Aruna Bookclub CNX - အရုဏ

Aruna  Bookclub CNX - အရုဏ ပေါ့ပေါ့ပါးပါးနဲ့ စိတ်ပါရင်ပါသလို စာအုပ်အကြောင်းတွေပြောရင်း
စာအုပ်တွေငှား/စာအုပ်တွေရောင်းမယ့် ချင်းမိုင် က နေရာလေးတခုပါပဲ

အဓိက ဇာတ်ကောင်ကတော့ ခြေတစ်ဖက်မသန်တဲ့ကောင်လေး ဖီးလစ် ပဲ။ ဖီးလစ် အမေ ဆုံးတဲ့အချိန်မှာ ဖိလစ်က ၉ နှစ်သားပဲ ရှိသေးတယ်။ ဦးလေးန...
14/08/2026

အဓိက ဇာတ်ကောင်ကတော့ ခြေတစ်ဖက်မသန်တဲ့ကောင်လေး ဖီးလစ် ပဲ။ ဖီးလစ် အမေ ဆုံးတဲ့အချိန်မှာ ဖိလစ်က ၉ နှစ်သားပဲ ရှိသေးတယ်။ ဦးလေးနဲ့ အဒေါ်နဲ့အတူလိုက်နေ။ ဒီလိုနဲ့ ကျောင်းတက်။ ခြေတစ်ဖက်မသန်တဲ့ ကလေးတစ်ယောက်အဖို့တော့ ကျောင်းမှာလည်း မပျော်စရာတွေကို ကြုံတွေ့ရမှာပဲ။ ဘုရားသခင်ဆီမှာ ခြေထောက်ပြန်ကောင်းဖို့ ဆုတောင်းတာ ကောင်းမလာတော့ ဘုရားသခင်ကို စိတ်နာပြီးကောင်ဆိုးလေးဖြစ်လာ။ နောက်တော့ ဂျာမနီရောက် ပါမောက္ခတစ်ယောက် အိမ်မှာနေ ဟိုက်ဒယ်ဘတ်မှာ ကျောင်းတက်၊ ဘုရားသခင်ကို ပိုမယုံကြည်တဲ့ကောင်ဆိုးလေးဖြစ်လာ။ ဒီလိုနဲ့ နောက်တော့ ပါရီကို ပန်းချီဆွဲဖို့သွား၊ ပါရီကို မသွားခင် မမရင်ခွင်မှာခိုနားပြီး ကောင်ဆိုးလေးခဏလုပ်။ ပါရီ မှာ ဆရာတစ်ယောက်က ထိပ်ဆုံးတော့မရောက်နိုင်တဲ့ ကောင်လေး လို့ အားပေးလိုက်လို့ လန်ဒန်ပြန်ပြီး ဆေး​ကျောင်းပြန်တက်၊
နောက်တော့ ချစ်ပြီးရင်းချစ်တဲ့ ကောင်ဆိုးလေးဖြစ်၊ ကြောင်ပျောက်လိုက် ချစ်လိုက်နဲ့ ဘဝကြီးကို ဖြတ်သန်းရင်း၊ သင်္ဘောပတ်လိုက် ဆေးပတ်ကုမလို့ လုပ်ရင်းကနေ ကြောင်ထပ်ပျောက်၊ ဇာတ်ပေါင်းသော် မိန်းမ ရပြီး နင်းပြားလေးတွေကို ဆေးကုပေးတဲ့ ဆရာဝန်လေးပဲပြန်ဖြစ်။
ဆမ်မားဆမ်မွန် ရဲ့ အကောင်းဆုံးလက်ရာလို့တော့ လျှောက်ပြောကြတာပဲ၊ ကျွတ်ဆင်ရီး

ဒါလည်း အသစ်ရောက်စာအုပ်တွေပါပဲ
13/08/2026

ဒါလည်း အသစ်ရောက်စာအုပ်တွေပါပဲ

အကြောင်းကြောင်း ကြောင့် အသစ်ထွက်စာအုပ်တွေနဲ့ ဝေးရာရောက်နေတဲ့ သူတွေအတွက် ထွက်တာနဲ့ မြန်နိုင်သမျှမြန်မြန် ဝယ်လို့ ဖတ်လို့ရ...
12/08/2026

