FLEABAG-Off The Streets

FLEABAG-Off The Streets Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FLEABAG-Off The Streets, Shopping & retail, UAE, Abu Dhabi.

We personally source authentic sneakers,discounted Tee, accessories, and other sale items from stores across Dubai and All over UAE, then offer them to our customers at affordable prices.

Nike x Gundum 🤖Gundum လို့ကြားလိုက်တာနဲ့လူတော်တော်များများက Giant Robot ကြီးတွေ Space battles တွေပြည့်နေတဲ့Childhood Ani...
22/08/2026

Nike x Gundum 🤖

Gundum လို့ကြားလိုက်တာနဲ့လူတော်တော်များများက Giant Robot ကြီးတွေ Space battles တွေပြည့်နေတဲ့
Childhood Anime Franchise တစ်ခုကိုပြေးမြင်မိကြမှာပါ

အပေါ်ယံကြည့်ရင်တော့ Red,White and blue စတဲ့ colorway ကိုအခြေခံထားတဲ့ဖိနပ်တစ်ရံလို့ဘဲမြင်ရမာပါ
ဒါပေမယ့်….
သေသေချာချာအသေးစိတ်ကြည့်တတ်ရင်တော့ Nike X Gundam မှာ Gundam ရဲ့ design language တော်တော်များများကိုတွေ့ရတယ်

Gundam ရဲ့armor panel တွေလိုခွဲထားတဲ့ details တွေ Robotic ဖစ်တဲ့ Mechanical Feeling တွေကြောင့် Nike ဖိနပ်တစ်ရံဆိုတာထက် Gundam verse ရဲ့ Mobile Suit တစ်စီးကို ခြေထောက်မှာဝတ်ထားသလိုခံစားရစေမှာပါ
အထူးခြားဆုံး detail ကတော့ Nike Swoosh ဘဲ..
ပုံမှန် Nike ဖိနပ်တော်တော်များများမှာပေါ့ Swoosh ကပုံမှန်အတိုင်းရှိနေပေမယ့် Gundam-inspired Dunk မှာတော့ swoosh ကို customize လုပ်နိုင်တဲ့ concept ပါလာတာဘဲ
Gundam ရဲ့ “customize your mobile suit” ဆိုတဲ့ feeling ကိုတောင်ပြန်ရစေတယ်

စဉ်းစားကြည့်ရင် Gundam တစ်စီးကို pilot တစ်ယောက်က ကိုယ့်ရဲ့ကိုယ်ပိုင် style နဲ့ customizeလုပ်သလို-ဖိနပ်ကိုလည်း ကိုယ့် style နဲ့ကို customization ပြန်လုပ်လို့ရနေမှာ

ဒါကြောင့်ဘဲ ဒီ Nike X Gundam collaboration က brand နှစ်ခုကိုပေါင်းတယ်ဆိုတာထက်
Nike ရဲ့ streetwear culture နဲ့
Gundam-Verse ကိုဖိနပ်တစ်ရံထဲမှာထည့်ထားတာလို့ပြောရမယ်

2021 ခုနှစ် Gundam x Nike concept စထွက်လာတုန်းက Sneakers fans တွေကြားတော်တော် Hype ခဲ့တယ်
Nike streetwear culture နဲ့ Gundam ရဲ့ anime/mecha culture စတဲ့ မတူညီတဲ့ culture နှစ်ခု မတူညီတဲ့ world နှစ်ခုကိုပေါင်းလိုက်တော့-
အခုလိုမတူညီတဲ့ unique sneaker တစ်ရံထွက်လာတာဘဲ

အဆုံးမှာတော့မေးစရာရှိတာက Nike x Gundam က
Sneakers တစ်ရံလား 👟
(Or)
Gundam ရဲ့ Mini Mobile Suit 🦿လားဆိုတာဘဲ

Peace out ✌️

👟 Converse Chuck Taylor All Star1908 — The BeginningRubber footwear တွေကို အဓိကထုတ်လုပ်တဲ့ company လေးတစ်ခုက…တစ်နေ့ကျရင်...
08/07/2026

