက်တစ်ယောက်ရင်ခွင်ထဲ
ပြောင်းသွားတာကတော့
အဆိုးရွားဆုံးသစ္စာဖောက်ခြင်းပဲ

မင်းကိုမလိုလို့ ထားခဲ့ပြီပဲ
မင်းမဟုတ်တဲ့တစ်ခြားသူတစ်ယောက်ကို
စိတ်သာယာသွားမိပြီဆိုရင်
မင်းဘယ်လို ကြေကွဲပြနေလည်း
သူကတော့ ဟားတိုက်ရယ်နေနိုင်မှာပဲ
သူ့ရင်ထဲမင်းမှ မရှိတော့တာ

မင်းအတွက်မဟုတ်တဲ့ postတွေကို
မင်းအတွက်မဟုတ်တဲ့active nowကို
မင်း ကအိပ်ပျက်ခံပြီး ခံစားနေဆဲလား
သူက မင်းဖက်ကို
တစ်ချက်တောင်သတိရမယ်မထင်နဲ့

သူကို့ချစ်တယ် နာကျည်းတယ်
ခွင့်မလွတ်နိုင်ဘူး မစွန့်လွတ်နိုင်ဘူး
ကိုယ်ခံစားသလိုသူခံစားစေချင်တယ်
ကိုယ့်အချစ်တွေ သူနားလည်စေချင်တယ်
ကြည့်စမ်း မင်းတစ်ယောက်ထဲပင်ပန်းနေတာ
သူကတော့ မင်းနဲ့ပတ်သက်ပြီး
ဘာခံစားချက်မှမရှိတော့ဘူး
မင်းတစ်ယောက်တည်း ဖြစ်နေတာ

မင်းကတော့အသည်းတွေကွဲပြ
မင်းအနာဂတ်ကို သစ္စာမရှိသူတစ်ယောက်အတွက်နဲ့
မင်းကိုယ်တိုင်ဖျက်ဆီးလို့
မင်းသာပျက်စီးသွားမယ်
သူကတော့ ပြုံးပျော်နေတာ တန်လို့လား
မင်းကိုအသက်နဲ့ရင်းပြီး
မွေးခဲ့တဲ့အမေကိုအားနာသင့်တယ်

သစ္စာဖောက်တစ်ယောက်ကို
ပြန်လာဖို့ မင်းမျှော်လင့်နေတာဟာ
ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ

သူက မှားပါပြီဆိုပြီး ပြန်လာတယ်ပဲထား
မင်း အရင်လိုပျော်နိုင်ရမယ်ထင်လား
သူ ဖုန်းမအားရင် ဘယ်သူနဲ့ပြောနေတာလဲ
မင်းတွေးပူရမယ်

သူ active now ဖြစ်ပါလျက်
မင်းကို replyမပြန်ရင် ဘယ်သူနဲ့ကြူနေပြန်လဲ
မင်းပူလောင်ရမယ်
အရင်လိုထားသွားအုန်းမလားမင်းပူရမယ်

ဘာလို့လဲဆိုတော့သူ့အပေါ်မင်းအချစ်တွေ
မပြောင်းလဲသေးပေမယ့်
သူ့ကို မင်းနောက်ထပ်ယုံကြည်လို့မရတော့ဘူး
သူ့ကိုမင်းအရင်လိုမယုံနိုင်တော့ဘူး

သစ္စာပျက်ဖူးတဲ့သူဟာ
နောက်ထပ် ကတိတွေဖျက်ဖို့
ဝန်မလေးတော့ဘူး မတွန့်ဆုတ်တော့ဘူး

မင်းထက်သာတာတွေ့ရင်ပြောင်းမယ်
မင်းထက်ကြင်နာတယ်ထင်ရင်ပြောင်းမယ်
မင်းထက်ဂရုစိုက်တယ်ဆိုပြီး ထပ်ပြောင်းမှာပဲ

သစ္စာဖောက်တစ်ယောက်ကို
နောက်ထပ်တွဲဖို့ မျှော်လင့်နေဆဲလား
အဲ့တာမင်းအတွက်နေ့စဉ်ငရဲပဲ ....

