True Learning Singapore

True Learning Singapore Educate Children Through Stories

Poster လေးတွေက ကလေးတွေအတွက် အကောင်းမွန်ဆုံး သင်ထောက်ကူတစ်ခုလို့ပြောလို့ရပါတယ် ။ကလေးတွေက နံရံကို ခြစ်တတ်တဲ့အကျင့်လေးတွေရှ...
09/01/2024

Poster လေးတွေက ကလေးတွေအတွက် အကောင်းမွန်ဆုံး သင်ထောက်ကူတစ်ခုလို့ပြောလို့ရပါတယ် ။

ကလေးတွေက နံရံကို ခြစ်တတ်တဲ့အကျင့်လေးတွေရှိပါတယ် ။

ဒီလိုသူတို့လေးတွေ ခြစ်တတ်တဲ့ နေရာမှာ အရောင်ထွက်အားကောင်းပြီး ၊ စာလုံးတွေကို ပီပီသသမြင်ရတဲ့အပြင် ၊စာလုံးပေါင်းတွေ ၊ အဓိပ္ပာယ်တွေ တိကျမှန်ကန်တဲ့ True Learning မှ ထုတ်ဝေထားတဲ့ Poster Box လေးကို ကပ်ထားမယ်ဆိုရင်တော့ ကလေးတွေ စိတ်ဝင်စားပြီး စာလုံးလေးတွေကို သင်ယူချင်တဲ့စိတ်တွေကိုလည်း ဖြစ်စေမှာ အမှန်ပါ...။

ဝယ်လို့ရနိုင်တဲ့ Poster Box လေးတွေကတော့
𝐏𝐫𝐞-𝐬𝐜𝐡𝐨𝐨𝐥 𝐏𝐨𝐬𝐭𝐞𝐫
𝐌𝐲 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐨𝐬𝐭𝐞𝐫 𝐍𝐞𝐰
𝐌𝐲 𝐅𝐢𝐫𝐬𝐭 𝐏𝐨𝐬𝐭𝐞𝐫𝐬 ( 𝟔 𝐬𝐞𝐭𝐬)
𝐌𝐲 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐏𝐨𝐬𝐭𝐞𝐫𝐬 ( 𝟒 𝐬𝐞𝐭𝐬)

🔹Messenger မှဆက်သွယ်မှာယူလိုပါက
m.me/TrueLearningSingapore
🔹Shop မှ ရွေးချယ်ဝယ်ယူလိုပါက
https://bit.ly/3mIjOJI


#ကလေးငယ်များ

#ကလေးစာအုပ်

မွေးကင်းစကလေးငယ်ရှိတဲ့ အိမ်တိုင်းမှာရှိသင့်တဲ့  Black & White Jumbo Flash Card ကလေးတွေအားလုံးက မွေးခါစအရွယ်မှာ  အဖြူ၊ အမ...
08/01/2024

မွေးကင်းစကလေးငယ်ရှိတဲ့ အိမ်တိုင်းမှာရှိသင့်တဲ့ Black & White Jumbo Flash Card
ကလေးတွေအားလုံးက မွေးခါစအရွယ်မှာ အဖြူ၊ အမဲ ကိုပဲ မြင်ရတယ်ဆိုတာ မေမေတို့သိပါသလား?
🤔မွေးခါစအရွယ်မှာ ကလေးငယ်တိုင်း အဖြူနဲ့ အမဲ ကိုပဲမြင်ရတာပါ ။ အချိန်အနည်းငယ် ကြာလာတော့မှ အနီ နဲ့ အဝါလေးတွေကိုပါ တွဲဖတ်မြင်လာရတာပါ။
💙ကောင်းမွန်တဲ့ ဦးနှောက်စွမ်းဆောင်ရည် ၊ မြင့်မားတဲ့ အာရုံစူးစိုက်မှုအား ၊ အမြဲသာနေစေမယ့် ဖြတ်ထိုးဉာဏ် တွေအတွက် မွေးကင်းစ အရွယ်မှာတင် လေ့ကျင့်ပေးလိုရမယ့် Black & White Flash Card
" ဦးနှောက်စွမ်းဆောင်ရည် "
🖤🤍မွေးကင်းအရွယ် ကလေးငယ်လေးတွေက အရောင်တွေကို မခွဲခြားနိုင်ပါဘူး ။ အရောင်မခွဲခြားနိုင်တဲ့အခါ သူတိုတွေ အတွက် အဆင်အပြေဆုံး Black & White Color လေးတွေနဲ့ Flash Card ‌လေးတွေနဲ့အတူ သူတိုရဲ့ ဦးနှောက်စွမ်း‌ဆောင်ရည်ကို မြှင့်တင်လို့ရနိုင်ပါတယ် ။
"အာရုံစူးစိုက်မှု"
🖤🤍Black & White Flash Card လေးတွေကို ပြတဲ့အခါမှာ အခြားအရာ‌တွေလိုမဟုတ်ဘဲ စိတ်ဝင်စားစရာကောင်းတာလေးတွေနဲ့ဖြစ်တဲ့အတွက် အာရုံစိုက်ပြီးကြည့်ကြမှာအသေချာပါ။ ဒီလို အာရုံစူးစိုက်ပြီး ကြည့်တဲ့အခါ မျက်လုံးကြွက်သားကိုပါ သန်မာစေပါတယ် ။ ဒီ့အတွက်ကြောင့် ကလေးငယ်လေးတွေရဲ့ အမြင့်မားဆုံးအာရုံစူးစိုက်မှုအားကိုလည်း ရရှိစေမှာဖြစ်ပါတယ် ။
"ဖြတ်ထိုးဉာဏ်"
🖤🤍မျက်လုံးနဲ့ ကြည့် ၊ ဦးနှောက်နဲ့ ဆုံးဖြတ်ရတာကြောင့် သူများနဲ့မတူတဲ့ နှာတဖြားသာနေမယ့် ဖြတ်ထိုးဉာဏ်ကို ‌ရရှိစေဖို အထောက်အကူပြုပါတယ် ။
ဒါတွေတင်လားဆိုရင်တော့ ကလေးတွေ မှောက်တဲ့အခါမှာလည်းအထောက်အကူပြုနိုင်ပါတယ် ။ Black & White Flash Cardတွေကို မှောက်ပြီး စိတ်ဝင်တစားကြည့်တဲ့အခါမှာ ကြာကြာမှောက်ထားနိုင်တာဖြစ်တဲ့အတွက်ကြောင့် ကလေးငယ်တွေအတွက် အရာရာ အဆင်ပြေစေမှာပါ။
🔹Messenger မှဆက်သွယ်မှာယူလိုပါက
m.me/TrueLearningSingapore
🔹Shop မှ ရွေးချယ်ဝယ်ယူလိုပါက
https://bit.ly/3mIjOJI


