05/12/2026
US to Myanmar
Feb 8th cutoff date နဲ့ ပေးပို့ထားပြီး
Feb 17th လေယာဉ်တင်ထားတဲ့ ပစ္စည်းများအတွက်
ကြာချိန်ကို ပုံမှန် လမ်းကြောင်းကောင်းရင် တစ်လ-တစ်လခွဲ
ကြာမည်ဖြစ်ပြီး လမ်းကြောင်းအခြေအနေနဲ့
နိုင်ငံရေးအခြေအနေ အရပ်ရပ်ကြောင့်
ကြာရင်တော့ကြာသလိုပါ ဆိုပြီး မှ လက်ခံထားပါတယ်ခင်ဗျာ။
ပစ္စည်းလက်ခံစဉ်ကလဲ ခရီးလမ်းကြောင်း
ကြာချိန် ခန့်မှန်းရခက်လို့
အရေးကြီး အချိန်မီ လိုချင်သောပစ္စည်းများ၊
ကြာရှည်အထားမခံသောပစ္စည်းများ၊
အလျင်လိုသော ပစ္စည်းများ မပေးပို့ပါရန်နှင့်
ကြာမှာကိုလက်ခံနိုင်မှ ပေးပို့ပါရန် ပြောပြီးမှ
ပစ္စည်းလက်ခံထားပါတယ်ခင်ဗျာ။
ပစ္စည်းတွေက မြန်မာဘက်အခြမ်း တစ်နေရာမှာ
လုံခြုံစွာရှိနေပါတယ်။
Custom အသိမ်းအဆည်းအပါအဝင်
ရန်သူမျိုး၅ပါး နဲ့ လမ်းခရီး ပျက်ဆီး၊ပျောက်ဆုံး အတွက်
တာဝန်ယူ မဖြေရှင်းပေးပေမယ့်
စိတ်ချရတဲ့ မြန်မာဘက်အခြမ်း သယ်ယူပို့ဆောင်ရေး
ကိုအပ်ထားပါတယ်ခင်ဗျာ။
ကားကြီး နဲ့ ဆက်ဆင်းလာလို့မရသေးလို့
အချိန်တစ်ခုအကြာထပ်စောင့်ရပါဦးမယ်ခင်ဗျာ။
ရောက်တာက ရောက်မှာပါ ခင်ဗျာ။
ကျွန်တော်တို့လဲ မြန်မြန်ရောက်ချင်ပါတယ်။
ဘယ်လိုမှ မတတ်နိုင်တဲ့ အနေအထား ဖြစ်နေလို့ပါ။
လမ်းကြောင်းအခြေအနေ ကအခုတလောပိုကြပ်နေပြီး
ဆက်ဆင်းလာလို့မရလို့ပါခင်ဗျာ။
မြန်မာနိုင်ငံရေး policy တွေ ကလည်း
အချိန်နဲ့ အမျှ ပြောင်းလဲနေတဲ့အတွက် ဘာမှ တပ်အပ် အတိအကျ ပြောလို့မရနေလို့ပါ။
စိတ်ရှည်ရှည် နဲ့ ယုံယုံကြည်ကြည် စောင့်ပေးတဲ့
Customer တစ်ဦးချင်းစီတိုင်းကို
အားနာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။