စွယ်စုံ Empathy

ထီးပြောင်းပြန် မချရ...............................   ထီးတင်တော့ ပထမဆုံးခွေက စတင်ပြီး နောက်ဆုံး စိန်ဖူးကို တင်တယ်ပေါ့။ထီး...
05/04/2024

ထီးပြောင်းပြန် မချရ...............................

ထီးတင်တော့ ပထမဆုံးခွေက စတင်ပြီး နောက်ဆုံး စိန်ဖူးကို တင်တယ်ပေါ့။
ထီးချရင် စိန်ဖူးက စဖြုတ် ရတယ်။
အဲဒီအတိုင်း ထီးချရင် ထီးဇောက်ထိုးဆင်းတယ်ခေါ်တယ်။
စိန်ဖူးကနေ အောက်ဆုံးခွေအထိ ဖြုတ်ပြီး ငြမ်းပေါ်မှာတင်ထားပြီး အောက်ဆုံးခွေက စချ ရတယ်။

ထီးချရင် မြေကြီးနဲ့ မထိရ၊ ခုံတစ်ခုပေါ် ပိတ်ဖြူခင်း
အဲဒီ အပေါ်တင်ထားပြီးမှ သင့်တော်သလိုဆောင်ရွက်ပေါ့။
ထီးချရင် လူစာရင်း မှတ်ထား။
ထီးတော် အသစ်ပြန်တင်ရင် အဲဒီလူတွေ ပြန်ပါပလေ့စေ။ အနည်းဆုံး လူတစ်ဝက်တော့ ပြန်ပါရတယ်။
ထီးချတာပါပြီး ထီးတင်မှာ ပြန်မပါရင် လောကီကိစ္စမှာ ကျ သွားတတ်တယ်။
ထီးအသစ်ပြန်တင်တော့မယ်ဆိုရင် မူလထီး ဒကာရဲ့
အလှုငွေ အနည်းဆုံး တစ်မတ်တော့ ပါပလေ့စေ။ သဘောတူ ခွင့်ပြုချက်ကို ယူတာ။
မူလထီးဒကာကို အကြောင်းမကြား အလှုမခံရင်
စကားများရတတ်တယ်။
မူလထီးက အချင်းနှစ်ပေဆိုရင် ထီးအသစ်ကို
အဲဒီထက် မလျော့စေနဲ့။
ထီးအသစ်က ထီးဟောင်းထက် တန်ဖိုး မြင့်ပါစေ။

ထီးတင် ပန်းရထားသည် ရွာကို ဦးမတိုက်ရ။
သုဿာန်ကို ဦးမတိုက်ရ။
ရွာဦးတိုက်ရင် ရွာနာတတ်တယ်။
ထီးအသစ်မှာ မူလထီးအဟောင်းရဲ့ အစလေးတစ်စ၊ ခေါင်းလောင်းလေး တစ်လုံးဖြစ်ဖြစ် ပြန်ထည့်ပေး။
မူလဓါတ်ဟောင်း မဖျက်ကောင်းတဲ့။

မကိုဋ်ထီး ၊ရွှေတိဂုံထီး ၊ချည်ဝင်ထီး၊ တလိုင်းထီး၊
ရှမ်းထီး ထီးသုံးဆင့် စသဖြင့် ထီးအမျိုးမျိုးရှိတယ်ပေါ့ဗျာ ။ မွန်ပြည်နယ်မှာ ထီးတင်ရင် ဟင်္သာခံပေါ့။
ထီးအပ်တဲ့အခါ ရောင်းတမ်းထီးတွေ မဝယ်ပဲ ကိုယ်ကြိုက်တဲ့ပုံစံကို အော်ဒါမှာတယ်။
စိန်ဖူးကတော့ စလင်းပဲကောင်းတယ်ဗျ။
ငွေတတ်နိူင်ရင် စလင်းကိုရွှေကွပ် ရတနာစီပေါ့။