   ကိုယ်သာ အဲ့ဒီအရွယ်ကလေးငယ်လေးသာဆို ဘယ်လိုသင်ကြားချင်မလဲ ဘယ်လိုဆို စိတ်ဝင်စားမလဲဆိုပြီး အကြိမ်ကြိမ် အတွေ့ကြုံရှိတဲ့ ဆရာ...
08/01/2024



ကိုယ်သာ အဲ့ဒီအရွယ်ကလေးငယ်လေးသာဆို ဘယ်လိုသင်ကြားချင်မလဲ ဘယ်လိုဆို စိတ်ဝင်စားမလဲဆိုပြီး အကြိမ်ကြိမ် အတွေ့ကြုံရှိတဲ့ ဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်၊ Digital Illustrator တွေနဲ့ အဆင့်ဆင့် ဖန်တီးပြီးမှ ထွက်ပေါ်လာတဲ့
👉ရောင်စုံ အရောင်လွင်လွင် ထင်ထင်လေးတွေနဲ့ ကာတွန်းရုပ်ပုံလေးတွေ(အဲ့လိုမှ သူတို့က တစ်ရွက်ပြီးတစ်ရွက်လှန်ချင်ကြတာ)
👉ပြီးတော့ ဉာဏ်ကို နည်းနည်းချင်းသုံးပြီး တဖြည်းဖြည်းစဉ်းစားတတ်ဖို့ Game လေးတွေ (သူတို စဉ်းစားလေ ဉာဏ်ရည်ဉာဏ်သွေး ထက်လေပဲ)
👉ခဲတံကို ဘယ်လိုကိုင်ပြီး စာလုံးဘယ်လို အစချီရေးရမလဲဆိုတဲ့ လေ့ကျင့်ခန်းလေးတွေ( စာရေးရတာ ပျော်လာစေမယ့်အထိ ဖန်တီးထားတယ်)

အဲ့ဒီလို ပျော်စရာ လေ့ကျင့်ခန်းလေးတွေကို သူတိုသင်ကြားချင်အောင် အရောင်စုံ ကွာလတီ ကောင်းကောင်း စာရွက်သား ကောင်းကောင်းကိုမှ တစ်အုပ်လုံးကို ဈေးအနည်းဆုံး ဈေးအသက်သာဆုံး နဲ့ ရောင်းဖို့ ပြင်ထားပါတယ်။

ဒီနှစ်တွေ မေမေတို တတ်နိုင်သမျှ ငွေကုန်ကြေးကျသက်သာပြီး ကလေးတွေကို ပညာသင်စေဖို True Learning ရဲ့ စေတနာပါ။

Singapore မှာနေပြီး မြန်မာပြည်က သားသားမီးမီးတွေအတွက် ပြန်ပို့ချင်တဲ့ ဖေဖေ မေမေတို့ကိုလည်း အထူးဈေးနှုန်းလေးနဲ့ စီစဥ်နေကြောင်းကိုလည်းသတင်းကောင်းပါးပါတယ်နော် ❤

Messenger ကနေဆက်သွယ်ပြီးမှာပေးပါနော်
http://m.me/TrueLearningSingapore


စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပိုမိုလိမ္မာယဉ်ကျေးတဲ့ သားကောင်းသမီးကောင်းလေးတွေကို ပိုင်ဆိုင်ရပါစေလို့ ဆုမွန်ကောင်း တောင်း...
01/01/2024

စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ပိုမိုလိမ္မာယဉ်ကျေးတဲ့ သားကောင်းသမီးကောင်းလေးတွေကို ပိုင်ဆိုင်ရပါစေလို့ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်

ချစ်ခင်လေးစားစွာဖြင့်
True Learning Singapore

True Learning က ထွက်ရှိထားတဲ့ "Comic Style ပုံပြင်စာအုပ်"တွေဖြစ်တဲ့ - ပဘာဝတီ- ဥမ္မာဒန္တီ- ပန်ထွာဘုရင်မ💯ကလေးတွေစိတ်ဝင်စား...
28/12/2023

True Learning က ထွက်ရှိထားတဲ့ "Comic Style ပုံပြင်စာအုပ်"တွေဖြစ်တဲ့
- ပဘာဝတီ
- ဥမ္မာဒန္တီ
- ပန်ထွာဘုရင်မ

💯ကလေးတွေစိတ်ဝင်စားစေဖို့အတွက် ဒဏ္ဍာရီ‌ထဲကအမျိုးသမီးတွေအကြောင်း ပြောတဲ့အခါ မြန်မာ့ရာဇဝင်ထဲက မင်းသမီးတွေအကြောင်းကိုကျန်ခဲ့လို့မဖြစ်ပါဘူး...

