Innwa365 Myanmar Innwa365 ဘောလုံးနှင့်ဂိမ်း 2D,3D,4D ဆော့ဝဲတစ်ခုတည်းမှာကစားနိုင်ပါပြီ

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အိမ်ရှင်မက်ဆီကိုအသင်းက စံပြအနေနဲ့ ၃၂ သင်းအဆင့်ကို ပထမဆုံးတက်ရောက်တဲ့အသင်း ဖြစ်လာခဲ့ပါတယ်။ အုပ...
19/06/2026

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အိမ်ရှင်မက်ဆီကိုအသင်းက စံပြအနေနဲ့ ၃၂ သင်းအဆင့်ကို ပထမဆုံးတက်ရောက်တဲ့အသင်း ဖြစ်လာခဲ့ပါတယ်။

အုပ်စုအဆင့် ဒုတိယပွဲစဉ်တွေကို အုပ်စုအေနဲ့ဘီအတွက် ပြန်လည်ကစားနေပါတယ်။ အုပ်စုဘီမှာ ဆွစ်ဇာလန်နဲ့ အိမ်ရှင်ကနေဒါတို့က နိုင်ပွဲကိုယ်စီရှာဖွေနိုင်ခဲ့ကြပေမဲ့ ပထမပွဲတွေ သရေကျထားတဲ့အတွက် တတိယပွဲအထိ ကစားပြီးမှ နောက်တစ်ဆင့်တက်မတက် သိရတော့မှာပါ။

အုပ်စုအေမှာ ချက်ဇ်နဲ့တောင်အာဖရိကတို့က တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျပြီး ရမှတ်တစ်မှတ်စီ ခွဲဝေယူခဲ့ကြပါတယ်။

ပရိသတ်စိတ်ဝင်စားနေတဲ့ မက်ဆီကိုနဲ့ တောင်ကိုရီးယားတို့ရဲ့ပွဲစဉ်ကတော့ တစ်ပွဲလုံး အမှားစောင့်ရင်း ကစားခဲ့ကြပါတယ်။ တောင်ကိုရီးယားဂိုးသမား ဘောလုံးလွတ်ကျသွားတာက မက်ဆီကိုအတွက် တစ်ခုတည်းသောအခွင့်အရေးဖြစ်လာပြီး လူးဝစ်စ်ရိုမိုက အပိုင်ကန်သွင်းလိုက်တာကြောင့် 1-0 နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မက်ဆီကိုက နှစ်ပွဲကစား ၆ မှတ်အပြည့်ရရှိခဲ့တာကြောင့် အုပ်စုဗိုလ်အဖြစ် ၃၂ သင်းအဆင့်ကို တက်ရောက်သွားပြီး တတိယနေရာကအသင်းတစ်သင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
#မက်ဆီကို #တောင်ကိုရီးယား #ကမ္ဘာ့ဖလား

အင်္ဂလန်အတွက် ကမ္ဘာ့ဖလားအဖွင့်ကနိုင်ပွဲကို အာဆင်နယ်ကောင်လေးတွေက ရှာဖွေပေးခဲ့ကြပါတယ်။ အင်္ဂလန်က ဒီတစ်ပတ်ကစားခဲ့တဲ့ ခရိုအေ...
18/06/2026

အင်္ဂလန်အတွက် ကမ္ဘာ့ဖလားအဖွင့်ကနိုင်ပွဲကို အာဆင်နယ်ကောင်လေးတွေက ရှာဖွေပေးခဲ့ကြပါတယ်။

