13/08/2023
အားဆေးသွင်းပေးလားဆရာ
ဒီမေးခွန်း မကြာခဏ အမေးခံနေရပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် အားဆေးသွင်းတာကို အရမ်းကြီး အားပေးတဲ့ဆရာဝန်တစ်ဦး မဟုတ်ပါဘူး။ ဒါပေမယ့် အားဆေးမထိုးသင့်ဘူး ဆိုပြီးလဲ ဇွတ်ငြင်းနေတဲ့အထဲလဲ မပါဘူးခင်ဗျ
သွင်းသင့်သူကိုသွင်းမယ်။ မသွင်းသင့်သူကို မသွင်းဘူး
သွင်းခါနီးမှာ ကိုယ်ခန္ဓာမှာ ဘာတွေဖြစ်နေတယ်။ အားဆေးသွင်းဖို့သင့်ရဲ့လား။ ဘယ်လောက်ပမာဏနဲ့ ဘယ်လောက်အတိုင်းအတာနဲ့ သွင်းမယ်။ ဘာဆေးတွေသုံးမယ်ဆိုတာကို သေချာစမ်းသပ်စစ်ဆေးပြီးမှပဲ သွင်းပါတယ်။
Amino Acid လိုတာလား၊ Vitaminလိုတာလား၊ သာမာန်ရေဓာတ်လိုနေတာလား၊ သကြားဓာတ်လိုနေတာလား၊
ဆေးသွင်းလိုက်ရင် နှလုံးကခံနိုင်မှာလား၊ အဆုတ်ကရော ကောင်းရဲ့လား၊ သွေးတွင်းသကြားပမာဏ ထိုးတက်မလား၊ စသော စသော ပြဿနာတွေကို အတွေ့အကြုံ၊ ပညာနဲ့ယှဥ်ပြီးမှသာ သွင်းသင့်မသွင်းသင့် ဆုံးဖြတ်ပြီး ကုသပေးပါတယ်ခင်ဗျ
အားလုံးပဲ ကျန်းမာသုခ ပြည့်စုံကြပါစေ
Dr. Nay(GP)