Ei Phyo Online Business & Knowledge Sharing

Ei Phyo   Online Business & Knowledge Sharing Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Ei Phyo Online Business & Knowledge Sharing, Shopping et vente au détail, Beaupuy.

🥰 Collagen သောက်ချင်ပေမယ့် collagen အကြောင်း သေချာမသိသေးတဲ့ သဲလေးတို့အတွက်Collagen အကြောင်းသိကောင်းစရာ -----------------...
05/09/2021

🥰 Collagen သောက်ချင်ပေမယ့် collagen အကြောင်း သေချာမသိသေးတဲ့ သဲလေးတို့အတွက်

Collagen အကြောင်းသိကောင်းစရာ
----------------------------------------------------
🍓Collagen ဆိုသည်မှာ လူတိုင်းအတွက်
တကယ့် ကိုမရှိမဖြစ် လိုအပ်တဲ့
Protein အမျိုးအစားတစ်ခုဖြစ်ပါတယ်။

🍓မိန်းကလေးသာမက ယောကျာ်းလေးတွေပါ အသက် ၂၀ကျော်ရင် Collagen ဓာတ်ဆုံးရှုံးလို့ အသားရေနှင့် ခန္ဓာကိုယ် အရိုးအဆစ်တွေ
ပျက်စီးစေပါတယ်။

🍓ဒါအပြင် လေဒဏ် /နေဒဏ်တို့ နှင့်
အခြား chemical ပါသောပစ္စည်းများ
သုံးစွဲလိမ်းခြယ် မှုကြောင့် အသားရေဟာ
ပျက်စီးသထက် ပိုမိုပျက်စီးလာပါတယ်။
ဒါတွေကို အကောင်းထိရောက်စွာ
ပြန်လည် ပြုပြင်ပေးဖို့ Collagen ဓာတ်
ပြန်လည် ဖြည့်တင်းပေးဖို့ လိုအပ်လှပါတယ်။

🧉Collagen သောက်သုံးခြင်းဖြင့် ရလဒ်တွေကတော့..

👩‍🦰Collagenဟာ အသားရေကို တင်းရင်းကာ ကျစ်လစ်သွယ်လှ စေရုံသာမက
ကိုယ်ခန္ဓာရှိအရိုး အဆစ် Joint လေးများ
တစ်ခုစီကိုသန်မာစေပြီး ကြံ့ခိုင်စေပြီး
ဆံပင်ပျက်စီးနေခြင်း။ ဆံပင် အရှည်နှေးခြင်းတို့ကိုပါ
ထိရောက်စွာကောင်းမွန်စေပါတယ်။ဒါ့အပြင်
ဆံပင် ပျက်စီးပြီး နှစ်ခွဖြစ်ခြင်းကိုလည်း
သက်သာစေပါတယ်။

💅ဆံပင်သာမကလက်သည်း။
ခြေသည်းလေးတွေကိုပါ အားဖြည့်ပေးလို့
အမြဲပန်းရောင်သန်းပြီးကျန်းမာတဲ့
လက်သည်းလေးတွေပိုင်ဆိုင်စေပါတယ်။

👱‍♀️မျက်နှာ အသားရေပေါ်ရှိ မှဲ့ခြောက် နဲ့
အမဲစက်များကိုလည်း သိသိသာသာ ပျောက်ကင်းလာစေပြီး ဝင်းမွတ်ဖြူစင်လာစေပါတယ်။
နေလောင်လို့ အသားရေ မညီညာခြင်း နှင့်
အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာသော အရေးအကြောင်းများနှင့် အိပ်ရေး ပျက်ခြင်းကြောင့်
မျက်ကွင်းညိုခြင်းတို့ကိုပါ ပျောက်ကင်းစေပါတယ်။

🍓Collagen သောက်သုံးခြင်းဟာ
Plastic Surgery လုပ်သလိုပင် အသားရေကိုတင်းရင်းလှပစေ နိုင်သောတစ်ခုတည်းသော အန္တရာယ်ကင်းလှတဲ့ နည်းလမ်းတစ်ခုပါ
အသားရေတင်းရင်းလာတဲ့ အတွက်
မျက်နှာ မေးရိုးရှိ ကြွက်သားများတင်းရင်း လို့
ပိုမို နုပျိုလှပသော V-Shape မျက်နှာ
အနေအထား ကို ရရှိစေပါတယ်။

