Moshi Eatery

Moshi Eatery Always be happy

💜Delivery Free💜          မည်သည့်မြို့နယ်မဆိုနော်😉       အခုဆို ဆိုင်လေးစတင်ဖွင့်တာ ၁လပြည့်ပြီ ဖြစ်ပြီး ဝယ်ယူအားပေးကြတဲ့ ...
11/06/2021

💜Delivery Free💜
မည်သည့်မြို့နယ်မဆိုနော်😉

အခုဆို ဆိုင်လေးစတင်ဖွင့်တာ ၁လပြည့်ပြီ ဖြစ်ပြီး ဝယ်ယူအားပေးကြတဲ့ old customerလေးတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ရော new customerလေးတွေ အတွက်ပါ အထူးအစီအစဥ်လေးလာပါပြီ😍
👉 အဲ့ဒါကတော့ အခုတင်ထားတဲ့postလေးကို public နဲ့shareပြီး ကြိုက်ရာ menuများမှ ၃ထောင် ဖိုး
ဝယ်ယူအားပေးပါက delivery အခမဲ့ဖြင့်ပို့ဆောင်ပေးမှာပါနော်🥳
👉သင်္ဃန်းကျွန်း ဘဝမြင့်အနီးမှ ဖြစ်ပါက menu၁မျိူး အပိုလက်ဆောင်ထည့်ပေးသေးတယ်ရှင့်
📌Shareထားတာလေးကိုတော့ ssရိုက်ပြီး cbလေးမှာပို့ပေးရပါမယ်နော်
📌12.6.2021,13.6.2021 နှင့်14.6.2021 ရက်များအတွင်းသာအကျုံး၀င်တာမို့ မြန်မြန်လေးshareပြီး ပို့ဆောင်ခfreeဖြင့်စိတ်ကြိုက်မှာပစ်လိုက်တော့နော့🥰😍😘

အခုလို မှာယူ စားသုံးသူအားလုံးလည်း အစစအရာရာ အဆင်ပြေပါစေရှင်။ ကျေးဇူးတင်ပါတယ်ရှင့်
02/06/2021

အခုလို မှာယူ စားသုံးသူအားလုံးလည်း အစစအရာရာ အဆင်ပြေပါစေရှင်။ ကျေးဇူးတင်ပါတယ်ရှင့်

အခုချိန်ကာလမှာ ချစ်သောcustomerလေးတေအဆင်ပြေစေဖို့ 😘Moshi Eatery မှ menu လေးတွေကို မှာယူစားသောက်ပါက🍽CB pay  or Ok doller တ...
31/05/2021

အခုချိန်ကာလမှာ ချစ်သောcustomerလေးတေအဆင်ပြေစေဖို့ 😘

Moshi Eatery မှ menu လေးတွေကို မှာယူစားသောက်ပါက🍽

CB pay or Ok doller တို့ဖြင့်
ငွေသားပေးချေနိုင်ပါပြီရှင်😍🥰

ခုလို မွေးနေ့အတွက်မှာယူအားပေးတဲ့ ညီမလေး မွေးနေ့မှစ၍နောင်နှစ်ပေါင်းများစွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်မှုများ...
30/05/2021

ခုလို မွေးနေ့အတွက်မှာယူအားပေးတဲ့ ညီမလေး
မွေးနေ့မှစ၍နောင်နှစ်ပေါင်းများစွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပျော်ရွှင်မှုများစွာ ပိုင်ဆိုင်နိုင်ရပါစေ နော်

မှာယူအားပေးတဲ့သူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေရှင့်။
29/05/2021

မှာယူအားပေးတဲ့သူအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေရှင့်။

ဒန် ဒန့် ဒန် ☺️Pizzaချစ်သူလေး😘တွေ အတွက်Moshi Eatery လေးမှ New Menuလေး လာပါပြီPizzaကလဲ စားချင်တယ် စျေးတွေကလည်းကြီးတယ် ဆို...
28/05/2021

ဒန် ဒန့် ဒန် ☺️
Pizzaချစ်သူလေး😘တွေ အတွက်
Moshi Eatery လေးမှ New Menu
လေး လာပါပြီ
Pizzaကလဲ စားချင်တယ် စျေးတွေကလည်းကြီးတယ် ဆိုပြီး အခက်တွေ့စရာမလိုတော့ဘူးနော်😊

8"size sausage pizza တစ်ချပ်မှ ၄ထောင်ပဲ ရှိပါတယ်

ဂျုံသားကြီးထူနေပြီး အစာပလာနည်းနေတာမျိုးမဟုတ်ပဲ❌
ဂျုံသားပါးပါးနဲ့ sausageတွေ cheeseတွေ vegetablesတွေ များများ💯လုပ်ပေးထားတာမို့ လုံးဝတန်နေစေရမယ်နော့🥰

