Su Hlaing Gem and Jewellery

  • Home
  • Su Hlaing Gem and Jewellery

Su Hlaing Gem and Jewellery မိုးကုတ်ကျောက်မျက်ရတနာပစ္စည်းများ?

02/08/2026

Customer order 😊🙏

22/07/2026

Natural Mogok Sapphire ( Brilliant cut ) with gold ring for men 💍😊
ရတုများအဆက်ဆက် ချစ်မေတ္တာတွေတိုးပွါးပါစေ 😊🙏

အကောင့်ထဲက Gentlemen တို့အတွက်သတင်းကောင်း 😂ကမ္ဘာ့ဖလားက မင်မင်တို့ငယ်ငယ်ထဲက စွဲလမ်းရတဲ့ဘောလုံးပွဲစဉ်တွေပါ ခုဆိုရင် ကမ္ဘာ့...
18/07/2026

အကောင့်ထဲက Gentlemen တို့အတွက်သတင်းကောင်း 😂
ကမ္ဘာ့ဖလားက မင်မင်တို့ငယ်ငယ်ထဲက စွဲလမ်းရတဲ့ဘောလုံးပွဲစဉ်တွေပါ
ခုဆိုရင် ကမ္ဘာ့ဖလားမှာ ကိုယ်တိုင်မပါဝင်ရပေမယ့် ချန်ပီယံ vibe အပြည့်နဲ့ လက်စွပ်ကြီးကို တစ်ဦးတည်း ပိုင်ဆိုင်နိုင်ဖို့ မင်မင်နဲ့ဆက်သွယ်လိုက်ပါနော် 😂😁 မင်မင်ကိုယ်တိုင်လဲ ဘောလုံးဆိုငယ်ငယ်က ကျောင်းပြေး အဲလေ ညလုံးပေါက်အားပေးသူမို့ အိမ်မက်တွေကို အကောင်းဆုံး အလှဆုံး ဖန်တီးပေးဖို့အသင့်ပါကွယ် 🙏☺️💙

ချန်ပီယံအသင်းအတွက် ကမ္ဘာ့ဖလားလက်စွပ်များ ပေးအပ်မည်၊ ထရမ့် တက်ရောက်မည်ဟု အတည်ပြု

BBC

ဖီဖာ (Fifa) က အာဂျင်တီးနားနဲ့ စပိန်တို့ရဲ့ တနင်္လာနေ့ ဗိုလ်လုပွဲမှာ အနိုင်ရအသင်းကို ကမ္ဘာ့ဖလားလက်စွပ်တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လည်း တက်ရောက်မှာပါ။

ချန်ပီယံလက်စွပ်ပေးအပ်မှုဟာ အမေရိကန် အားကစားရဲ့ အစဉ်အလာတခု ဖြစ်ပြီး၊ နာမည်ကျော် NFL ရဲ့ Super Bowl ချန်ပီယံတွေကိုလည်း အခုလိုမျိုး ပေးအပ်ချီးမြှင့်လေ့ ရှိပါတယ်။

ကမ္ဘာ့ချန်ပီယံ ဖြစ်လာမယ့် အသင်းအတွက် လက်စွပ်အကွင်း ၃၀ စီစဉ်ပေးသွားမှာ ဖြစ်သလို၊ ပရိသတ်တွေအတွက်လည်း နောက်ထပ် လက်စွပ်အကွင်းပေါင်း ၁,၉၉၆ ကွင်းကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။ လက်စွပ်တကွင်းချင်းစီမှာ ကမ္ဘာ့ဖလားပုံစံငယ်လေး ပါဝင်မှာဖြစ်ပြီး အတွင်းပိုင်းမှာလည်း စာသား ထွင်းထုထားမှာပါ။

ဆုဖလား ပေးအပ်ချီးမြှင့်မယ့် သမ္မတ ထရမ့်အနေနဲ့ ကျင်းပပြီးစီးခဲ့တဲ့ ကမ္ဘာ့ဖလား ပွဲစဉ် ၁၀၂ ပွဲလုံးကို တပွဲမှ လာမတက်သလို အမေရိကန်အသင်း ဘယ်လ်ဂျီယံကို ရှုံးပြီး ၁၆ သင်းအဆင့်က မထွက်ရခင် အသင်းရဲ့ ပွဲစဉ်အားလုံးကိုလည်း လွဲခဲ့ပါတယ်။

