ဒိုးဝှီး - Ticket Center

  • Home
  • ဒိုးဝှီး - Ticket Center

ဒိုးဝှီး - Ticket Center Flight ticket၊ Bus Ticket၊ Train Ticket
Hotel Booking
Money Exchange
Visa Service
- Ed visa
- Visa extension
- Licence
- TM 30 . etc

Good Morning 🌅🌅🌅အစစအရာရာ အဆင်ပြေကြပါစေအောင်မြင်မှုများ ရယူနိုင်ပါစေဝင်ငွေများ တိုးပွါးကြပါစေစိတ်ရော ကိုယ်ပါ ကျန်းမာရွှင်...
04/06/2025

Good Morning 🌅🌅🌅

အစစအရာရာ အဆင်ပြေကြပါစေ

အောင်မြင်မှုများ ရယူနိုင်ပါစေ

ဝင်ငွေများ တိုးပွါးကြပါစေ

စိတ်ရော ကိုယ်ပါ ကျန်းမာရွှင်လန်းကြပါစေဗျာ....🙏🏻🙏🏻

ဒီနေ့ June 3 ရက်နေ့ဟာဆိုရင်တော့ ထိုင်းဘုရင်မဟာဝိချီရာလောင်ကွန်းရဲ့ လေးယောက်မြောက်မိဖုရားဖြစ်သူ လက်ရှိထိုင်းနိုင်ငံရဲ့ မိ...
03/06/2025

ဒီနေ့ June 3 ရက်နေ့ဟာဆိုရင်တော့ ထိုင်းဘုရင်မဟာဝိချီရာလောင်ကွန်းရဲ့ လေးယောက်မြောက်မိဖုရားဖြစ်သူ လက်ရှိထိုင်းနိုင်ငံရဲ့ မိဖုရားခေါင် သုဒိတာ ( Suthida ) ရဲ့ 47 နှစ်ပြည့် မွေးနေ့မင်္ဂလာပဲဖြစ်ပါတယ်။

မိဖုရား Suthida ကိုတော့ 1978 ခုနှစ် June လ 3 ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်။

မိဖုရားလောင်းလျာဖြစ်တဲ့ Suthida Tidjai ဟာ အသက် ၂၂ နှစ်မှာ လေယာဉ်မယ်အဖြစ် အလုပ်၀င်ခဲ့ပြီးနောက် အိမ်ရှေ့မင်းသားရဲ့ ကိုယ်ရံတော်တပ်ဖွဲ့မှာ အရာရှိအဖြစ်လည်းတာ၀န်ထမ်းဆောင်ခဲ့ရပါသေးတယ်။

2016 ခုနှစ် အိမ်ရှေ့စံမင်းသားဖြစ်သူ မဟာဝိဇယလောင်ကွန်းဟာ ဆယ်ဆက်မြောက်ရာမဘုရင်အဖြစ် ထိုင်းနိုင်ငံရဲ့ထီးနန်းအရိုက်ရာကို ဆက်ခံခဲ့ပြီးနောက် နှစ်လအကြာမှာပဲ မိဖုရား‌လောင်းဖြစ်မယ်လို့ ကောလဟာလတွေထွက်နေတဲ့ Suthida ကို ထိုင်းဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့ရဲ့ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးခန့်ခဲ့ပါတယ်။

အဲ့လိုက​နေ နန်းတက်ပွဲမကျင်းပခင် သုံးရက်အလို 2019 ခုနှစ် May လ 1 ရက်နေ့မှာတော့ ဘုရင်ကြီးနဲ့ Sthuida တို့ဟာ ပင်တိုင်စံမင်းသမီး Maha Chakri Sirindhorn ( သီရိဒုံ ) နဲ့ အတိုင်ပင်ခံအမတ်ချုပ်ကြီးတို့ကို အသိသက်‌သေအဖြစ်ထားပြီးတော့ ရုတ်တရက်ထိမ်းမြားလက်ထပ်ခဲ့ကြပါတယ်။

ယခုအချိန်မှာဆိုရင်တော့ မိဖုရားကြီး Suthida ဟာ ဘုရင်ကြီးနဲ့အတူ တိုင်းပြည်တာ၀န်တွေကိုထမ်းဆောင်လျက်ရှိပြီး ထိုင်းနိုင်ငံသူ/နိုင်ငံသားတွေကြားမှာ လူချစ်လူခင်များတဲ့ တော်ဝင်မိသားစုဝင်တစ်ဦးအဖြစ် ရပ်တည်လျက်ရှိပါတယ်။

