K.K.T Auto Services

K.K.T Auto Services Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de K.K.T Auto Services, Shopping et vente au détail, ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်, Democratic Republic of the.

"ရှိတ်စပီးယား ပြောခဲ့သော စကား"========================ကျွန်ုပ် အမြဲပျော်ရွှင်တယ်၊ ဘာလို့လဲ သိလား?ဘာလို့လဲဆိုတော့..... ကျ...
23/01/2024

"ရှိတ်စပီးယား ပြောခဲ့သော စကား"
========================

ကျွန်ုပ် အမြဲပျော်ရွှင်တယ်၊ ဘာလို့လဲ သိလား?

ဘာလို့လဲဆိုတော့.....
ကျွန်ုပ် ဘယ်သူ့ဆီကမှ ဘာမှ မမျှော်လင့်ဘူး။

မျှော်လင့်တာတွေက အမြဲနာကျင်စေပါတယ်။

ဘဝက တိုတောင်းလှပါတယ်။
ဒါကြောင့်..... သင့်ဘဝကို ချစ်ပါ။

ပျော်ရွှင်ပါ၊ ပြုံးလျှက်နေပါ။
သင့်အတွက်ပဲ သင် အသက်ရှင်ပါ။

စကားမပြောခင် နားထောင်ပါ။

မရေးသားခင် စဉ်းစားပါ။

မသုံးခင် ဝင်ငွေရှာပါ။

ဆုမတောင်းခင် ခွင့်လွှတ်ပါ။

ထိခိုက်အောင် မလုပ်ခင် ခံစားကြည့်ပါ။

မမုန်းခင် ချစ်ခြင်းမေတ္တာပြပါ။

အရှုံးမပေးခင် ကြိုးစားပါ။

Crd

📛 ၄လုံးထိုး ၊ ၆လုံးထိုး ၊ ၈လုံးထိုး ဗားချိန်နည်း/တိုက်ပစ်ချိန်နည်း စုစည်းမှု 📛💮 အများသုံး ၄လုံးထိုး ဗားချိန်နည်း ‼၄လုံးထ...
06/01/2024

📛 ၄လုံးထိုး ၊ ၆လုံးထိုး ၊ ၈လုံးထိုး ဗားချိန်နည်း/တိုက်ပစ်ချိန်နည်း စုစည်းမှု 📛
💮 အများသုံး ၄လုံးထိုး ဗားချိန်နည်း ‼

၄လုံးထိုးဗားချိန်နည်း မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။
၄လုံးထိုးဗားချိန်နည်းကို နားလည်ခဲ့ရင် ၆လုံးထိုး နဲ့ ၈လုံးထိုး ကိုနားလည်သွားပါလိမ့်မယ်ဗျာ။ ကားအများစုမှာ ဒီဇယ်ဖြစ်ဖြစ် ၊ ဓာတ်ဆီဖြစ်ဖြစ် နောက် ကားကြီး ကားလေး မခွဲပါနဲ့ ၊ အကုန်လုံးသည် ဒီသီအိုရီပေါ်မှာပဲ အခြေခံကြပါတယ်။ တရုတ်ကားလည်း ဒါပဲ ၊ ကိုရီးယားကားလည်းဒါပဲ ၊ ဥရောပကား ဂျပန်ကား အကုန်လုံးက အခြေခံ တစ်ခုတည်းမှာပဲ အခြေခံတယ်။ ကျွန်တော်တို့ ကားတွေမှာပါတဲ့ 16pin DLC ခေါင်းမှာလည်း ဘယ်ကားမဆို 16 ပင်ခေါင်းပေါ်မှာပဲ အခြေခံတယ်။ protocol တွေကွဲလိမ့်မယ်။ CAN လိုင်း ၊ K/L လိုင်း ၊ TC လိုင်း ၊ အပေါင်း ၊ အနုတ် လိုင်းတွေ ကဲှဲပှားတာမှိုးရှိပါလိမ့ှမယှ။ ဒါပေမဲ့ အခြေခံကတော့ အတူတူပါပဲ။

