11/10/2026
ကမ္ဘာကျော်ဂစ်တာ Stranberg အမှတ်တံဆိပ်ရဲ့ Global Artist ဖြစ်လာတဲ့ လင်းသန့်
ဂီတလောကနဲ့ ဂစ်တာချစ်သူတွေအတွက် ဂုဏ်ယူစရာသတင်းဖြစ်ပါတယ်။ မြန်မာဂီတရပ်ဝန်းအတွက် ဂစ်တာဝါသနာရှင်လူငယ်တွေကို ကြီးမားတဲ့ခြေလှမ်းတရပ်နဲ့ လမ်းဖွင့်ပေးနိုင်ခဲ့ပါတယ်။
Guitarist တိုင်း အိပ်မက်ရတဲ့ အိပ်မက်တခုဖြစ်ပါတယ်။ ကမ္ဘာကျော်ဂစ်တာကုမ္ပဏီတွေရဲ့ Global Artist ဖြစ်ဖို့၊ ဒါမှမဟုတ် Signature ရဖို့ဆိုတာ လူဦးရေသန်းထောင်ချီထဲကမှ လက်ချိုးရတွက်လို့ရတဲ့ ပါရမီရှင်တွေ၊ စကေးကောင်းတဲ့ဂစ်တာသမားတွေသာ ရလေ့ရှိပါတယ်။
သူပင်တိုင်တီးနေတဲ့ Double Tape Band အတွက်လည်း Strandberg မှာ ဖော်ပြခြင်းခံရတဲ့အတွက် ဂုဏ်ယူစရာဖြစ်ပါတယ်။ လင်းသန့်ကို တခြား Strangberg Artist တွေကလည်း ချီးကျူးစကားတွေ ပြောထားကြပါတယ်။
"သူ့အသက်အရွယ်မှာရှိတဲ့ ပလေယာအများစုနဲ့ သူ့ကို ကွာခြားစေတာက နည်းပညာပိုင်းဆိုင်ရာ ထူးချွန်မှုနဲ့ သူ့ရဲ့ပင်ကိုယ်အနုပညာစရိုက်ကို ချိတ်ဆက်နိုင်စွမ်းပါပဲ။"
Max Ostro (JTC Guitarist)
"လင်းရဲ့ ထူးခြားတဲ့ စတိုင်၊ Phrasing တွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ နည်းစနစ်တွေက တကယ်ကို ဆွဲဆောင်မှုရှိတယ်။ အနာဂတ်ဂစ်တာဟီးရိုးတွေထဲက တစ်ယောက်ဖြစ်လာဖို့ အမှန်အကန်လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်"
Igor Paspalj (JTC Guitarist)
"သူ့တီးတဲ့အသံကို ကြားတိုင်း မြန်မာနိုင်ငံက လတ်ဆတ်တဲ့ အသံတစ်ခု ထွက်ပေါ်လာတာကို ကြားရတယ်။"
Unda Alunda (Thai Guitarist)
လင်းသန့်ရဲ့ Ninja သီချင်းသစ်ကို အောက် ကွန်မန့်မှာ လင့်ချပေးထားပါမယ်။ ကမ္ဘာကျော်လက်သံကို သွားရောက် အားပေးနိုင်ပါတယ်။
https://www.facebook.com/share/1FCUsLTypw/