APEX - Publishing

APEX - Publishing Book Store - Myanmar

Customer Service နဲ့ပတ်သက်ပြီး ဖတ်ရှုလေ့လာလိုပါက Comment မှာ CSV လို့ရေးခဲ့ပေးပါ...eBook စာအုပ်လေး အခမဲ့ပို့ပေးလိုက်ပါမယ...
18/07/2026

Customer Service နဲ့ပတ်သက်ပြီး ဖတ်ရှုလေ့လာလိုပါက Comment မှာ CSV လို့ရေးခဲ့ပေးပါ...eBook စာအုပ်လေး အခမဲ့ပို့ပေးလိုက်ပါမယ်...


Data တွေကို အဓိပ္ပာယ်ရှိတဲ့ Insight တွေအဖြစ် ပြောင်းလဲနိုင်သူတွေဟာ ယနေ့ခေတ် လုပ်ငန်းခွင်တိုင်းမှာ အရေးပါတဲ့သူတွေ ဖြစ်လာပ...
14/07/2026

Data တွေကို အဓိပ္ပာယ်ရှိတဲ့ Insight တွေအဖြစ် ပြောင်းလဲနိုင်သူတွေဟာ ယနေ့ခေတ် လုပ်ငန်းခွင်တိုင်းမှာ အရေးပါတဲ့သူတွေ ဖြစ်လာပါပြီ... ဒါပေမယ့် Data Analysis ကို စတင်လေ့လာမယ့်သူအများစု ကြုံရတဲ့အခက်အခဲကတော့ ဘယ်ကနေစရမလဲ...? ဘာကိုအရင်သင်ရမလဲ...? ဘယ် Skill တွေကိုနောက်ထပ်လေ့လာရမလဲ ဆိုတာမသိခြင်းပါပဲ...

ဒီ Data Analysis Learning Path က Beginner တစ်ယောက်ကို Job-Ready Data Analyst တစ်ယောက်ဖြစ်လာနိုင်အောင် လမ်းညွှန်ပေးမယ့် Complete Learning Roadmap တစ်ခုဖြစ်ပါတယ်...

📗Excel Data Analysis

Data Analysis ရဲ့ အခြေခံဟာ Excel ဖြစ်ပါတယ်။ ဒီစာအုပ်မှာ Data Cleaning, Sorting, Filtering, Lookup Functions, Pivot Tables, Pivot Charts, Dashboards, Advanced Excel Functions နဲ့ Business Reporting Techniques တွေကို လက်တွေ့အသုံးချနိုင်အောင် Step-by-Step ရှင်းပြထားပါတယ်။
https://www.facebook.com/share/p/1Emd1iCQWQ/

📒Power BI for Excel Analyst

Data ကို ကြည့်ရုံမဟုတ်ပဲ ဆုံးဖြတ်ချက်ချနိုင်အောင် Visual Story တစ်ခုအဖြစ် တင်ပြနိုင်ဖို့ Power BI ကို လေ့လာရမှာပါ...ဒီစာအုပ်မှာ Power Query, Data Modeling, DAX, Interactive Reports, KPI Dashboards နဲ့ Professional Business Intelligence Workflow တွေကို အသေးစိတ်ရှင်းပြပေးထားပါတယ်။
https://www.facebook.com/share/p/1CvVqc7ByA/

📘Data Analytics with Python

Data Analyst တစ်ယောက်အတွက် Programming Skill ဟာ ယနေ့ခေတ်မှာ အားသာချက်တစ်ခု မဟုတ်တော့ပဲ မရှိမဖြစ်လိုအပ်လာတဲ့ Skill တစ်ခု ဖြစ်လာပါပြီ... ဒီစာအုပ်မှာ Python အခြေခံမှစတင်ပြီး NumPy, Pandas, Data Cleaning, Exploratory Data Analysis (EDA), Data Visualization, Statistical Analysis နဲ့ Real-World Data Analysis Workflow အထိ အဆင့်လိုက်သင်ကြားပေးထားပါတယ်...
https://www.facebook.com/share/p/19AXvVXbB5/

📝သင်ခန်းစာတိုင်းကို Beginner Friendly ပုံစံနဲ့ရေးသားထားပြီး Theory ထက် Practical ကို ဦးစားပေးထားတာကြောင့် စာအုပ်ဖတ်ရင်း တခါထဲလက်တွေ့လိုက်ပါ လေ့ကျင့်နိုင်ပါတယ်...

⁉️ ဘယ်သူတွေလေ့လာသင့်သလဲ...?

▪️Data Analysis ကို အခြေခံမှ စတင်လေ့လာချင်သူများ
▪️Excel Skill ကို Professional Level အထိ မြှင့်တင်လိုသူများ
▪️Power BI Dashboard များ ဖန်တီးချင်သူများ
▪️Python ဖြင့် Data Analytics ကို လက်တွေ့အသုံးချလိုသူများ
▪️Business Analyst နှင့် Data Analyst Career ကို ရည်ရွယ်ထားသူများ
▪️ကျောင်းသား၊ကျောင်းသူများ၊ Office Professionals များ
နဲ့ Career Changers များအတွက်အထူးသင့်တော်ပါတယ်...

📔Data Analysis Learning Path

Publication : APEX Publishing (July , 2026)
Books : 3 eBooks + Bonus eBooks (PDFs & Resource Files)
Language : Myanmar
Category : Data
Concepts : Data Analysis
Tools : Microsoft Excel, Power BI, Python

💰တန်ဖိုး - 49,900 ကျပ်
(ယခင် စာအုပ်တစ်အုပ်ချင်းစီ ဝယ်ယူထားသူများအတွက် အထူးဈေးနှုန်းဖြင့် ဝယ်ယူနိူင်ပါတယ်)

👉စာအုပ်မာတိကာအညွှန်းနဲ့နမူနာများ ဖတ်ရှုလေ့လာလိုပါက Comment/ Messenger မှာ DAX လို့ရေးခဲ့ပေးပါ...နမူနာစာအုပ်လေးတွေ ပို့ပေးလိုက်ပါမယ်...

👉စာအုပ်ဝယ်ယူလိုပါက Page Messenger (သို့) t.me/apex_publishing သို့လာရောက်ဆက်သွယ်နိုင်ပါတယ်...။

Excel သုံးနေတာကြာပြီ... Data Analysis မလုပ်တတ်သေးဘူးလာ...?Excel Data Analysis စာအုပ်ဟာ Microsoft Excel မှာပါဝင်တဲ့ နောက်...
11/07/2026

Excel သုံးနေတာကြာပြီ... Data Analysis မလုပ်တတ်သေးဘူးလာ...?