ဒါ့ကြောင့် ဒီနေရာမှာ ၄လုံးထိုး အင်ဂျင်တစ်လုံးရဲ့ အလွယ်ဆုံး ဗားချိန်နည်းအကြောင်းပြောမယ်။ စျေးကွက်ထဲမှာ SOHC နဲ့ DOHC ၂ မျိုးပါတဲ့ အင်ဂျင်တွေ တွေ့ရပါလိမ့်မယ်။ SOHC ဆိုတာ Sigle overhead camshaft ၊ DOHC ဆိုတာ Double overhead camshaft။ တရုတ်ကားတွေက SOHC နဲ့လာကြတယ်။ DOHC ကတော့ ဂျပန်ကားအများစုနဲ့ဥရောပကားတွေဖြစ်တယ်။ ဗားချိန်ဖို့ဆိုရင် ဆလင်ဒါလေးလုံးရှိတယ် မီးပေါက်စဥ်ကို သိရမယ်။ ၄လုံးထိုးမှာက 1 3 4 2 နဲ့လာပါတယ်။ မီးပေါက်စဥ်မသိလည်းဘာမှမဖြစ်ဘူး။ ကရိုင်းရှပ်ကို လှည့်ကြည့်လိုက်ပါ။ 1 အလုပ်လုပ်ပြီးသွားပြီး 3 အလုပ်လုပ်ခဲ့ရင် ဒါဟာ 1 3 4 2 နဲ့သွားတာဖြစ်ပါတယ်။ ၆လုံးထိုး နဲ့ ၈လုံးထိုးမှာတော့ ဆလင်ဒါ ၂လုံး ဇုံတက်ဇုံဆင်းမို့ သူ့မီးပေါက်စဥ်အတိုင်းသွားပါတယ်။ ဒါဆို လုပ်နေကျအတိုင်း 1 ကိုစချိန်မယ်။ 1 မချိန်ဘဲ 2 ကနေ စချိန်လည်း ကိစ္စမရှိဘူး။ ဆလင်ဒါ 1 ၏ inlet နဲ့ အိပ်ဇောကို စချိန်မယ်။ feeler gauge (ဖီလာဂိတ်) ရှိရမယ်။ မရှိရင်လည်း လက်မှန်နဲ့ချလို့ရတယ်။ သိပ်တော့ မတိကျဘူး။ inlet သည် များသောအားဖြင့် ဒီဇယ်ကားတွေမှာ အင်လက်ဗားကို 0.2mm (0.008in) ထားလေ့ရှိပြီး အိပ်ဇောဗားကို 0.36mm (0.014in) ထားလေ့ရှိပါတယ်။ ဒါက အကြမ်းဖျင်း သူ့ မန်နူရယ်နဲ့သူ ဖတ်ပြီး အတျိအကခြြိနျရငျ ပိုပြီးတိကျတယ်။ ဗားချိန်ရာမှာ meterial property (သံဂုဏ်သတ္တိ) ကြောင့်ဖြစ်လာမဲ့ ပြောင်းလဲမှုကြောင့် အိပ်ဇောဗားကို အနည်းငယ်ပိုပေးထားတယ်။ တချို့ကလည်း သောင်နဲ့ပြတယ်။ သောင်ဆိုတာ ဆီတစ်ထုစာဖြစ်ပါတယ်။ ၁၅ သောင် ၊ ၁၇ သောင် စသဖြင့်ထားကြတာရှိတယ်။ သောင်ဆိုတာ ဗြိတိသျှယူနစ်ဖြစ်ပြီး တစ်လက်မရဲ့ တစ်ထောင်ပုံ တစ်ပုံပါ။ နောက်ပိုင်း အမေရိကန်စနစ်ကိုပဲ အဓိကထားလာကြတော့ ဖီလာဂေ့နဲ့အခြားသော ပရက်ရှာယူနစ်တွေမှာ mm ၊ kg ၊ W ၊ Amp ၊ C စသဖြင့် SI ယူနစ်ပေါ်မှာပဲ အခြေခံကြပါတော့တယ်။

💮 ဒီဇယ်အင်ဂျင် {၆}လုံးထိုးဗားချိန်နည်း ‼

ဗားချိန်နည်းတွေ ၄ ၅ မျိုးလောက်ရှိကြပေမဲ့ ကျွန်တော်ကတော့ အတွဲလိုက်ချိန်တာကို ပိုသဘောကျတယ်။ firing order အလိုက်ချိန်လဲ ရတယ်။ ဒါပေမဲ့ fire order ကိုတော့ သိဖို့လိုပါလိမ့်မယ်ဗျာ။ ၆လုံးထိုး အင်ဂျင်တွေမှာ ၂ လုံးတက် ၂လုံးဆင်း ဖြင့် အင်ဂျင်အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ ဇုံပါဝါရတာတော့မဟုတ်ဘူး။ ပါဝါကတော့ firing order အတိုင်းဘဲသွားနေတာ။ ဆလင်ဒါ ၂လုံးက ဇုံတက်ဇုံဆင်း အလုပ်လုပ်တာကြောင့် ၆လုံးထိုးအင်ဂျင်တွေက ရုန်းအားကောင်းတယ်။ ခုနောက်ပိုင်း heavy duty တွေမှာ ၆လုံးဘဲလာပါတော့တယ်။ GE13 / GH13 / DC12 / D13 / E13C /6M70 စတဲ့ တွေဟာ ၆လုံးထိုးတွေဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာတွေက ဖြတ်ထိုးဥာဏ်တအားကောင်းတယ်။ ဂျပန်လူမျိုးတွေပြောသလို မြန်မာတွေက ဖြတ်ထိုးဥာဏ်ကတော့ကွာ ငါတို့ဂျပန်လူမျိုးတွေထက်သာပါတယ်တဲ့။ ဂျပန်စစ်ရှုံးတော့ ဂျပန်ပေးတဲ့ စစ်လျှော်ကြေးတွေနဲ့ မန်းလေးတဖက်ကမ်း ထိုးဖို ပတောင်းမှာ တီအီးကားတွေထုတ်ခဲ့တာ ခုထိ သုံးနေတုံးပဲ။ အဲ့ဒီတုံးက အာရှမှာ ကားထုတ်နိုင်တာဆိုလို့ မြန်မာဘဲရှိအုံးမယ်။မြန်မာနည်းမြန်မာဟန်ဆိုတာ အလကားမဟုတ်ဘူး။ အလုပ်မြန်မြန်ပြီးအောင် ဥာဏ်ရှေ့ပြေးနဲ့ လုပ်ခဲ့ကြတယ်။ အလုပ်တော့ပြီးပါတယ်။ စနစ်နဲ့စည်းနဲ့ လုပ်တဲ့အပိုင်းမှာ အသားကျတော့ အတော်လေးခက်သွားတာမျိုးရှိတယ်။ အလုပ်ပြီးဖို့ဘဲ အာသီသရှိတော့ စည်းစနစ်ပိုင်းမှာ အနည်းငယ်မေ့လျော့ဟန်တူပါတယ်။ ခုလည်း ဗားချိန်နည်းအကြောင်းနဲ့ဆက်စပ်ပြီးပြောချင်တာက နည်းစနစ်ကျကျချိန်မယ်ဆိုရင် ကျွန်တော်တို့ turning tools တွေလိုမယ်။ Richard တှေလိုမယျ။ Feeler guage တွေလိုမယ်။ တကယ့် Tools အပြည့်စုံနဲ့ ချိန်လိုက်ကြတယ်။ နိုင်ငံခြားသားတွေပြောပါတယ်။ ဒါ့ကြောင့် ဗားချိန်နည်းကို နိုင်ငံခြားသား ချိန်နည်းနဲ့ မြန်မာချိန်နည်း ၂ မျိုးပြောမယ်ခင်ဗျ။