ဒါယကာဆောင်(သိကြားဆောင်)ထီးတင်ရတာ အတော်လုပ်ယူရတယ်။
ထီးတော်မှာ၃၃ပါးသော သိကြားမင်း ပုံပါတယ်။
နေ လ ရထား ပါတယ်။
၂၈ဆူ ရွှေသင်္ကန်းကပ်၊ ဂြိုလ်ရှစ်ခွင် မှန်ကပ်ပြီးမှ
တင်လို့ရတယ်။
ဒါယကာဆောင် စိန်ဖူးတင်တဲ့အချိန် မှန်ကိုင်ပြီး ဆရာတော်ပေးထားတဲ့ဂါထာ မပြတ်ရွတ်နေခဲ့ရတယ်။
သိကြားဆောင်ထီးတင်မှာ ရွတ်ရတဲ့ဂါထာက
မာရ သေန ပမ္မဒ္ဒိနော။
သဗ္ဗဇေယျ စိန်ဖူးတင် မှာ ရွတ်ရတဲ့ဂါထာက
"ဆ ဒွါရ အဓိပတိ မဟာရာဇာ"

စေတီမှာ အုဋ်ထီးတင်ထားရင် ဂရုစိုက်၊သစ္စာချက်ကြီးတဲ့ဘုရား။
မြောက်ဘက် မုခ်တစ်ခုတည်း ဖွင့်ထားရင်သတိထား။ စေတီက အဝိုင်းဆိုရင် ဘုရင် တည်ထားတာ။
တစ်ဝ စေတီနဲ့ ဓါတ်ရှင်းစေတီ ကြည့်ပေါ့။

ရှစ်မြှောင့်ဆိုရင် စစ်သူကြီး တည်တာ။

စေတီက
ညဏ်တော်နိမ့်နိမ့်လေး ဆိုပြီး
ပေါ့တီးပေါ့ဆမလုပ်နဲ့။

စေတီအားလုံးဟာ
အရဟံအစ ဘဂဝါအဆုံးနဲ့
ပြည့်စုံတဲ့ ဘုရားချည်းပဲ။

တည်ထားတဲ့ သူရဲ့ သစ္စာချက်နဲ့
ပုဂ္ဂိုလ်အစောင့်အရှောက်ကို ကြည့်ပြီး
လုပ်ဆောင်ရတယ်။

ဗုဒ္ဓ ဘာသာဝင်တွေ သိဘို့ ...

Credit
မေတ္တာဖြင့်
https://www.facebook.com/empathynayyemyint?mibextid=ZbWKwL

မြန်မာလူမျိုးတို့၏ ဆယ့်နှစ်လရာသီပွဲတော်များနှင့် ပန်းများအကြောင်း 🌼🌼🌼ရာသီမသိ ပန်းနဲ့ညှိ🌼🌼🌼တန်ခူးလ.            သင်္ကြန်ပွ...
27/03/2024