အင်္ဂလန်က ဒီတစ်ပတ်ကစားခဲ့တဲ့ ခရိုအေးရှားနဲ့ပွဲမှာ ကြံ့ခိုင်မှုအနည်းငယ်လိုအပ်နေသေးတဲ့ ဘူကာယိုဆာကာအစား နိုနီမာဒူအက်ကီနဲ့ ပွဲထွက်လာခဲ့ပြီး မာဒူအက်ကီက ထူးရှယ်ခြေစွမ်းပြခဲ့ပါတယ်။ အင်္ဂလန်တို့ ပထမပိုင်း ၁၂ မိနစ်မှာတင် မာဒူအက်ကီရှာပေးတဲ့ပင်နယ်တီကို ဟယ်ရီကိန်းကသွင်းယူပြီး အဖွင့်ဂိုးရရှိခဲ့ပါတယ်။

ဒုတိယဂိုးကတော့ အာဆင်နယ်ရဲ့အပိုင်တစ်ကွက် ထောင့်ကန်ဘောပါ။ ဒီအခွင့်အရေးကို ဒက်ကလန်ရိုက်စ်က ကန်တင်ပေးခဲ့ပြီး ဟယ်ရီကိန်းက သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစမှာ ဂျူ့ဘယ်လင်ဟမ်က နောက်တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် အင်္ဂလန်သားတွေ အနိုင်သေချာစေဖို့ လူစားဝင်လာတဲ့ဆာကာက မားကတ်စ်ရက်ဖို့ဒ်ရဲ့ဂိုးကိုဖန်တီးပေးခဲ့ပြီး 4-2 နဲ့ အနိုင်ရရှိစေခဲ့ပါတယ်။

အာဆင်နယ်ကတော့ မျက်နှာပွင့်နေတော့တာပဲဗျာ။
#ဟယ်ရီကိန်း #အင်္ဂလန် #ခရိုအေးရှား

18/06/2026

ကမ္ဘာ့အကောင်းဆုံးဖန်တီးရှင်တဲ့
ဒီလောက်လည်းမဟုတ်ပါဘူး

ဘယ်လ်ဂျီယံရဲ့ရွှေရောင်မျိုးဆက်တစ်ခုလုံးကို လက်စတုံးပစ်ခဲ့တဲ့ နည်းပြကြီး ရော်ဘတ်တိုမာတီနက်ဇ်ဟာ ပေါ်တူဂီကို သူ့ရဲ့လက်ကျန်တ...
18/06/2026

ဘယ်လ်ဂျီယံရဲ့ရွှေရောင်မျိုးဆက်တစ်ခုလုံးကို လက်စတုံးပစ်ခဲ့တဲ့ နည်းပြကြီး ရော်ဘတ်တိုမာတီနက်ဇ်ဟာ ပေါ်တူဂီကို သူ့ရဲ့လက်ကျန်တစ်နှစ်မှာ တစ်ခါတည်းအပြတ်ဖြတ်ပေးခဲ့ဖို့ ကြံရွယ်ထားပုံရပါတယ်။

ပေါ်တူဂီဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားသုံးယောက်ကို ပိုင်ဆိုင်ထားပေမဲ့ ဆိုးရွားလွန်းတဲ့ကစားပုံနဲ့ ဘာဖန်တီးမှုမှမလုပ်နိုင်ဘဲ အချိန်ကုန်နေခဲ့ပါတယ်။

ပေါ်တူဂီက အစပိုင်းဟုတ်မလိုလိုနဲ့ ပွဲစစချင်း ၆ မိနစ်မှာ ယာအိုနေးဗက်စ်က အဖွင့်ဂိုးရရှိခဲ့ပါတယ်။ ဒီနောက်ပိုင်းတော့ ကွန်ဂိုခံစစ်ကို မကျော်တော့တဲ့ပေါ်တူဂီက low block ဖြည်စရာ plan B လည်းရှိမနေဘဲ ရုန်းကန်နေခဲ့ရပါတယ်။

နည်းပြရဲ့ လူစားလဲမှုအလွဲတွေ၊ နည်းစနစ်အမှားတွေက ပေါ်တူဂီကို နောက်ပြန်ဆွဲထားရင်း နောက်ထပ်ဂိုးရဖို့ ဝေးခဲ့ရပါတယ်။ ကွန်ဂိုကတော့ ပထမဆုံးသွင်းဂိုးနဲ့အတူ 1-1 ရလဒ်ကိုထိန်းသွားရင်း ကမ္ဘာ့ဖလားမှာ ပထမဆုံးသရေတစ်မှတ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။