မြန်မာ့နည်းမြန်မာ့ဟန်ဗားချိန်နည်း
------------------------------
စက်ဆရာက သူ့တပည့်ကို .... ဟေ့ ကောင်လေး
ဖလိုင်းဝှီးလှည့်ကွာ
၁ ကိုအရင်စချိန်မယ်ဟေ့
၁ ချိန်မယ် .... ၆ကိုကြည့်ဟေ့
၅ ချိန်မယ်ကွာ ... ၂ ကိုကြည့်
၃ ချိန်မယ် .... ၄ ကိုကြည့်
၆ ပြန်ချိန်မယ် .... ၁ ကိုပြန်ကြည့်
၂ ကိုချိန်မယ် .... ၅ ကိုကြည့်လိုက်
၄ ချိန်မယ် .... ၃ ကိုကြည့်လိုက်
(ဖီလာဂေ့ မရှိရင်လည်း စက္ကူ တစ်ထုစာပေါ့ကွာ) ၊ ငါတော့ လာမချိန်တော့ဘူး တပည့်မင်းချိန်လိုက် ... ပြီးမှ ငါလာစစ်မယ်)

နိုင်ငံခြားဗားချိန်နည်း
-------------------
Valve tappet clearance ကို intake အတွက် 0.45mm / exhaust အတွက် 0.70mm ကွက်တိထားပေးရမယ်။ အေးတဲ့ အချိန် ချိန်ရမည်။ ပူရင် တန်ဖိုးပြောင်းနိုင်တယ်။ အကယ်၍ စက်နိုးပြီးမှ ချိ်န်ရင်လည်း မိနစ် ၃၀ အထက်စောင့်ဆိုင်းပြီး အင်ဂျင်အအေးခံပြီးမှ ချိန်ရမည်။
မှတ်ချက် ။ 2400hr မောင်းပြီးတိုင်း tappet clearance ကို စစ်ပေးရမည်။

Firing order က 1-5-3-6-2-4

TDC down (0) = 1 (overlap) - 6 adjust
TDC down (120) = 5 (overlap) - 2 adjust
TDC down (240) = 3 (overlap) - 4 adjust
TDC down (360) = 6 (overlap) - 1 adjust
TDC down (120) = 2 (overlap) - 5 adjust
TDC down (240) = 4 (overlap) - 3 adjust

TDC Up (0) = 1 (overlap) - 6 adjust
TDC Up (300) = 5 (overlap) - 2 adjust
TDC Up (60) = 3 (overlap) - 4 adjust
TDC Up (360) = 6 (overlap) - 1 adjust
TDC Up (300) = 2 (overlap) - 5 adjust
TDC Up (60) = 4 (overlap) - 3 adjust

TDC down ( TDC ကနေ အောက်ကို ကရိုင်းရှပ်အလှည့်တိုင်း) ... Fly wheel ရဲ့ Ring gear မှာ TDC marking ပါပါတယ်။ တချို့ fly wheel တွေမှာ 0 , 120 , 240 စသဖြင့် ရေးထားပါတယ်။ ဖလိုင်းဝှီးကို အပေါ်ကကြည့်ရင် ၎င်းမှာပြထားတဲ့ အပေါက်လေးပါပါတယ်။

နောက်ဆုံးနည်း ကတော့ No.1 ပစ္စတင်နဲ့ No.6 ပစ္စတင် တို့ရဲ့ TDC (compression) မှာဘဲ ထားပြီး ရှိသမျှဗား အကုန်ချိန်သွားတာ။
No.1 ပစ္စတင် TDC (compression) = 1(in) , 1(ex) , 2(in) , 3(ex) , 4(in) , 5(ex) ,
No.6 ပစ္စတင် TDC (com) = 2(ex) , 3(in) , 4(ex) , 5(in) , 6(in), 6(ex) .... ဒီနည်းက အမေရိကန် Detroit series တွေမှာ သုံးတဲ့ နည်းဖြစ်ပါတယ်။ ကွဲပြားမှုကတော့အနည်းငယ် ရှိပါတယ်။ တူညီတဲ့ အချက်က No.1 နဲ့ No.6 ရဲ့ ပစ္စတင် TDC (compression) ကိုဖမ်းပြီး ရဲ့ inlet နဲ့ exhaust ကို အရင်ချိန်ပြီး ကျန် ပစ္စတင်တွေရဲ့ လွတ်နေတဲ့ဗားတွေကို လိုက်ချိန်သွားတာဖြစ်တယ်။ သူကတော့ ကရိုင်း တပတ် လှည့်ရုံဘဲ။

စကားလုံးအဓိပ္ပါယ်များ 👌✅ ,
in(inlet) = အင်းလက်
ex(exhaust) = အိပ်ဇော
com(compression) = ကွန်ပရက်ရှင်း
TDC = Top dead centre
BDC = Bottom dead centre
Firing order = မီးပေါက်စဥ်