မြန်မာလူမျိုးတို့၏ ဆယ့်နှစ်လရာသီ
ပွဲတော်များနှင့် ပန်းများအကြောင်း

🌼🌼🌼ရာသီမသိ ပန်းနဲ့ညှိ🌼🌼🌼

တန်ခူးလ. သင်္ကြန်ပွဲတော်။
ရာသီပန်း ပိတောက်ပန်း ၊ ကံ့ကော်ပန်း။

ကဆုန်လ. ညောင်ရေသွန်းပွဲတော်။
ရာသီပန်း စကားဝါပန်း။

နယုန်လ. စာပြန်ပွဲတော်။
ရာသီပန်း စံပယ်ပန်း။

ဝါဆိုလ. ရဟန်းခံရှင်ပြုပွဲ ၊ ဝါဆိုသင်္ကန်းကပ်ပွဲ။
ရာသီပန်း ပုန်းညက်ပန်း။

ဝါခေါင်လ. စာရေးတံမဲပွဲတော် ။
ရာသီပန်း ခတ္တာပန်း။

တော်သလင်းလ. လှေပြိုင်ပွဲတော်။
ရာသီပန်း ယင်းမာပန်း။

သီတင်းကျွတ်လ. မီးထွန်းပွဲတော် ။
ရာသီပန်း ကြာပန်း။

တဆောင်မုန်းလ. ကထိန်ပွဲတော်။
ရာသီပန်း ခဝဲပန်း။

နတ်တော်လ. စာဆိုတော်ပွဲ။
ရာသီပန်း ဂမုန်းပန်း ၊ သဇင်ပန်း။

ပြာသိုလ မြင်းခင်းသဘင်ပွဲတော်။
ရာသီပန်း ခွာညိုပန်း။

တပိုးတွဲလ. ထမနဲပွဲတော်။
ရာသီပန်း ပေါက်ပန်း ။

တပေါင်းလ. သဲပုံစေတီပွဲတော် ။
ရာသီပန်း သရဖီပန်း။

(ပြန်လည်ကူးယူ ဖော်ပြအပ်ပါသည်။)


မှားနေတာတွေ့လည်း ပြင်ပေးကြပါရှင်
ဗဟုသုတအနေနဲ့ ပြန်လည်ကူးယူမျှဝေခြင်းဖြစ်ပါတယ်ရှင့်

စွယ်စုံ Empathy

 #ကိုယ်ထင်ရာ_ကိုယ်ကျင့်ပြီး_ဖြစ်ပေါ်လာသော_တိတ္ထိဆရာကြီး(၆) #ယောက်_အကြောင်း****************************__________________...
18/03/2024

#ကိုယ်ထင်ရာ_ကိုယ်ကျင့်ပြီး_ဖြစ်ပေါ်လာသော_တိတ္ထိဆရာကြီး(၆) #ယောက်_အကြောင်း

****************************
__________________________

ဗုဒ္ဓလက်ထက်တော်အခါက
ဗုဒ္ဓနှင့်ခေတ်ပြိုင်

တိတ္ထိဆရာကြီးခြောက်ယောက်ပေါ်ပေါက်ခဲ့ဘူး၏။

ဗုဒ္ဓနှင့်ခေတ်ပြိုင်ဟုဆိုရသော်လည်းယင်းတို့သည်

ဗုဒ္ဓ၏အရင်ကပင်ကြိုတင်၍ ဘုရားဟု၀န်ခံလျက်

လူသူပရိသတ်အများခြံရံကျော်ဇောလျက်

ရှိနေကြသူများဖြစ်၏။

ဗုဒ္ဓမပွင့်ပေါ်မီကာလအစောပိုင်းကတည်းက လောကမှာဘုရားပွင့်မည်ဟု ကောလဟလများထွက်ပေါ်လျက်ရှိနေသဖြင့် ယင်းကောလဟလများနောက်ခံထားလျက် ဘုရားအဖြစ်၀န်ခံကာဟောပြောပို့ချအယူဝါဒတို့ကို ဖြန့်ချိနေကြသူများဖြစ်၏။

ယင်းခြောက်ယောက်တို့မှာ
#ပူရဏကဿပ၊
#မက္ခလိဂေါသာလ၊
#အဇိတကသကမဗွေလ၊
#ပကုဓကစ္စာယန၊
#နိဂဏ္ဍနာဋပုတ္တ၊
#သဉ္စယဗေလဋ္ဌပုတ္တတို့ဖြစ်ကြ၏။

ဘုရားမပွင့်မီကာလကဗုဒ္ဓဂုဏ်တစ်စုံတစ်ရာ မရှိပါဘဲလျက်ဘုရားဟု၀န်ခံလျက် ဘုရားတုလုပ်နေကြသူများပင်ဖြစ်ပါ၏။