မာမားပြုတ်စားချင်လို့လားမသိ !! 😅မူစီရပ်ကွက် Pak Chong ကျေးရွာအတွင်းရှိ ခေါင်ယိုင်တောရိုင်းဆင်တစ်ကောင် ကုန်ဆိုင်ထဲ ဝင်မွှ...
02/06/2025

မာမားပြုတ်စားချင်လို့လားမသိ !! 😅
မူစီရပ်ကွက် Pak Chong ကျေးရွာအတွင်းရှိ ခေါင်ယိုင်တောရိုင်းဆင်တစ်ကောင် ကုန်ဆိုင်ထဲ ဝင်မွှေနှောက်နေတာ……
ရွာသူ ရွာသားများကလည်းဘယ်လိုလုပ်ရမလဲမသိ ဒုက္ခရောက်နေကြတယ်လို့ ข่าวเจาะลึกทันเหตุการณ์ သတင်းမှ ဖော်ပြထားပါတယ်။ 🐘
สุดระทึก!! ช้างป่าเขาใหญ่ บุกร้านค้าในชุมชน ตำบลหมูสี อ.ปากช่อง พลายเบี่ยงเล็ก มาถึงชาวบ้านก็เดือดร้อน !!! ระวังกันด้วยนะครับ 🐘
Cr. ช่างบอล เขาใหญ่ , ข่าวเจาะลึกทันเหตุการณ์

Hero တွေပါ။
02/06/2025

Hero တွေပါ။

နက်ဖြန် (ဇွန်လ ၃ ရက်နေ့) တွင် Ekarit ရုံးပိတ်သွားမည်ဖြစ်ကြောင်း၊ လူကိုယ်တိုင် လာရောက်ပြီး ဝန်ဆောင်မှုဆွေးနွေးလိုသူ custo...
02/06/2025

နက်ဖြန် (ဇွန်လ ၃ ရက်နေ့) တွင် Ekarit ရုံးပိတ်သွားမည်ဖြစ်ကြောင်း၊ လူကိုယ်တိုင် လာရောက်ပြီး ဝန်ဆောင်မှုဆွေးနွေးလိုသူ customer များအနေဖြင့် ကြိုတင်အသိပေးအပ်ပါသည်ရှင်။

Visa ကိစ္စ၊ ပြည်တွင်းပြည်ပ flight ticket၊ bus ticket၊ train ticket နှင့် ငွေလဲလှယ်နှုန်းများကို +66832306074 line/viber ရှိပါသည်။
Page Messenger တွင်လည်း စုံစမ်းနိုင်သည်

ထိုင်း။ဖတ္ထယာမှာ လိင်ဝန်ဆောင်မူ့အတွက် ဘတ်၂၀၀၀နဲ့ နှစ်ဦးသဘောတူမှု ရရှိခဲ့ပေမဲ့ အဆိုပါ နိုင်ငံခြားသားမှ လိင်ပြောင်းအမျိုးသ...
02/06/2025

ထိုင်း။ဖတ္ထယာမှာ လိင်ဝန်ဆောင်မူ့အတွက် ဘတ်
၂၀၀၀နဲ့ နှစ်ဦးသဘောတူမှု ရရှိခဲ့ပေမဲ့ အဆိုပါ နိုင်
ငံခြားသားမှ လိင်ပြောင်းအမျိုးသမီးဟုသိသွားသောအခါ လိင်ဆက်ဆံဖို့သဘောတူထား‌ သောဘတ်၂၀၀၀ပေးရန် ငြင်း ဆိုခဲ့သည်။
အသက်၂၉နှစ်အရွယ်လိင်ပြောင်းသူ Mintra
ဆိုသူမှ မကျေမနပ်ဖြစ်ကာ ၎င်းစီးလာသော ဒေါက်
ဖိနပ်ဖြင့် အသက်၅၄နှစ်အရွယ် ရှိသီရိလင်္ကာ နိုင်ငံ
သားဆိုသူ၏ ဦးခေါင်းအား ရိုက်နှက်ခဲ့သည်။
နှစ်ဦးနှစ်ဖက်ဒဏ်ရာရရှိတယ်ဟုသိရပြီး ဖတ္ထယာ ရဲ
တပ်ဖွဲ့မှ အမှုကိုဖြေရှင်းနေသည်။
ဘာပဲလုပ်လုပ် သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချ
လုပ်ကိုင်ကြပါလို့ အကြံပြုပါရစေ☺️
ဒီကစ္စကြောင့်ဒီလိုတွေ ဖြစ်လာတယ်ဆိုရင်
ရပ်ကျော်ရွာကျော်နဲ့ လူသူကြားမကောင်း
ဖြစ်လာတက်ပါတယ် 🤷