💮 V8 engine ( ၈လုံးထိုးဗားချိန်နည်း ) ‼

၈လုံးထိုး V8 အင်ဂျင် ဗားချိန်နည်း အကြောင်း မျှဝေပေးပါ့မယ်ခင်ဗျာ။ အင်ဂျင်တွေမှာ ၁လုံးထိုး (single cyclinder) ကနေ ၁၀လုံးထိုး (V10) tappet clearance လို့ခေါ်တဲ့ အင်လက်ဗား ၊ အိပ်ဇောဗားအကွာအဝေးကို ချိန်ကြရတယ်။ ကားတစ်စီးက ဘယ်လောက် နာရီ သုံးပြီးသွားရင် ဗားတစ်ခါချိန် စသဖြင့် ပရိုစီဂျာ ရှိတယ်။ အဲ့အတိုင်းလုပ်ရင် ရေရှည်မှာ အင်ဂျင်ပိုကျန်းမာမယ်။ မဟုတ်ရင် အင်ဂျင်သက်တမ်းတိုမယ်။ ၈လုံးထိုး အင်ဂျင်တွေက V ပုံစံ အင်ဂျင်လေးလုံးစီကို တဖက်ချက်ထားပေးထားပါတယ်။ ၆လုံးထိုးတွေမှာက inline 6 နဲ့ V6 ဆိုပြီး ၂ မျိုးရှိပေမဲ့ ၈လုံးထိုးမှာကျ V8 ဆိုပြီး တစ်မျိုးဘဲရှိတော့ပါတယ်။ ၈လုံးထိုးအင်ဂျင်တွေမှာ ဒီဇယ်နဲ့ ဓာတ်ဆီ ၂ မျိုးရှိတယ်။ ဓာတ်ဆီမှာဆိုရင်လည်း muscle car တွေ ဆီအုပ်တဲ့ 4.6L အထက် ကားတွေသည် V8 လို့ခေါ်တဲ့ ၈လုံးထိုးတွေ ဖြစ်ကြပါတယ်။ ဥပမာအားဖြင့် Toyota ရဲ့ UZ ၊ UR အင်ဂျင်တွေ ၊ Nissan ရဲ့ VK ၊ VH အင်ဂျင်စီးရီးတွေ ၊ Mitsubishi ရဲ့ 8A8 အင်ဂျင်စီးရီးတွေ ၊ Mercedes AMG Hot V စီးရီး ၊ Cadillac L-head V8 ၊ 390 စီးရီး ၊ Northstar V8 ၊ နာရီမည်ကြီး Twin-Turbo Blackwing V8 စတာတွေဘဲဖြစ်ပါတယ်။ ဒီဇယ်ပိုင်းမှာဆိုရင် V8 အင်ဂျင်တွေက အများကြီးရှိကြပါတယ်။ ဒါဆို ဗားကလီးယားရင့် ဘယ်လိုချိန်ကြမလဲ?

V8 firing order - CW (clockwise) ကရိုင်းရှပ် နာရီလက်တံအတိုင်းလှည့်ရမည်။
Firing order = 1-8-4-3-6-5-7-2 (အများသုံး)
Firing order = 1-5-4-2-6-3-7-8 (Ford ,..... )

✅ ကရိုင်းမလှည့် 0 , 2 အင်းလက်ချိန် / 8 အိပ်ဇောချိန် ( TDC cyl-1 )
✅ ကရိုင်းလှည့် 90 , 1 အင်းလက်ချိန် / 4 အိပ်ဇောချိန် ( TDC cyl-8 )
✅ ကရိုင်းလှည့် 180 , 8 အင်းလက်ချိန် / 3 အိပ်ဇောချိန် ( TDC cyl-4 )
✅ ကရိုင်းလှည့် 270 , 4 အင်းလက်ချိန် / 6 အိပ်ဇောချိန် ( TDC cyl-3 )
✅ ကရိုင်းလှည့် 360 , 3 အင်းလက်ချိန် / 5 အိပ်ဇောချိန် ( TDC cyl-6 )
✅ ကရိုင်းလှည့် 450 , 6 အင်းလက်ချိန် / 7 အိပ်ဇောချိန် ( TDC cyl-5 )
✅ ကရိုင်းလှည့် 540 , 5 အင်းလက်ချိန် / 2 အိပ်ဇောချိန် ( TDC cyl-7 )
✅ ကရိုင်းလှည့် 630 , 7 အင်းလက်ချိန် / 1 အိပ်ဇောချိန် ( TDC cyl-2 )

Tappet clearance သည် ကားတစ်စီးနဲ့တစ်စီး အနည်းငယ်ကွာခြားချက်ရှိပါတယ်။ ပုံသေမတူနိုင်ပါ။ အကြမ်းဖျင်းအားဖြင့် ......
Inlet = 0.2 - 0.3 (mm) , 0.008 - 0.0118 (in)
Exhaust = 0.35 - 0.45 (mm) , 0.0138 - 0.0177 (in)

မှတ်ချက် < > ကားကြီးတွေမှာ အင်ဂျက်တာပါရင် အင်ဂျက်တာပါ တွဲချိန်ပေးရပါမယ်။ ကားကြီး ယူနစ် အင်ဂျက်တာပါ ၈လုံးထိုးအင်ဂျင်ကြီးတွေအတွက် ဗား+အင်ဂျက်တာ တွဲချိန်နည်း သီးသန့် တင်ပေးပါ့မယ်ခင်ဗျာ။