ပေါ်တူဂီအနေနဲ့ ရော်နယ်ဒိုရဲ့နောက်ဆုံးကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်အောင်လုပ်ပေးဖို့ကိုနောက်ထားပြီး ဘောလုံးထိအောင် အရင်ပေးကြဖို့ လိုအပ်နေပါတယ်။
#ပေါ်တူဂီ #ကွန်ဂို #ရော်နယ်ဒို

သောမတ်စ်တူချယ်က အတော်လေးခေါင်းမာတဲ့နည်းပြတစ်ယောက်ပါ။ တူချယ်ဟာ အင်္ဂလန်ရဲ့ ၂၆ ယောက်လူစာရင်းထဲက ခြေသလုံးကြွက်သားဒဏ်ရာရရှိသ...
17/06/2026

သောမတ်စ်တူချယ်က အတော်လေးခေါင်းမာတဲ့နည်းပြတစ်ယောက်ပါ။ တူချယ်ဟာ အင်္ဂလန်ရဲ့ ၂၆ ယောက်လူစာရင်းထဲက ခြေသလုံးကြွက်သားဒဏ်ရာရရှိသွားတဲ့ တီနိုလီဗရာမန်တိုရဲ့နေရာမှာ သူချန်ရစ်ထားခဲ့တဲ့ ကစားသမားတွေကို မရွေးချယ်ဘဲ နောက်ထပ်ကစားသမားတစ်ယောက်ကို အခွင့်အရေးပေးလိုက်ပါတယ်။

လီဗရာမန်တိုတစ်ယောက် ဒဏ်ရာကြောင့် ခြောက်ပတ်နားရတော့မယ်ဆိုတဲ့အချိန်မှာ အားလုံးက ရီးရဲမက်ဒရစ်ကစားသမား ထရန့်အလက်ဇန်ဒါအာနိုးကို ဆင့်ခေါ်လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။

ထရန့်မဟုတ်ရင်တောင် အသင်းခေါင်းဆောင်တစ်ယောက်လည်းဖြစ် အတွေ့အကြုံလည်းပြည့်ဝတဲ့ မန်ချက်စတာယူနိုက်တက်ကစားသမား ဟယ်ရီမက်ဂွိုင်းယားကို ခေါ်မယ်လို့ မျှော်လင့်ထားကြတာပါ။

ဒါပေမဲ့လည်း တူချယ်ကတော့ သူ့ရဲ့မူရင်းဆုံးဖြတ်ချက်အတိုင်း ဒီကစားသမားတွေကို ချန်ရစ်ခဲ့ပြီး ချဲလ်ဆီးကစားသမား ထရီးဗို့ချာလိုဘတ်ကိုပဲ ရွေးချယ်ခေါ်ယူလိုက်ပါတယ်။

တူချယ်ရဲ့ပုဂ္ဂိုလ်ရေးရာခံစားချက်ဆန်တဲ့လူရွေးမှုဟာ ပရိသတ်တွေကြား ဝေဖန်စရာဖြစ်နေပါတယ်။ တူချယ်ဟာ အင်္ဂလန်နဲ့ ၂၀၂၈ ယူရိုအထိ စာချုပ်ရှိနေပေမဲ့ ကမ္ဘာ့ဖလားမှာ အောင်မြင်မှုမရရင် ပြုတ်ကြီးဖြစ်နိုင်တယ်လို့လည်း ပြောလာကြပါတယ်။

တူချယ်ရဲ့အင်္ဂလန်ဟာ ဒီညမှာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အနေနဲ့ ခရိုအေးရှားအသင်းကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
#တူချယ် #အင်္ဂလန် #ထရန့် #ချာလိုဘတ်