#ထိုင်းသတင်း

31 / 05 / 2025ဒီနေ့ ဈေးနည်းနည်းတတ်။Exchange RateKyat ပေး - Bhat ယူ၁ သိန်း - ၇၃၆ ဘတ် (135.86 rate)Bhat ပေး - Kyat ယူ750 B...
31/05/2025

31 / 05 / 2025
ဒီနေ့ ဈေးနည်းနည်းတတ်။

Exchange Rate

Kyat ပေး - Bhat ယူ
၁ သိန်း - ၇၃၆ ဘတ် (135.86 rate)
Bhat ပေး - Kyat ယူ
750 Bhat - ၁ သိန်း ( 133.33 rate)

ငွေဈေး အတတ်အကျ ရှိသည်။
အများဈေး ရှိ။

+66832306074 line/viber ရှိပါသည်။
Page Messenger တွင်လည်း စုံစမ်းနိုင်သည်။

ဘုရင်မ Suthida ရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် ကျောက်ဖရားမြစ် တစ်လျှောက်မှ တံတား (၇) ခုမှာ မီးအလှဆင်ကာ ပြသမည်ထိုင်း လမ်းမမ...
31/05/2025

ဘုရင်မ Suthida ရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် ကျောက်ဖရားမြစ် တစ်လျှောက်မှ တံတား (၇) ခုမှာ မီးအလှဆင်ကာ ပြသမည်
ထိုင်း လမ်းမများဌာန (DRR) က ဘုရင်မ Suthida Bajrasudhabimalalakshana ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဇွန်လ ၂ ရက်နေ့ ကနေ ၄ ရက်နေ့အထိ ကျောက်ဖရားမြစ် တစ်လျှောက်မှ တံတား (၇) ခုမှာ မီးအလှဆင်ကာ ပြသမှာ ဖြစ်ပါတယ်။

ဘန်ကောက် ဧရိယာမှာ မီးအလှဆင်မယ့် တံတား (၇) ခုက အောက်ပါအတိုင်း ဖြစ်ပါတယ်။

💢Maha Chesadabodindranusorn Bridge
💢Krung Thon Bridge (Sang Hi)
💢 Memorial Bridge
💢 Phra Pok Klao Bridge
💢King Taksin the Great Bridge
💢Bhumibol 1 Bridge
💢Bhumibol 2 Bridge

ဇွန်လ ၂ ရက်ကနေ ၄ ရက်နေ့အတွင်း ည ၇ နာရီ ကနေ ည ၁၀ နာရီနဲ့ ဘုရင်မမွေးနေ့ဖြစ်တဲ့ ဇွန်လ ၃ ရက်နေ့မှာ ည ၇ နာရီကနေ ည ၁၂ နာရီအထိ မီးအလှထွန်းပေးထားမှာ ဖြစ်ပါတယ်။
ဘုရင်မရဲ့ မွေးနေ့ကို ဂုဏ်ပြုမှာ ဖြစ်သလို ညဘက်မှာ ကျောက်ဖရားမြစ်ရဲ့ အလှကို ကြည့်ရှုခံစားနိုင်ဖို့ မီးအလှထွန်းတာလို့ ထိုင်း လမ်းမများဌာန က ပြောပါတယ်။ မြစ်တစ်လျှောက် ခရီးသွားလုပ်ငန်းကို မြှင့်တင်မှာ ဖြစ်ပြီး မီးရောင်စုံထွန်းထားတဲ့ တံတားတွေရဲ့ အလှကို မော်တော်ဘုတ်စီးကာ ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ မြစ်တစ်လျှောက်မှ ဒေသခံတွေရဲ့ ယဉ်ကျေးမှုနဲ့ လူနေမှုဘဝကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Ref : Nation Thailand