-မိန်းမဖြစ်နေလို့ ယောကျာ်းရဲ့အထောက်အပံ့ကိုမလိုအပ်ကြောင်း ၊
-အမျိုးသမီးဖြစ်ပေမယ့်ရဲရင့်ပြတ်သားတဲ့သူတွေဖြစ်ခဲ့ကြောင်းကို ကလေးငယ်တွေ စိတ်ထဲအလွယ်တကူသိရှိစေဖို့နဲ့ မြန်မာ့ရာဇဝင်ထဲက အမျိုးသမီးတွေဖြစ်တဲ့အတွက်ကြောင့် သူတို့လေးတွေစိတ်ထဲမှာ စံပြအတုယူထိုက်တဲ့သူတွေအဖြစ်လည်း သတ်မှတ်နိုင်မှာပါ။

❗ဇာတ်ကြောင်းတွေကိုပြောပြတဲ့အခါမှာ မှားနေတာမျိုးမဖြစ်အောင် သေသေချာချာ စနစ်တကျလေ့လာထားပြီးTrue Learning မှထုတ်ဝေထားတဲ့စာအုပ်လေးတွေရှိဖို့လိုပါတယ် ။

မှာယူချင်တယ်ဆိုရင်တော့
🔹Messenger မှဆက်သွယ်မှာယူလိုပါက
m.me/TrueLearningSingapore
🔹Shop မှ ရွေးချယ်ဝယ်ယူလိုပါက
https://bit.ly/3mIjOJI



#ကလေးစာအုပ်

သားသမီးတွေကို ယုံကြည်ပေးပါမိဘဆိုတာ သားသမီးကို ဘယ်အရွယ်ရောက်ရောက် ကလေးလိုပဲ ထင်နေတာကို အားလုံးပဲ ကြုံဖူးကြမှာပါ။ ဒါက ချစ်...
28/12/2023

သားသမီးတွေကို ယုံကြည်ပေးပါ
မိဘဆိုတာ သားသမီးကို ဘယ်အရွယ်ရောက်ရောက် ကလေးလိုပဲ ထင်နေတာကို အားလုံးပဲ ကြုံဖူးကြမှာပါ။ ဒါက ချစ်ဖိုကောင်းတဲ့ကိစ္စဆိုပေမယ့် အမြဲတမ်းဆိုရင် ပြသာနာရှိလာတတ်ပါတယ်။ အရွယ်ရောက်နေတဲ့ လူတွေအတွက်ပေါ့။

အမေက ကျွန်မကို ငယ်ငယ်ကတည်းက အစိုးရိမ်လွန်ပါတယ်။ ကျွန်မဘာပဲလုပ်လုပ် အဆင်မပြေလောက်ဘူးလို ထင်နေတာက ပြသနာကြီးပါ။ ကျွန်မရဲ့ လုပ်နိုင်စွမ်းကို အမြဲတမ်း သံသယရှိနေတတ်ပါတယ်။ ကားလမ်းကူးတာကနေအစ၊ အဝတ်အစားရွေးတာအဆုံး ကျွန်မဘာသာ ဘာပဲလုပ်လုပ် အမေက စိတ်တိုင်းမကျဘူး။ အမေ့လက်နဲ့ဝင်ပြီးလုပ်ပေးရမှ အကုန်အဆင်ပြေတယ် ထင်နေတတ်ပါတယ်။ ကိုယ့်သဘောအတိုင်း ဘယ်တော့မှ လုပ်ခွင့်မရခဲ့ပေမယ့် အမေ့ကို ပြန်အထွန့်တက်ခွင့်မရှိဘူး။ အမေပြောတာက နင့်ကိုချစ်လို၊ စိုးရိမ်လို …..။ ။

ပညာရေးကနေကျော်လွန်လို လုပ်ငန်းခွင်ရောက်လာတော့လည်း ကျွန်မရဲ့ လုပ်ရည်ကိုင်ရည်ကို သံသယထပ်ဖြစ်နေပြန်ပါတယ်။ ကျွန်မအနေနဲ့ အမေရေ ဒါကတော့ ကျွန်မကျွမ်းကျင်တဲ့အပိုင်းပါလို ဘယ်လိုပဲ ပြောပြော အမေက ငါက နင့်ထက်ပိုပြီးဖြတ်သန်းလာရတာမို ပိုသိတယ်လိုပြောပြန်ပါတယ်။ မဟုတ်ဘူး ခေတ်တွေကွာသွားပြီလို ရှင်းပြမိတော့ ကျွန်မက မိဘကို အထင်သေးပြီး နှိမ်ချတဲ့သူမျိုးလို ဝမ်းနည်းပြန်ပါရော။ ကျွန်မတော့ အမေ့ကို ဘယ်လိုမှ ရှင်းပြလို မနိုင်ခဲ့ဘူး။

ဟော … အိမ်ထောင်ရေးကို ရောက်တဲ့အခါလည်း အမေသဘောကျတဲ့သူကိုပဲ လက်ခံစဉ်းစားရပါတယ်။ ကျွန်မမှာရွေးချယ်စရာအခွင့်အရေးမရှိခဲ့ပါဘူး။ အမြဲတမ်းလက်ခံပေးနေကျ အကျင့်ကြောင့် ပြန်လည်းမပြောတတ်တော့ဘူး အကုန်အမေ့သဘောကျပဲပေါ့။ ဒါပေမဲ့ ပေါင်းသင်းရတဲ့လူနှစ်ယောက်ဟာ လက်တွေ့ဖြစ်နေလေတော့ ကျွန်မအိမ်ထောင်ရေး အဆင်မပြေခဲ့ဘူး။ နောက်ဆုံး ကိုယ့်လမ်းကိုယ်လျှောက်ဖိုဖြစ်လာပြန်တော့ အမေက ကျွန်မကို ပြောပါတယ်။ နင့်မှာ ဘာအစွမ်းအစရှိလို ထွက်သွားဖို ကြံနေရာတာလဲတဲ့။