17/06/2026

ဆိတ်ကြီးဆိုတာဒီလိုမျိုးပါတဲ့အမ်ဘာပေရေ

ပြင်သစ်ကတော့ ယိုင်နဲ့နဲ့ကြားကပဲ မရဏအုပ်စုမှာ တာထွက်လှသွားခဲ့ပါတယ်။ ပြင်သစ်ဟာ ဒီတစ်ပတ်မှာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အနေနဲ့ ဆီ...
17/06/2026

ပြင်သစ်ကတော့ ယိုင်နဲ့နဲ့ကြားကပဲ မရဏအုပ်စုမှာ တာထွက်လှသွားခဲ့ပါတယ်။ ပြင်သစ်ဟာ ဒီတစ်ပတ်မှာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အနေနဲ့ ဆီနီဂေါအသင်းကိုယှဉ်ပြိုင်ကစားခဲ့ပြီး 3-1 နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ပြင်သစ်က ပထမပိုင်းမှာ အခွင့်အရေးဖန်တီးမှုနည်းပါးပြီး တိုက်စစ်ကဘုတ်သလိုဖြစ်နေပါတယ်။ ကယ်လီယန်အမ်ဘာပေကတော့ ထုံးစံအတိုင်း ကမ္ဘာ့ဖလားဆိုရင် တစ်ခုခုလုပ်ပြနေကျဖြစ်ပြီး သွင်းဂိုးနှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးတွေကြောင့် အမ်ဘာပေက အိုလီဗာဂျီရူးရဲ့စံချိန်ကိုကျော်တက်ပြီး ပြင်သစ်အသင်းရဲ့ထာဝရသွင်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

မိုက်ကယ်အိုလီဆေးက ဖန်တီးမှုနှစ်ကြိမ်ပြုလုပ်ပြီး အကောင်းဆုံးကစားသမားဆုရရှိသွားသလို ဘရက်ဒလေဘာကိုလာအတွက်လည်း ပထမဆုံးကမ္ဘာ့ဖလားသွင်းဂိုးရရှိခဲ့ပါတယ်။

ပြင်သစ်တို့ စင်းလုံးချောကောင်းမွန်နေတာမျိုးမဟုတ်ပေမဲ့ ဆီနီဂေါလို ခပ်မာမာအသင်းကို ဂိုးပြတ်အနိုင်ယူရင်း လိုအပ်တဲ့နိုင်ပွဲရှာဖွေနိုင်တာကြောင့် အုပ်စုတွင်းရပ်တည်မှု ခိုင်မာခဲ့ပါတယ်။
#ပြင်သစ် #ဆီနီဂေါ #အမ်ဘာပေ

ဒီနေ့ဟာ အီဂျစ်ဘုရင်ကြီး မိုဟာမက်ဆာလာရဲ့ အသက် ၃၄ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ဆာလာဟာ သူ့ရဲ့ကစားသမားဘဝတလျှောက် အကောင်းဆုံးပေ...
16/06/2026

ဒီနေ့ဟာ အီဂျစ်ဘုရင်ကြီး မိုဟာမက်ဆာလာရဲ့ အသက် ၃၄ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ ဆာလာဟာ သူ့ရဲ့ကစားသမားဘဝတလျှောက် အကောင်းဆုံးပေးဆပ်ကစားရင်း ကမ္ဘာ့ဖလားရဲ့ထူးခြားတဲ့မှတ်တိုင်တစ်ခုကို မွေးနေ့မှာ စိုက်ထူနိုင်ခဲ့ပါတယ်။

ဒီတစ်ပတ်မှာ အီဂျစ်ဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အနေနဲ့ ဘယ်လ်ဂျီယံအသင်းကို ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒီပွဲမှာ အီဂျစ်က ဘယ်လ်ဂျီယံကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးတော့မှ 1-1 နဲ့ သရေကျသွားခဲ့ရပါတယ်။