မနေ့ညက ဒွန်မောင်းလေဆိပ်မှာ တံဆိပ်တုံးထုမည့် တန်းစီရတဲ့ နေရာတောင်မရောက်သေးဘူး မြန်မာပတ်စပို့တွေလို့ သိလိုက်တာတာနဲ့ ကြားထဲ...
31/05/2025

မနေ့ညက ဒွန်မောင်းလေဆိပ်မှာ တံဆိပ်တုံးထုမည့် တန်းစီရတဲ့ နေရာတောင်မရောက်သေးဘူး မြန်မာပတ်စပို့တွေလို့ သိလိုက်တာတာနဲ့ ကြားထဲနေဖြတ်ခေါ်ပြီး စစ်ဆေးခံရပါတယ်။
အပြန်လက်မှတ်အစစ် Thai Lion လေကြောင်းလိုင်းကို Agoda ကနေ Booking လုပ်ထားပေမဲ့ သူတို့ မစစ်တတ်တာနဲ့ မပေါ်လို့ဆိုပြီး အတုဆိုပြီးတော့ ပြောပါတယ်။ ဒါက ပြသနာတစ်ခု ။ ပြီးတော့ Hotel Booking က က ပိုက်ဆံမပေးလို့ Cancel ဖြစ်သွားတဲ့အတွက် ပြသနာ နောက်တစ်ခု ထပ်တိုးသွားပြီး တန်းစီရမည့်နေရာကို ပေးမသွားတော့ဘူးဆိုပြီး ည ၁၂ ခွဲလောက် ကျွန်တော့ကို ဖုန်းဆက်လာပါတယ်။
Booking လုပ်ထားတဲ့ ဘောင်ချာတွေ နဲ့ ဘယ်လောက်ဘဲရှင်းပြပြ၊ သူတို့ပြောတာ အမှန် စစ်တာ ပေါ်မလာဘူး၊ မရဘူးဆိုပြီး တောက်လျှောက် ပြောပါတယ်။ ( လေဆိပ်မှာရှိနေတာကို လေကြောင်းလိုင်းကို ဖုန်းဆက်မေးလို့ရရဲ့သားနဲ့ မဆက်ပါဘူး) နောက်ဆုံး ကျွန်တော့ဘက်က စစ်ထားတဲ့ Screenshot ကိုပြခိုင်းလိုက်မှ ဟိုတယ် ဘွတ်ကင် ဖက်ကို ပြန်လှည့်လာပါတယ်။ အဲ့တော့ လက်မှတ်ရပြီဆိုရင် အစစ်ဖြစ်ကြောင်း သူတို့စစ်လို့မပေါ်ရင် ပြနိုင်ဖို့အတွက် လေယဉ်လက်မှတ်စစ်နည်း သိအောင် လုပ်ထားကြပါ။
နင်တို့ Hotel က Cancel လုပ်ထားပြီတဲ့။ Hotel Booking ကတော့ အသိအိမ်မှာတည်းဖို့ရှိတဲ့အတွက် Cancel ဖြစ်သွားတယ်ဆိုပေမဲ့ သိရတာနဲ့ချက်ချင်း Flight Ticket အကြောင်း ရှင်းနေတဲ့အချိန်အတွင်းမှာ အားနေတဲ့ လက်နဲ့ Booking အမြန်လုပ် ပို့ပေးပြီး ပြခိုင်းလိုက်ပေမဲ့ ဖုန်းဆက်မရဘူးဆိုပြီး ထပ်ပြီး အကြောင်းပြန်ပါတယ်။ ဆက်တဲ့အချိန်က ည ၁၂ နာရီ ဖုန်းမကိုင်ရင် လည်းမရပါဘူး။
အားလုံးက အစစ်ဖြစ်ပြီးသွားတော့ လေသံလျော့သွားပြီး (အစတုန်းကလို မအော်တော့ဘဲ) သူ့အထက်လူကြီးနဲ့ ရှင်းဖို့ဆိုပြီး အခန်းထဲ ခေါ်သွားပါတယ်။ အခန်းထဲမခေါ်ခင် ပိုက်ဆံပေးဖို့ကြိုးစားကြည့်ပေမဲ့ နင်တို့အထဲရောက်ရင်လည်း ပေးရမှာ။ နှစ်ခါ ပေးရမယ်လို့ ငြင်းပြီး အခန်းထဲသွားခိုင်းပါတယ်။ နောက်ဆုံးတော့ အိမ်သာထဲခေါ်သွားပြီး တစ်ယောက်ကို SGD150 နဲ့ စျေးတည့်သွားခဲ့ ပါတယ်။
ထိုင်းကို ဝင်ဖို့အတွက်ကိုဘဲ တစ်ယောက်ကို အားလုံး SGD700 လောက်ကုန်သွားပါတယ်။ ပထမတစ်ခါ အလုပ်ရှင်ဘက်က ရက်ပြောင်းပြီး စောစောပြန်ပို့လိုက်တဲ့အတွက် ကြိုဖြတ်ထားတဲ့ အသွားအပြန် လက်မှတ် $160 အပြင် အနီးကပ်ထပ်ဖြတ်လိုက်ရတဲ့လက်မှတ် တစ်ကြောင်းစာကို $320 ကျော် လောက်ပေးရတယ်။
အဲ့တော့ အခုအချိန်မှာ ထိုင်းကို စတေးရှောင်သွားဖို့ စဉ်းစားထားတယ်ဆိုရင် ရပ်လိုက်ပါ။ ထိုင်းထက်စျေးသက်သာတဲ့အပြင်၊ ရေရှည်နေလို့ရတဲ့ Vietnam ကိုဘဲ လာခဲ့ကြပါ။ မင်းတို့ မြန်မာကိုဘဲပြန် ( Go back to Myanmar) လို့ အော်ပြီး နှင်ထုတ်တဲ့အသံကို ဖုန်းထဲကနေ ကြားရတာတောင် တကယ်တောင် စိတ်မကောင်းဘူး။
မြန်မာပြည်ကို ပြန်ဖို့ အဆင်မပြေလို့ ရုတ်တရက် အလုပ်ထုတ်ခံရပြီး အတင်းပြန်ပို့ခံရတဲ့ အဲ့ဒီညီလေးတွေဆိုရင် ဘယ်လောက်တောင် Trauma ဖြစ်နေမလဲ။ ကိုယ်သာ ဆိုရင်ရော။ ကျွန်တော်သာဆိုရင် ပိုက်ဆံအများကြီးကုန်ရမည့် မလိုအပ်ဘဲ VIP Pass တွေ စျေးကြီးပေး နေရမည့် ထိုင်းကိုတော့ သွားမနေတော့ဘူး။