Excel Data Analysis စာအုပ်ဟာ Microsoft Excel မှာပါဝင်တဲ့ နောက်ဆုံးပေါ်အဆင့်မြင့် Feature တွေကို ကောင်းကောင်း နားလည်သဘောပေါက်စေမယ့် ဘက်စုံသုံး လမ်းညွှန်သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။ Microsoft Excel မှာရရှိနိုင်တဲ့ Feature တွေကိုအသုံးပြုပြီး Data Analysis လုပ်ဆောင်ချက်အမျိုးမျိုးကို ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို အသေးစိတ် ရှင်းလင်းပြသပေးထားပါတယ်။ ဒီလမ်းညွှန်သင်ခန်းစာမှာ Feature တစ်ခုချင်းစီကို ဘယ်လိုအသုံးပြုရမလဲဆိုတာ အဆင့်ဆင့်ရှင်းလင်းပြသပေးထားတဲ့ Screenshot ရုပ်ပုံတွေ အမြောက်အမြား ပါဝင်ပါတယ်...

📗 ဒီစာအုပ်က ဘယ်သူတွေအတွက်လဲ...?

ဒီလမ်းညွှန်သင်ခန်းစာကို ရှုပ်ထွေးတဲ့ ဒေတာတွေပါဝင်တဲ့ Chart တွေ၊ Table တွေနဲ့ ပရော်ဖက်ရှင်နယ်ကျတဲ့ Report တွေကို ပြင်ဆင်ဖန်တီးဖို့၊ Microsoft Excel အပေါ်မှာ မှီခိုအားထားနေရသူတွေအားလုံးအတွက် ရည်ရွယ်ပြီး ပြုစုထားခြင်း ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ဒေတာတွေကို ဆန်းစစ်ဖို့အတွက် Microsoft Excel ကို ပုံမှန်အသုံးပြုနေရသူ အားလုံးအတွက် အထောက်အကူပေးပါလိမ့်မယ်...

✨ကြိုတင်သိရှိထားရန် လိုအပ်ချက်များ

ဒီလမ်းညွှန်သင်ခန်းစာကို ဖတ်ရှုလေ့လာမယ့်သူတွေအနေနဲ့ Microsoft Excel မှာ ပါဝင်တဲ့ အခြေခံ Feature တွေအကြောင်းကိုကြိုတင်ပြီး နားလည်သဘော ပေါက်ထားဖို့တော့ လိုအပ်ပါတယ်…

📒 Book Details

Publication Date : July , 2026
Length: 635 Pages (eBook)
Edition : 1st
Language : Myanmar
Category : Data
Concepts : Data Analysis
Tools : Microsoft Excel

💰 တန်ဖိုး - 27,000 ကျပ်

👉စာအုပ်နမူနာ ဖတ်ရှုလေ့လာလိုပါက Comment/ Messenger မှာ DAX လို့ရေးခဲ့ပေးပါ...နမူနာစာအုပ်လေးပို့ပေးလိုက်ပါမယ်...

👉စာအုပ်ဝယ်ယူလိုပါက Page Messenger (သို့) t.me/apex_publishing သို့လာရောက်ဆက်သွယ်နိုင်ပါတယ်...။

🎯 အဓိကအကျိုးကျေးဇူးများ ▪️Excel အသုံးပြုရာမှ Power BI ဆီသို့ ချောမွေ့စွာကူးပြောင်းနိုင်မယ့် လက်တွေ့အသုံးချ လမ်းညွှန်ချက်...
01/07/2026

🎯 အဓိကအကျိုးကျေးဇူးများ

▪️Excel အသုံးပြုရာမှ Power BI ဆီသို့ ချောမွေ့စွာကူးပြောင်းနိုင်မယ့် လက်တွေ့အသုံးချ လမ်းညွှန်ချက်များ
▪️Power BI Desktop ကို အခြေခံမှစ၍ စနစ်တကျ အဆင့်ဆင့် လိုက်လုပ်ကြည့်နိုင်မယ့် Hand-On သင်ခန်းစာများ
▪️DAX ကုဒ်များကိုအသုံးချပြီး အဆင့်မြင့် Data Model တည်ဆောက်ခြင်းနဲ့ Report များဖန်တီးနည်း စတာတွေကို တတ်ကျွမ်းနားလည်စေပါလိမ့်မယ်...

📝 စာအုပ်အကြောင်းအရာအကျဉ်းချုပ်

ဒီစာအုပ်က အချက်အလက်ခွဲခြမ်းစိတ်ဖြာသူ (Analysts) များအတွက် အထူးရည်ရွယ်၍ ရေးသားထားသော လမ်းညွှန်စာအုပ်ဖြစ်ပြီး၊ လူကြီးမင်းတို့ရဲ့ Excel ကျွမ်းကျင်မှုများကို အဆင့်မြင့် Power BI စွမ်းရည်များအဖြစ်သို့ ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်... စာအုပ်ရဲ့ အစပိုင်းမှာ Power BI ကိုစတင်ပြင်ဆင် သတ်မှတ်ပုံနဲ့ မိမိမှာ အသင့်ရှိပြီးသား Excel ဗဟုသုတတွေနဲ့ ဘယ်လို ပေါင်း စပ်အသုံးချရမလဲဆိုတာကို လေ့လာရပါလိမ့်မယ်... ပြီရင်တော့ Power Query ကိုအသုံးပြုပြီး ဒေတာများကို သန့်စင်ခြင်း (Data Cleaning)၊ ပုံစံပြောင်းလဲခြင်း (Transformation) နှင့် ရုပ်ပုံကားချပ်များဖြင့် ပြသခြင်း (Visualization) ကဲ့သို့သော မရှိမဖြစ် အရေးကြီးသည့် အယူအဆများကို အသေးစိတ် လမ်းညွှန်ပြသပေးသွားမှာ ဖြစ်ပါတယ်... ရှေ့ဆက်လေ့လာလာတာနဲ့အမျှ... လူကြီးမင်းဟာ အဆင့်မြင့် Data Modeling ကဏ္ဍထဲကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားမှာဖြစ်ပြီး၊ မိမိတို့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို ပိုမိုကောင်းမွန်စေမယ့် စွမ်းအားမြင့် DAX Measures ဖော်မြူလာများ ရေးသားနည်းကိုလည်း လေ့လာသင်ယူသွားရမှာ ဖြစ်ပါတယ်...

