04/01/2025
ဘဝမှာ ဘယ်သူနဲ့ပဲဆုံဆုံ
ကောင်းခြင်းနဲ့ပဲဆုံတွေ့ချင်တယ်
ဆုံတွေ့စဥ် ခဏလေးမှာ
ပျော်ပျော်ရွင်ရွှင်လေးနဲ့
ရယ်ရယ်မောမောနဲ့ပဲနေချင်တယ်
လူတိုင်းကိုယ့်အပေါ်
ကောင်းပေးနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်
လူတချို့ကို နားလည်မှု့နဲ့
ကိုယ်ကောင်းခဲ့တာပဲဆိုပြီး ကျေနပ်ပေးလိုက်တယ်
လာလမ်းမတူ ပြန်လမ်းမတူကြတဲ့
အခြေအနေတစ်ခု ဆုံခွင့်သာအခိုက်လေးမှာ
အမုန်းမရှိပဲ အေးအေးချမ်းချမ်း
နေချင်တယ်
Crd