👟 Converse Chuck Taylor All Star

1908 — The Beginning

Rubber footwear တွေကို အဓိကထုတ်လုပ်တဲ့ company လေးတစ်ခုက…

တစ်နေ့ကျရင် generation ပေါင်းများစွာရဲ့ culture ကို ကိုယ်စားပြုလာမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး

1917

Basketball က အမေရိကမှာ စတင်ကြီးထွားလာတဲ့အချိန်…

Converse က All Star ကို စတင်မိတ်ဆက်ခဲ့တယ်

ဒီဖိနပ်ကို legend ဖြစ်စေတာ design တစ်ခုတည်းကြောင့် မဟုတ်ခဲ့ဘူး

1921 — The Legacy Begins

Basketball player Chuck Taylor က Converse နဲ့ လက်တွဲခဲ့တယ်

Chuck Taylor က သာမန် basketball player တစ်ယောက်ပဲ မဟုတ်ခဲ့ဘူး

သူဟာ အမေရိကတစ်ဝှမ်းကို လှည့်လည်ပြီး basketball ကို သင်ကြားပေးခဲ့တယ်
Court တိုင်းမှာ All Star ကို မိတ်ဆက်ခဲ့တယ်
Players တွေနဲ့ coaches တွေဆီက feedback တွေကို စုဆောင်းပြီး Converse ဆီ ပြန်လည်မျှဝေခဲ့တယ်
အဲဒီ feedback တွေကပဲ လိုအပ်ချက်တွေကိုပြင်ဆင်ခွင့်ရခဲ့ပြီး All Star ကို ပိုကောင်းတဲ့ basketball shoe တစ်စုံ ဖြစ်လာအောင် ကူညီပေးခဲ့တယ်

1932

All Star ဟာ basketball court တွေမှာ လူသိများလာချိန်…မှာတော့

Converse က Chuck Taylor ရဲ့ signature ကို All Star ရဲ့ ankle patch ပေါ်မှာ ထည့်သွင်းပေးခဲ့တယ်

အဲဒီနေ့ကစပြီး…

ကျနော်တို့ all star ဖိနပ်တွေမှာ မြင်မြင်နေရတဲ့ Chuck Taylor ဆိုတဲ့ နာမည်ဟာ sneaker history ထဲမှာ စတင်ရေးသားခံခဲ့ရတာဘဲ

သမိုင်းက အဲဒီမှာ မရပ်သေးဘူး

World War II

စစ်ဖြစ်ပွားလာတဲ့အချိန်…

Converse ဟာ civilian sneaker ထုတ်လုပ်မှုကို လျှော့ချပြီး အမေရိကန်စစ်တပ်အတွက် military training footwear နဲ့ rubber products တွေကိုလည်း ထုတ်လုပ်ပေးခဲ့တယ်

စစ်ပြီးတဲ့နောက်…

Converse ဟာ basketball court ကို comeback အနေနဲ့ ပြန်လာခဲ့တယ်

ဒါပေမယ့်…

Chuck Taylor ဟာ basketball shoe တစ်စုံအဖြစ်ပဲ မကျန်ရှိတော့ဘဲ

Music…
Punk…
Rock…
Skate…
Streetwear…

အစရှိတဲ့ Culture တစ်ခုချင်းစီက ဒီဖိနပ်ကို ကိုယ့်ပုံစံနဲ့ကိုယ် ပြန်လည်အဓိပ္ပာယ်ဖွင့်ခဲ့ကြတယ့်
အချိန်ကစပြီး…

Converse Chuck Taylor All Star ဟာ trend တစ်ခုထက် ပိုတဲ့ culture icon တစ်ခုဖြစ်လာခဲ့တယ်

Converse Chuck Taylor All Star ဆိုတာက သာမှန်စစ်ဘက်သုံး sports ဘက်သုံး အကြမ်းခံတဲ့ဖိနပ်တစ်ရံ တင်မဟုတ်ခဲ့ဘဲ Generation ပေါင်းများစွာကို ဖြတ်သန်းလာခဲ့တဲ့…