အကြောင်းကြောင်း ကြောင့် အသစ်ထွက်စာအုပ်တွေနဲ့ ဝေးရာရောက်နေတဲ့ သူတွေအတွက် ထွက်တာနဲ့ မြန်နိုင်သမျှမြန်မြန် ဝယ်လို့ ဖတ်လို့ရအောင်တော့ Aruna မှာ အမြဲတမ်းလိုလို အမြန်ဆုံး ရအောင် စီစဉ်လေ့ရှိပါတယ်။ ဒါကတော့ ဒီရက်အပိုင်းအခြား ဒီလအပိုင်းအခြားထဲမှာ ထွက်ထားတဲ့ အသစ်ထွက် စာအုပ်တွေပါပဲ။

အိမ်မှာနေရင်း အေးအေးဆေးဆေး ဖတ်ချင်သူများအနေနဲ့လည်း Page Messenger ကနေတစ်ဆင့် မှာယူနိုင်သလို၊ စာအုပ်တွေကို ကိုင်တွယ်ကြည့်ရှုပြီး စိတ်ကြိုက်ရွေးချယ်ချင်သူများအတွက်လည်း ဆိုင်မှာ လာရောက်ဝယ်ယူနိုင်ပါပြီ။

ဒီနေ့ တစ်ရက်တော့ ဆိုင်ပိတ်ပါဦးမယ်ဗျ
02/08/2026

ဒီနေ့ တစ်ရက်တော့ ဆိုင်ပိတ်ပါဦးမယ်ဗျ

လူတွေ ပြောလေ့ရှိတယ်။"သူဟာ ပုံပြင်တွေပြောဖို့ သေရာက ပြန်ရှင်လာတာ" တဲ့။ ကြားဖူး ကြပါလိမ့်မယ်။ သမိုင်း ဆိုတာ အောင်နိုင်သူတိ...
01/08/2026

လူတွေ ပြောလေ့ရှိတယ်။
"သူဟာ ပုံပြင်တွေပြောဖို့ သေရာက ပြန်ရှင်လာတာ" တဲ့။ ကြားဖူး ကြပါလိမ့်မယ်။ သမိုင်း ဆိုတာ အောင်နိုင်သူတို့ရဲ့ လိမ်ညာမှု မဟုတ်ဘူးလို့ ဆရာဂျိုးဟန့် ပြောခဲ့တာ ကျွန်တော် ငယ်ငယ်က ရိုးရိုးသားသား ယုံခဲ့တယ်။ ခုတော့ ကျွန်တော် သိပြီ။ ဒီထက် ပိုလေးနက်တယ်။ ရှင်ကျန်သူတို့ရဲ့ မှတ် တမ်းဟာ အောင်နိုင်သူ၊ ရှုံးနိမ့်သူတို့ရဲ့ မှတ်တမ်းထက် မှန်တယ် ဆိုတဲ့ အချက်ပါပဲ။

- Julian Barnes (နိဂုံး၏ အဓိပ္ပါယ် - မှ)

ကျနော်တို့ တစ်ဦးချင်းဘဝမှာ ထူးခြားတဲ့ ကာလ အပိုင်းအခြားတစ်ခုမှာပဲ ရနိုင်တဲ့ အထူးသီးသန့် အရာတစ်ခု ရှိတယ်။ မီးတောက်ကလေးတစ်ခ...
30/07/2026

ကျနော်တို့ တစ်ဦးချင်းဘဝမှာ ထူးခြားတဲ့ ကာလ အပိုင်းအခြားတစ်ခုမှာပဲ ရနိုင်တဲ့ အထူးသီးသန့် အရာတစ်ခု ရှိတယ်။ မီးတောက်ကလေးတစ်ခုလိုပေါ့။ ကံကောင်းပြီး ဂရုတစိုက်ရှိတဲ့သူတချို့ပဲ အဲဒီ မီးတောက်ကလေးကို အမြတ်တနိုးနဲ့ မငြိမ်းသွားအောင် ပျိုးထောင်နိုင်ကြတယ်။ သူတို့ဘဝရဲ့ လမ်းပြမီးပမာ ဆက်လက်သယ်ဆောင်နိုင်ကြတယ်။ ဒါပေမဲ့ အဲဒီ မီးတောက်ကလေးဟာ တစ်ခါငြိမ်းသွားတာနဲ့ ဘယ်တော့မှ ပြန်မရနိုင်တော့။