🙇 ကျွန်တော်တို့ရဲ့ ထမင်းရှင်စက်ဆရာများ ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ်ကင်းဝေးကြပါစေ 🙏

#စက်ပြင်ဆရာညီအကိုတွေ အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ဒေါ်လာကြောင့်နိင်ငံခြားစက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းဈေးနူန်းအသက်သာဆုံးနဲ့လက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ် (အသစ်ထွက်)
13000ကျပ်
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်
13000ကျပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားဝါယာရိန်း&ECUစာအုပ်
10000ကျပ်
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲစာအုပ်
12000ကျပ်
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်
12000ကျပ်
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်
12000ကျပ်
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

📌 အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)

K.K.T Auto servicesမှမွန်ပြည်နယ်မှာနှိုးမရတဲ့ကားတစ်စီးကိုကွန်ပြူတာဘောက်ဖြင့်ပြစ်ချက်ရှာဖွေပီးအဆင်ပြေစွာပြုပြင်ပေးလိုက်ပါ...
03/01/2024

K.K.T Auto servicesမှမွန်ပြည်နယ်မှာနှိုးမရတဲ့ကားတစ်စီးကိုကွန်ပြူတာဘောက်ဖြင့်ပြစ်ချက်ရှာဖွေပီးအဆင်ပြေစွာပြုပြင်ပေးလိုက်ပါတယ် ဘာဘဲလိုလို K. K.T Auto servicesကိုသတိရလိုက်ပါ

စက်ဆရာကြီးများလိုချင်ရင်ဆက်သွယ်လို့ရပါတယ်
18/12/2023

စက်ဆရာကြီးများလိုချင်ရင်ဆက်သွယ်လို့ရပါတယ်

" သူဌေး"ဖြစ်ဖို့ ဆန္ဒမစောပါနဲ့ ✍✍✍ခရမ်းချဉ်သီး ပွဲစားတစ်ယောက် ပြောခဲ့ဖူးတဲ့ စကားလေးကို သွားသတိရမိတယ်။ ငါ့မှာ ပိုက်ဆံ သိန...
25/10/2023

" သူဌေး"ဖြစ်ဖို့ ဆန္ဒမစောပါနဲ့ ✍✍✍

ခရမ်းချဉ်သီး ပွဲစားတစ်ယောက်
ပြောခဲ့ဖူးတဲ့ စကားလေးကို သွားသတိရမိတယ်။
ငါ့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင် ငါ သိန်းနှစ်ရာပဲ
ထုတ်ရင်းတယ်။ တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင်
ပြန်ရင်းဖို့ အရင်းအနှီးအနေနဲ့ ချန်ထားတယ်။

ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်းဆန့်ရင်
လေးသောင်းပဲထည့်တယ်။ နှစ်သောင်းက
ကြိုက်စျေးရရင် ထပ်ထည့်ဖို့ ချန်ထားတယ်။

ဘာကြောင့်လဲဆိုတော့ ငါက
ဆင်းရဲသားဘဝက နေတက်လာတာ။
ငါ့မှာရှိသမျှပုံအောပြီး လုပ်လိုက်လို့ မတော်တဆ
ရှုံးသွားခဲ့ရင် ဆင်းရဲတဲ့ဘဝကို
ငါပြန်ရောက်သွားမှာ ကြောက်တယ်တဲ့။

သူပြောတဲ့စကားနဲ့ ကျနော့ အဖေပြောတဲ့
စကားနဲ့ သွားတူနေတယ်။

ငါ့သား အလုပ် လုပ်ရင်
ရေကာတာစီမံကိန်းနဲ့ လုပ်ရတယ်ကွ။
ရေကာတာ စီမံကိန်းဆိုတာက
ကုန်ထမ်းသမားတစ်ယောက်ဟာ
အချိန်သုံးဆယ်ကို ထမ်းနိုင်တဲ့အားရှိရင်
အချိန်နှစ်ဆယ်ပဲ ထမ်းသင့်တယ်။

ဘာကြောင့်လဲဆိုတော့ မတော်တဆ ချော်လဲရင်
ကိုယ့်ကိုယ်ကို ပြန်ထောက်နိုင်ဖို့ အားကျန်နေသေးတယ်။ အချိန်သုံးဆယ် နိုင်တဲ့လူက
အချိန်သုံးဆယ်ဝိတ်ကြီးကို ထမ်းထားလို့
မတော်တဆ ချော်လဲလို့ကတော့ သွားပြီ။
ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး။

ကျနော် မြင်ရသလောက်လဲ အလုပ်လုပ်ရင်
ပရမ်းပတာ သူဌေးဖြစ်ခွေးဖြစ် ရှိသမျှပုံအောပြီး
လုပ်တဲ့လူတွေ ပြုတ်သွားကြတာများတယ်။
စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်တဲ့လူတွေပဲ
အောင်မြင်သွားကြတာ များတယ်။

အရမ်းကြီး မအောင်မြင်ရင်တောင်မှ
အမှားနည်းတယ်ပေါ့ဗျာ။

စစ်မှန်တဲ့ အောင်မြင်မှု့ဆိုတာက နေ့ချင်းညချင်း
ဝုန်းကနဲ လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။
တစ်ဆင့်ခြင်းတစ်ဆင့် ဖြည်းဖြည်းချင်း
တည်ဆောက်ယူရတဲ့ အရာပါ။

ဘာကြောင့် ဒီစကားပြောရလဲဆိုတော့ လူငယ်တွေတော်တော်များများက အရမ်းအောင်မြင်ချင်ကြတယ်။