Sneaker history ထဲက အရှည်ကြာဆုံးနဲ့ underrated အဖြစ်ဆုံး legend sneakers တွေထဲက တစ်ခုပါဘဲ

Peace out. ✌️

🏷️ Air Jordan 1 High OG “Lost & Found”Sneaker နဲ့ streetwear culture ကို ပြောမယ်ဆိုရင် Jordan ရဲ့ Chicago colorway ကို က...
06/07/2026

🏷️ Air Jordan 1 High OG “Lost & Found”

Sneaker နဲ့ streetwear culture ကို ပြောမယ်ဆိုရင် Jordan ရဲ့ Chicago colorway ကို ကျော်ပြီးပြောလို့ မရဘူး

Lost & Found က OG Chicago ကို remake လုပ်ထားတဲ့ pair တစ်စုံထက် ပိုတဲ့ meaning တစ်ခုကို သယ်ဆောင်ထားတာ

Concept ကတော့…

တစ်ချိန်က sneaker store တစ်ခုရဲ့ stockroom အနောက်ဘက်မှာ နှစ်ပေါင်းများစွာ မထိမကိုင်ဘဲ မေ့ကျန်နေခဲ့တဲ့ pair တစ်စုံကို အခုမှ ပြန်ရှာတွေ့လိုက်တဲ့ feeling ကို အပြည့်အဝ ပြန်ဖန်တီးထားတာ

ဒါကြောင့်လည်း…

• Collar မှာ cracked leather ကို အသုံးပြုထားတယ်
• Midsole ကို vintage look ပေးထားတယ်
• Box ကိုပါ အဟောင်းပုံစံနဲ့ ဖန်တီးထားပြီး lid ကအစ ပျောက်သွားလို့ တခြား box တစ်ခုကနေ အစားထိုးထားသလို design လုပ်ထားတဲ့အပြင် Vintage receipt အထိ ထည့်ပေးထားတာက ဒီ pair ရဲ့ story ကို ပိုပြီး complete ဖြစ်စေတာဘဲ

Colorway ကတော့ 1985 Chicago OG ရဲ့ အနီ၊ အဖြူ၊ အနက် combination ကို မပြောင်းလဲဘဲ အမွေဆက်ခံထားတာကြောင့် ဘယ်ခေတ်ရောက်ရောက် timeless ဖြစ်နေတဲ့ pair တစ်စုံပါဘဲ

တချို့လူတွေအတွက်တော့ Chicago colorway က အဖြူအနီကြီးရိုးလွန်းတယ်၊ outfit တွဲရခက်တယ်၊ bright ဖြစ်လွန်းတယ်ဆိုပြီး မကြိုက်ကြတာရှိတယ်

တကယ်တော့ ကျွန်တော်ကိုယ်တိုင်လည်း အစပိုင်းမှာ ဒီ colorway ကို သိပ်မကြိုက်ခဲ့ဘူး

ဒါပေမယ့် sneaker culture နဲ့ Jordan history အကြောင်း ပိုလေ့လာမိလာတဲ့အချိန်မှာတော့ Chicago colorway ဆိုတာ အရောင်သုံးရောင်ပဲ မဟုတ်ဘူးဆိုတာ နားလည်လာတယ်

Michael Jordan ရဲ့ legacy၊ basketball culture၊ streetwear history နဲ့ sneaker culture ရဲ့ အရေးကြီးဆုံး chapter တွေထဲက တစ်ခုကို ကိုယ်စားပြုနေတဲ့ legendary colorway တစ်ခုကိုဖြစ်နေတာပါ

တချို့လူတွေက Lost & Found ဆိုတာ nostalgia ကို ရောင်းတာလို့ ထင်ကြတယ် တကယ်တမ်းတော့ lost and found က nostalgia ကို ရောင်းတာမဟုတ်ဘူး

Lost and found က Sneaker culture ရဲ့ history တစ်စိတ်တစ်ပိုင်းကို နောက်မျိုးဆက်တွေဆီ ပြန်လည်ပို့ဆောင်ပေးထားတဲ့ pair တစ်စုံဘဲ