ဒါတင်မကသေးပါဘူး...ဒီလမ်းညွှန်စာအုပ်ထဲမှာ မိမိတို့ ဖန်တီးထားတဲ့ Reports တွေကို PowerBI.com ဝဘ်ဆိုက်ပေါ်သို့ Publish လုပ်ခြင်းနဲ့ အခြားသူများထံ မျှဝေခြင်းဆိုတဲ့ အရေးကြီးတဲ့ အဆင့်တွေကိုလည်း ထည့်သွင်းဖော်ပြပေးထားပါသေးတယ်... Cloud စနစ်သုံး ဒေတာစီမံခန့်ခွဲမှုတွေကို စူးစမ်းလေ့လာခွင့်ရမယ့်အပြင်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် Workspaces များတည်ဆောက်ပုံနဲ့ မတူညီတဲ့ Licensing ရွေးချယ်စရာ Options များအကြောင်းကိုလည်း သိရှိရမှာဖြစ်ပါတယ်... ထပ်မံဖြည့်စွက်ချက်အနေနဲ့... ရှုပ်ထွေးလှတဲ့ ဒေတာအခြေအနေတွေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် Row-Level Security နဲ့ Dataflows ကဲ့သို့သော အဆင့်မြင့်လုပ်ဆောင်ချက်တွေကိုပါ ထည့်သွင်းဆွေးနွေးပေးထားပါတယ်...

ဒီလမ်းညွှန်စာအုပ်ကို အဆုံးထိ ဖတ်ရှုလေ့လာပြီးတဲ့အခါမှာတော့... လူကြီးမင်းဟာ အဆင့်မီ Reports များကို ကိုယ်တိုင် တည်ဆောက်နိုင်စွမ်း ရှိလာမှာဖြစ်ပြီး၊ ဆန်းပြားတဲ့ ဒေတာခွဲခြမ်းစိတ်ဖြာမှုတွေကို လုပ်ဆောင်နိုင်ကာ မိမိတို့ ရှာဖွေတွေရှိထားတဲ့ အချက်အလက် Insights တွေကိုလည်း ယုံကြည်မှုအပြည့်နဲ့ တင်ပြနိုင်စွမ်းရှိလာမှာ သေချာပါတယ်... Power BI ကို အခုမှ စတင်လေ့လာမယ့်သူပဲဖြစ်ဖြစ်၊ မိမိရဲ့ စွမ်းရည်ကို ပိုမိုမြှင့်တင်ချင်တဲ့သူပဲဖြစ်ဖြစ်... ဒီစာအုပ်က အဆိုပါပလက်ဖောင်းကို ကျွမ်းကျင်ပိုင်နိုင်စေဖို့အတွက် ရှင်းလင်းပြီး စနစ်ကျလှတဲ့ လမ်းကြောင်းတစ်ခုကို ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်...

💻 ဒီစာအုပ်က ဘယ်သူတွေအတွက်လဲ...?

▪️Excel ကို ကောင်းမွန်စွာ အသုံးပြုတတ်ပြီး မိမိတို့ရဲ့ စွမ်းဆောင်ရည်တွေကို Power BI အကူအညီနဲ့ ပိုမိုတိုးချဲ့ချင်ကြတဲ့ Excel Analysts များ၊
▪️ဒေတာပိုင်းဆိုင်ရာပညာရှင်များ
▪️စီးပွားရေးဆိုင်ရာ အချက်အလက်နည်းပညာကို စိတ်ဝင်စားသူများပဲ ဖြစ်ပါတယ်...။
(ဒီစာအုပ်ကို ဖတ်ရှုမည့်သူများအနေဖြင့် Excel Functions များနှင့် Formulas များကို အခြေခံ နားလည်ထားဖို့တော့ အကြံပြုလိုပါတယ်...။)

🧠 စာအုပ်ကနေ ဘာတွေလေ့လာတတ်မြောက်သွားမလဲ…?

▪️Excel မှ Power BI သို့ တစ်ဆင့်ချင်းစီ ချောမွေ့စွာ ကူးပြောင်းခြင်း
▪️ဒေတာများ သန့်စင်ရန်အတွက် Power Query ကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချခြင်း
▪️Power BI Reports များကို ဝဘ်ပေါ်သို့ လွှင့်တင်ခြင်းနှင့် မျှဝေခြင်း
▪️DAX ကို အသုံးပြု၍ အဆင့်မြင့် Data Model များ တည်ဆောက်ခြင်း
▪️Report ဒီဇိုင်းပိုင်းနှင့် အပြန်အလှန် အလုပ်လုပ်နိုင်မှု စွမ်းရည်ကို အကောင်းဆုံးဖြစ်အောင် ပြုပြင်ခြင်း
▪️Power BI ၏ Features များကို အပြည့်အဝအသုံးချခြင်း

🔥 ဒီစာအုပ်ဟာ သီအိုရီသက်သက်မဟုတ်ပဲ ကိုယ်တိုင်လိုက်လုပ်ပြီး လက်တွေ့လေ့ကျင့်ရမှာ ဖြစ်ပါတယ်...လေ့ကျင့်ခန်းများအတွက် လိုအပ်တဲ့ Resource Files တွေကိုလည်း တခါထဲထည့်သွင်းပေးထားပါတယ်...

📒Book Details

Publication Date : July 01, 2026
Length: 356 Pages (eBook)
Edition : 1st
Language : Myanmar
Category : Data
Concepts : Business Intelligence
Tools : Excel, Power BI

💰တန်ဖိုး - 25,000 ကျပ်

👉စာအုပ်နမူနာ ဖတ်ရှုလေ့လာလိုပါက Comment/ Messenger မှာ PBI လို့ရေးခဲ့ပေးပါ...နမူနာစာအုပ်လေးပို့ပေးလိုက်ပါမယ်...

👉စာအုပ်ဝယ်ယူလိုပါက Page Messenger (သို့) t.me/apex_publishing သို့လာရောက်ဆက်သွယ်နိုင်ပါတယ်...။

▪️Python နဲ့ ဒေတာတွေကို စတင်ဆန်းစစ်လေ့လာချင်သူတွေအတွက် လိုအပ်တဲ့အရာမှန်သမျှကို  တစ်နေရာတည်းမှာ စုံစုံလင်လင် စုစည်းပေးထား...
15/06/2026

▪️Python နဲ့ ဒေတာတွေကို စတင်ဆန်းစစ်လေ့လာချင်သူတွေအတွက် လိုအပ်တဲ့အရာမှန်သမျှကို တစ်နေရာတည်းမှာ စုံစုံလင်လင် စုစည်းပေးထားပါတယ်…
▪️ပတ်ဝန်းကျင်က တကယ့်လက်တွေ့ နမူနာတွေကို အသုံးပြုပြီး Python နဲ့ Data Analytics ပညာရပ် ကိုအခြေခံကစပြီး သင်ယူနိုင်မှာပါ…
▪️လူသုံးအများဆုံး Data Visualization နည်းပညာတွေ၊ Data Analysis Techniques တွေကို သုံးပြီး ဒေတာတွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ သိလာပါလိမ့်မယ်…