ထိုဘုရားတုတို့ဟောပြောသမျှသည်လည်း တရားတုများသာဖြစ်ပါ၏။

ထိုဘုရားတုတို့၏ တပည့်သာ၀ကအဆက်ဆက်တို့သည်လည်း သံဃာတုတို့သာဖြစ်ပါ၏။

မှန်ပါ၏။
အစစ်အမှန်နှင့် အတုအပတို့မည်သည်လောက၌ ဒွန်တွဲလျက်ရှိရိုးဖြစ်၏။အစစ်ပေါ်ပြီးမှ အတုပေါ်သည်လည်းရှိတတ်၏။

အစစ်မပေါ်မီ အတုပေါ်သည်လည်းရှိတတ်၏။အတုအစစ် တစ်ပြိုင်နက်ပေါ်သည်လည်းရှိတတ်၏။

ယခုဖြစ်စဉ်မှာမူအစစ်မပေါ်မီအတုက ကြိုတင်ပေါ်နေခြင်းမျိုးဖြစ်ပါ၏။ ပူရဏကဿပဆိုသူသည်ကောင်းမှုပြုသော်လည်း

ကောင်းမှုမမည်
(နတ်ထိပုညံနတ်ထိပုညဿအာဂမော)၊

မကောင်းမှုပြုသော်လည်းမကောင်းမှုမမည်။
(နတ္ထိပါပံ၊နတ္ထိပါပဿအာဂမော)။ကောင်းမှုမကောင်းမှု

ဘယ်ဟာကိုပြုပြု၊
ပြုရာမရောက်ဟု

အကြောင်းကိုပယ်ချလျက်ဟောပြေပို့ချသင်ပြနေလျက်ရှိ၏။

အကြိယဝါဒ ဒိဋ္ဌိဟုဆိုရ၏။

အကြောင်းပယ်၊
ကံပယ်အယူအဆဖြစ်၏။

(ကရောတောနကရီယတိပါပံ)

။သတ်ခြင်း
မသတ်ခြင်းခိုးခြင်းမခိုးခြင်းစသည်သည်

ကံမမြောက်ဟုဟောပြောလေ့ရှိ၏။

မက္ခလိဂေါသာလကမူသတ္တဝါတို့ကိလေသာဖြင့်

ညစ်နွမ်းကြောင်း၊
စင်ကြယ်ကြောင်း

အကြောင်းတရားတို့မည်သည်မရှိ။

(အဟေတူအပစ္စယာသတ္တာသံကိလိဿန္တိ၊အဟေတူအပစ္စယာ
သတ်တာဝိသုဇ်ဈန်တိ)။
ကမ်ဘာ(ကပ်ပ)