🌺Collagen ကို အခြား မိမိစားသုံးသော အစားအစာ / အဖျော်ရည် တို့နှင့်လည်း
တွဲဖက်စားသောက် နိုင်လို့ အချိန်ပေးပြီး
သောက်စရာမလိုပါဘူး။

⏰ဘယ်အချိန်တွေ သောက်ရင်
ပိုသင့်တော်မလဲ❓
----------------------------------------------------

💥Collagen ဟာ အသားရေကောင်းမွန်
လှပဖို့ သာမက ကျန်းမာရေးကိုလည်း
အထောက်အကူပြုလို့ နေ့ ။ည အချိန်မရွေး
သောက်သုံးနိုင်ပါတယ်
မနက်ပိုင်း အစာနဲ့အတူ သောက်ခြင်းဖြင့်
ကျန်းမာသန်စွမ်း ပြီး တစ်နေ့လုံး လန်းဆန်း
တတ်ကြွမှုရှိစေပါတယ်။

💥ညပိုင်းအိပ်ခါနီး အစာစားပြီး
သောက်ရင်တော့ တစ်ညလုံး မျက်နှာ နှင့့်
ကိုယ်ခန္ဓာအသား အတွက်အထိရောက်ဆုံး
ပြုပြင်ပေးလို့ မနက်မိုးလင်းတာနဲ့
ကြည်လင် ဝင်းမွတ်နေတဲ့ အသားလေးကို
ရရှိစေမှာပါ။

💥 လစဉ် ပုံမှန် Collagen သောက်တဲ့သူတိုင်းအမြဲနုပျိုကျန်းမာနေရုံသာမက အစဉ်လန်းဆန်းတက်ကြွ နေလို့ နဂိုရှိရင်းစွဲအသက်ထက်
၁၀နှစ်နီးပါးငယ်ရွယ်နုပျိုနေသလို
ထင်ဟပ်စေပါတယ်။

💥ဒါကြောင့် Collagen ကို အသက် ၂၀ ကျော်မှ စပြီး လစဉ် သောက်သုံးသွားမယ် ဆိုရင်
စိုပြေ တင်းရင်းသော အသားရေကို
အမြဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်လို့ သောက်ဖို့
အကြံပေးလိုက်ပါတယ်နော်

💓Collagenက စွဲသောက်သင့်လား ???🤔

အနဲဆုံး ၃လလောက် သောက်ပေးသင့်ပါတယ်။ ၃လပြီးရင် ၂လလောက်ခြား ပြန်သောက်
အဲ့လိုလုပ်ပေးရပါမယ် ၃လလောက်သောက် ပြီးရင်တော်တော်သိသာသွားပါပြီ ၂လလောက် ကြာတဲ့ထိ အသားအရည်လှနေမှာပါရှင့်

13/07/2021

ခုချိိန်မှာ အရှိုက်ပြင်းပြင်းရိုက်ချလိုက်တဲ့ လောကဓံတစ်ခုကို စိမ်းတို့အားလုံးရင်ဆိုင်နေရပြန်ပါပြီ....
ကိုယ်တိုင် ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်မှာ
🍀 နေမကောင်းသူတွေ
🍀 အကူအညီမရသူတွေ
🍀 မနက်ကနေ ညအထိ oxygen ရှာနေရသူတွေ
🍀 ကိုယ့်အသိတွေထဲကရော မသိတဲ့သူတွေရော တဖြုတ်ဖြုတ်ကြွေလွင့်သွားသူတွေနဲ့ စိတ်မချမ်းသာစရာ နေ့ရက်များပါပဲ...

လူတိိုင်း ကိုယ်ပူချင်သလို၊ အသက်ရှူမဝသလို၊ ဖျားချင်သလိုနဲ့လည်း ကိုယ့်ဘာသာ psycho ဝင်လာကြပါတယ်...