📝 စာအုပ်အကြောင်းအရာ အကျဉ်းချုပ်

ယနေ့ခေတ် Data Science နဲ့ Analytics လောကမှာ Python ဟာ မရှိမဖြစ် အရေးပါတဲ့ နေရာတစ်ခုကို ရောက်ရှိနေပါပြီ…ဒီစာအုပ်မှာတော့ Data Analysis လုပ်တဲ့နေရာမှာ အရေးအကြီးဆုံးဖြစ်တဲ့ Python ရဲ့ Tools တွေနဲ့ Libraries တွေကို မိတ်ဆက်ပေးသွားမှာဖြစ်ပြီး ဒါတွေကို လူသိများတဲ့ စကားနဲ့ “Python’s Data Science Stack” လို့ခေါ်ကြပါတယ်။ ဒီစာအုပ်ဟာ လက်တွေ့ဆန်ဆန် သင်ကြားပေးမယ့် သင်ခန်းစာတစ်ခုဖြစ်လို့ တကယ့်အပြင်က ဒေတာတွေကို အသုံးပြုပြီး ဒေတာဆန်းစစ်မှုတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ တစ်ဆင့်ချင်းလေ့လာသင်ယူသွားရမှာပါ…သင်ခန်းစာများမှာ သုံးသွားမယ့် လေ့ကျင့်ခန်း Resources ဖိုင်တွေကိုလည်းတခါထဲ ထည့်ပေးထားပါတယ်…

👥 ဒီစာအုပ်က ဘယ်သူတွေနဲ့ ကိုက်ညီမလဲ…?

▪️Data Analysts နဲ့ Data Scientists တွေ (Python Tools တွေကို သုံးပြီး Data တွေကိုလေ့လာဆန်းစစ်ချင်သူများ)
▪️Business Analysts နဲ့ Business Intelligence (BI) ပညာရှင်တွေ (မိမိတို့လုပ်ငန်းခွင်က ဒေတာတွေကို Python သုံးပြီး ကိုယ်တိုင်ဆန်းစစ်ချင်သူများ)
▪️Software Engineers နဲ့ Developers တွေ (Python ရဲ့ ဒေတာဆန်းစစ်နိုင်စွမ်းတွေကို လေ့လာပြီး အသုံးချချင်သူများ)
▪️ဒေတာနဲ့ပတ်သက်ပြီလေ့လာနေတဲ့ကျောင်းသား/သူတွေ (Project/Assignment များအတွက်မှီငြမ်းကိုးကားလိုသူများ)

🧠 စာအုပ်ကနေ ဘာတွေလေ့လာတတ်မြောက်သွားမလဲ…?

▪️Data Science အတွက် အရေးကြီးဆုံး Python Libraries တွေအကြောင်း သိသွားမယ့်အပြင် ဒါတွေကို Anaconda နဲ့ အလွယ်တကူ ဘယ်လို Install လုပ်ရမလဲဆိုတာ တတ်မြောက်သွားမယ်…
▪️Python ရဲ့ အခြား Data Analytical Tools တွေအားလုံးရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ NumPy အကြောင်းကို သေသေချာချာ နားလည်သွားမယ်…
▪️သပ်ရပ်လှပပြီး အသုံးဝင်တဲ့ Data Visualizations (ဇယားတွေ၊ ဂရပ်ဖစ်တွေ) ကို ကိုယ်တိုင်ဖန်တီးလာနိုင်မယ်…
▪️Pandas Library ကို သုံးပြီး တကယ့်အပြင်က ဒေတာတွေကို ဆန်းစစ်တာ၊ မေးခွန်းတွေရဲ့ အဖြေကို ရှာဖွေတာနဲ့ လိုအပ်တဲ့ ကောက်ချက်တွေကို ဆွဲထုတ်တာတွေ လုပ်တတ်သွားမယ်…
▪️အခြေခံ Statistical Calculations တွေကို တွက်ချက်တတ်သွားမယ်၊ ပြီးရင်ရလာတဲ့ ရလဒ်တွေအပေါ် မူတည်ပြီး ဒေတာတွေကို အခြေခံကာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ပါလိမ့်မယ်…

🔥ဒီစာအုပ်ဟာ သီအိုရီသက်သက် မဟုတ်ဘဲ သင်ခန်းစာတိုင်းအတွက် Quizzes တွေနဲ့ Exercises တွေကိုပါ ထည့်သွင်းပေးထားတာကြောင့် ကိုယ်တိုင် လက်တွေ့လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်...
(Python ရဲ့ အခြေခံသဘောတရားတွေကနေစပြီး လေ့လာရမှာဖြစ်လို့ Programming အခြေခံမရှိသေးသူများလည်း လေ့လာဖတ်ရှုနိုင်ပါတယ်)

📒Book Details

Publication Date : June 10, 2026
Length: 1265 Pages (eBook)
Edition : 1st
Language : Myanmar
Category : Data
Concepts : Data Analysis
Tools : Python, Pandas, NumPy, Matplotlib, Seaborn

🎁Special Bonus

Mathematics For Data Science (eBook) : Data Science အတွက်အသုံးဝင်တဲ့ Linear Algebra, Probabilities နဲ့ Statistics ပညာရပ်များကို မြန်မာဘာသာဖြင့် ရှင်းပြပေးထားတဲ့စာအုပ်ကိုလည်း မေတ္တာလက်ဆောင်ထည့်ပေးထားပါတယ်...

💰တန်ဖိုး - 29,000 ကျပ်

👉စာအုပ်နမူနာ ဖတ်ရှုလေ့လာလိုပါက Comment/ Messenger မှာ DAC လို့ရေးခဲ့ပေးပါ...နမူနာစာအုပ်လေးပို့ပေးလိုက်ပါမယ်...

👉စာအုပ်ဝယ်ယူလိုပါက Page Messenger (သို့) t.me/apex_publishing သို့လာရောက်ဆက်သွယ်နိုင်ပါတယ်…။

လူတော်တော်များများဟာ ရိုးရှင်းတဲ့ကိန်းဂဏန်း (၃) လုံးကို မလေ့လာခဲ့မိကြလို့ ဘဝအဆုံးသတ်မှာ ငွေကြေးခက်ခဲကြရပါတယ်…3-6-9 နည်းလ...
01/07/2025

လူတော်တော်များများဟာ ရိုးရှင်းတဲ့ကိန်းဂဏန်း (၃) လုံးကို မလေ့လာခဲ့မိကြလို့ ဘဝအဆုံးသတ်မှာ ငွေကြေးခက်ခဲကြရပါတယ်…3-6-9 နည်းလမ်း ဆိုတာက အချိန်ကာလတစ်ခုအတွင်းမှာ ဓနဥစ္စာတွေစုဆောင်းပြီး ငွေကြေးလွတ်လပ်ခွင့်ရလာအောင် လမ်းပြပေးမယ့်စနစ်တစ်ခုပါ။ ဒီနည်းလမ်းကို ကျောင်းတွေမှာတော့မသင်ပေးပါဘူး…