ရှစ်သန်းလေးသိန်းပြည့်လျှင်အလိုလို

စင်ကြယ်သွားမည်သာဖြစ်၏။အထူးလုံ့လပြု

အားထုတ်နေစရာအကြောင်းမရှိ။ဥပမာအားဖြင့်

တောင်ပေါ်မှနေအပ်ချည်လုံးတစ်လုံးကိုအောက်သို့

ကြိုးစဆွဲပြီးလှိမ့်ချလိုက်လျှင်အပ်ချည်လုံးသည်

ကြိုးတစ်ဆုံး အထိသာ ပြေးလေ့ရှိ၏။ထို့ထက်လွန်၍

မပြေးနိုင်တော့
ထို့ထက်လွန်၍မလိမ့်နိုင်တော့။

ထို့အတူပင်ကမ္ဘာပေါင်းရှစ်သန်းလေးသိန်းပြည့်လျှင်

သတ္တဝါတို့သည်လည်းရှေ့သို့ဆက်လက်၍

မဖြစ်နိုင်တော့၊အလိုလိုဆုံးလျှင်ရပ်ရရိုးသာရှိ၏။

အလိုလိုစင်ကြယ်သွားမည်၊သံသရာမှ

လွတ်မြောက်သွားမည်ဟုသာဟောပြောလေ့ရှိ၏။

အကြိယဒိဋ္ဌိအမျိုးအစားပင်ဖြစ်၏။

အဇိတကေသကမ္ဗလကမူနတ္ထိအယူဝါဒ(၁၀)ချက်

ကိုင်စွဲထားသူဖြစ်၏။

(၁)နတ္ထိဒိန္နံ-ပေးလှူခြင်းဖြင့်အကျိုးမရှိ။

(၂)နတ္ထိယိဋ္ဌံ-အမြတ်တနိုးပူဇော်ပသခြင်းဖြင့်အကျိုးမရှိ။

(၃)နတ္ထိဟုတံ-လက်ဆောင်ပေးခြင်းဖြင့်အကျိုးမရှိ။

(၄)နတ္ထိသုကတဒုက္ကဋာနံကမ္မာနံဖလံဝိပါကော-

ကောင်းမှုမကောင်းမှုကံတို့၏အကျိုးသည်မရှိ။

(၅)နတ္ထိအယံလောကော-ယခုလောကပစ္စုပ္ပန်ဘ၀မရှိ။

(၆)နတ္ထိပရောလောကော-တမလွန်လောကနောင်ဘ၀မရှိ။

(၇)နတ္ထိမာတာ-အမေဆိုတာမရှိ။

(၈)နတ္ထိပိတာ-အဖေဆိုတာမရှိ။

(၉)နတ်ထိသတ်တာသွပ်ပါတိကာ-ယခုဘ၀ကနေ
နောက်ဘဝ
ပြန်ဖြစ်သည့်သတ္တဝါဆိုတာမရှိ။

(၁၀)နတ္ထိလောကေသမဏဗြာဟ္မဏာ-လောက၌
သမဏဗြာဟ္မဏတို့မည်သည်မရှိ။ဤသို့

အကြောင်းမရှိအကျိုးမရှိဟုအဟေတုကဒိဋ္ဌိအယူကို

စွဲကိုင်ထားသူဖြစ်၏
အကြောင်းလက်မခံသည်

အကိရိယဒိဋ္ဌိလည်းရောလျက်ရှိ၏။

အကျိုးလက်မခံသည့်နတ္ထိကဒိဋ္ဌိလည်းရောလျက်ရှိ၏။

ဟောသမျှပြောသမျှဒိဋ္ဌိအယူဝါဒတို့သာဖြစ်ချေ၏။

ထို့ကြောင့်ဟောတိုင်းလည်းတရားမဟုတ်၊

မတရားလည်းဖြစ်နေတတ်သေး၏။

တရားဟောရင်းဖြင့်မတရားသည့်အဓမ္မ

မိစ္ဆာဒိဋ္ဌိအယူဝါဒတွေကို

တွင်တွင်ကျယ်ကျယ်ဟောပြောနေလျက်သား

ဖြစ်နေပါမူမတရားဟောခြင်းဟုဆိုရ၏။

ပကုဓကစ္စာယနကမူလောက၌သတ္တဝါဟူသည်မရှိ။

ဓာတ်ကြီး(၇)ပါးတို့၏အပေါင်းအစုမျှသာရှိ၏။