အဲဒီမှာ ဆန္ဒတွေစော လောဘတွေကြီးပြီး
အမှားတွေကို လုပ်မိတော့တာပါပဲ။
အမှန်က ခေါင်းအေးအေးထားပြီး တည်တည်ငြိမ်ငြိမ်
ချင့်ချင့်ချိန်ချိန်လေးနဲ့ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို
ချီတက်ရင် ပန်းတိုင်ကို မုချမသွေရောက်ပါတယ်။

ပျာယာမခပ်ဖို့ လောဘမကြီးဖို့
ဆန္ဒတွေ မစောဖို့တော့ လိုပါတယ်။

#သူဌေးဖြစ်ဖိုဆန္ဒမစောပါနဲ့မိတ်ဆွေ

#လူမိုက်

©ဖတ်မိဖတ်ရာစာစုများ®

 #စိတ်နှင့်တန်သောဘဝ""""""""""""""""""""""""""""""""""""""""ပေးချင်ကမ်းချင်သော စိတ်ကြောင့်ပင်ပေးနိုင်​ကျွေးနိုင်သော ဘဝကို...
25/10/2023

#စိတ်နှင့်တန်သောဘဝ
""""""""""""""""""""""""""""""""""""""""
ပေးချင်ကမ်းချင်သော စိတ်ကြောင့်ပင်
ပေးနိုင်​ကျွေးနိုင်သော ဘဝကို
ရောက်လိမ့်မည်၊

မနာလို ဝန်တိုသော စိတ်ကြောင့်ပင်
တောင်းရမ်းစားသောက်ရသော ဘဝသို့
ရောက်လိမ့်မည်၊

မှန်မှန်ကန်ကန်ပြောတတ်သော စိတ်ကြောင့်ပင်
ဆိုတိုင်းဖြစ်တဲ့ သစ္စာရှင် ဘဝသို့
ဘဝကို ရောက်လိမ့်မည်၊

လိမ်ပြောတတ်သော စိတ်ကြောင့်ပင်
လူ တွေ အယုံအကြည်မဲ့သွားသော ဘဝသို့
ရောက်လိမ့်မယ်၊

သူတစ်ပါးကို ကူညီ ချင်သော စိတ်ကြောင့်ပင်
အကူအညီပေးနိုင်သော ဘဝသို့
ရောက်လိမ့်မည်၊

သူများ အကျိုးစီးပွားကို ဖျက်ဆီးလိုသော
စိတ်ကြောင့်ပင် ပျက်စီးသော ဘဝကို
ရောက်လိမ့်မည်၊

လောကကြီးမှာ ဘာမဆို ဆိုးသည်ဖြစ်စေ
ကောင်းသည်ဖြစ်စေ အကြောင်းမဲ့သက်သက်
ဖြစ်နေတာ မဟုတ်ဘူး၊
စိတ်စေခိုင်းတဲ့ အပြုအမူတွေကြောင့်
အကောင်းအဆိုးတွေ ကွဲနေကြတာ၊

ဒါကြောင့် စိတ်ကောင်းစိတ်မြတ်တွေ မွေးပြီး
စိတ်လှလို့ ဘဝလှတဲ့ ဘဝမျိုးဖြစ်အောင်
ကြိုးစားကြရမယ်၊၊

crd..copy

ကမ္ဘာပေါ်မှာလူဦးရေ၅၆၇၈၄၃၀၇၉၄၂၁၇ ရှိတဲ့အထဲမှာမှ ခုဒီစာဖက်နေတဲ့သူကအပျင်းကြီးဆုံးပဲဘာလို့လဲလို့ မမေးနဲ့ဂဏန်းတွေကျော်ဖက်နေလိ...
24/10/2023

ကမ္ဘာပေါ်မှာလူဦးရေ၅၆၇၈၄၃၀၇၉၄၂၁၇ ရှိတဲ့
အထဲမှာမှ ခုဒီစာဖက်နေတဲ့သူကအပျင်းကြီးဆုံးပဲ
ဘာလို့လဲလို့ မမေးနဲ့
ဂဏန်းတွေကျော်ဖက်နေလို့ '))
crd

K.K.T auto service တရုတ်ကားတစ်စီကိူကွန်ပြူတာဖြစ်စစ်ဆေးပြုပြင်ပေးလိုက်ပါတယ်
11/10/2023

K.K.T auto service တရုတ်ကားတစ်စီကိူကွန်ပြူတာဖြစ်စစ်ဆေးပြုပြင်ပေးလိုက်ပါတယ်

13/09/2023

၁၉၄၃ ဩဂတ်စ် ၁ ရက်နေ့မှာဂျပန်ဟာ မြန်မာကို "လွတ်လပ်ရေး" ပေးခဲ့တယ်။ “ ဂျင်းလွတ်လပ်ရေး ” ပေးခဲ့တာဆိုပေမယ့်ဂျပန်ပေးတဲ့ဂျင်းကတန်တယ်။ဘာလို့ဆိုတော့ဂျပန်ဟာမြန်မာကိုဂျင်းတခေါက်ထည့်ခဲ့မိတာပြန်ပေးဆပ်နေရတဲ့တန်ဘိုးကခုထိမကျေနိုင်သေးလို့ပါ။