ဒါကကုမ္ပဏီကြီးတွေရဲ့ အစည်းအဝေးခန်းမတွေထဲမှာတီးတိုးပြောကြတဲ့အရာ၊ သန်းကြွယ်သူဌေးတွေရဲ့ ဒိုင်ယာရီတွေထဲမှာမှတ်သားထားတဲ့အရာ၊ အောင်မြင်တဲ့ဘဏ္ဍာရေးစီမံကိန်းတိုင်းမှာပါဝင်နေတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် လူအများစုကတော့ ဒါကိုတစ်ခါမှမကြားဖူးကြပါဘူး။ အမှန်တရားကတော့လာမယ့် ရက် (၉၀) အတွင်းမှာသင့်ရဲ့ငွေကြေးသုံးစွဲမှု အလေ့အကျင့်တွေက နောင်နှစ်ပေါင်း (၉၀) စာသင့်ဘဏ္ဍာရေးအခြေအနေကိုအဆုံးအဖြတ်ပေးသွားမှာပါ…ဘာတွေလဲဆိုတာကျွန်တော်တို့လေ့လာကြည့်ရအောင်…

3 ဆိုတဲ့အခြေခံအုတ်မြစ် (The Foundation)...

အရေးပေါ်ရန်ပုံငွေဆိုတာ ရှိရင်ကောင်းတာမျိုးမဟုတ်ပဲ မရှိမဖြစ်လိုအပ်တဲ့အရာပါ။ သင့်ကြွယ်ဝမှုအတွက် အောက်ဆီဂျင်လိုပါပဲ…

- အနည်းဆုံး (၃) လစာနေထိုင်စရိတ်ကိုစုဆောင်းထားရမယ်။
- လစဉ်အလိုအလျောက်ငွေလွှဲစနစ် (Automatic transfers) (၃) ခုလုပ်ထားရမယ်။
- ဝင်ငွေရဲ့ ၃% ကိုအတိုးနှုန်းမြင့်တဲ့ စုငွေအကောင့် (High-yield savings) ထဲထည့်ရမယ်။
ပျင်းစရာကောင်းတယ်ဆိုပြီး လူအများစုက ဒီအဆင့်ကိုကျော်သွားတတ်ကြတယ်။ တကယ်တော့ အခြေခံမခိုင်ရင် အကုန်ပြိုလဲကုန်မှာပါ။ သဲပြင်ပေါ်မှာမိုးမျှော်တိုက်ဆောက်လို့မရပါဘူး…

6 ဆိုတဲ့အရှိန်မြှင့်တင်ခြင်း (The Acceleration)...

အခုဆိုရင် သင်ကခံစစ်ကနေ တိုက်စစ်စဖွင့်ပြီလို့ ပြောလို့ရပါတယ်။

- (၆) လစာနေထိုင်စရိတ် စုဆောင်းထားရမယ် (ဒါမှလုံခြုံစိတ်ချရမှု အစစ်အမှန်ရမှာပါ)။
- အငြိမ်းစားယူဖို့အတွက် အနည်းဆုံး ၆% စုဆောင်းထားရမယ်။
- ဝင်ငွေရလမ်း (၆) ခုကိုရှာဖွေရမယ်။
6 ရဲ့စိတ်ပညာသဘောတရားက အရမ်းအစွမ်းထက်ပါတယ်။ "ရှားပါးမှုစိတ်ဓာတ်" ကနေ "ပေါကြွယ်ဝမှုစိတ်ဓာတ်" (Abundance mindset) ကိုပြောင်းလဲသွားစေပါတယ်။ "တစ်ခုခုမကောင်းတာဖြစ်လာရင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့အတွေးအစား "နောက်ထပ်ဘယ်လိုအံ့ဩစရာကောင်းတာတွေ ဖြစ်လာဦးမလဲ" ဆိုပြီးတွေးလာမိပါလိမ့်မယ်။ဒါကငွေကြေးသက်သက်တင်မဟုတ်ပဲ အရှိန်အဟုန်တစ်ခုပါရလာစေတာပါ။ မှတ်တိုင်တစ်ခုရောက်တိုင်း ယုံကြည်မှုတွေတိုးလာပြီး နောက်ထပ်အောင်မြင်မှုတွေကို ဆာလောင်လာစေပါလိမ့်မယ်…

9 ဆိုတဲ့ပွားများစေခြင်း (The Multiplication)...

ကြွယ်ဝချမ်းသာမှုကို အရှိန်အဟုန်နဲ့ တည်ဆောက်တဲ့အဆင့်ဖြစ်ပါတယ်။

- (၉) လစာနေထိုင်စရိတ် (ဒါဆိုရင်တော့ဘာဖြစ်ဖြစ် ခံနိုင်ရည်ရှိသွားပြီ)။
- စုဆောင်းငွေပမာဏ ၉% (အနည်းဆုံး) ရှိရမယ်။
- ငွေကြေးလွတ်လပ်ခွင့်ရဖို့ (၉) နှစ်တာအချိန်သတ်မှတ်ထားရမယ်။
သူ့ရဲ့ တွက်ချက်ပုံကလှပပါတယ်။

တကယ်လို့ လူတစ်ယောက်က တစ်နှစ်ကို $60,000 ဝင်ငွေရှိပြီး ဒီ 3-6-9 နည်းလမ်းကို ကျွမ်းကျင်အောင်လုပ်နိုင်ရင် (၃) နှစ်လောက်ကြာတဲ့အခါ $50,000 လောက် စုမိနေမှာဖြစ်ပြီး၊ (၆) နှစ်ကြာရင် $200,000 လောက်ရင်းနှီးမြှုပ်နှံထားနိုင်ပါလိမ့်မယ်။ (၉) နှစ်ကြာတဲ့အခါမှာတော့ သင့်ပိုင်ဆိုင်မှု (Net worth) က $500,000 ကျော်သွားပါလိမ့်မယ်။ ဒါပေမယ့် သင်္ချာကမပြနိုင်တဲ့အရာတစ်ခုရှိပါသေးတယ်။

အဲဒါကတော့ ကိုယ်ကအဆင်သင့်ပြင်ဆင်ထားပြီးသားဆိုတာကို သိနေရတဲ့စိတ်အေးချမ်းမှုပါပဲ။ ကိုယ်ပိုင်အစစ်အမှန်တစ်ခုကို တည်ဆောက်နေရတယ်ဆိုတဲ့ ယုံကြည်မှုမျိုးပါ…

ဘာလို့တခြားနည်းလမ်းတွေအလုပ်မဖြစ်ဘဲ 3-6-9 နည်းလမ်းကအလုပ်ဖြစ်တာလဲ…?