ယင်းဓာတ်ပေါင်း(၇)ပါးမှာပထဝီ၊အာပေါ၊
တေဇော၊
ဝါယော၊
သုခ၊ဒုက္ခ၊ဇီ၀တို့သာဖြစ်ပါ၏။

ယင်းအပေါင်းအစုကိုပင်သတ္တဝါဟုဆိုကြ၏။

တစ်ယောက်နှင့်တစ်ယောက်ထက်လှစွာသောဓားဖြင့်

ခေါင်းဖြတ်၍ပင်သတ်စေကာမူသတ်ရာမရောက်၊

ဓာတ်(၇)ပါးအတွင်းအခြားဓာတ်(၇)ပါး

ရောစပ်သွားခြင်းမျှသာဖြစ်ပါ၏။(သတ္တန္နံတွေ၀

ကာယမန္တရေနသတ္ထံဝိ၀ရမနုပတတိ)။အကြောင်း

အကျိုးနှစ်မျိုးလုံးကိုပယ်သည့်

ဒိဋ္ဌိအယူဝါဒသာဖြစ်ပါ၏။

နိဂဏ္ဍနာဋပုတ္တကမူစောင့်စည်းခြင်းလေးမျိုး

(စာတုယာမသံ၀ရ)ကိုဟောပြောလေ့ရှိ၏။

ယနေ့ခေတ်အိန္ဒိယတွင်

ကိုးကွယ်ယုံကြည်လျက်ရှိသောဂျိန်းဝါဒသည်

နိဂဏ္ဍနာဋပုတ္တ၏အယူဝါဒများသာဖြစ်ပါ၏။နိဂဏ္ဍကို

ဇိန-ဘုရားဟုထင်မြင်ယူဆကိုးကွယ်ကြ၏။ဇိနမှဂျိန၊

ဂျိနမှဂျိန်းဟုပြောင်းလဲလာခြင်းဖြစ်၏။သို့ဖြစ်၍

ယနေ့ခေတ်ဂျိန်းဘာသာသည်နိဂဏ္ဍနာဋပုတ္တ၏

ဝါဒကိုလက်ခံယုံကြည်နေ သော

ဘာသာ၀င်များဖြစ်၏။ဂျိန်းဝါဒသည်

အဟိံသဝါဒအခြေခံထား၏။သက်ရှိမှန်သမျှအား

မညှင်းဆဲသည့်အယူဝါဒဖြစ်၏။၎င်းတို့အယူအဆ

သက်ရှိဆိုရာတွင်သစ်ပင်တောတောင်ရေမြေမှအစ

သတ္တဝါအဆုံးသက်ရှိဟုယူဆလျက်ရေကိုလည်း

မကြိုမချက်အစိမ်းကိုသာသောက်လေ့ရှိ၏။ရေကို

ကြိုချက်ပါက

ရေအသက်သေမည်စိုးသောကြောင့်ဖြစ်၏။

သစ်ပင်ကိုလည်းမခုတ်မဖြတ်၊မြေကိုလည်းမတူးမဆ၊

သတ္တဝါတို့ကိုလည်းမသတ်မဖြတ်သည့်

အယူဝါဒဖြစ်၏။ခြိုးခြံခေါင်းပါးသည့်အကျင့်ကိုလည်း

ကျင့်လေ့ရှိ၏။ဂျိန်းဘုန်းကြီးတို့သည်အ၀တ်ကို

၀တျလေ့မရှိ။အ၀တျ အစားအတွက် ခြိုးခြံခြင်းဖြစ်၏။

ယင်းသို့လူစင်စစ်ဖြစ်ပါလျက်တိရစ္ဆာန်ဇာတ်

ပြန်ခင်းခြင်းဖြစ်၏။အကောင်းအဆိုး

ဒွန်တွဲရောယှက်နေသောဝါဒဖြစ်၏။

သဉ္စယဗေလဋ္ဌပုတ္တကမူဒီဘ၀ရှိသလား၊မရှိဘူးလား၊

နောက်ဘ၀ရှိသလား၊မရှိဘူးလားစသည်မေးလာလျှင်

ရှိသည်ဟုလည်းငါမဖြေ၊မရှိဟုလည်းငါမဖြေ

စသည်ဖြင့် ဇဝဇေဝါပြောဟောလေ့ ရှိသူဖြစ်၏။

ရေရေရာရာမရှိသောအယူဝါဒ

အမရာဝိက္ခေပ ဒိဋ္ဌိမျိုးဖြစ်၏။

ယင်းသို့ဗုဒ္ဓမပွင့်မီနှင့်ဗုဒ္ဓနှင့်ခေတ်ပြိုင်

ပေါ်ထွန်းခဲ့ကြသောမိစ္ဆာဒိဋ္ဌိအခြေခံလျက်

