09/09/2026
ပေါ်တာဆွဲခံရတာကနေ ကာကွယ်ဖို့နဲ့ လွတ်မြောက်နိုင်ဖို့ သတိထားရမယ့် အချက် ၇ ချက်
၉ စက်တင်ဘာ ၂၀၂၆
အခုတလော ဖြစ်ပွားနေတဲ့ ပေါ်တာဆွဲခံရမှုတွေကနေ ကာကွယ်နိုင်ဖို့နဲ့ အရေးကြုံရင် လွတ်မြောက်နိုင်ဖို့ သတိထားရမယ့် လက်တွေ့နည်းလမ်း ၇ ချက်ကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) က ထုတ်ပြန်ပေးထားပါတယ်။
၁။ ထွေအုပ်ရုံးဝန်ထမ်း၊ ရဲ၊ မီးသတ်၊ လဝက ဝန်ထမ်းများကို သတိပြုရှောင်ကြဥ်ပါ။
၂။ မိမိအုပ်ထိန်းသူ၏ ဖုန်းနံပါတ်ကိုအလွတ်ကျက်ထားပါ။
၃။ လမ်းလျှောက်သည့်အခါ ရှေ့နောက်ဝဲယာကိုသတိချပ်ကြည့်ရှုပါ။
၄။ မိမိအလုပ်ပြန်ချိန်နှင့် ညဘက်အိမ်ပြင်ထွက်သည့်အခါ အုပ်ထိန်းသူနှင့်ဖြစ်စေ၊ လူ ၅ ဦးနှင့်အထက်ဖြစ်စေ စုဝေးသွားလာပါ။
၅။ အရေးကြုံလာပါက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံ၍ ခုခံတိမ်းရှောင်ပါ။
၆။ အကယ်၍ ပေါ်တာဆွဲခံခဲ့ရပြီး တပ်မှဖြစ်စေ၊ စစ်သင်တန်းသို့ပို့ရာလမ်းမှဖြစ်စေ တိမ်းရှောင်နိုင်ပါက မိမိအိမ်သို့တန်းပြန်ခြင်းမျိုး သတိပြုရှောင်ကြဥ်ပါ။
၇။ မတိမ်းရှောင်နိုင်၍ စစ်မြေပြင်သို့ရောက်ရှိပါက
ပြည်သူ့ရင်ခွင် တယ်လီဂရမ်လိပ်စာ နဲ့ ဗိုက်ဘာနံပါတ် +66968847969 ကိုအလွတ်ကျက်ဆက်သွယ်၍ တော်လှန်ရေးဘက်ပြောင်းကာ လက်နက်ချ၍ အသက်ရှင်သန်ပါ။
မြေပြင်နောက်ဆုံးအခြေအနေများနှင့် ပေါ်တာဆွဲခံရခြင်းမှ လွတ်မြောက်လာသူတချို့၏အတွေ့အကြုံများကို အခြေခံ၍ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)ကပြုစုရေးသား ထုတ်ပြန်ခဲ့ပါတယ်။