လက်ရှိမှာ ကနေဒါတောမီးကြောင့် လေထုအရည်အသွေး ဆိုးရွားနိုင်တဲ့ ရာသီဥတု သတိပေးချက်ကို နယူးယောက်မြို့မှာ ထုတ်ပြန်ထားပေမဲ့ MetLife ကွင်းမှာ ကျင်းပမယ့် ဗိုလ်လုပွဲအပေါ် သက်ရောက်မှုရှိနိုင်တယ်ဆိုတဲ့ အရိပ်အယောင်တော့ မရှိသေးပါ။

ဖီဖာဥက္ကဋ္ဌ ဂျီယာနီ အင်ဖန်တီနိုက ထရမ့် ဗိုလ်လုပွဲ တက်မယ်လို့ ကြိုတင်ပြောကြားထားသလို၊ အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းရေးမှူး ကာရိုလိုင်း လီဗစ် ကလည်း သမ္မတ တက်ရောက်မှာဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

အင်ဖန်တီနိုနဲ့ ထရမ့်တို့အကြား ဆက်ဆံရေးဟာ ဒီနွေရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကြီးမားဆုံး အငြင်းပွားဖွယ်ရာ ကိစ္စရပ်တခု ဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ရဲ့ အနီကတ်ကို ပြန်လည်သုံးသပ်ပေးဖို့ အမေရိကန်သမ္မတက ဖီဖာဥက္ကဋ္ဌထံ ဖုန်းဆက် တောင်းဆိုခဲ့လို့ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဘာလိုဂန်ရဲ့ အလိုအလျောက် ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ပေးဖို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာကြောင့် ပြိုင်ပွဲရဲ့ မျှတမှုအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာပြီး ဒါနဲ့ပတ်သက်လို့ အပြင်းအထန် ဝေဖန်ခံခဲ့ရပါတယ်။

ဘာလိုဂန်ဟာ ဘယ်လ်ဂျီယံနဲ့ ရှုံးထွက်ပွဲစဉ်မှာ ပါဝင်ကစားခွင့် ရရှိခဲ့ပေမဲ့ အမေရိကန်ကတော့ ၄-၁ ဂိုးနဲ့ အပြတ်အသတ် ရှုံးခဲ့ပါတယ်။

ပြင်သစ်နဲ့ အင်္ဂလန်တို့ကလည်း မိမိတို့ကစားသမားတွေရဲ့ အလားတူ ဖြစ်ရပ်တွေကို ပြန်လည်သုံးသပ်ပေးဖို့ အယူခံဝင်ခဲ့ကြပေမဲ့၊ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘာလိုဂန်ကလွဲလို့ အခြားဘယ် အဝါကတ်၊ အနီကတ် ပြစ်ဒဏ်ကိုမှ ဆိုင်းငံ့ပေးတာမျိုး မရှိပါ။

ထရမ့်ဟာ သူ့ရဲ့ သမ္မတသက်တမ်း နှစ်ခုအတွင်း Super Bowl၊ US Open တင်းနစ်ပြိုင်ပွဲ၊ NBA ဗိုလ်လုပွဲတွေနဲ့ Ryder Cup အပါအဝင် အားကစားပွဲကြီးတွေကို တက်ရောက်လေ့ရှိသလို UFC ကိုလည်း အိမ်ဖြူတော်မှာ ဧည့်ခံကျင်းပပေးတဲ့ သမိုင်းကြောင်း ရှိနေပါတယ်။

အိမ်ရှင် နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွေကို တက်ရောက်အားပေးတာက ပုံမှန်အလေ့အထတခုပါ။

လက်ရှိ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်က ကနေဒါ၊ မက္ကဆီကိုတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပတာဖြစ်ပြီး နောက်ဆုံး ပွဲစဉ်နှစ်ပွဲလုံးကို အမေရိကန်မြေမှာပဲ ယှဉ်ပြိုင်ကစားကြမှာပါ။