အီဂျစ်အတွက် အဖွင့်ဂိုးကို ၁၉ မိနစ်မှာ အီမန်အက်ရှောက သွင်းယူပေးခဲ့ပြီး ဒီဂိုးကို မိုဆာလာက ဖန်တီးပေးခဲ့ပါတယ်။ ဒါကြောင့် ဆာလာဟာ ၁၉၆၆ နောက်ပိုင်း မွေးနေ့မှာ ကမ္ဘာ့ဖလားဂိုးပါဝင်ပတ်သက်မှု ပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးအာဖရိကကစားသမား ဖြစ်လာခဲ့ပါတယ်။

ဆာလာဟာ အီဂျစ်ရဲ့ နောက်ဆုံးကမ္ဘာ့ဖလား ၃ ပွဲဆက်တိုက် ဂိုးပါဝင်ပတ်သက်မှု ပြုလုပ်ထားပါသေးတယ်။
▪️ ၂၀၁၈: ရုရှားကိုဂိုးသွင်း
▪️ ၂၀၁၈: ဆော်ဒီအာရေးဗျကို ဂိုးသွင်း
▪️ ၂၀၂၆: ဘယ်လ်ဂျီယံနဲ့ပွဲမှာ ဂိုးဖန်တီး

King ကြီးကတော့ King ကြီးပဲဗျာ 🎂👏🏻
#မိုဆာလာ #အီဂျစ် #ဘယ်လ်ဂျီယံ

ကိပ်ဗာဒီဆိုတာ နိုင်ငံငယ်လေးတစ်ခုပါ။ ကမ္ဘာ့ဖလားဝင်ကန်ခွင့်ရတာကိုက သူတို့အတွက် ကံကောင်းခြင်းတစ်ခု ဖြစ်နေပါပြီ။ ကိပ်ဗာဒီအသင...
16/06/2026

ကိပ်ဗာဒီဆိုတာ နိုင်ငံငယ်လေးတစ်ခုပါ။ ကမ္ဘာ့ဖလားဝင်ကန်ခွင့်ရတာကိုက သူတို့အတွက် ကံကောင်းခြင်းတစ်ခု ဖြစ်နေပါပြီ။

ကိပ်ဗာဒီအသင်းဟာ
▪️ ဖီဖာသတ်မှတ်ချက်အရ ကမ္ဘာ့အဆင့် ၆၄
▪️ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖူးသမျှထဲ သမိုင်းတလျှောက် မြေဧကအသေးဆုံးနိုင်ငံ
▪️ ပေါ်တူဂီဒုတိယတန်းလိဂ်မှာ ကစားနေတဲ့ အသက် ၄၀ အရွယ် ဂိုးသမား
▪️ အိုင်ယာလန်လိဂ်နဲ့ UAE ပရိုလိဂ်တို့မှာ ကစားနေကြတဲ့ ဗဟိုခံစစ်မှူးတွေ

ဒီလိုကစားသမားတွေနဲ့ ကိပ်ဗာဒီဟာ ကမ္ဘာ့အကောင်းဆုံးအဆင့် ၂ အဖြစ်သတ်မှတ်ခံထားရပြီး ကမ္ဘာ့ဖလားရဖို့ ရေပန်းအစားဆုံးအသင်းဖြစ်နေတဲ့စပိန်ကို ဂိုးမရှိသရေရလဒ်ထွက်အောင် ခုခံနိုင်ခဲ့ပါတယ်။

ကိပ်ဗာဒီဂိုးသမားဗိုဇင်ညာဟာ ပွဲတလျှောက် ကာကွယ်မှု ၇ ကြိမ်အထိ ပြုလုပ်ပေးခဲ့ပြီး စပိန်သားတွေကို ငိုစေခဲ့ပါတယ်။
#စပိန် #ကိပ်ဗာဒီ #ဗိုဇင်ညာ

15/06/2026

သမိုင်းတစ်ပတ်ပြန်လှည်ဦးမဲ့
ဂျာမနီသားများ

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Innwa365 Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์