ကျနော်ဟာ သူမကိုတင် ဆုံးရှုံးခဲ့တာ မဟုတ်၊ အဲဒီ အဖိုးတန် မီးတောက်ကလေးကိုပါ လက်လွှတ်ခဲ့ရတယ်။

ဟာယူကီ မူရာကာမိ (စပွတ်နစ်ချစ်သည်း - မှ)

ကျွန်တော့်အား အတိတ်ကို ပြန်လည်ခေါ်ဆောင်သွား ခဲ့သည့် မြင်ကွင်းမှာ ခင်မောင်ရင်၏ နှမလက်လျှော့ဇာတ်ကား အဖွင့်မြင်ကွင်းပင် ဖြစ...
30/07/2026

ကျွန်တော့်အား အတိတ်ကို ပြန်လည်ခေါ်ဆောင်သွား ခဲ့သည့် မြင်ကွင်းမှာ ခင်မောင်ရင်၏ နှမလက်လျှော့ဇာတ်ကား အဖွင့်မြင်ကွင်းပင် ဖြစ်ပါသည်။ နံနက်ဝေလီဝေလင်း နှင်းတဖွဲဖွဲ ကျနေချိန် ပဲပြုတ်သည်၏ ဘဝဇာတ် ရုပ် နောက်ခံဂီတသံမှာ အနောက်တိုင်းဥရောပဂီတဆရာကြီး J.S Bach ဘက်ချ်၏ "G String" (ခေါ်) တယောသံများဖြင့် ဖွဲ့ထားသည့် (Baroque) ဘာ့ရော့ဂီတ ဖြစ်သည်။ ဆီးနှင်းမှုန် မသဲမကွဲ နံနက်လင်းအရုဏ်၏ မြင်ကွင်း အလင်းအမှောင်၊ ဂီတ၏ အရောင်အသွေးတို့ဖြင့် စက္ခုနှင့် သောတအာရုံကို ညွှန်းပြသွားသောအခန်း ဖြစ်ပါသည်။ “ပဲပြုတ်” ဟူသောအသံဖြင့် မြင်ကွင်းကို အဆုံးသတ်သွားသည်။ ခင်မောင်ရင်သည် ထိုမြင်ကွင်းကို ဟိုး... အဝေးရှိ အရာဝတ္ထုသေးသေးလေးမှာ ကင်မရာရှေ့ ဖြတ်လျှောက်သွားပြီး မြင်ကွင်း ဆုံးသွားသည်အထိ ပြပါသည်။ အမှောင်မပြယ်သေးသည့် အရုဏ်ဦး အလင်းမြင်ကွင်းကိုလည်း ဂီတသံဖြင့်ပင် ဖွဲ့၍ သွားပါသည်။

ရုပ်ရှင်ကြည့်သောပရိသတ်မှာ ဇာတ်ကားအမည်က “နှမလက်လျှော့ နေလေ တော့”၊ ဇာတ်လိုက်မင်းသားနာမည်က “သိန်းတန်” ဆိုတော့ အားကြိုးမာန်တက် ချီတက်လာကြပြီး ကြည့်ကြကာ ရုပ်ရှင်အပြီး ရုံအပြင်ပြန်ထွက်လာတော့ ဒေါသ ကုမ္မာရ မျက်နှာတွေနဲ့။ တွေ့မရှောင် တွယ်ကြမည့်ပုံနှယ်။

ထိုဇာတ်ကား ရုံတင်ပြသသော သွင်ရုံတစ်ဝိုက်သို့ ကျွန်တော်နှင့် ကိုဘိုကြီး (ဗိသုကာ၊ ယခုဆရာတော်ဘုန်းကြီး) တို့ မကြာခဏသွား၍ ချောင်းကြပါသည်။ ကိုဘိုကြီးကပင် “ဟေ့.. စိန်သိမ်း၊ ကျုပ်တို့ကို ခင်မောင်ရင်နဲ့ ပတ်သက်မှုရှိသူ တွေမှန်းမသိစေနဲ့နော်”ဟု နောက်ပြောင် ပြောပါသည်။