မှာယူချင်တယ်ဆိုရင်တော့ ၁ရက်ကြိုတင်မှာယူပေးပါနော်📌

☎️09788232842,09967674298

Moshi Eatery pageတွင်လည်းလာရောက်မှာယူနိုင်ပါတယ်

25/05/2021

ယနေ့လည်းဝယ်ယူစားသုံးသူအားလုံးကိုကျေးဇူးတင်ပါတယ်နော်။ အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေရှင့်။

25/05/2021

ကဆုန်လပြည့်
ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ -
လေးသချေၤနှင့်ကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးဖွားသည့်နေ့-
မဟာသက္ကရာဇ် (၆၈) ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့-
မဟာသက္ကရာဇ် (၁၀၃) ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓဝင်အကျဉ်းဟောသည့်နေ့ - မဟာသက္ကရာဇ် (၁၀၄) ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့-
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်
တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ
ကဆုန်လပြည့် ဗုဒ္ဓနေ့ဟု
ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍-

ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်း၊
ဖွားမြင်တော်မူသောနေ့ဖြစ်ခြင်း၊
ဘုရားဖြစ်တော်မူသောနေ့ဖြစ်ခြင်း၊
ဗုဒ္ဓဝင်အကျဉ်းဟောသည့်နေ့ဖြစ်ခြင်း
ပရိနိဗ္ဗာန်စံတော်မူသောနေ့ဖြစ်ခြင်း၊

ဤထူးခြားချက်ငါးမျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။ ဤကဲ့သို့ ထူးခြားချက်ငါးမျိုးတို့နှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ကဆုန်လပြည့် ဗုဒ္ဓနေ့ ဟု
အမွှမ်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့် ဤနေ့
ဤရက်ကို `ကဆုန်လပြည့် မာရ်အောင်နေ့´
အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်စန်းယှဉ်၍ ဖွားမြင်တော်
မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍ ထိုကဆုန်လပြည့်နေ့ကို
ဝိသာခါနေ့ဟု ခေါ်ဆိုကြပါသည်။
ဝိသာခါနက္ခတ်နှင့်ယှဉ်သောနေ့ဟုဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို
ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော်
၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဖွားဘက်တော်(၇) ပါးတို့မှာ
၁။ အာ - ညီတော်အာနန္ဒာ၊
၂။ ဗော - ဗောဓိပင်၊
၃။ ကာ - ကာဠုဒါယီအမတ်၊
၄။ ယ - ယသော်ဓရာမင်းသမီး၊ (ကြင်ယာတော်)
၅။ ဆံ - ဆန္နအမတ်၊
၆။ ရွှေ - ရွှေအိုးကြီးလေးလုံး၊
၇။ ကဏ် - ကဏ္ဍကမြင်း။
လင်္ကာ။ ။အာ ဗော ကာ ယ ၊ ဆံ ရွှေ ကဏ်
မှတ်ရန် ဖွားဘက်တည်း။
ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များ
အနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်
ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာ သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို
စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
စံစားခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။
၈။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်း စသောအကျိုးများကို ခံစားရပါသည်။

၉ ။ဗောဓိပင် ရေလှူရသောအကျိုး
ဝိပဿီမြတ်စွာဘုရား၏ ဗောဓိပင်မြတ်ကို ပူဇော်ပွဲသည် ဖြစ်၏၊ ထိုအခါ ငါသည် ရဟန်းဘဝသို့ ရောက်ပြီးသည် ဖြစ်လျက် ထိုပူဇော်ပွဲသို့ ချဉ်းကပ်၏။
ချဉ်းကပ်ပြီးသော် ကိုယ်တော်တိုင် ဝဋ်ဆင်းရဲမှ လွတ်မြောက်ပြီးသည် ဖြစ်၍ ငါတို့ကို လွတ်မြောက်စေလတ္တံ့၊ ကိုယ်တော်တိုင် ဒုက္ခငြိမ်းအေးပြီးသည် ဖြစ်၍ ငါတို့ကို ငြိမ်းအေးစေလတ္တံ့ဟု နှလုံးသွင်းလျက် ငါသည် ပန်းဖြင့် ထုံးထားသော
ရေကိုယူ၍ ဗောဓိပင်၌ သွန်းလောင်းပူဇော်ခဲ့၏။

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ် ကမ္ဘာထက်၌ ဗောဓိပင်၌ ညောင်ရေသွန်း လောင်းခဲ့ရသော အခါမှစ၍ အပါယ်လေးပါး လားရသည်ကို မသိစဖူးပေ။ ဤသို့ ဖြစ်ရခြင်းသည် ဗောဓိပင်၌ ညောင်ရေ သွန်းလောင်းရခြင်း၏ အကျိုးပေတည်း။

Address

Yangon
Ranchi

Telephone

+959967674298

Website

Alerts

Be the first to know and let us send you an email when Moshi Eatery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Moshi Eatery:

Shortcuts

Share