27/12/2019
*** Today Series ***
Lucifer
DC comic ကို အခြေခံထားပြီး ဇာတ်လမ်းအကျဉ်းမှာတော့ ဖန်ဆင်းရှင် God ရဲ့ ကောင်းကင်တမာန် စေတန် သို့မဟုတ် The Devil သို့မဟုတ် လူစီဖာ လို့ သိကြတဲ့ ငရဲမင်းကြီးဟာ ငရဲပြည်ကို ပျင်းရိလာပြီး လော့စ်အိန်ဂျလိ ကို ခရီးထွက်လာခဲ့ပါတယ်။ အဲဒီမှာပဲ သူ့ရဲ့ မိတ်ဆွေဟောင်း မိန်းကလေးအသတ်ခံရပြီး လူသတ်တရားခံကို ဖော်ထုတ်ဖို့ ကြိုးစားပါတော့တယ်။ ဒီအမှုကို သူကူညီပေးမိတဲ့ စုံထောက်မလေးဟာ ထူးဆန်းစွာပဲ သူ့ရဲ့အစွမ်းတွေကို ခံနိုင်ရည်ရှိနေတဲ့အတွက် စိတ်ဝင်စားမိပြီးနောက်မှာတော့ .............???
ပထမဆုံးအနေနဲ့တော့ အမြဲတမ်း ကြောက်စရာဇာတ်ကောင်ဖြစ်နေခဲ့တဲ့ လူစီဖာ ကို ဇာတ်လိုက်အနေနဲ့ တွေ့ရမှာကိုက စိတ်လှုပ်ရှားစရာပါ။ ဒုတိယကတော့ ဒီဇာတ်လမ်းတွဲ အပိုင်း ၁ မှာ ဘာမှ ထူးခြားတဲ့စွမ်းအင် ကြီးမားတဲ့ရန်သူကို မတွေ့ရပါဘူး။ စူပါနေထရယ်စီးရီးလိုပဲ တဖြည်းဖြည်း ဆွဲခေါ်လာလိမ်မယ်ထင်ပါတယ်။ နောက်တစ်ခုကတော့ သူ့ရဲ့ထင်ရှားတဲ့ အစွမ်းဆိုတာ လူတွေကို မကောင်းမှုတွေ တပ်မက်မှုတွေကို ဝန်ခံချင်လာစေတာပဲဖြစ်ပြီး စိတ်ကို မဖတ်နိုင် မထိန်းချုပ်နိုင်တာက စိတ်ဝင်စားစရာကောင်းနေစေပါတယ်။ နောက်အစွမ်းတစ်ခုကတော့ အမျိုးသမီးအားလုံးရဲ့ နှလုံးသားကို ဆွဲဆောင်နိုင်မှုပါပဲ ဒါ့အပြင် သူ့ရဲ့ထီမထင်တဲ့ စိတ်ဓာတ်နဲ့ စရိုက်က ဇာတ်ကားရဲ့ ၃ ပုံ ၂ ပုံလောက်ကို ရယ်နေရအောင် ပြသနိုင်တာပါပဲ။Source - CM
Season 4 ခုထွက်ရှိထားပြီး အပိုင်း 67 ပိုင်းပါ၀င်မှာဖြစ်လို့ ဒီဇင်ဘာအထူးစေျးနှုန်းဖြင့် 2000 ကျပ်ထဲနဲ့ Original ဆိုင်လေးမှာ လာရောက်ယူလို့ရနိုင်ပါပြီနော်...။