တချို့ sneakers တွေက trend ကိုလိုက်တယ်

Jordan 1 Lost & Found ကတော့ trend မလိုဘဲ legend ဖြစ်နေတဲ့ pair တစ်စုံပါဘဲ

Collector တော်တော်များများရဲ့ wishlist ထဲမှာ Jordan 1 Chicago က အမြဲပါနေတဲ့ pair တစ်စုံဖြစ်ပြီး
ဒါကြောင့်လည်း Jordan 1 Lost & Found ကတော့ collector တိုင်းရဲ့ collection ထဲမှာ တစ်စုံတော့ရှိထားချင်တဲ့ iconic pair တစ်စုံဖြစ်လာခဲ့တာပါဘဲ

Peace out ✌️

🎱 Converse x Stüssy 8 BallStüssy လိုပြောလိုက်ရင် လူတော်တော်များများရဲ့အတွေးထဲအရင်ဝင်လာတာ သူ့ရဲ့ symbol နဲ့ logo ဘဲCollab...
05/07/2026

🎱 Converse x Stüssy 8 Ball

Stüssy လိုပြောလိုက်ရင် လူတော်တော်များများရဲ့အတွေးထဲအရင်ဝင်လာတာ သူ့ရဲ့ symbol နဲ့ logo ဘဲ

Collab တွေအများကြီးထဲကမှ ဒီ converse x Stüssy collab က တခြား collab တွေလို release လုပ် trend ဖစ်ပြီးသွားတာနဲ့ expire ဖစ်သွားတဲ့ pair မဟုတ်နေဘူး

အချိန်ဘယ်လောက်ကြာကြာ trend ဘယ်လောက်ပြောင်းပြောင်း classic timeless pair တစ်ရံအဖစ်ကျန်ရှိနေတဲ့ collab တစ်ရံလို့ပြောရင်လည်းမမှားဘူး

Converse ရဲ့ classic design ကို Stüssy ရဲ့ legendary 8 ball 🎱 တင်လိုက်တာဘဲ

အဲ့ဒီ 8 Ball 🎱 ကဘဲအကုန်လုံးကိုဆွဲတင်သွားတာ

Stüssy 🎱 ဆိုတာ graphic တစ်ခုထက်ကိုပိုနေတာ လူတော်တော်များများအတွက် ကျနော်အပါအဝင် Stüssy လို့ပြောလိုက်တာနဲ့ အရင်ဆုံးပြေးမြင်နေမှာ Stüssy ရဲ့ legendary 8 Ball 🎱 ဘဲ

Trends တွေဘယ်လောက်ဘဲပြောင်းပြောင်း Stüssy ရဲ့ 8 ball 🎱 ကတော့ ဘယ်တော့မှ ကြည့်ရရိုးသွားမယ့်အထဲမပါတဲ့ အမြဲ iconic ဖစ်နေမယ့် legendary symbol တစ်ခုပါဘဲ

Peace out ✌️

Streetwear လောကမှာ collab တွေ အများကြီးရှိတဲ့ထဲကမှ…တခြား brand တွေလို trend တစ်ခုတည်းအဖြစ် ရပ်တည်နေတာ မဟုတ်တဲ့ brandConv...
28/06/2026

Streetwear လောကမှာ collab တွေ အများကြီးရှိတဲ့ထဲကမှ…တခြား brand တွေလို trend တစ်ခုတည်းအဖြစ် ရပ်တည်နေတာ မဟုတ်တဲ့ brand

Converse x Fear of God Essentials

ESSENTIALS ရဲ့ design language ကို နားလည်ရင်၊ လူတွေ ဘာကြောင့် ဒီလောက်ရိုးရှင်းတဲ့ design ကိုတောင် အရမ်းနှစ်သက်နေကြလဲဆိုတာ သဘောပေါက်လာလိမ့်မယ်

Special graphics တွေ၊ flashy colors တွေ မသုံးထားဘဲ…

• Natural tone
• Premium canvas
• Timeless Chuck 70 silhouette

ဒီအရာတွေကိုပဲ အခြေခံပြီး clean & minimal design တစ်ခုကို ဖန်တီးထားတာကိုက next level လို့ပြောရမယ်

ESSENTIALS ရဲ့ philosophy ကိုက..