- မှတ်မိလွယ်တယ်။
- လက်တွေ့လုပ်ဆောင်ဖို့ လုံလောက်တဲ့အချက်အလက်ပါတယ်။
- ဝင်ငွေအနည်းအများမရွေးအဆင်ပြေတယ်။
- စိတ်ပိုင်းဆိုင်ရာအရ ကျေနပ်မှုရစေတယ်။
- သင်္ချာနည်းကျ မှန်ကန်ကြောင်းသက်သေပြပြီးသားဖြစ်တယ်။

လူတွေမှားတတ်ကြတာကအဆင့်ကျော်ချင်တာ၊ အချိန်ကောင်းကိုစောင့်နေလွန်းတာ (Perfect timing paralysis)၊ ကိုယ့်ရဲ့အချိန်ကာလကို သူများတွေနဲ့လိုက်နှိုင်းတာ၊ ပြီးတော့သက်တောင့်သက်သာဖြစ်တဲ့အဆင့်ရောက်ရင် ရပ်တန့်လိုက်တာမျိုးတွေပါပဲ…

တကယ်ချမ်းသာတဲ့သူတွေက စစ်မှန်တဲ့သက်တောင့်သက်သာအခြေအနေ (Genuinely comfortable) မရောက်မချင်းအပင်ပန်းခံကြပါတယ်။ သင့်လစာ၊ နောက်ခံ၊ ကံတရားတွေက သင့်ငွေကြေးအနာဂတ်ကို မဆုံးဖြတ်ပါဘူး။ သင့်ရဲ့ "စနစ် (System)" ကပဲဆုံးဖြတ်ပေးတာပါ…3-6-9 နည်းလမ်းဆိုတာ သန်းကြွယ်သူဌေးတွေကိုမွေးထုတ်ပေးနေတဲ့စနစ်တစ်ခုပါပဲ…

ဒီနေ့ပဲစလိုက်ပါ။ တနင်္လာနေ့မှမဟုတ်ဘူး၊ နောက်လမှ မဟုတ်ဘူး... ဒီနေ့ပဲစပါ။ သင့်ရဲ့ "3" ပစ်မှတ်ကိုရွေးပါ။ ပထမဆုံး အလိုအလျောက်ငွေလွှဲစနစ် (Automatic transfer) ကိုစလုပ်လိုက်ပါ။ ပြီးရင်တော့ မှော်ဆန်တဲ့ရလဒ်တွေကိုစောင့်ကြည့်လိုက်ပါတော့။ အချမ်းသာဆုံးလူဆိုတာ ငွေအများဆုံးပိုင်တဲ့လူမဟုတ်ပါဘူး၊ 3-6-9 နည်းလမ်းကို နားလည်တဲ့သူသာဖြစ်ပါတယ်။ ငွေဆိုတာမျှော်လင့်ချက်နောက်ကိုမလိုက်ပါဘူး၊ စနစ်ကျမှုနောက်ကိုပဲလိုက်ပါတယ်…။

Source : Medium

စာမေးပွဲနီးလို့ပဲဖြစ်ဖြစ်၊ ရုံးမှာ Deadline တွေမှီအောင်အလုပ်တွေပိပြီးပဲဖြစ်ဖြစ် စိတ်ဖိစီးမှု (Stress) တွေများနေပြီလား… အ...
06/06/2025

စာမေးပွဲနီးလို့ပဲဖြစ်ဖြစ်၊ ရုံးမှာ Deadline တွေမှီအောင်အလုပ်တွေပိပြီးပဲဖြစ်ဖြစ် စိတ်ဖိစီးမှု (Stress) တွေများနေပြီလား… အဲဒီလိုအချိန်ဆိုရင် ကျွန်တော်တို့အများစုက အိပ်ရေးဝဝအိပ်ဖို့၊ သီချင်းနားထောင်ဖို့လောက်ပဲ ပြေးမြင်တတ်ကြတယ်…ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ "မင်း Stress များနေရင်ရေများများသောက်ပါ" လို့အကြံပေးလာကြပါပြီ။ ဘာဆိုင်လို့လဲဆိုတာဆက်ကြည့်ရအောင်ဗျာ…

(၁) ရေဓာတ်နည်းရင် စိတ်ဖိစီးမှုဟော်မုန်းပိုထွက်တယ်…

အင်္ဂလန်နိုင်ငံ Liverpool John Moores University ကပြုလုပ်ခဲ့တဲ့ လေ့လာမှုအသစ်တစ်ခုအရ... ရေလုံလောက်အောင်မသောက်တဲ့သူတွေဟာ Stress များတဲ့အခြေအနေတစ်ခုကြုံရတဲ့အခါ ပုံမှန်လူတွေထက် ခန္ဓာကိုယ်ကပိုပြီးဒဏ်ဖြစ်စေတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ စိတ်လှုပ်ရှားရင်ထွက်လာတဲ့ Cortisol (စိတ်ဖိစီးမှုဟော်မုန်း) ဟာရေငတ်နေတဲ့သူတွေမှာဆိုရင် ရေဝဝသောက်ထားသူတွေထက် ၅၀% တောင်ပိုများနေတတ်သတဲ့…

(၂) စိတ်ခံစားချက်ချင်းတူပေမယ့် ခန္ဓာကိုယ်တုံ့ပြန်ပုံချင်းမတူပါ…

သုတေသနမှာ လူတွေကိုနှစ်အုပ်စုခွဲပြီးစမ်းသပ်ခဲ့တယ်…
Group A - ရေနည်းနည်းပဲသောက်သူများ (တစ်နေ့ ၆-၇ ခွက်ခန့်)
Group B - ရေများများ သောက်သူများ (တစ်နေ့ ၁၀-၁၂ ခွက်ခန့်)

သူတို့အားလုံးကို အင်တာဗျူးဖြေခိုင်း၊ သင်္ချာတွက်ခိုင်းပြီး စိတ်ဖိစီးအောင်လုပ်ကြည့်တဲ့အခါ... နှစ်အုပ်စုလုံးက စိတ်လှုပ်ရှားတာ၊ ရင်တုန်တာချင်းအတူတူပါပဲ။ ဒါပေမယ့် "ရေသောက်နည်းတဲ့အုပ်စု" ရဲ့ ခန္ဓာကိုယ်ထဲမှာတော့ Stress ဟော်မုန်းတွေက အဆမတန်ထိုးတက်နေပြီး ပြန်ကျဖို့လည်းအချိန်အတော်ကြာ ယူနေရတာကိုတွေ့ရတယ်…

(၃) ရေမသောက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးများ…

ဒီ Cortisol ဟော်မုန်းတွေ အကြာကြီးမြင့်တက်နေရင်ဘာဖြစ်မလဲ…?
- သွေးတိုး၊ နှလုံးရောဂါဖြစ်နိုင်တယ်။
- ဗိုက်ခေါက်ထွက်လာမယ် (Metabolic syndrome)။
- ကိုယ်ခံအားကျပြီး ဖျားနာလွယ်မယ်။
- စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာတွေပိုဖြစ်လွယ်မယ်…

(၄) လက်တွေ့ ဘာလုပ်ကြမလဲ…?