ယူဆဟောပြောခဲ့ကြသော

တိတ္ထိဆရာကြီးခြောက်ဦးသည်သူ့ပရိသတ်နှင့်သူ

ထင်ပေါ်ကျော်ကြားခဲ့ကြသူများဖြစ်၏။

ဗုဒ္ဓပွင့်တော်မူလာမှသာလျှင်၎င်းတို့၏ဂုဏ်သိမ်၊

အရောင်မှိန်၊ပရိသတ်တွေနည်းလာပြီး

အချို့အယူဝါဒများပျောက်ဆုံးလျက်အစတုံးခဲ့ရ၏။

သို့သော်ယနေ့ခေတ်ထိမပျက်မသုံး

လိုက်နာကျင့်သုံးလျက်ရှိနေသေးသည့်ဝါဒမှာ

ဂျိန်းဝါဒတစ်ခုသာရှိတော့၏။

#ဒေါက်တာအရှင်ပါရမီ

စွယ်စုံ Empathy

ဘုန်းကြီးတွေဟာ လာဘ်လာဘနဲ့ပတ်သက်လာရင် အများအားဖြင့် မိုးမမြင် လေမမြင်ဖြစ်တတ်ကြတယ်။ဣန္ဒြေမဲ့ဖြစ်တတ်ကြတယ်။🔺- လာဘ်လာဘ အတွက်ဘ...
17/03/2024

ဘုန်းကြီးတွေဟာ လာဘ်လာဘနဲ့ပတ်သက်လာရင် အများအားဖြင့် မိုးမမြင် လေမမြင်ဖြစ်တတ်ကြတယ်။

ဣန္ဒြေမဲ့ဖြစ်တတ်ကြတယ်။

🔺- လာဘ်လာဘ အတွက်ဘုန်းကြီးဖြစ်လာတာလား?

🔺- စားစရာမရှိလို့ ဘုန်းကြီးလုပ်တာလား?

🔺- အလုပ်လုပ်ရမှာပျင်းလို့ဘုန်းကြီးလုပ်တာလား?

ကိုယ့်ကိုယ်ကို ဒီမေးခွန်းတွေပြန်မေးကြပါ!

မဟားတရားတွေမလုပ်ကြပါနဲ့
ဣန္ဒြေမဲ့ငန်းငန်းတက်မဖြစ်ကြပါနဲ့

ဘုန်းကြီးတွေစည်းကမ်းပျက်သမျှ
ဘုရားကိုသွားထိတယ်။

စည်းမဲ့ကမ်းမဲ့ ကြည်ညိုမဲ့စရာဖြစ်လာရင်၊
လူတွေအထင်သေးအောင် နေထိုင် ပြောဆိုကြရင်၊
ဒီပုဂ္ဂိုလ်တွေထမ်းနေတဲ့ သာသနာကိုပါ
တဆက်တည်း အထင်သေးလာကြလိမ့်မယ်။

ခပ် ပေါ့ပေါ့ မနေကြပါနဲ့!!
( စာ- ၃၆၇ တစ်ဘဝသာသနာ)

ခေတ်ပညာတတ်လူငယ်တွေ၊
အထက်တန်းလွှာ ဉာဏ်အမြှော်မြင်ရှိသူတွေ
ဝေဖန်​ထောက်ပြခံရတဲ့အခါ…
ပြင်ကြဖို့နေနေသာ
ထို ဒကာ ဒကာမ တွေကို ရန်သူလို ပြန်ဆက်ဆံ ပြောဆို ခြိမ်းခြောက်နေရင်…

မကြာခင် ဆွမ်းရှားပါးလာဖို့သာရှိတော့၏

ထိုအခါ သာသနာထဲ စည်းနဲ့ကမ်းနဲ့ ကြည်ညိုအောင်ပြုပြင်ကြိုးစားနေထိုင် ကြသော သံဃာများလည်း နစ်နာ ရပါလိမ့်မယ်။

မအေးပု။
16/3/24

Address

Manila

Website

Alerts

Be the first to know and let us send you an email when စြယ္စုံ Empathy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share