“Don’t let the clothes wear you.”

ဆိုတဲ့အတိုင်း၊ အဝတ်အစားက attention အားလုံးကို မယူဘဲ ဝတ်တဲ့သူရဲ့ personality နဲ့ confidence ကို ပိုထင်ရှားစေဖို့ ရည်ရွယ်ထားတာ

ဒါကြောင့်လည်း Converse × Fear of God ESSENTIALS collab ကဘယ်လို style ပဲဝတ်ဝတ် အလွယ်တကူ match လုပ်လို့ရတဲ့အပြင် everyday outfit တွေအတွက်လည်း timeless choice တစ်ခုလိုဖစ်နေတာဘဲ

တစ်ခါတလေ…

Luxury ဆိုတာ logo အကြီးကြီးတွေ၊ special design တွေကိုပဲ ဆိုလိုတာ မဟုတ်ဘူး

Confidence + Simplicity ကလည်း luxury တစ်မျိုးပါဘဲ

Peace out ✌️

“Why so sad?” 👟💔တစ်ခါတုန်းက skate culture ထဲမှာ အေးအေးလေး မွေးဖွားလာတဲ့ shoe တစ်စုံရှိတယ်Nike SB Dunk Low Pro QS “Why So...
24/06/2026

“Why so sad?” 👟💔

တစ်ခါတုန်းက skate culture ထဲမှာ အေးအေးလေး မွေးဖွားလာတဲ့ shoe တစ်စုံရှိတယ်

Nike SB Dunk Low Pro QS “Why So Sad?”

ဒီ pair က တခြား Dunk တွေလို hype ကိုလိုက်ဖို့ ဖန်တီးထားတာမဟုတ်ဘဲ story တစ်ခုကို carry လုပ်ထားတဲ့ sneaker တစ်စုံလို့ပြောရမယ်

Sneaker design ကို Nike SB နဲ့ professional skateboarder John Rattray တို့ ပူးပေါင်းဖန်တီးခဲ့တာဖြစ်ပြီး mental health awareness ကို ရည်ရွယ်ထားတဲ့ project တစ်ခုဆိုရင်လည်းမမှားဘူး

Skateboarding ဆိုတာ tricks တွေ၊ falls တွေ၊ pain တွေ၊ pressure တွေနဲ့ အမြဲယှဉ်တွဲနေတဲ့ sports တစ်ခုပါဘဲ

အပြင်လူတွေအတွက်ကတော့ skaters တွေကို “သူတို့က အမြဲပျော်နေကြတယ်” လို့ပဲ မြင်တတ်ကြတာကို ဒီ shoe ကပြန်မေးခွန်းထုတ်ထားတာပါ

“Why So Sad?”

Colorway ကိုကြည့်လိုက်ရင် blue tone နဲ့ calm vibe ကို ပေးထားတယ်
Wear လုပ်လာတာနဲ့အမျှ upper layer တွေ တဖြည်းဖြည်း reveal ဖြစ်လာပြီး အောက်က color တွေ ပေါ်လာတာကိုက sadness ကနေ healing ဆီကို တဖြည်းဖြည်း ရွေ့လျားသွားတဲ့ process ကို ကိုယ်စားပြုထားသလိုပါပဲ

ဒီ pair က hype ဖို့အတွက်မဟုတ်ဘူး

Flex ဖို့အတွက်လည်း မဟုတ်ဘူး

ဒါက reminder တစ်ခုဘဲ

လူတိုင်းက အချိန်တိုင်း OK ဖြစ်မနေဘူး

ဒါပေမယ့် အဲ့ဒါက normal ဘဲ

Streetwear culture ထဲမှာ sneakers design လှရုံတင်မဟုတ်ဘဲ story, emotion နဲ့ message တွေကိုပါ သယ်ဆောင်ထားတဲ့
Nike SB Dunk Low “Why So Sad?” ကလည်း အဲ့ဒီ Emotional pair တွေထဲက တစ်စုံပါပဲ