ဒါကြောင့်သင့်မှာစိတ်ဖိစီးစရာကိစ္စတွေရှိနေပြီဆိုရင် ရေဘူးကိုကိုယ်နဲ့မလှမ်းမကမ်းမှာအမြဲဆောင်ထားပါ။ ကိုယ့်ကိုယ်ကို ရေဓာတ်လုံလောက်မှုရှိမရှိဘယ်လိုသိနိုင်မလဲ…? သိပ်ခက်ခဲကြီးကျယ်တာတွေ လုပ်စရာမလိုပါဘူး။ ဆီးအရောင်ကိုကြည့်လိုက်ပါ။ ဆီးအရောင်ရင့်နေရင် (အဝါရောင်ရင့်နေရင်) သင့်ခန္ဓာကိုယ်က Stress ဒဏ်ကို ပိုခံနေရပါပြီ။ ဆီးအရောင်ဖျော့မှ (အဝါနုရောင်) ဆိုမှစိတ်ချရတာပါ…

စိတ်ညစ်စရာတွေ၊ ဖိစီးမှုတွေကြုံလာရပြီဆိုရင်ခေါင်းရှုပ်မခံပါနဲ့။ ရေတစ်ခွက်အရင်မော့လိုက်ပါ။ ရေများများသောက်ခြင်းက သင့်စိတ်ကိုချက်ချင်းမပျော်ရွှင်စေနိုင်ရင်တောင် သင့်ခန္ဓာကိုယ်ကိုတော့ အတွင်းပိုင်းထိခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်…။

ကျွန်တော်တို့အားလုံး ကိုယ့်ဘဝကိုပိုကောင်းအောင်ပြောင်းလဲချင်ကြတယ်။ ဒါပေမယ့်ပြောင်းလဲဖို့ကြိုးစားတိုင်း မအောင်မြင်ဖြစ်နေရတ...
04/05/2025

ကျွန်တော်တို့အားလုံး ကိုယ့်ဘဝကိုပိုကောင်းအောင်ပြောင်းလဲချင်ကြတယ်။ ဒါပေမယ့်ပြောင်းလဲဖို့ကြိုးစားတိုင်း မအောင်မြင်ဖြစ်နေရတာဘာကြောင့်လဲ…? James Clear ကတော့ သူ့ရဲ့ "Atomic Habits" စာအုပ်မှာ ဒီလျှို့ဝှက်ချက်ကို ဖွင့်ချပြထားပါတယ်…စာအုပ်ထဲကအဓိကအချက် (၄) ချက်ကို ကောက်နုတ်တင်ပြပေးချင်ပါတယ်…

(၁) အသေးမွှားလေးတွေရဲ့ စွမ်းအား (The Power of Atomic Habits)…

"Atomic" ဆိုတာ အက်တမ်မြူမှုန်လေးတွေလို သေးငယ်တာကိုဆိုလိုပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေဆိုတာ နေ့စဉ်လုပ်ဆောင်တဲ့ အသေးမွှားအလေ့အကျင့်လေးတွေစုပေါင်းထားခြင်း (Compounding) သာဖြစ်ပါတယ်…နေ့တိုင်း ၁% လောက်ပဲပိုကောင်းအောင်ကြိုးစားပါ။ ရေရှည်မှာရလာမယ့်ရလဒ်က သင်ထင်ထားတာထက် အများကြီး ကြီးမားပါလိမ့်မယ်…

(၂) အလေ့အကျင့်သံသရာ (The Habit Loop)…

အလေ့အကျင့်တစ်ခု ဘယ်လိုဖြစ်လာသလဲဆိုတာကို စာရေးဆရာက အဆင့် ၄ ဆင့်နဲ့ရှင်းပြထားပါတယ်။
- Cue (အစပျိုးခြင်း) - အလေ့အကျင့်ကိုစတင်စေတဲ့အရာ (ဥပမာ - ဖုန်း Notification မြည်လာတာ)
- Craving (တပ်မက်ခြင်း) - လုပ်ချင်စိတ်ဖြစ်ပေါ်လာတာ (ဥပမာ - ဘယ်သူ Message ပို့လဲသိချင်တာ)
- Response (တုံ့ပြန်ခြင်း) - လက်တွေ့လုပ်ဆောင်တာ (ဥပမာ - ဖုန်းကောက်ကိုင်လိုက်တာ)
- Reward (ဆုလာဘ်) - ကျေနပ်မှုရတာ (ဥပမာ - စာဖတ်ပြီးကျေနပ်သွားတာ)

ဒီသဘောတရားကိုနားလည်ထားရင် မကောင်းတဲ့အကျင့်ကိုဖျောက်ဖို့နဲ့ ကောင်းတဲ့အကျင့်ကိုမွေးမြူဖို့အတွက် ဒီအဆင့်တွေကို ပြုပြင်ပြောင်းလဲလို့ရသွားပါပြီ…

(၃) ပတ်ဝန်းကျင်ကိုပြုပြင်ပါ (Environment Design)…

စိတ်ဓာတ်ခိုင်မာဖို့ပဲအားမကိုးပါနဲ့။ ကိုယ့်ပတ်ဝန်းကျင်ကိုပြင်ဆင်ပါ။ အလေ့အကျင့်ကောင်းတစ်ခုလုပ်ချင်ရင် အဲဒီအရာကိုလုပ်ဖို့လွယ်ကူအောင်ပြင်ဆင်ထားပါ။ ဥပမာ - ရေများများသောက်ချင်ရင် ရေဘူးကိုကိုယ်နဲ့လက်လှမ်းမီတဲ့နေရာမှာထားပါ။ မုန့်ပဲသရေစာလျှော့စားချင်ရင် မုန့်တွေကိုမျက်စိရှေ့မှာမထားပါနဲ့…

(၄) ကိုယ့်ကိုယ်ကို သတ်မှတ်ပုံပြောင်းပါ (Identity Shift)…

ဒါကအရမ်းအရေးကြီးပါတယ်။ "ငါဆေးလိပ်ဖြတ်ချင်တယ်" (ရလဒ်ကိုအာရုံစိုက်ခြင်း) လို့တွေးမယ့်အစား "ငါက ကျန်းမာရေးလိုက်စားသူ" (Identity ကိုအာရုံစိုက်ခြင်း) လို့တွေးပါ။ "စာအုပ်တစ်အုပ်ပြီးအောင်ဖတ်မယ်" လို့တွေးမယ့်အစား "ငါကစာဖတ်သူ (Reader)" လို့ခံယူလိုက်ပါ။ ကိုယ့်ရဲ့ Identity ပြောင်းသွားရင် အလေ့အကျင့်တွေကအလိုလိုလိုက်ပြောင်းသွားပါလိမ့်မယ်…