အမေဆိုလိုတာက ကျွန်မက ငွေမရှာနိုင်ဘူးပေါ့ကွယ်။ ကျွန်မတိုးတိုးလေးပဲ ပြန်ပြောမိတယ်။ အမေသာ ကျွန်မကို ယုံကြည်ခဲ့ရင်၊ အခွင့်အရေးပေးခဲ့ရင် ကျွန်မအခုလို အရာအားလုံးဆုံးရှုးရမှာ မဟုတ်ဘူးလို့လေ။
ကျွန်မ ဝါသနာကို နောက်ဆုတ်ခဲ့ရပါတယ်
ကျွန်မ ကလေးဘဝနဲ့ လူငယ်ဘဝကို ဆုံးရှုးခဲ့ရတယ်
ကျွန်မ လုပ်ချင်တဲ့အလုပ်ကို စွန့်လွှတ်ခဲ့ရတယ်
အမေ့ကို အပြစ်မပြောချင်ပေမယ့် အကယ်၍ အမေသာ ကျွန်မကို ချစ်လိုဆိုတဲ့အကြောင်းပြချက်နဲ့သာ မချုပ်နှောင်ထားခဲ့ရင်၊ ကျွန်မကို ယုံကြည်စောင့်ကြည့်ပေးခဲ့ရင် ကျွန်မအခုချိန်မှာ အနည်းဆုံးတော့ လုပ်ချင်တာတွေ လုပ်ခဲ့ရလို နောင်တရနေမှာမဟုတ်ပါဘူးလို။ အမေတွေတိုင်းကိုပြောချင်တာကတော့ သားသမီးတွေကို ချစ်တယ်ဆိုတာဟာ ကြိုးတစ်ချောင်းနဲ့ ချည်နှောင်ထားဖိုမဟုတ်ပါဘူးလို ကျွန်မအတွေ့အကြုံအရ ပြောပြချင်ပါတယ်။

ချစ်တဲ့
True Learning
***************
True Learning မှ မိခင်တို့အတွက် ရင်တွင်းဖြစ်စာလေးများကို လွတ်လပ်စွာ share ပြီး တင်နိုင်ပါတယ်ရှင်။ တစ်ဆင့်ပြန် Copy လုပ်ပြီး မတင်ဖို့ မေတ္တာရပ်ခံပါရစေနော်။


#ကလေးစာပေ #ကလေးစာအုပ်
https://trues.com.mm/

ကလေးတွေဆီမှာ မသင်ဘဲ တတ်တဲ့ အရာတွေအများကြီးရှိပါတယ်...အဲ့ထဲကမှ အတတ်အမြန်ဆုံးကိုပြောပါဆိုရင်တော့ - ဒေါသထွက်တတ်တာ နဲ့ - စိတ...
20/12/2023

ကလေးတွေဆီမှာ မသင်ဘဲ တတ်တဲ့ အရာတွေအများကြီးရှိပါတယ်...

အဲ့ထဲကမှ အတတ်အမြန်ဆုံးကိုပြောပါဆိုရင်တော့
- ဒေါသထွက်တတ်တာ နဲ့
- စိတ်တိုတတ်တာပဲ
ဒီအရာ၂ခုလုံးက စိတ်ပိုင်းဆိုင်ရာခံစားချက်ဖြစ်တဲ့အတွက်ကြောင့် စိတ်ကိုပြန်ထိန်းမှ ရပါမယ်

ဒါပေမယ့် ကလေးတွေကငယ်သေးတဲ့အတွက် ဘယ်လိုဆိုတာကို မသိနိုင်ဘူးလေနော်...
လူကြီးတွေတောင် တခါတလေမှာ ထိန်းရခက်တတ်တဲ့ ကိစ္စတွေကို ကလေးတွေ စိတ်တိုတာ ၊ဒေါသထွက်တာတွေ တဖြေးဖြေးလျော့နည်းပါးလာအောင် ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကို ဖြေရှင်းလို့ရနိုင်မယ့် နည်းလမ်းကတော့ တစ်ခုတည်းပါ...
အဖြေက စာဖတ်ပြတာပါပဲ ...

စာဖတ်ပြပါ ၊
အကျိုးအကြောင်း ၊ အဆိုးအကောင်းတွေကို ခွဲခြားသိနိုင်ဖို့အကောင်းဆုံးက စာဖတ်ပြတာပါ...
ချစ်တဲ့
True Learning
----

#ကလေးစာပေ #ကလေးစာအုပ်

"အစ်ကိုကြီးဖြစ်တဲ့အခါ "တစ်ခါတစ်လေ ကျွန်မတို့ လူကြီးတွေတောင်မှ အမေက နင့်ထက် ငါ့ကိုပိုချစ်တာဆိုပြီးပြိုင်ကြသေးတယ်မဟုတ်လား?...
20/12/2023

"အစ်ကိုကြီးဖြစ်တဲ့အခါ "
တစ်ခါတစ်လေ ကျွန်မတို့ လူကြီးတွေတောင်မှ အမေက နင့်ထက် ငါ့ကိုပိုချစ်တာဆိုပြီးပြိုင်ကြသေးတယ်မဟုတ်လား?
ကလေးတွေဆိုတာလည်း တစ်ယောက်နဲ့ တစ်ယောက် လူကြီးတွေက ဘယ်သူ့ကို ပိုချစ်လဲဆိုတာကို ပြိုင်ကြပါတယ် ။