တတိယနေရာလုပွဲအဖြစ် အင်္ဂလန်နဲ့ ပြင်သစ်ပွဲစဉ်ကို စနေနေ့ (မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ နံနက် ၃း၃၀ နာရီ) မှာ မိုင်ယာမီမှာ ကစားမှာဖြစ်ပြီး၊ အာဂျင်တီးနားနဲ့ စပိန်တို့ရဲ့ ဗိုလ်လုပွဲစဉ်ကိုတော့ တနင်္ဂနွေနေ့ (မြန်မာစံတော်ချိန် တနင်္လာနေ့ နံနက် ၁း၃၀ နာရီ) မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

#ချန်ပီယံအသင်း
#ကမ္ဘာ့ဖလားလက်စွပ်
# #မဇ္ဈိမသတင်းဌာန

ဘုန်းရှင်ကံရှင် တီလေးရဲ့ ပတ္တမြားစိန်ကြိုး + ဟန်းချိန်းလေးပါရှင် 💕😊 ရတနာလေးတွေမှာ သူ့ပိုင်ရှင်ကိုယ်စီရှိတယ်ဆိုတာအမှန်ပါ၊...
17/07/2026

ဘုန်းရှင်ကံရှင် တီလေးရဲ့ ပတ္တမြားစိန်ကြိုး + ဟန်းချိန်းလေးပါရှင် 💕😊
ရတနာလေးတွေမှာ သူ့ပိုင်ရှင်ကိုယ်စီရှိတယ်ဆိုတာအမှန်ပါ၊ သူရွေးခြယ်လိုက်တဲ့ရတနာတစ်ခုကိုကြည့်ပြီး လူတစ်ယောက်ရဲ့ စိတ်နေသဘောထား lifestyle ကိုခန့်မှန်းလို့ရတာကလဲ ရတနာတွေရဲ့ထူးခြားတဲ့စွမ်းရည်တွေထဲက တစ်ခုပါ 😊💕
အရမ်းမကြီးပေမယ့် ပွင့်စင်သန့်နေတဲ့ Quality ကျောက်လေးရယ်၊ ရိုးရိုးရှင်းရှင်းပေမယ့် တည်ငြိမ်ခန့်ညားတဲ့ Design လေးရယ်က ဒီအထည်လေးရဲ့ ထူခြားချက်ဆိုလဲ မမှားပါဘူး 😊
လူတိုင်း ကိုယ်နဲ့ထိုက်တဲ့ရတနာလေးတွေ ကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေ 🙏😊💕

Credit to original artist 🙏☺️အဲ့ပုံလေးကြွေနေတာ ခပ်ကြပါလားချစ်တို့ ( လာမအပ်ရင် ရှိတာနဲ့ ကွကိုယ်ခပ်ချင်နေတာ 😂😬 For me တွေမ...
14/07/2026

Credit to original artist 🙏☺️
အဲ့ပုံလေးကြွေနေတာ ခပ်ကြပါလားချစ်တို့ ( လာမအပ်ရင် ရှိတာနဲ့ ကွကိုယ်ခပ်ချင်နေတာ 😂😬 For me တွေများပြီး အိမ်ကကန်ချခံရမှာဆိုးလို့ )
ဒီရက်ပိုင်း ရွှေစျေးလေးလဲကျ၊ စိန်စျေးလေးလဲသင့်နေချိန် ဒါမျိုးလေးတွေခပ် အတော်ပဲနော် ချစ်တို့ ☺️

မိုးကုတ်သဘာဝ ပတ္တမြားပန်းရည်ထက်နဲ့စိန်ကြိုးလေး Work in process လေးတောင်အတော်လှနေပါပြီ ☺️💕 ဒါပေမယ့် ဂျီးထူတဲ့မင်မင်က rele...
13/07/2026