လူတိုင်းဟာ ထုတ်မပြောတာ မဖော်ပြတာသာရှိမယ်..
ပျော်မနေကြပါဘူး.. ကြည်လင်မနေကြပါဘူး... စိတ်ညစ်တာ ၊ ဝမ်းနည်းတာ၊ ပူဆွေးတာ စတဲ့ negative feeling ပေါင်းစုံအပြင် ဘာကိုကြောက်နေမှန်းမသိတဲ့ Fear of unknown ကိုပါရင်ဆိုင်နေရပါတယ်...

ဖြစ်ပြီးခဲ့တာတွေရယ် မဖြစ်သေးတာတွေရယ်ကို ကြိုတွေးပြီး mental breakdown တွေဖြစ်လာကြတာပါ...

ဒီလိုကာလကြီးကို ဘယ်လိုဖြတ်သန်းကြမလဲ ??

🍀ကိုယ့်ကိုယ်ကိုယ်ချစ်ပါ.. ဂရုစိုက်ပါ.. Self-love and care အရေးကြီးပါတယ်.. ကိုယ့်ကိုယ်ကိုယ် အားရှိအောင်နေပါ.. အပြည့်အဝ ကာကွယ်ပါ...ကျန်းမာအောင်ဂရုစိုက်ပါ...ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာ စောင့်ရှောက်တာဟာ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်ကိုဂရုစိုက်ရာ၊ စောင့်ရှောက်ရာရောက်ပါတယ်... အရာအားလုံးဟာ ကိုယ်ကစတာပါ..

🍀ကိုယ့်စိတ်ကို ပျော်အောင်နေပါ.. ပျော်မနေဘူးဆိုပေမဲ့ လျှောက်တွေးပြီး စိတ်ကျနေတာဟာ အတွေးတွေထဲမြောနေတာဟာ စဉ်းစားကြည့်ရင် ဘာအကျိုးမှမရှိပါဘူး... ကိုယ်ခံအားလိုပဲ စိတ်ခွန်အားဟာအရေးကြီးပါတယ်.. စိတ်ညစ်ရင် stress hormone တွေထွက်လာလို့ကိုယ်ခံအားလည်း ထိခိုက်ပါတယ်....

🍀တစ်ရက်ချင်းသာ စဉ်းစားရှင်သန်ပါ... မကောင်းတဲ့ ခံစားချက်တွေဟာ အတိတ်နဲ့အနာဂတ်ကို တွေးပြီးဖြစ်လာတာပါ... ခုချိန်၊ ခုရက်ကိုသာစဉ်းစားပါ... ဒီနေ့ ဘာအကောင်းဆုံးလုပ်နိုင်မလဲတွေးပြီး အဲ့အရာတွေကိုသာအာရုံစိုက်ထားပါ....

🍀ဖြစ်လာသမျှ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပါ... မြတ်စွာဘုရားက လူဖြစ်တာ ဘဝဖြစ်တာ ပဋိသန္ဓေစတည်းက သေဆုံးတဲ့အထိဒုက္ခသစ္စာလို့ပဲသင်ကြားခဲ့တာပါ... အဲ့အတွက် ကြုံလာသမျှ ဒုက္ခတွေကို ကိုယ်ရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ရင်ဆိုင်ရမှာပါပဲ... ရင်ဆိုင်ရတာခက်ပေမဲ့ ကြိုးစားရမှာပါပဲ...

🍀ချစ်ပေးပါ... နေ့မြင်ညပျောက်လောကကြီးမှာ ကိုယ့်ဘေးနားကလူတွေကို တတ်နိုင်သမျှချစ်ပေးပါ.. တတ်နိုင်သမျှ အားပေးပါ...တတ်နိုင်သမျှကူညီပေးပါ... ချစ်ခြင်းမေတ္တာဟာ အကြီးဆုံး energy ပါ...

🍀ခံစားချက်တွေဖိစီးလာတဲ့အခါ စိတ်ကိုအရမ်းလိုက်မထိန်းချုပ်ပါနဲ့... လိုက်ထိန်းချုပ်ရင် ပိုမွန်းကျပ်ပါတယ်.. ဖြစ်လာတဲ့ခံစားချက်တွေလက်ခံပေးပါ.. ငိုချင်ငိုချလိုက်ပါ.. မကျေနပ်တာတွေ ၊ ခံပြင်းတာတွေကိုကိုယ့်သူငယ်ချင်းတွေနဲ့ပြောချင်ပြောချလိုက်ပါ... ဘယ်သူ့မှမထိခိုက်ဘဲနဲ့ letting go လုပ်ပြီး ကိုယ့်ခံစားချက်တွေကို ထွက်ပေါက်ပေးပါ...