“Why So Sad?” ဆိုတာ question တစ်ခုထက်ပိုပါတယ်
တချို့လူတွေအတွက်တော့…

အဲ့ဒါက conversation တစ်ခုရဲ့ အစပါပဲ

Peace out ✌️

🕷️ Jordan 1 Origin Storyဒီနေ့မှာတော့ Spider-Man collab series တွေထဲက Iconic တစ်ရံလို့ သတ်မှတ်လို့ရတဲ့ Jordan 1 Origin St...
20/06/2026

🕷️ Jordan 1 Origin Story

ဒီနေ့မှာတော့ Spider-Man collab series တွေထဲက Iconic တစ်ရံလို့ သတ်မှတ်လို့ရတဲ့ Jordan 1 Origin Story အကြောင်း ပြောပြသွားမှာပါ

2018 ခုနှစ် Spider-Man: Into the Spider-Verse movie နဲ့အတူ ထွက်ရှိလာခဲ့တဲ့ ဒီ pair ဟာ Miles Morales စီးခဲ့တဲ့ Chicago Jordan 1 ကို inspiration ယူပြီး ဖန်တီးထားတဲ့ ဖိနပ်တစ်ရံပါဘဲ

First look မှာတော့ ရိုးရိုး Chicago colorway နဲ့ တူနေသလို မြင်ရပေမယ့် အနီးကပ်မှာ comic dots pattern တွေကို patent leather overlays ပေါ်မှာ ထည့်သွင်းထားတာကို တွေ့ရမှာပါ ဒီလို detail တွေကြောင့်လည်း Chicago colorway ကို မှ upgraded version တစ်ခုလိုတောင်ထင်မှတ်ရလောက်အောင် တော်တော်မိမိုက်နေတာဘဲဖစ်ပါတယ်

ဒီ detail ကပဲ comic book aesthetic နဲ့ sneaker culture ကို ချိတ်ဆက်ပေးထားတဲ့ အဓိက element လို့ ဆိုရမှာပါ

Jordan 1 Origin Story ဟာ loud design တွေ၊ crazy patterns တွေ မပါဝင်ပေမယ့် simplicity နဲ့ storytelling ကို အကောင်းဆုံးပြသနိုင်ခဲ့တဲ့ collab တစ်ရံလို့ ပြောရင် မမှားပါဘူး

Spider-Verse, Next Chapter နဲ့ အခြား Spider-Man Jordan တွေ မပေါ်ခင်ကတည်းက Spider-Man sneaker series ရဲ့ အစကို ဖွင့်ပေးခဲ့တဲ့ pair တစ်ရံလည်း ဖြစ်ပါတယ်

Sneakerheads တွေအတွက်ကတော့ Jordan 1 Origin Story ဟာ Spider-Man Jordan series ထဲမှာ အကောင်းဆုံး pair လို့ဆိုရင်တောင် မမှားပါဘူးကျွန်တော်ကိုယ်တိုင်လည်း Spider-Verse နဲ့ယှဉ်ရင် Origin Story ကပိုပြီး comic vibe ကို street style နဲ့ balance ဖြစ်အောင် ပေါင်းစပ်ထားတယ်လို့ ခံစားရတာတော့အမှန်ဘဲ

Chicago colorway ကြိုက်တဲ့သူတွေအတွက်တော့ ဘယ်လိုမှ ငြင်းဆန်လို့မရမယ့် sneaker တစ်ရံဖြစ်ပြီး collection ထဲမှာ သိမ်းထားသင့်တဲ့ pair တစ်ရံလည်း ဖြစ်ပါတယ်

🕸️ Origin Story or Spider-Verse?
ဘယ် pair ကို ပိုကြိုက်လဲ comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရသလို
တင်ပေးစေချင်တဲ့ Sneakers အကြောင်းတွေကိုလည်း comment မှာ ချပေးခဲ့လို့ရပါတယ်👇