ပထမကတော့ တစ်ယောက်တည်းပဲရှိကြတာဖြစ်တဲ့အတွက်ကြောင့် ဝိုင်းပြီးချစ်ကြတယ် ၊ ဂရုစိုက်ကြတယ်ဆိုပေမယ့် ကလေးလေးနောက်တစ်ယောက် ရလာတဲ့အခါမှာတော့ အရင်လို ဂရုမစိုက်နိုင်တော့တာမျိုးတွေရှိလာပါတယ် ။
ဒါတွေကို သူတို့လေးတွေအနေနဲ့ ငါ့ကို မချစ်ကြတော့ဘူး ။ အငယ်လေးကိုပဲ ပိုချစ်တာ ဆိုတဲ့ အတွေးလေးတွေ ကိုယ်စီရှိနေတတ်ကြပါတယ်။ အဲ့လိုအတွေးလေးတွေရှိတဲ့အခါမှာ ပိုချစ်တာခံနေရတယ်ဆိုလို ခံစားရတဲ့သူကို အမြင်မကြည်တော့တာ မုန်းတာလေးတွေရှိတတ်ပါတယ် ။

အဲ့လိုအတွေးလေးတွေမရှိအောင် စိတ်လေးအေး‌ချမ်းနေအောင် ဘယ်လို‌စိတ်လေးထားရမလဲဆိုတာကို "အစ်ကိုကြီးဖြစ်တဲ့အခါ"ဆိုတဲ့ စာအုပ်လေးထဲမှာ ကလေးတို စိတ်ဝင်စားအောင် ပုံဖော်ပေးထားပါတယ် ။ ဒီ့အတွက်ကြောင့် နောက်ဘေဘီလေးတွေယူမယ့် မေမေတိုပဲဖြစ်ဖြစ် ဒီစာအုပ်လေးကို ကျိန်းသေဝယ်ပြီး ညီလေးတွေ ၊ ညီမလေးတွေ ရတော့မယ့် ကိုကိုကို ဖတ်ပြသင့်တဲ့ စာအုပ်လေးတစ်အုပ်ဆိုလည်း မမှားပါဘူး ။

မေမေတို့ဝယ်ချင်တယ် ဒါပေမယ့် အမြည်းလည်း ဖတ်ချင်တယ်ဆိုရင် အဆင်ပြေအောင်လို့ ပုံလေးတွေကို တစ်ခုစီဖတ်ပေးနော်..
မှာယူချင်တယ်ဆိုရင်တော့ နာမည် ၊ အမြဲတမ်းကိုင်ဆောင်တဲ့ ဖုန်းနံပါတ်နဲ့ နေရာလိပ်စာ အပြည့်အစုံတို့ကို Messenger မှာ ပေးပို့ပြီး မှာယူနိုင်ပါတယ် ။ True Learning Singaporeက Singpost အိမ်ထိ ပို့ပေးပါပြီ!!!

Singapore မှာနေပြီး မြန်မာပြည်က သားသားမီးမီးတွေအတွက် ပြန်ပို့ချင်တဲ့ ဖေဖေ မေမေတို့ကိုလည်း အထူးဈေးနှုန်းလေးနဲ့ စီစဉ်နေကြောင်းကိုလည်းသတင်းကောင်းပါးပါတယ်နော် ❤



#ကလေးစာအုပ်

“ ဟိုလေ ကျွန်မကလေးကို မနမ်းပါနဲ့နော်”ကျွန်မပြောလိုက်တာနဲ့ချက်ချင်းဆိုသလို ဒီမှာရှိနေတဲ့လူတွေအကုန်လုံး ကျွန်မကို ၀ိုင်းကြ...
19/12/2023

“ ဟိုလေ ကျွန်မကလေးကို မနမ်းပါနဲ့နော်”
ကျွန်မပြောလိုက်တာနဲ့ချက်ချင်းဆိုသလို ဒီမှာရှိနေတဲ့လူတွေအကုန်လုံး ကျွန်မကို ၀ိုင်းကြည့်တော့တာပဲ။ ကျွန်မခင်ပွန်းကအစပေါ့။ နမ်းမယ်ပြင်နေတဲ့တစ်ယောက်ကလည်း အံ့သြသွားသလိုနဲ့တန့်သွားသလို ဘေးကလူတွေကလည်း ဒီမိန်းမ ဘာလဲဟပေါ့ လူကို ဒေါသထွက်သလိုကြည့်နေကြတာ။

ဒီလိုဖြစ်မယ်မှန်းသိသားပဲ။ မတတ်နိုင်ဘူးလေ ကျွန်မသားလေးက နေကောင်းတာလည်း မဟုတ်ဘူး ပြီးတော့အဓိက အကြောင်းရင်းက သူ့နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်တွေနဲ့လေ။

“ မေရီ မင်းဘယ်လိုကြီးပြောလိုက်တာလဲ sorry နော် အန်တီနန်စီ သူက နည်းနည်း sensitive ဖြစ်တတ်လို့ပါ”
“ ရပါတယ် ရပါတယ် ကိစ္စမရှိပါဘူး ကျွန်မက ရုပ်ဆိုးတော့ သိတယ်မဟုတ်လား ဟားဟားဟား ကလေးလေးကို ကူးသွားမှာစိုးလို့ပေါ့”

