06/07/2022
💰 တန်ဖိုး 220 ဘတ်
🚛🏍️🇹🇭🇲🇲 ပို့ခ free
📚 ချုံကြားမှဘုံဖျားသို့
✍️ ဖေမြင့်
☎️ 0635392715
သင်သည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်ကြီးပွားချင်သလား၊ အနုပညာသမားအဖြစ် ထင်ပေါ် ကျော်ကြားချင်သလား၊ လူမှုရေးနယ်ပယ်တွင် လွှမ်းမိုးတွင်ကျယ်ချင်သလား၊ ထူးခြား ပြောင်မြောက် သော နိုင်ငံရေးသမား တစ်ယာက်အဖြစ် အထွတ်အထိပ်သို့ ရောက်ချင်ပါသလား။
ဘယ်အရာမဆို ဖြစ်လာနိုင်ခွင့် သင့်မှာ ရှိနေသည်။
အရေးကြီးသည်က ရည်မှန်းချက်၊ ဉာဏ်အမြော်အမြင်နှင့် ဇွဲလုံ့လ ဖြစ်သည်။
ရှေးဦးစွာ သင့်ကိုသင် သာမန် အနုညာတ ဘဝမျှနှင့် မတင်းတိမ်လိုသော ဆန္ဒ ရှိရမည်၊ (ဝါ) ပီပြင်ပြောင်မြောက်သော ဘဝတစ်ခု တည်ဆောက်မည် ဟူသော ရည်မှန်းချက် ရှိရမည်။
ဒုတိယ၊ ထိုသို့သော ဘဝတစ်ခု အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် အဆင့်ဆင့် ဆောင်ရွက်သွားစရာ လုပ်ငန်းအစီအစဉ်များ စနစ်တကျ ချမှတ်တတ်ရမည်။
တတိယ၊ အမြော်အမြင်ရှိစွာ ချမှတ်ထားသည့် ယင်းလုပ်ငန်း အစီအစဉ်များကို မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ရေရှည် စွဲမြဲစွာ အကောင်အထည်ဖော်ရဲရမည်။
သည်အတိုင်း လုပ်နိုင်လျှင် သင်သည် 'ပုဂ္ဂိုလ်ထူး' တစ်ယောက် မုချ ဖြစ်လာရလိမ့်မည်။
ဤစာအုပ်မူရင်းကို ရေးသားသူ အာ့တ်ဝီလျံ(စ) (Arthur Lynch Williams) သည် ကိုယ်တိုင်ပင် ချုံကြားမှ ဘုံဖျားသို့ တက်လာနိုင်ခဲ့သူ ပုဂ္ဂိုလ်ထူးတစ်ဦး ဖြစ်သည်။ သူ တစ်ဦးတည်းသာ တက်သွားသည် မဟုတ်၊ သူနှင့်အတူ စိတ်တူ သဘောတူ လူအများကိုပါ ထိပ်ဆုံးတန်းသို့ ခေါ်ဆောင်သွားခဲ့သူ ဖြစ်သည်။
သူ့အကြောင်း အကျဉ်းကလေး ပြောပါမည်။
အာ့တ် ဝီလျံ(စ) သည် မူလက အထက်တန်းကျောင်း ဘောလုံးနည်းပြတစ်ယာက် ဖြစ်သည်။ ထိုအလုပ်တွင် သူ ထူးချွန်ပါသည်။ သို့သော် ထိုအလုပ်မှ ရသည့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁၀,၀၀၀ ခန့်သည် သူ့အတွက် မာတုန်းသာတုန်းသာ လုံလောက်သည်။ မမာရေး မကျန်းရေး ကြုံလျှင် ဒုက္ခ ရောက်သည်။ သားသမီးများ ပညာရေး၊ မိအိုဖအိုများ စောင့်ရှောက်ရေး စသည်တို့ကို တွေးကြည့်လျှင် သူ့ ဘဝသည် ရင်လေးစရာ။
သို့နှင့် ခရီးတစ်ဝက်တစ်ပျက်မှာပင် သူ့ ဘဝလမ်းကြာင်းကို ပြောင်းလဲပစ်ရန် ဝီလျံ(စ) ဆုံးဖြတ်သည်။ သူ့ မူလ ဆုံးဖြတ်ချက်က ရိုးစင်းသည်။ ရှင်းသည်။
ငွေကြေးအတွက် တွေးပူစရာ မလိုသော ဘဝတစ်ခု သူတည်ဆောက်မည်။ ဒါပဲ။
၁၉၇၇ ခုနှစ်တွင် ဝီလျံ(စ)သည် မိမိနည်းတူ ဘဝ ရှေ့ရေး စိတ်အေးလိုသူ ၈၅ ဦးကို စည်းရုံးစုစည်းကာ အသက်အာမခံကုမ္ပဏီတစ်ခု စတင်ထူထောင်သည်။
၁၉၈၈ ခုနှစ်တွင် ဝီလျံ(စ) သည် ကုဋေကြွယ်သူဌေး ဖြစ်လာသည်။ သူ့လုပ်ဖော်ကိုင်ဘက်တွေ အားလုံးလိုပင် သန်းကြွယ်သူဌေးများ ဖြစ်လာကြသည်။ သူ့ကုမ္ပဏီသို့ ဝင်ရောက် ပူးပါင်း လုပ်ကိုင်ကြသူများထဲတွင် နှစ်စဉ် ဝင် ငွေ ဒေါ်လာ သိန်းဂဏန်းရှိသူဦးရေက ငါးရာကျော်နေပြီ။
မျက်လှည့်ပြလိုက်သလို ဝီလျံ(စ) အောင်မြင်ကြီးပွားသွားခြင်းသည် အဘယ်ကြောင့်နည်း။
အောင်မြင်ရေးဆိုင်ရာ သဘောတရားများကို သူ၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် ယှဉ်ကာ ယှဉ်ကာ စိတ်ဝင်စား အားတက်ဖွယ် စီစဉ် ရေးသားထားသည့် ဤစာအုပ်၌ အဖြေကို တွေ့နိုင်သည်။
ဤစာအုပ်တွင် အသားလွတ် မြှောက်ပေးသော စကားများကို ကြားရလိမ့်မည် မဟုတ်။ ကြီးမားသော အခက်အခဲ အဟန့်အတားများကြားမှ ထမြောက် အောင်မြင်အောင် ကြိုးပမ်းခဲ့ကြသည့် ကျားကုတ်ကျားခဲသမားတို့၏ ဇွဲနပဲနှင့် လုပ်ရည်ကိုင်ရည်များကိုသာ အားကျအတုယူဖွယ် မြင်တွေ့ရမည် ဖြစ်သည်။