ဂျင်းထည့်တဲ့စကားဘယ်သူထွင်လိုက်လဲမသိဘူး။အတော်တွင်ကျယ်နေတယ်။ဂျင်းထည့်တာကိုဟိုးအရင်ကရွှေရည်စိမ်အတုအယောင်လို့သုံးခဲ့ကြတယ်။ကျနော်တို့ခေတ်ကကလိန်ကကျစ်လာမလုပ်နဲ့၊အင်ကြီး၊ဘတ်သွားတယ်အစုံသုံးကြတယ်။

တကယ်ဆိုဂျပန်ဟာမြန်မာ့ကျေးဇူးရှင်နိုင်ငံပါ။ဖက်ဆစ်ဂျပန်ကိုတိုက်ထုတ်တယ်ဆိုတာရုပ်ရှင်ထဲမှာပဲရှိတယ်။လက်တွေ့အခြေအနေကဂျပန်လုပ်ငန်းရှင်တွေလာကြပါ၊ဂျပန်တွေမြန်မာပြည်မှာလာစီးပွားရှာဖို့မျော်နေရတာပါ။

ဂျပန်ငပု၊ဖက်ဆက်ဂျပန်၊ဘက်ခဲရို၊ခူးရကား၊ဘိရုမာ၊ခိုရေးဝနန့်ဒတ်စကား စတဲ့မြန်မာပြည်ဒုတိယ ကမ္ဘာစစ်အတွင်းအသုံးများဂျပန်စကားကိုဂျပန်ခေတ်သရုပ်ဖေါ်ကလေးကာတွန်းတွေမှာအမြဲတွေ့ရတတ်တယ်။

"ဘက်ခဲရို" နဲ့ " ခူးရကား" ကပက်ပက်စက်စက်ဆဲဆိုတာ၊ “ ခိုရေးဝနန့်ဒတ်စကား ” ကဂျပန်စစ်တပ်လုံခြုံရေးဂိတ်မှာအမြဲကြားနေရတဲ့စကား “ ဘာပစ္စည်းတွေလဲ ” အဓိပ္ပါယ်ပါ။

ငယ်ငယ်ကဖတ်ခဲ့တဲ့ရွှေသွေး၊တေဇ၊ရွှင်ပြုံးကာတွန်းမှာဒီဂျပန်စကားအမြဲပါတယ်။ကာတွန်းသန်းကြွယ်ကလေးကာတွန်းဇတ်လမ်းလေးမှာပိုတွေ့ရမယ်ထင်တယ်။ကာတွန်းဦးဘကြည်ကာတွန်းမှာလည်းဒီဂျပန်စကားတွေ့ရတတ်တယ်။မြန်မာပြည်မကတကမ္ဘာလုံးထင်ရှားတဲ့ဂျပန်စကားအချို့မှတ်မိသလောက်ပါ။

ဘန်ဇိုင်း (Banzai ) : အရှင်သခင်သက်တော်သောင်းကျော်ရှည်ပါစေ၊
ကာမီကာဇေ (Kamikazi ) : ဘုရားသခင်၏လေအဟုန်၊
ပူရှီဒို (Bushido): သွေးသောက်ရဲမက်စိတ်ဓါတ်၊
ဆမ်မရိုင်း (Samurai ) : စစ်သူရဲကောင်း၊
ဟာရကိရိ (Harakiri) : သူရဲကောင်းတို့၏သေဆုံးခြင်း၊

ဂျပန်ဟာမြန်မာနိုင်ငံကို ၁၉၄၂ ခုနှစ်မှာဂျပန်အင်ပါယာထဲသွင်းပြီးသိမ်းပိုက်ခဲ့တယ်။ရဲဘော်သုံးကျိပ်ကိုစစ်ရေးလေ့ကျင့်ပေးပြီးဗမာ့လွတ်လပ်ရေးတပ်မတော် BIA ဖွဲ့စည်းတာကူညီပေးခဲ့တယ်။

မြန်မာပြည်ကိုနှစ် ၆၀ ကျော်ကျွန်ပြုခဲ့တဲ့ အင်္ဂလိပ်ထွက်ပြေးသွားပြီးဂျပန်ဟာမြန်မာပြည်ကို ၁၉၄၃ ဩဂတ်စ် ၁ ရက်နေ့မှာလွတ်လပ်ရေးပေးပြီးဒေါက်တာဘမော်ရုပ်သေးအစိုးရဖွဲ့ပေးခဲ့တယ်။

ဒီလွတ်လပ်ရေးကိုမြန်မာ့သမိုင်းမှာရွှေရည်စိမ်လွတ်လပ်ရေးခေါ်တယ်။အတုအယောင်လွတ်လပ်ရေးပါ။ဒီနေ့ခေတ်ဆို ဂျင်းလွတ်လပ်ရေးခေါ်မလား။ဒါပေမယ့်ဂျပန်ပေးခဲ့တဲ့ဂျင်းလွတ်လပ်ရေးဟာ မြန်မာပြည်အတွက်ဒီနေ့အထိ ၉၆ ပါးဝေဒနာပျောက်တဲ့ဂျင်းဆေးမဟာကြီးဖြစ်နေဆဲပါ။

ဂျပန်ဟာမြန်မာကို ၁၉၄၂ - ၁၉၄၅ (၃)နှစ်အုပ်ချုပ်ပြီးတခေါက်လေးဂျင်းထည့်မိပါတယ်။မြန်မာပြည်ကိုပေးနေရတဲ့ဂျပန်စီးပွားရေးအကူအညီ၊နည်းပညာအကူအညီ၊ငွေရေးကြေးရေးအကူအညီဒီနေ့ခေတ်အထိမပြီးနိုင်သေးဘူး။နောင်နှစ်ပေါင်းများစွာဂျပန်ဘဏ္ဍာရေးပံ့ပိုးမှုအပေါ်မြန်မာနိုင်ငံမှီခိုနေရအုံးမယ်ထင်တယ်။