သို့သော် ထိုဇာတ်ကားကို သုံးသပ်ကြည့်ပါက ဇာတ်ကားအဖွင့်မြင်ကွင်း၌ ပင်လျှင် အချိန်၊ ဂီတ၊ အရာဝတ္ထုတို့ကို စုပေါင်းထားခြင်းက "abstract" ရုပ်ရှင် ဆန်လှပါပေသည်။ ပန်းချီတွင်မူ ပုံတူမဟုတ်ဘဲ သဏ္ဌာန်မဲ့ "non objective"၊ ဂီတတွင်မူ တေးသွားမဲ့ဂီတ "without melody" များကို ဖော်ညွှန်းသွားတာ ဖြစ်ပါလိမ့်မည်။ ဇာတ်ကား၏ နောက်ဆုံးပိုင်း ဇာတ်သိမ်းတွင်လည်း ကြည့်ပါ။ မောင်သိန်းတန် သေဆုံးသောအခါ ရိုက်ကွင်းသည် နေဝင်ဆည်းဆာဆီသို့မောင်သိန်းတန်သည် လက်တစ်ဖက်မှ တိုက်ပုံအင်္ကျီကို ပခုံးနောက်သို့ပစ်၍ နေဝင် ရာ အရပ်သို့ ကင်မရာ ကျောပေး၍ သွားနေသည့် မြင်ကွင်း၊ နေဝင်ချိန်နှင့် သူ့ဘဝ သည် ထပ်တူထပ်မျှ ဘဝတူဖြစ်စဉ်ကိုပြသော အခန်းဖြစ်ပြီး၊ နောက်ခံဂီတမှာ ရုရှားဂီတ စန္ဒရားပညာရှင်ကြီး ရဂ်မာနီနော့ဗ် (Rachmaninoff) ၏ Piano Concerto No. 2, C Minor 1st Movement ဖြစ်ပါသည်။ ထိုဂီတမှာ ဂီတသံစုံ၏ အနိမ့်ဆုံးအပိုင်းကို အလေးထားဖွဲ့နွဲ့သော Composition ဖြစ်၍ နေဝင်ဆည်းဆာချိန် သိန်းတန်၏ ဘဝနိဂုံးကို ဂီတသံ “အမှောင်ရောင်”ဖြင့် စုပေါင်း ၍ တင်ပြသွား သည်ဟုပြော၍ ရပါသည်။ သို့သော် ယခုအချိန် ကိုခင်မောင်ရင်ကို သွားမေးကြည့်ပါက ဖြေလိမ့်မည်မဟုတ်။ “လုပ်ချင်၍ လုပ်တာ”ဟုသာ ပြောမည် ထင်ပါသည်။

- စန္ဒရားသိမ်းမောင်

30/07/2026
အခုလို ရှင်းပြပေးတာ ကျေးဇူးပါ
14/07/2026

အခုလို ရှင်းပြပေးတာ ကျေးဇူးပါ

ကုန်နေတုန်းက လာလာမေးကြတဲ့ စာအုပ်အချို့လည်း ဆိုင်ကို ပြန်လည်ရောက်ရှိလာပါပြီ။ စာဖတ်သူတို့ စောင့်မျှော်နေကြတဲ့ စာအုပ်ကောင်း...
12/07/2026

ကုန်နေတုန်းက လာလာမေးကြတဲ့ စာအုပ်အချို့လည်း ဆိုင်ကို ပြန်လည်ရောက်ရှိလာပါပြီ။ စာဖတ်သူတို့ စောင့်မျှော်နေကြတဲ့ စာအုပ်ကောင်းတချို့နဲ့အတူ လတ်တလော ဆိုင်ကို ရောက်ရှိလာတဲ့ စာအုပ်စာရင်းအချို့ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

ที่อยู่

Aruna Bookclub CNX
Chiang Mai
50100

เวลาทำการ

จันทร์ 11:00 - 19:00
อังคาร 11:00 - 19:00
พุธ 11:00 - 19:00
พฤหัสบดี 11:00 - 19:00
ศุกร์ 11:00 - 19:00
เสาร์ 11:00 - 19:00
อาทิตย์ 11:00 - 19:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Aruna Bookclub CNX - အရုဏผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์