မိုးကုတ်သဘာဝ ပတ္တမြားပန်းရည်ထက်နဲ့စိန်ကြိုးလေး Work in process လေးတောင်အတော်လှနေပါပြီ ☺️💕 ဒါပေမယ့် ဂျီးထူတဲ့မင်မင်က release မလုပ်သေးပါဘူး 😂 အဝေးကနေ လူမမြင်ဘူးပဲအပ်တဲ့အော်ဒါလေးမို့ လည်ပင်းအနေအထားရယ် ကြိုးအတိုအရှည်ကို fitting မချရသေးတာရယ်၊ အဓ်ကက ကာကာလေးလက်ထဲမထည့်ခင် quality check လုပ်ရင်း ပိုကောင်းတဲ့ စိတ်ကူးစိတ်သန်းတွေကို အကောင်ဆုံးဖြစ်အောင်၊ order အပ်တဲ့သူ စိတ်ချမ်းသာမှု့အပြည့်ရအောင် ကြိုးစားနေလို့ Finished Good မရောက်သေးတာပါနော်😁
Multinational company ရဲ့ training လေး(လက်ကျန်ရယ်) ကိုယ်တိုင်က စိတ်ကျေနပ်မှု့အပြည့်နဲ့ မှ Customer လက်ထဲထည့်ချင်တာရယ်က ရင်ထဲက လာတဲ့စိတ်လေးမို့ပါ 😁 မကြာမီလာမည် … ဆက်ရန်ရှိသေးသည်ပေါ့ ☺️

မမတေလာရဲ့ နားကပ်လေးလို ပန်ချင်တယ်ဆို ဒီကိုလာနော် 😁 ကျောက်အသားပေး ရိုးရိုးလေးနဲ့လှပါတယ်၊ ခပ်ပြီးသားထည်လဲရနိုင်သလို အော်ဒါ...
06/07/2026

မမတေလာရဲ့ နားကပ်လေးလို ပန်ချင်တယ်ဆို ဒီကိုလာနော် 😁 ကျောက်အသားပေး ရိုးရိုးလေးနဲ့လှပါတယ်၊ ခပ်ပြီးသားထည်လဲရနိုင်သလို အော်ဒါလဲ လက်ခံဆောင်ရွက်ပေးပါတယ် ☺️
Credit to original creator

အသစ်ထွက် အော်ဒါထည်လေး 💕ပြောင်ရှင်းပွင့်ဆူတဲ့ ၈ လုံးစီးမိုးကုတ်သဘာဝ ပတ္တမြားကို စိန်ဖြူသန့် ၄၀ စီးနဲ့ခပ်ထားပါတယ် ရွှေအတင်...
24/06/2026

အသစ်ထွက် အော်ဒါထည်လေး 💕
ပြောင်ရှင်းပွင့်ဆူတဲ့ ၈ လုံးစီးမိုးကုတ်သဘာဝ ပတ္တမြားကို စိန်ဖြူသန့် ၄၀ စီးနဲ့ခပ်ထားပါတယ်
ရွှေအတင် ၇ ပဲပါရှင် 😍☺️

ကျောက်ပေးအပ် မိုးကုတ်သဘာဝနီလာလေးကို ကာကာလေးစိတ်ကြိုက်စိန်လေး သုံထပ်ပတ်ထားတဲ့ ရိုးရှင်းတဲ့ လက်စွပ်လေးပါရှင် ☺️💍🙏
20/06/2026

ကျောက်ပေးအပ် မိုးကုတ်သဘာဝနီလာလေးကို ကာကာလေးစိတ်ကြိုက်စိန်လေး သုံထပ်ပတ်ထားတဲ့ ရိုးရှင်းတဲ့ လက်စွပ်လေးပါရှင် ☺️💍🙏

ရိုးရိုးရှင်းရှင်းနီလာဖြူ တစ်ပွင့်နားကပ်လေးပါရှင် ☺️ဒီနေ့မှအသစ်ထွက်တဲ့ အပ်ထည်လေးပါ ☺️🙏
20/06/2026

ရိုးရိုးရှင်းရှင်းနီလာဖြူ တစ်ပွင့်နားကပ်လေးပါရှင် ☺️
ဒီနေ့မှအသစ်ထွက်တဲ့ အပ်ထည်လေးပါ ☺️🙏

Address


11061

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30
Sunday 09:00 - 17:30

Telephone

+9595417682

Website

Alerts

Be the first to know and let us send you an email when Su Hlaing Gem and Jewellery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Su Hlaing Gem and Jewellery:

Shortcuts

  • Want your business to be the top-listed Shop?

Share