Peace out ✌️

Jordan 1 Spider-Verse 🕷️Jordan 1 တွေထဲမှာ colorway အလန်းဆုံးတွေထဲက တစ်ရံလို့ ပြောလို့ရသလို Jordan Brand ကို sneaker cult...
19/06/2026

Jordan 1 Spider-Verse 🕷️

Jordan 1 တွေထဲမှာ colorway အလန်းဆုံးတွေထဲက တစ်ရံလို့ ပြောလို့ရသလို Jordan Brand ကို sneaker culture ရဲ့ icon တစ်ခုအဖြစ် ရပ်တည်စေခဲ့တဲ့ အနီ၊ အဖြူ၊ အနက် color blocking ကို အခြေခံထားတဲ့ pair တစ်ရံ

Spider-Man: Across the Spider-Verse ထဲက Miles Morales စီးခဲ့တဲ့ sneaker ကို inspiration ယူပြီး ဖန်တီးထားတဲ့ ဒီ pair ဟာ movie fans တွေကြားမှာရော sneakerheads တွေကြားမှာပါ လူကြိုက်များခဲ့တဲ့

Panel တစ်ခုချင်းစီတိုင်းမှာ texture တွေ၊ pattern တွေ မတူညီတဲ့ design language တွေကို အသုံးပြုထားပြီး Spider-Man multiverse concept ကို တိုက်ရိုက် reflect လုပ်ထားတဲ့ sneaker တစ်ရံလို့ ပြောရင် မမှားပါဘူး

အနီးကပ်ကြည့်လိုက်ရင် leather, suede နဲ့ graphic overlays တွေကို layer အထပ်ထပ် အသုံးပြုထားတာကြောင့် angle တစ်ခုစီတိုင်းမှာ မတူညီတဲ့ vibe တွေကို မြင်နေရတာကိုက ဒီ pair ရဲ့ အဓိက charm ဖြစ်နေပါတယ်

တချို့လူတွေအတွက်တော့ design က over ဖြစ်နိုင်ပေမယ့် unique ဖြစ်ချင်တဲ့ sneakerheads တွေအတွက်တော့ masterpiece တစ်ရံလို့ ပြောရမှာပါ

ရိုးရိုး sneaker တစ်ရံထက် ပိုတဲ့ Jordan 1 Spider-Verse ဟာ comic culture, movie culture နဲ့ sneaker culture တို့ကို pair တစ်ရံထဲမှာ ပေါင်းစပ်ပေးထားတဲ့ collector’s pair တစ်ရံလို့တောင် ပြောလို့ရပါတယ်

Peace out ✌️

Adidas Campus OG ///ဒီနေ့ခေတ်မှာ Adidas Campus ကို baggy jeans တွေ၊ oversized tee တွေနဲ့ တွဲဝတ်နေကြတာ မြင်ရတာ ရိုးနေပေမယ...
17/06/2026

Adidas Campus OG ///

ဒီနေ့ခေတ်မှာ Adidas Campus ကို baggy jeans တွေ၊ oversized tee တွေနဲ့ တွဲဝတ်နေကြတာ မြင်ရတာ ရိုးနေပေမယ့်… ဒီ silhouette ရဲ့ story က ခေတ်စားနေတဲ့ trend တွေထက် အများကြီး ပိုနက်ရှိုင်းပါတယ်

Basketball court တွေအတွက် မွေးဖွားလာခဲ့တဲ့ Campus ဟာ… နောက်ပိုင်းမှာ skate parks၊ hip-hop culture နဲ့ streetwear အသိုင်းအဝိုင်းထဲကို ရေစီးကြောင်းတစ်ခုလို တဖြည်းဖြည်း စီးဝင်လာခဲ့တယ်

အထူးသဖြင့် 80s နဲ့ 90s ခေတ်တွေမှာ Campus ဟာ sneaker တစ်ရံထက်ပိုပြီး… lifestyle တစ်ခုရဲ့ အမှတ်အသားတစ်ခု ဖြစ်လာခဲ့တာပါဘဲ