Crd

ထိုင်းတက္ကစီကွန်ရက်အဖွဲ့ဟာ Grab သုံးစွဲသူတွေများလာတာကြောင့် တက္ကစီသမားတွေရဲ့ ၀င်ငွေကို ထိခိုက်စေတယ်ဆိုပြီး အစိုးရကို တရာ...
30/05/2025

ထိုင်းတက္ကစီကွန်ရက်အဖွဲ့ဟာ Grab သုံးစွဲသူတွေများလာတာကြောင့် တက္ကစီသမားတွေရဲ့ ၀င်ငွေကို ထိခိုက်စေတယ်ဆိုပြီး အစိုးရကို တရားမျှတမှုရှိစေရန် တောင်းဆိုထားကြတာပါ။
ဒီအဖြစ်အပျက်ကြောင့် ထိုင်းလူမျိုး အမျိုးသမီးတစ်
ယောက်က နိုင်ငံခြားခရီးသွားတစ်ဦးအဖြစ် ဟန်ဆောင်ပြီးကီလိုမီတာ 10 အတွင်း Siam Paragon သို့ ပို့ပေးရန် တက္ကစီတစ်စီးပြီးတစ်စီးကို စျေးနုံးမေးပြီး စမ်းသပ်ခဲ့ပါတယ်။
ပထမတစ်ယောက်က ဘတ် ၂၀၀ တောင်းတယ်၊ နောက်တစ်ယောက်က ဘတ် ၃၀၀ တောင်းတယ်၊ အဆိုးဆုံးက နောက်ဆုံးတစ်ယောက်က ဘတ် ၇၀၀ တောင်းပါတယ်တဲ့။
ဒါကြောင့် Grab ငှါးတာဟာ Meter Taxiငှါးရမ်းတာထက်ပိုအဆင်ပြေကြောင်း သက်သေပြခဲ့တာပါ။

Crd

Address


Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Website

Alerts

Be the first to know and let us send you an email when ဒိုးဝှီး - Ticket Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed shop?

Share