27/09/2026
ပရီရိုးသောက်တဲ့ ညီကိုတွေကြားမှာ
“ပြာဖြူရင် ဒီဆေးဂျောက်ကကောင်းတယ်၊ ပြာမဲရင် ဒီဆေးဂျောက်ကမကောင်းဘူး” ဆိုတာမျိုး ပြောကြတာ ခဏခဏကြားဖူးကြမှာပါ။
အရင်ကတော့ ကျွန်တော်လည်း အဲ့လိုပဲထင်ဖူးတယ်။
ပရီရိုးသောက်လို့ ပြာဖြူဖြူထွက်လာရင်
“ဒီကောင်ကောင်းတယ်ဟ” ဆိုပြီး သဘောကျတာပေါ့။
ဒါပေမယ့် နောက်ပိုင်း ကိုယ်တိုင်လိပ်သောက်
ရင်း၊ အဖူးအမျိုးမျိုး စမုတ်ကြည့်ရင်းနဲ့ သတိထားမိတာတစ်ခုရှိတယ်။
ပြာအရောင်တစ်ခုတည်းနဲ့ အဖူးရဲ့ ကွာလတီ ကို ဆုံးဖြတ်လို့မရပါဘူး။
ပြာဖြူဖြူထွက်တဲ့အခါတွေက မီးလောင်တာ ပိုပြီးပြည့်စုံသွားလို့ mineral residue တွေ ပိုမြင်ရတာမျိုးရှိတက်တယ်။
ပြာမဲမဲဖြစ်တာလည်း
“သောက်တဲ့အဖူး မကောင်းလို့” ဆိုတာတစ်ခုတည်းတော့ မဟုတ်ဘူး။
အဖူးမှာ အစိုဓာတ်များနေတာ၊ ပရီရိုးလိပ်ထားတာ တင်းလွန်းတာ၊ လေဝင်လေထွက်မကောင်းတာမျိုးတွေကြောင့် မီးလောင်တာမပြည့်ဘဲ carbon residue ပိုကျန်နိုင်တယ်။
ဒါကြောင့်
ပြာဖြူနေရင် ဒီအဖူးကကောင်းတယ်
ပြာမဲနေရင် ဒီအဖူးကမကောင်းဘူး
ဆိုပြီး တန်းပြီးဆုံးဖြတ်လိုက်လို့တော့ မရပါဘူး။
ကျွန်တော်ဆို အခုနောက်ပိုင်း ပြာအရောင်ထက်
ပရီရိုးက ဘယ်လို မီလောင်လဲ၊ စမုတ်ရတာ စမုဖြစ်လား၊ အရသာဘယ်လိုလဲ ဆိုတာတွေကိုပဲ ပိုသတိထားမိလာတယ်။
အဆုံးမှာတော့ ပြာက ပြာပါပဲ။
ပြာအရောင်တစ်ခုတည်းကြည့်ပြီး
“ဒီအဖူးမကောင်းဘူး၊ နောက်ဝယ်မသောက်တော့ဘူး” ဆိုပြီး အကဲဖြတ်လိုက်တာမျိုးတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်မြင်တယ်။
နောက်တစ်ခုက ပြာဖြူတယ်ဆိုတာ ပို safe ဖြစ်တယ်၊ ပိုကျန်းမာတယ် လို့လည်း မယူဆသင့်ဘူး။ မီးရှို့ပြီးရှူတဲ့အခါ smoke နဲ့ combustion ကြောင့် ထွက်လာတဲ့ အရာတွေက အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်တာကြောင့် အနည်းနဲ့အများတော့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။
ဆေးဂျောက်သောက်ရင်တော့ ဆေးဂျောက်
အကြောင်းသိထားဖို့လည်းလိုသလို၊ဆေးဂျောက်သောက်တဲ့ ညီကိုတိုင်းလဲ ကိုယ့်ကျန်းမာရေးကိုလဲ ဂရုစိုက်ဖို့လိုအပ်တယ်ဆိုတာမမေ့ပါနဲ့ဗျို့။