ရပါတယ်ဆိုပြီး ရယ်စရာလိုလိုလုပ်ပြောနေပေမယ့် အန်တီနန်စီရဲ့မျက်နှာက ငိုချတော့မလိုနဲ့ စိတ်မကောင်းဖြစ်သွားဟန်ပဲ။ ကျွန်မလည်း တကယ်ပဲ စိတ်မကောင်းပါဘူး ရိုင်းတယ်ပဲဆိုဆို သားလေးကို ကောက်ပွေ့ပြီး
“ ရုပ်ရည်နဲ့မဆိုင်ပါဘူး အန်တီနန်စီရယ် အန်တီနန်စီက ကျွန်မတို့အပေါ်ကောင်းပြီးသားပဲကို သားလေးက သိပ်နေမကောင်းလို့ပါ ဒါနဲ့ အန်တီနန်စီရဲ့ ရေယုန်ကို ဂရုစိုက်ဦးနော် ကျွန်မဆီမှာ ခရင်မ်လေးရှိတယ် ကောင်းတယ်ဆိုပဲ အဲဒါက နစ်ခ်နဲ့ထည့်ပေးလိုက်မယ် ကဲ ဒါဆို အထဲပြန်ဝင်လိုက်ဦးမယ်နော့်”

အပြောခံလိုက်ရတဲ့သူမှာ ဘယ်လောက်နာကျင်မလဲဆိုတာ ကျွန်မနားလည်ပါတယ် ကျွန်မကိုယ်တိုင်လည်း ပြောချင်လွန်းလို၊ နှိမ်ချင်လွန်းလို့မှ မဟုတ်တာ ကျွန်မသားလေးကို ကာကွယ်ဖို့အတွက် ကျွန်မရိုင်းတယ်၊ ဘ၀င်မြင့်တယ် စသည်ဖြင့် ဘယ်လိုခေါင်းစဉ်တပ်တပ် ရပါတယ်။ အဓိကကတော့ သားလေး ဘေးကင်းဖို့ပါပဲ။

ဒီနေရာမှာ အားနာလိုက်ရင် သားမှာ ကလေးတွေမှာ ဖြစ်တတ်တဲ့ herpes simplex gingivostomatitis (ဂျင်ဂျီဗိုစတိုမတိုင်းတစ်ဆ်) လို့ခေါ်တဲ့ ရေယုန်ပေါက်တာမျိုးတွေဖြစ်လာခဲ့ရင် ဘယ်လိုလုပ်ကြမလဲ။ မဖြစ်ဘူးလို့ပြောလို့မရဘူးလေနော် ဖြစ်များဖြစ်လာခဲ့ရင် ကလေးက လူကြီးလို ပျောက်လွယ်တာမဟုတ်ဘူးလေ။ ဖျားတာတွေ၊ ပျို့အန်တာတွေ၊ လည်ချောင်းနာ၊ အာသီးရောင်တာတွေ ဖြစ်လာမယ်။ အစကတည်းကမှ ကလေးက သိပ်နေကောင်းတာမဟုတ်တော့ ရောဂါဆိုပိုဖြစ်လွယ်တယ် ဒီလိုလက္ခဏာတွေဆိုလည်း ကလေးက ပြောတတ်ဦးမှာမဟုတ်ဘူး ငိုပဲငိုနေမှာ။ ဒီတော့ အခုကိစ္စမှာ ကျွန်မလွန်တယ်ပဲဆိုဆို ကျွန်မကတော့ ကျွန်မကလေးကို သည်းရမှာပဲ။

အိမ်ထဲကိုပြန်ဝင်လာတဲ့အမျိုးသားနဲ့ ထိပ်တိုက်ဖြေရှင်းဖို့လည်း အဆင်သင့်ပြင်ထားလိုက်တယ်။ ဒါက တိုက်ပွဲပဲ လူမှုပတ်ဝန်းကျင်နဲ့ မကြာခဏတိုက်ရမယ့် စစ်ပွဲလည်းဖြစ်ပါတယ်။ အကဲပိုတယ်လို့အပြောခံရမယ်၊ ဘ၀င်ရူးလို့လည်း အပြောခံရနိုင်တယ် အို ဒီထက်ဆိုးတာတွေလည်း ဖြစ်နိုင်တာပဲ။ မတတ်နိုင်ဘူး သူများအမြင်တွေထက် ကိုယ့်ကလေးက အရေးကြီးနေတာကိုး တစ်ဖက်ကလည်း ကိုယ့်မှာနေထိုင်မကောင်းတာမျိုး ကူးစက်လွယ်တဲ့တစ်ခုခုရှိနေတာမျိုးဆို ကိုယ့်အသိစိတ်နဲ့ကိုယ် ထိန်းသိမ်းမယ်ဆို သိပ်ကောင်းမှာပဲ။ ဒါဆို နှစ်ဦးနှစ်ဖက် ပြောစရာလည်းမလိုတော့ဘူး၊ မျက်နှာလည်းပျက်စရာမရှိတော့ဘူးပေါ့။ အင်း ကျွန်မက မိခင်ကိုး သားသမီးကို ကာကွယ်ဖို့အတွက် လူအမြင်ကပ်လည်း သတ္တိရှိရှိ ခံရမှာပါပဲ

ချစ်တဲ့
True Learning
****************
True Learning မှ မိခင်တို့အတွက် ရင်တွင်းဖြစ်စာလေးများကို လွတ်လပ်စွာ share ပြီး တင်နိုင်ပါတယ်ရှင်။ တစ်ဆင့်ပြန် Copy လုပ်ပြီး မတင်ဖို့ မေတ္တာရပ်ခံပါရစေနော်။


#ကလေးစာပေ #ကလေးစာအုပ်

" အစ်မကြီးဖြစ်တဲ့အခါ "ကလေးတွေဆိုတာက သဘာဝအတိုင်း အရာရာကို ပြိုင်နေကြတတ်ပါတယ် ။ အဲ့လိုထဲမှာဆိုရင်တော့ ‌တစ်ယောက်နဲ့ တစ်ယောက...
19/12/2023