ဒီစာအုပ်ကတော့ အလေ့အကျင့်ကောင်းတွေတည်ဆောက်ပြီး ဘဝကိုအဆင့်မြှင့်တင်ချင်သူတိုင်းမဖြစ်မနေ ဖတ်သင့်တဲ့စာအုပ်ကောင်းတစ်အုပ်ပါ။ အကြီးကြီးတွေချက်ချင်းပြောင်းလဲဖို့မလိုပါဘူး။ ဒီနေ့ကစပြီး သေးငယ်တဲ့အပြောင်းအလဲလေးတွေကို စတင်လုပ်ဆောင်ကြည့်လိုက်ပါခင်ဗျာ…။

"စာအုပ်ဆိုတာကိုင်ဖတ်ရမှအရသာရှိတာဗျ" ဆိုတဲ့စကားကို ကျွန်တော်တို့အားလုံးကြားဖူးကြမှာပါ။ ကျွန်တော်လည်းဒါကိုမငြင်းပါဘူး။ ဒါပ...
11/03/2025

"စာအုပ်ဆိုတာကိုင်ဖတ်ရမှအရသာရှိတာဗျ" ဆိုတဲ့စကားကို ကျွန်တော်တို့အားလုံးကြားဖူးကြမှာပါ။ ကျွန်တော်လည်းဒါကိုမငြင်းပါဘူး။ ဒါပေမယ့် E-reader (ဥပမာ - Kindle) ကိုစွဲစွဲမြဲမြဲ သုံးနေသူတစ်ယောက်အနေနဲ့ ဘာလို့ စာအုပ်အစစ်ထက် E-reader ကပိုပြီးအဆင်ပြေလဲဆိုတဲ့ အချက် (၄) ချက်ကိုပြောပြချင်ပါတယ်…

(၁) ရေရှည်မှာပိုက်ဆံပိုသက်သာတယ် (Cost)…

Kindle Scribe လိုနောက်ဆုံးပေါ်မော်ဒယ်တွေက ဈေးကြီးပေမယ့် (ဒေါ်လာ ၃၀၀ ကျော်)၊ တကယ်တမ်းကျတော့ ဒေါ်လာ ၁၀၀ ဝန်းကျင် (သို့) တစ်ပတ်ရစ် ဒေါ်လာ ၂၀-၃၀ လောက်တန် စက်လေးတွေနဲ့ စမ်းသုံးကြည့်လို့ရပါတယ်…
စက်ဖိုးအရင်းကျေသွားရင် နောက်ပိုင်းမှာအရမ်းသက်သာသွားပြီ။ eReaderIQ လို Website မျိုးနဲ့ချိတ်ပြီး Discount စောင့်ဝယ်ရင် ၁ ဒေါ်လာ၊ ၂ ဒေါ်လာလောက်နဲ့ စာအုပ်ကောင်းတွေဖတ်လို့ရတယ်။ Libby လို App နဲ့ချိတ်ပြီး စာကြည့်တိုက်ကနေအလကားငှားဖတ်လို့လည်းရပါသေးတယ်။ စာအုပ်အဟောင်းဆိုင်ကဝယ်သလို စာရွက်စုတ်တာ၊ အနံ့နံတာမျိုး မရှိတော့ဘူးပေါ့…

(၂) စာအုပ်စင်တစ်ခုလုံးကို အိတ်ထဲထည့်သွားနိုင်တယ် (Form Factor)…

E-reader အသေးဆုံးလေးတစ်လုံးမှာတောင် စာအုပ်ထောင်ချီဆံ့ပါတယ်။ Cloud Storage ပါ ထပ်ပေါင်းလိုက်ရင် စာအုပ်အကန့်အသတ်မရှိသယ်သွားလို့ရသလိုပါပဲ။ ကိုယ်သွားလေရာကို ကိုယ့်ရဲ့ စာအုပ်စင်ကြီးတစ်ခုလုံး သယ်သွားရသလို ခံစားရမှာပါ…

(၃) စာဖတ်ရတာပိုအဆင်ပြေစေမယ့်အချက်များ (Convenience)...

- မျက်လုံးအတွက် - အသက်ကြီးလာလို့ မျက်လုံးမှုန်လာရင် Font size ကြီးလို့ရတယ်။ မျက်မှန်လိုမနေတော့ဘူး။
- အလင်းရောင် - ငယ်ငယ်က ညဘက်စာဖတ်ချင်ရင် ဓာတ်မီးထိုးဖတ်ရတာ၊ မီးထဖွင့်ရင် မိဘဆူမှာကြောက်ရတာမျိုးကြုံဖူးကြမှာပါ။ E-reader တွေမှာက Backlight ပါပြီးသားမို့ မီးပိတ်ပြီး စောင်ခေါင်းမြီးခြုံဖတ်လည်းရတယ်။ နေရောင်ထဲဖတ်လည်း စာရွက်လိုပဲရှင်းနေတာပါပဲ။
အိပ်ရာထဲဖတ်ရင် - စာအုပ်အစစ်က ဘေးစောင်းအိပ်ဖတ်ရင်စာရွက်လှန်ရခက်တယ်။ E-reader ကတော့ လက်တစ်ဖက်တည်းနဲ့ ကိုင်ပြီးအေးဆေးဖတ်လို့ရတယ်...

(၄) အသံစာအုပ် (Audiobooks)…

နောက်ပိုင်းထွက်တဲ့ E-reader တွေမှာ Bluetooth ပါလာတော့ နားကြပ်ချိတ်ပြီး Audiobook နားထောင်လို့ရတယ်။ Whispersync ဆိုတဲ့ Feature ပါရင် ဖတ်လက်စနေရာကနေ အသံနဲ့ဆက်နားထောင်၊ ပြီးရင်စာပြန်ဖတ်... ဒီလိုအပြန်အလှန်လုပ်လို့ရတာအရမ်းမိုက်ပါတယ်...

ဒီအချက်လေးတွေကသေးငယ်သယောင်ရှိပေမယ့် တကယ်တမ်းသုံးကြည့်ရင်အရမ်းအဆင်ပြေပါတယ်။ အဓိကကတော့ ဖုန်းပွတ်ပြီးအချိန်ဖြုန်းနေမယ့် (Doom-scrolling) အစား စာအုပ်ဖတ်ချင်စိတ်ကိုပိုဖြစ်လာစေပါတယ်။ နေ့စဉ်ဘဝရဲ့ အရှုပ်အထွေးတွေကြားမှာ ပျောက်ဆုံးနေတဲ့စာဖတ်ဝါသနာကို E-reader ကပြန်လည်အသက်သွင်းပေးနိုင်ပါတယ်…။

ที่อยู่

Bangkok
10270

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ APEX - Publishingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์