🍀မိမိယုံကြည်ကိုးကွယ်ရာဘာသာတရားအလိုက်ကုသိုလ်ပြုပါ... လက်ရှိကံ၊ ပစ္စုပ္ပန်ကံကကိုယ့်လက်ထဲမှာရှိပါတယ်.. အတိတ်ကြွေးတွေနည်းသမျှနည်းအောင် ချေဖျက်ဖို့က ကိုယ့်လက်ရှိကုသိုလ်ကံနဲ့ပြုပြင်မှရမှာပါ... ရေများရေနိုင်မီးများမီးနိုင်မို့ ကုသိုလ်တွေနေ့စဉ်ဖြည့် သစ္စာပြုကြပါ...

🍀Everything is not permanent... ဘယ်အရာမှမမြဲတာမို့ အချိန်တန်ရင်ပြီးသွားမှာပါလို့နှလုံးသွင်းထားရင် အနည်းနဲ့အများစိတ်သက်သာရာရမှာပါ...

ဒီကာလကြီးကို ကြံ့ကြံခံရင်ဆိုင်ပြီး ရှင်သန်နေအာင် ကိုယ်တွေဘယ်လိုကြိုးစားဖြတ်ကျော်ခဲ့ကြောင်း တစ်နေ့မှာကိုယ့်မိသားစု ကိုယ့်မိတ်ဆွေ ကိုယ့်သားသမီးလေးတွေနဲ့ ကျန်းကျန်းမာမာနဲ့ ရယ်မောပြီးပြန်ပြောကြတာပေါ့ 💚🍀

Telegram link - https://t.me/drseinnlifecoachandtrainer/73

💚With All my Love & Energy 💚
Dr Seinn
Life Coach & Trainer

ဂရုစိုက်ကြပါရှင့်☺️☺️☺️ကလေး covid ဖြစ်လျှင် / သံသယရှိလျှင် - ✳️ အထူးအထွေ မလိုပါ။👉 ဖျားလျှင် ပါရာစီတမော တိုက်ပါ။https://w...
12/07/2021

ဂရုစိုက်ကြပါရှင့်☺️☺️☺️

ကလေး covid ဖြစ်လျှင် / သံသယရှိလျှင် -

✳️ အထူးအထွေ မလိုပါ။

👉 ဖျားလျှင် ပါရာစီတမော တိုက်ပါ။

https://www.facebook.com/1530946616/posts/10223092417768769/

👉 ဝမ်းလျှောလျှင် ဓါတ်ဆားတိုက်ပါ။

https://www.facebook.com/1530946616/posts/10223349263629755/

👉 ချောင်းဆိုး နှာစေးလျှင် အောက်မှာ ဖတ်ပါ။

https://www.facebook.com/1530946616/posts/10223481606258238/

👉 အောက်ပါတို့ကို လိုက်နာပါ

https://www.facebook.com/1530946616/posts/10223116950222065/

👉 ကလေးရော မိသားစုဝင်များပါ Mask တတ် လက်ဆေးပါ။

👉 လက်ထိပ် အောက်ဆီဂျင်တိုင်းကိရိယာဖြင့်တိုင်းနိုင်လျှင် စနစ်တကျတိုင်းပါ။
၉၅% အောက် ရောက်လျှင် ဆရာဝန်ပြပါ။ တိုင်ပင်ပါ။

👉 ကိုယ်ခံအား ကောင်းရန်

https://www.facebook.com/1530946616/posts/10223162275715174/

09/07/2021

ဒါမျိုးလေးတွေမလုပ်တတ်သေးရင် cbလာခဲ့နော် သင်ပေးမယ်🙂

Adresse

Beaupuy
47200

Téléphone

+959450508519

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Ei Phyo Online Business & Knowledge Sharing publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Raccourcis

Partager