Classic ဆန်တဲ့ suede upper၊ ရိုးရှင်းတဲ့ three stripes design နဲ့ အချိုးအစားကျတဲ့ silhouette ကြောင့် ဘယ်ခေတ်၊ ဘယ် era ရောက်ရောက် ကြည့်ကောင်းနေမယ့် pair တွေထဲကတစ်ရံထဲလို့ပြောရမယ်

Baggy jeans ၊ cargos ၊ shorts ဘာနဲ့ဘဲတွဲတွဲ… အလိုက်ဖက်ဆုံး vibe တစ်ခုကို အလွယ်တကူ ထုတ်ပေးနိုင်တာက Campus ရဲ့ အားသာချက်ပါပဲ

Adidas Campus OG ဆိုတာလည်းအဲ့လို “silent killer’ pair တစ်ရံလို့ပြောရမာပါ

Hype တွေ၊ Trend တွေ ဘယ်လောက်ပြောင်းပြောင်း classic ကတော့ classic ပါဘဲ

Simplicity never goes out of style..

Peace out ✌️

Nike x Supreme AF1 Low ♦️♣️🔶Streetwear လောကမှာ collaboration တစ်ခုအောင်မြင်ဖို့ colorway တွေအများကြီးမလိုသလို crazy desi...
16/06/2026

Nike x Supreme AF1 Low ♦️♣️🔶

Streetwear လောကမှာ collaboration တစ်ခုအောင်မြင်ဖို့ colorway တွေအများကြီးမလိုသလို crazy design တွေ၊ limited pair တွေ အမြဲလိုအပ်နေတာတော့ မဟုတ်ဘူး

ဒါကိုလည်း streetwear ကြိုက်တဲ့သူတွေရော classic old-school vibe ကြိုက်တဲ့သူတွေရော အသိဆုံးဖြစ်မယ့် Converse Chuck 70 က သက်သေပြထားပြီးသားပါ

Supreme ကလည်း သူတို့ရဲ့ box logo သေးသေးလေးတစ်ခုနဲ့ Air Force 1 ဆိုတဲ့ iconic silhouette ကိုပဲ အသုံးချပြီး ထပ်ပြီးသက်သေပြသွားခဲ့တယ်

White, Black နဲ့ Wheat ဆိုတဲ့ colorway သုံးမျိုးထဲနဲ့ပဲ ဘယ် trend ကိုမှ မလိုက်ဘဲ classic ဆန်ဆန် ရပ်တည်နိုင်ခဲ့သလို everyday wear အတွက်လည်း တော်တော်အဆင်ပြေတဲ့ pair တစ်ရံလို့ ပြောရမယ်

ဒီ pair ရဲ့ အားသာချက်က outfit တွဲရတာပါပဲ
Baggy jeans ဖြစ်ဖြစ်၊ cargos ဖြစ်ဖြစ်၊ shorts ဖြစ်ဖြစ်၊ workwear fit ဖြစ်ဖြစ်၊ basic tee တစ်ထည်နဲ့ပဲ ဖြစ်ဖြစ် အလွယ်တကူ လိုက်ဖက်နေတာကိုက ရိုးရှင်းနေတာလို့ပြောရမယ်

တစ်ခါတစ်လေ sneaker က outfit ကို လိုက်ရတာမဟုတ်ဘဲ Outfit တွေက sneaker ကို လိုက်ရတာမျိုးရှိတယ်
AF1 ကတော့ဒါရဲ့သက်သေဘဲ

Hype တွေ၊ trend တွေက ရာသီအလိုက် ပြောင်းသွားပေမယ့် Air Force 1 ကတော့ streetwear culture ထဲမှာ အရိုးရှင်းဆုံးနဲ့ အသက်အရှည်ဆုံး pair တွေထဲက တစ်ရံလို့ ပြောရမှာပဲ

Peace out ✌️

Address

UAE
Abu Dhabi

Website

Alerts

Be the first to know and let us send you an email when FLEABAG-Off The Streets posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share