၁၉၄၁ ဒီဇင်ဘာမှာဂျပန်မြန်မာပြည်ကိုတိုက်ခိုက်သိမ်းပိုက်တဲ့တချိန်ထဲမှာပိစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့အမေရိကန်ပိုင်ဟာဝိုင်အီပုလဲကျွန်းကိုဂျပန်အလစ်ဝင်တိုက်ခဲ့တယ်။ပုလဲကျွန်းအတိုက်ခံရတာဟာဒုတိယကမ္ဘာစစ်ထဲအမေရိကန် ပါလာရတဲ့အဓိကအကြောင်းပါ။

ဒုတိယကမ္ဘာစစ်အပြီးဂျပန်နိုင်ငံဟာသူကျုးကျော်ခဲ့တဲ့မြန်မာအပါအဝင်အာရှတိုက်နိုင်ငံများကိုဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြန်ကူညီပေး‌နေရတယ်။ကျနော်တို့ငယ်ငယ်စီးခဲ့တဲ့မြို့ပတ်ရထားအပြာ၊ဟီးနိုးဘတ်စ်ကားနဲ့ အခုထိတနိုင်ငံကိုလျှပ်စစ်ဓါတ် ပေးနေတဲ့လောပိတရေအားလျှပ်စစ်စက်ရုံအုပ်စုဟာဖက်ဆက်ဂျပန်ငပုလို့မြန်မာကနှိမ့်ချခေါ်ခဲ့တဲ့ဖက်ဆစ်ဂျပန်ပေးခဲ့တဲ့အကူအညီပါ။

၁၉၄၈ လွတ်လပ်ရေးရပြီးကဒီနေ့အထိမြန်မာကိုဂျပန်နိုင်ငံပေးခဲ့အကူအညီများစွာမှာလမ်းမတော် (အရင်ကားပွဲစားတန်း)မှာတည်ဆောက်နေတဲ့နှလုံးနဲ့ အာရုံကြောအထူးကုဆေးရုံသစ်ကြီးလည်းပါတယ်။ဒီဆေးရုံသစ်အတွက်ဂျပန်ကအမေရိကန်ဒေါ်လာ ၇၇ သန်းနီးပါနဲ့ညီမျှတဲ့
ဂျပန်ယန်းငွေ မြန်မာကိုကူညီပါမယ်။

၁၉၉၅ -၂၀၀၀ ခုနှစ်ကုမ္ပဏီကိစ္စနဲ့မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)အမြဲရောက်တယ်။အစိုးရဋ္ဌာနဆိုင်ရာဖွင့်တဲ့ LC (Letter of Credit) ခေါ်တဲ့ငွေလွှဲစာတမ်းကိစ္စပါ။

ဘဏ်မှာအလုပ်ကိစ္စပြောတဲ့အခါ LC No. နဲ့ပြောမှအလုပ်လုပ်လို့ရတယ်။အဲ့တုန်းကအစိုးရဋ္ဌာနရဲ့ LC No.က JDRG နဲ့စတယ်။ဥပမာ LC No: JDRG/007 … JDRG ဆိုတာ Japan Development Relief Grant ဖြစ်ပါတယ်။

ဂျပန်နိုင်ငံကူညီထောက်ပံ့ပေးထားငွေကိုအသုံးပြုပြီး MFTB ဘဏ်က ငွေလွှဲစာတမ်း LC ဖွင့်ပေးတာပါ။မြန်မာနိုင်ငံလိုအပ်တဲ့ပြည်ပကုန်ပစ္စည်းဝယ်ယူဖို့ငွေကိုဂျပန်နိုင်ငံထောက်ပံ့ငွေနဲ့ပေးချေတာပါ။

ဂျပန်နိုင်ငံဟာ သူ ၃ နှစ်ကျုးကျော်ခဲ့တဲ့မြန်မာနိုင်ငံကိုကူညီနေတာနှစ်ပေါင်း ၇၀ ကျော်ပြီ။မြန်မာ့ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်မနိုင်မခြင်းဆက်ကူညီနေမယ့်သဘောရှိတယ်။

တလုံးတခဲတည်းချေးငွေ၊အတိုးမဲ့ချေးငွေ၊ Soft Loan ခေါ်တဲ့မဖြစ်စလောက်အတိုးနူန်းနဲ့ချေးတဲ့ချေးငွေ၊ကူငွေ၊ထောက်ပံ့ငွေအကြွေးလျော်အကြွေးဆပ်စနစ်အစုံနဲ့မြန်မာနိုင်ငံကိုဂျပန်ထောက်ပံ့ကူညီနေတာကြာပြီ။

ဒါကြောင့်ဂျပန်ကဩဂတ်စ် ၁ ရက် ၁၉၄၃ မှာပေးခဲ့တဲ့အတုအယောင် “ ဂျင်းလွတ်လပ်ရေး ” က မြန်မာနိုင်ငံအတွက် ၉၆ ပါးရောဂါပျောက်အမှန်အကန်ဂျင်းဆေးပါ။

ဂျပန်ဂျင်းလွတ်လပ်ရေး (၁၉၄၃ -၁၉၄၅) နန်းရင်းဝန်ဒေါက်တာဘမော်အစိုးရအဖွဲ့မှစစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်း။

Repost
Source : Google
#လွင်ဦး_ရန်ကင်း

Adresse

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်
Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque K.K.T Auto Services publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Raccourcis

Partager