" အစ်မကြီးဖြစ်တဲ့အခါ "
ကလေးတွေဆိုတာက သဘာဝအတိုင်း အရာရာကို ပြိုင်နေကြတတ်ပါတယ် ။ အဲ့လိုထဲမှာဆိုရင်တော့ ‌တစ်ယောက်နဲ့ တစ်ယောက် လူကြီးတွေက ဘယ်သူ့ကို ပိုချစ်လဲဆိုတာကို ပြိုင်ကြပါတယ် ။
ပထမကတော့ တစ်ယောက်တည်းပဲရှိကြတာဖြစ်တဲ့အတွက်ကြောင့် ဝိုင်းပြီးချစ်ကြတယ် ၊ ဂရုစိုက်ကြတယ်ဆိုပေမယ့် ကလေးလေးနောက်တစ်ယောက် ရလာတဲ့အခါမှာတော့ အရင်လို ဂရုမစိုက်နိုင်တော့တာမျိုးတွေရှိလာပါတယ် ။ ဒါတွေကို သူတိုလေးတွေအနေနဲ့ ငါ့ကို မချစ်ကြတော့ဘူး ။ အငယ်လေးကိုပဲ ပိုချစ်တာ ဆိုတဲ့ အတွေးလေးတွေ ကိုယ်စီရှိနေတတ်ကြပါတယ်။ အဲ့လိုအတွေးလေးတွေရှိတဲ့အခါမှာ ပိုချစ်တာခံနေရတယ်ဆိုလို ခံစားရတဲ့သူကို အမြင်မကြည်တော့တာ မုန်းတာလေးတွေရှိတတ်ပါတယ် ။
အဲ့လိုအတွေးလေးတွေမရှိအောင် စိတ်လေးအေး‌ချမ်းနေအောင် ဘယ်လို‌စိတ်လေးထားရမလဲဆိုတာကို "အစ်မကြီးဖြစ်တဲ့အခါ" ဆိုတဲ့ စာအုပ်လေးထဲမှာ ကလေးတို စိတ်ဝင်စားအောင် ပုံဖော်ပေးထားပါတယ် ။ ဒီ့အတွက်ကြောင့် နောက်ဘေဘီလေးတွေယူမယ့် မေမေတိုပဲဖြစ်ဖြစ် ဒီစာအုပ်လေးကို ကျိန်းသေဝယ်ပြီး ညီမလေးတွေ ၊ မောင်လေးတွေ ရတော့မယ့် မမတွေကို ဖတ်ပြသင့်တဲ့ စာအုပ်လေးတစ်အုပ်ဆိုလည်း မမှားပါဘူး ။
True Learning မှ ထုတ်ဝေထားတဲ့ English - Myanmar ၂ဘာသာနဲ့ EQ ကောင်းစေတဲ့ ပုံပြင်စာအုပ်လေး‌က ကလေးတွေစိတ်ဝင်စားစေမယ့် Character လေးတွေနဲ့ ပုံဖော်ထားပါတယ် ။ ကလေးတွေ ဖုန်းသုံးတဲ့အချိန်ကို လျော့နည်းစေမှာပါ ။
မှာယူချင်တယ်ဆိုရင်တော့ နာမည် ၊ အမြဲတမ်းကိုင်ဆောင်တဲ့ ဖုန်းနံပါတ်နဲ့ နေရာလိပ်စာ အပြည့်အစုံတို့ကို Messenger မှာ ပေးပို့ပြီး မှာယူနိုင်ပါတယ် ။ True Learning Singaporeက Singpost အိမ်ထိ ပို့ပေးပါပြီ!!!
Singapore မှာနေပြီး မြန်မာပြည်က သားသားမီးမီးတွေအတွက် ပြန်ပို့ချင်တဲ့ ဖေဖေ မေမေတို့ကိုလည်း အထူးဈေးနှုန်းလေးနဲ့ စီစဉ်နေကြောင်းကိုလည်းသတင်းကောင်းပါးပါတယ်နော် ❤
#အစ်မကြီးဖြစ်တဲ့အခါ

အမေဆိုတာ ဒီလိုလူမျိုးပါ...မြန်မာ့ယဉ်ကျေးမှု အရ ဘုရားနဲ့ တစ်ဂိုဏ်တည်းထားပြီး မာတာပိတုဂုဏောအနန္တော ဆိုပြီး အရိုအသေပြုကြရတဲ...
18/12/2023

အမေဆိုတာ ဒီလိုလူမျိုးပါ...
မြန်မာ့ယဉ်ကျေးမှု အရ ဘုရားနဲ့ တစ်ဂိုဏ်တည်းထားပြီး မာတာပိတုဂုဏောအနန္တော ဆိုပြီး အရိုအသေပြုကြရတဲ့ အမေတွေက သားသမီးတွေ အနစ်နာကို အများဆုံးခံရတဲ့ တစ်ဦးတည်းသော လူသားတွေပါပဲ...

ကိုယ်ဝန်စပြီးရချိန်မှစပြီး ဂရုစိုက်လိုက်ရတာဆိုရင် အိမ်ထောင်ကျ သွားတဲ့အထိလည်း ပြီးသွားပြီမထင်ပါနဲ့ ...
အိမ်ထောင်ကျသွားတဲ့အခါမှာလည်း ‌ မြေးတွေ မြစ်တွေအထိ အမေ့မယ် အကုန်လုံးကိုလိုက်ပြီးစိတ်ပူနေရတဲ့ လူသားပါ
နင်အချစ်ဆုံးသူကိုလက်ညိုးထိုးဆိုရင် အခြားလူကိုညွှန်ပြနိုင်တယ်ဆိုပေမယ့် အမေတို့ကို မေးရင်တော့ သူ့ရဲ့ချစ်လှစွာသော သား၊ သမီးတွေကိုပဲ ညွှန်ပြပေးမှာ အသေချာပဲ...

