08/06/2026
အချိန်တိစော် ကုန်လားခစော်
တစ်နှစ်ပီး တစ်နှစ် အချိန်တိယာ ကုန်လားယေ
ဘဝလမ်းခရီးက ရေရေ ရာရာ မဟိ"
လွန်ခယေ လေးနှစ်လောက်က မက်ခယေ
အိမ်မက်ချေ တစ်ခုစော် အဂု ပြန်လိုက်ရှာလို့
မရလိုက်ယေ အခြေအနေ
အကြောင်း ကြောင်း ကြောင့်
အိမ်နန့် ဝီးလားခယေ လူငယ်တိ
ဒေအချိန်မှာ သတိ အရဆုံးက ကိုယ့်အိမ်
ကိုယ့်ပြည် ကိုယ့်မြီ ကိုယ့်ရီ
ဇာပိုင်ပင် ဖြစ်ဖြစ် တစ်နိန့် အရောက်လာခပါဖို့သိမ့်
ရခိုင်ပြည်ကြီး။