ကိုယ်ဘယ်လောက်ပဲ ဆိုးနေပါစေ ဘယ်တော့မှ စွန့်ပြစ်သွားမှာမဟုတ်တဲ့ တစ်ဦးတည်းသောသူကလည်း အမေပဲ
ကိုယ်အဆင်မပြေတဲ့အချိန် ဘယ်သူမှ မရှိဘူးမထင်ပါနဲ့ ကိုယ့်အတွက်ဆိုရင် သူ့အရာရာကို ရင်းထားတဲ့ အမေရှိပါသေးတယ် ။

သားသမီးတွေအဆင်ပြေရင် စိတ်ချမ်းသာနေရပြီး သားသမီးတွေအဆင်မပြေတဲ့အခါ မရှိ ရှိတာနဲ့ လိုအပ်တာမှန်သမျှ အကုန်လုံး လုံးပေးတဲ့ တစ်ဦးတည်းသော လူသားကလည်း အမေပဲ
သားသမီးတွေအတွက်ဆိုရင် အတ္တအလွန်ကြီးပြီး၊ သတ္တိအရှိဆုံးသောသူဆိုရင်လည်း အမေပါပဲ သားသမီးတွေအတွက်ဆိုတဲ့စိတ်နဲ့ ၊ ငါ့သားသမီးတွေ ရှိနေသေးတယ်ဆိုတဲ့စိတ်နဲ့ လောကဓံကို သတ္တိရှိရှိနဲ့ ရင်ဆိုင်တဲ့ အမေက ကျွန်မအတွက် ကမ္ဘာပေါ်မှာတစ်ဦးတည်းသော Hero ပေါ့...

အမေ့ကို ချစ်တယ်
အမေရှိနေသေးတယ်ဆိုတဲ့စိတ်တစ်ခုနဲ့တင် ‌ပင်ပန်းတာတွေ ၊ စိတ်ညစ်စရာတွေဆိုတာ အကောင်းဆုံးကျော်ဖြတ်မယ်ဆိုတဲ့ စိတ်နဲ့ နေထိုင်နေတယ်
အမေက ကျွန်မတို့ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အခိုင်မာဆုံးတံတိုင်းကြီးပါ
အမေရှိနေရင် စိတ်ရော ကိုယ်ပါ လုံခြုံတယ်လို့ ခံစား‌ရစေပါတယ်

ချစ်တဲ့
True Learning
********************


#ကလေးစာပေ #ကလေးစာအုပ်

ဒီပုံပြင်လေးထဲမှာဆိုရင် ကိုယ့်ရဲ့ညီအစ်ကို မောင်နှမတွေကို ညှာတာပြီး တစ်ယောက်နဲ့ တစ်ယောက် ဖေးဖေးမမ ရှိရမယ်ဆိုတဲ့ အကြောင်းလ...
18/12/2023

ဒီပုံပြင်လေးထဲမှာဆိုရင် ကိုယ့်ရဲ့ညီအစ်ကို မောင်နှမတွေကို ညှာတာပြီး တစ်ယောက်နဲ့ တစ်ယောက် ဖေးဖေးမမ ရှိရမယ်ဆိုတဲ့ အကြောင်းလေးတွေကို ကလေးငယ်လေးတို့ စိတ်ဝင်စားအောင် ကလေးတွေ ကြိုက်နှစ်သက်တဲ့ အရုပ်ပုံလေးတွေ ၊ ထင်းလင်းတဲ့အရောင်လေးတွေနဲ့ ပုံဖော်ထားတဲ့ စာအုပ်လေးပါ...

စာအုပ်လေးကို ထုတ်ရခြင်းရဲ့ ရည်ရွယ်ချက်လေးက သားသားမီးမီးလေးတွေအနေနဲ့ ကိုယ်ရဲ့ ညီကို မောင်နှမတွေ အချင်းချင်း တည့်အောင်၊ ချစ်ချစ်ခင်ခင် နေတတ်အောင် အမြဲတမ်း ဆုံးမနေကြရပါတယ်...။
အကြီးကလည်း အငယ်ကို ညှာတာတတ်အောင် ၊ အငယ်ကလည်း အကြီးကို လေးစားတတ်စေရန် ငယ်ငယ်လေးထဲက ပြောဆို ဆုံးမရမှာပဲဖြစ်ပါတယ်...။

ဒီလိုပြောတဲ့အခါမှာ ကလေးငယ်လေးတွေပိုပြီး နားလည်လာအောင် သူတို့လေးတွေကို ပြောတဲ့အခါ စိတ်ဝင်စားစရာကောင်းတဲ့ ကာတွန်းပုံလေးတွေကိုပြရင်း ၊ ပုံပြင်လေးတွေပြောပြရင်း သင်ပေးမယ်ဆိုရင် သူတို့လေးတွေ ပိုပြီးလက်ခံချင်နိုင်ပါတယ်...?

🔹Messenger မှဆက်သွယ်မှာယူလိုပါက
m.me/TrueLearningSingapore
🔹Shop မှ ရွေးချယ်ဝယ်ယူလိုပါက
https://bit.ly/3mIjOJI

😍
#ကလေးငယ်များ

Address

Singapore

Telephone

+6588563608

Website

Alerts

Be the first to know and let us send you an email when True Learning Singapore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category